အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆေးဝါးများကို စိတ်ချလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်း

လူနာများ၊ မိသားစုဝင်များနှင့် စောင့်ရှောက်သူများ ဘေးကင်းစိတ်ချရမှုအတွက် အထောက်အကူဖြစ်စေရန် ဆေးဝါးများကို ကောင်းစွာသိုလှောင်ရန်နှင့် စွန့်ပစ်ရန် အရေးကြီးပါသည်။ ကောင်းစွာသိုလှောင်ခြင်းမပြုလုပ်လျှင်၊ ညွှန်ကြားသည့်အတိုင်း သောက်သုံးလျှင်၊ အသက်ဆိုင်သူတစ်ဦးဦးမှ သောက်သုံးမိလျှင်ဖြစ်စေ ဘေးကင်းစိတ်ချရမှုရှိရှိ စွန်ပစ်ခြင်းမရှိလျှင်ဖြစ်စေ ဆေးဝါးများအားလုံးသည် အန္တရာယ်ရှိနိုင်ပါသည်။

မှတ်သားရန်လိုအပ်သည်မှာ-

  • ဆေးဝါးများကို ဘေးကင်းစိတ်ချရသော လုံခြုံရာအရပ်တွင် သိမ်းဆည်းမှုပြုလုပ်၍ ကလေးများနှင့် တိရိစ္ဆာန်များမတွေ့ရှိပါစေနှင့်။
  • ဆေးဝါးများကို အသုံးပြုပြီးတိုင်း နေရာတကျပြန်လည်ထားရှိပါ
  • ဆေးဝါးဌာနမှ သိုလှောင်မှုဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ
  • ထပ်မံအသုံးပြုရန် မလိုအပ်တော့သည့်အခါ ဆေးဝါးများအား ကောင်းစွာစွန့်ပစ်ပါ။
 

ဆေးဝါးများအား ဘေးကင်းစိတ်ချရမှုရှိစွာ သိုလှောင်ရန် အကြံပေးချက်များ

ဆေးဝါးများအား ဘေးကင်းစိတ်ချရမှုရှိစွာ သိုလှောင်မှုသည် လူနာများနှင့် မိသားစုဝင်တို့အား အန္တရာယ်မှ ကာကွယ်ပေးပါသည်။ ကောင်းစွာသိုလှောင်ထားခြင်းမရှိသော ဆေးဝါးများသည် ရုတ်တရက်မမျှော်လင့်ဘဲ အဆိပ်မိခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အရွယ်ရောက်သူမှ လိုက်လံစောင့်ကြည့်မှုမရှိခိုက် ဆေးဝါးသောက်သုံးမိသည့် ကလေးဦးရေ ၆၀,၀၀၀၀ အရေးပေါ် အခန်းသို့ ရောက်သွားလေ့ရှိသည်။ ကောင်းစွာသိုလှောင်ထားခြင်းမရှိသော ဆေးဝါးများသည် ကောင်းစွာလုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင် အန္တရာယ်ကိုပါ ကျရောက်စေနိုင်သည်။ ဆေးဝါးများအား ဘေးကင်းစိတ်ချရမှုရှိစွာ သိုလှောင်ရန် အကြံပေးချက်များ-

  • ဆေးပုလင်းများပေါ်ရှိ သိုလှောင်မှုညွှန်ကြားချက်များကို လိုက်နာပါ။ အချို့ဆေးဝါးများကို ရေခဲသေတ္တာအတွင်းထည့်သွင်းထားရှိပြီး အလင်းရောင်မကျရောက်စေရပါ။ သို​လှောင်မှုညွှန်ကြားချက်များအတွက် လေဗယ်ညွှန်းကို စစ်ဆေးပါ။ မသင်္ကာလျှင် သိုလှောင်မှုနည်းလမ်းကို ဆေးဝါးကျွမ်းကျင်ပညာရှင်ထံတွင် မေးမြန်းပါ။
  • ရေခဲသေတ္တာအတွင်း သိမ်းဆည်းရန် မလိုသော ဆေးဝါးများကို အေး၍ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းပါ။ ဆေးဝါးကို ရေချိုးခန်းအတွင်း မသိမ်းဆည်းပါနှင့်။ ရေပန်းလောင်း၍ ရေချိုးခြင်း၊ ရေချိုးခြင်းနှင့် ရေစိမ်ကန်များမှထွက်ပေါ်သော ရေငွေ့နှင့် အပူတို့သည် ဆေးဝါးများကို ပျက်စီးစေသည်။ ဆေးဝါးများသည် အာနိသင်ပျက်ပြယ်သွားနိုင်သည် သို့မဟုတ် အန္တရာယ်ရှိလာနိုင်သည်။ ဆေးဝါးများသိမ်းဆည်းရန် ဘေးကင်းစိတ်ချရမှုရှိသည့် နေရာများမှာ ရေစိမ်ကန် သို့မဟုတ် မီးဖိုတို့မှ အလှမ်းဝေးသော မီးဖိုခန်းသုံး မတ်တပ်ဗီရို သို့မဟုတ် အဝတ်ဗီရိုအတွင်းရှိ အကန့်တို့ဖြစ်သည်။
  • ဆေးဝါးများကို ရေခဲသေတ္တာအတွင်းရှိ အစားအစာများမှ အတူပူး၍ မထားရှိရ။ ဆေးးဝါးမျာာကို ရေခဲသေတ္တာအံဆွဲအတွင်း သိမ်းဆည်းပါ သို့မဟုတ် အနီးရှိ အစားအစာများအား ကာကွယ်ရန် ခွက်တစ်ခုဖြင့်ထည့်၍ ထားပါ။ ရေခဲသေတ္တာအတွင်း သိမ်းဆည်းထားသော ဆေးဝါးများကို အပူချိန်ပုံသေသတ်မှတ်ထားပါ။ ဆေးးဝါးများကို ဖရေဇာအတွင်းနှင့် ၎င်းအနီးတွင် မထားရှိပါနှင့်။ တံခါးကို ဖွင့်လိုက်သည့်အခါ အပူချိန်ပြောင်းလဲနိုင်သဖြင့် ဆေးဝါးများကို ရေခဲသေတ္တာတံခါးအံအတွင်း မသိမ်းဆည်းပါနှင့်။
  • ဆေးဝါးကို ကားအတွင်း မသိမ်းဆည်းပါနှင့်။ ကားသည် အပူလွန်ကဲခြင်းကို ဖြစ်စေနိုင်သည်။ အပူကြောင့် ဆေးဝါးများသည် အာနိသင်ပျက်ပြယ်သွားနိုင်သည် သို့မဟုတ် အန္တရာယ်ရှိလာနိုင်သည်။
  • ဆေးဝါးများကို မူလအစစ်အမှန် လေဗယ်ညွှန်းတပ်ထားသော ခွက်များအတွင်း၌သာ သိမ်းဆည်းပါ။ အမျိုးအစားမတူသော ဆေးဝါးများကို ပုလင်းတစ်လုံးတည်း၌ ရော၍မထည့်ပါနှင့်။ ဆေးပြားထည့်သည့်ဗူး သို့မဟုတ် အခြားဆေးဝါးထည့်သည့်ပစ္စည်းကို အသုံးပြုပါက ဆေးဝါးများကို မူလအစစ်အမှန် အညွှန်းတပ်ထားသော ခွက်များအတွင်း၌သာ သိမ်းဆည်းပါ။ မူလပါရှိသည့် ​အါညွှန်းသည် ဆေးဝါး၏ အမည်၊ ဆေးသောက်ရန်အတွက် ညွှန်ကြားပေးသော ဆေးပမာဏ၊ ပြန်လည်ဖြည့်တင်းမှုများ ဆေးဝါး သောက်သုံးနည်း သို့မဟုတ် သိမ်းဆည်းနည်းတို့အတွက် ညွှန်ကြားချက်များနှင့် ပတ်သက်၍ သိလိုသည်များအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။
  • ဆေးဝါးများကို ၌ ကလေးများမြင်တွေ့နိုင်ခြင်းမရှိ လက်လှမ်းမမီသည့် အမြင့်နေရာများတွင် သိမ်းဆည်းပါ။ ဆေးဝါးများကို အသုံးပြုပြီးတိုင်း နေရာတကျပြန်လည်ထားရှိပါ။ နာရီအနည်းငယ်အတွင်း ပေးဝေမည်ဆိုသည့်တိုင်အောင် ဆေးဝါးများကို ကောင်တာခုံပေါ်တွင်လည်းကောင်း လက်ကိုင်အိတ်အတွင်း၌လည်းကောင်း ကျောပိုးအိတ်အတွင်း၌လည်းကောင်း ပစ်မထားပါနှင့်။ ဆေးဝါးသည် အန္တရာယ်တစ်စုံတစ်ခုဖြစ်ပေါ်နိုင်ဖွယ်ရှိသော ဆေးဝါး သို့မဟုတ် ကန့်သတ်ထားသည့် ဆေးဝါးအမျိုးအစားဖြစ်ပါက ပို၍အရေးကြီးပါသည်။

ဆေးဝါးများအား ဘေးကင်းစိတ်ချရမှုရှိစွာ စွန့်ပစ်ရန်အတွက် အကြံပေးချက်များ

ဆေးဝါးများကို ထပ်မံအသုံးပြုရန် မလိုအပ်တော့သောအခါဖြစ်စေ အန္တရာယ်ရှိလာနိုင်သောအခါဖြစ်စေ အာနိသင်မရှိသည့်အခါဖြစ်စေ ဆေးဝါးများကို စွန့်ပစ်ရန်အရေးကြီးပါသည်။ မည်သည့်အခါတွင် ဆေးဝါးများကို စွန့်ပစ်ရမည်နည်း-

  • ဆေးတောင့်များ သို့မဟုတ် ဆေးပြားများ ပြိုကွဲပျက်စီးနေသည်။ သင်သည် ဆေးသောက်ရန်အတွက် ညွှန်ကြားပေးသော ဆေးပမာဏကို သောက်သုံးရရှိနိုင်မည်မဟုတ်သည့်အတွက် ဤဆေးဝါးများကို ချက်ချင်းလွှင့်ပစ်ပါ။ အချို့ဆေးဝါးများသည် ပြတ်ရှခြင်း သို့ ပြိုကွဲခြင်းဖြစ်လျှင်ပင် အန္တရာယ်ဖြစ်စေနိုင်သည်။
  • ၎င်းတို့သည် သက်တမ်းကုန်ဆုံးနေသည်။ သက်တမ်းကုန်ဆုံးရက်များကို ဆေးပုလင်းများပေါ်တွင် ကြည့်ပါ။ သက်တမ်းကုန်ဆုံးနေသည့် ဆေးဝါးများသည် အာနိသင်မရှိတော့သည့်အပြင် အန္တရာယ်ရှိစေနိုင်သည်။
  • ၎င်းတို့သည် အသွင်သဏ္ဍန်ပြောင်းလဲနေသည်။ အပဲ့ပဲ့ကြွေမွနေသည် သို့မဟုတ် အနံ့ဆိုးထွက်ပေါ်နေသည့် အရောင်ပြောင်းသွားသည့်ဆေးဝါးများကို အသုံးမပြုပါနှင့်။ နောက်ကျိနေသော သို့မဟုတ် အရောင်ရင့်နေသော အရည်ဆေးဝါးများသည် ပျစ်ခဲလာသည့်အခါ သို့မဟုတ် ပါဝင်သည့်အစိတ်အပိုင်းများသည် တစ်သမတ်တည်းမရှိဖြစ်နေပြီး ပေါလောပေါ်နေသော အမှုန်များရှိလျှင် ၎င်းတို့ကို အသုံးမပြုပါနှင့်။
  • ၎င်းတို့ကို ထပ်မံအသုံးပြုရန် မလိုအပ်တော့သောအခါဖြစ်သည်။ အသုံးမပြုတော့သော သို့မဟုတ် အလိုမရှိသော ညွှန်ကြားမှုဆေးဝါးများကို နောင်အခါတွင် အသုံးပြုရန် ရည်ရွယ်ချက်များဖြင့် သိမ်းဆည်းမထားပါနှင့်။ ယခင်နာမကျန်းဖြစ်စဉ်က ကျန်ရစ်သော ပဋိဇီဝဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ သို့မဟုတ် မျက်စဉ်းခတ်ဆေး အကြွင်းအကျန်များကို နောင်အခါတွင် အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းမထားပါနှင့်။ မည်သည့် ညွှန်ကြားမှုဆေးဝါးကိုမှ မသောက်သုံးမီ ပေးဝေထားသည့် ဆေးဝါးအမျိုးအစား မှန်ကန်မှုရှိရန်နှင့် ဆေးသောက်ရန်အတွက် ညွှန်ကြားပေးသော ဆေးပမာဏကို သေချာစေရန် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူတစ်ခုမှ ကြည့်ရှုစစ်ဆေးမှုပြုလုပ်ရန် အရေးကြီးပါသည်။

ရိုးရှင်းသော အောက်ပါအဆင့်များက ဆေးဝါးများအား ဘေးကင်းစိတ်ချရမှုရှိရှိ စွန့်ပစ်ခြင်းအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ ဆေးဝါးများကို မည်သည့်အခါ သို့မဟုတ် မည်သည့် စွန့်ပစ်ရမည်နှင့် ပတ်သက်၍ သိလိုသည်များရှိလျှင် သင်၏ ဆေးဝါးပညာရှင်ထံတွင် မေးမြန်းပါ။

  • လူနာများသည် ဆေးကုသရေးဆိုင်ရာ လက်တွေ့သုတေသန၏ အစိတ်အပိုင်းဖြစ်သဖြင့် သုတေသနသုံးဆေးဝါးများအားလုံးကို ဆေးရုံရှိ ဆေးဝါးဌာနသို့ဖြစ်စေ ညွှန်ကြားသည့် ဆေးကုသရေးဆိုင်ရာ လက်တွေ့သုတေသနအဖွဲ့သို့ဖြစ်စေ ပြန်လည်ပေးအပ်သင့်သည်။ သုတေသနတွင် ပါဝင်သူများထံသို့ ပေးဝေထားသည့် သုတေသနသုံးဆေးဝါးများကို တိတိကျကျရေတွက်ထားပြီး သုတေသနလေ့လာမှု၏ အစိတ်အပိုင်းအနေဖြင့် စောင့်ကြည့်လေ့လာပါသည်။
  • ဆေးပြားများ၊ ဆေးရည်များ၊ အစက်ချဆေးများ၊ ကပ်ခွာများ၊ ခရင်များနှင့် ရှုဆေးများအပါအဝင် အခြားဆေးဝါးများအားလုံးကို စွန့်ပစ်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။

၁။ ကြောင်ချေးမှုန့်များ၊ ဖုန်မှုန့်များ၊ သို့မဟုတ် ကော်ဖီမှုန့်အနှစ်များကဲ့သို့ လူအများလိုချင်တပ်မက်ဖွယ်မရှိသော အရာဝတ္ထုများနှင့် ရောနှောပါ။

 

၂။ ရောနှောထားသည့်အရာကို ဇစ်တပ်ထားသည့်အိတ်၊ သံဗူးအလွတ် သို့မဟုတ် ထောပတ်ဗူးခွံစသည့် ချည်နှောင်၍ရသော ထည့်စရာတစ်ခုအတွင်း ထည့်ပါ။

 

၃။ ရောနှောထားသည့်အရာထည့်ထားသော ချည်နှောင်၍ရသော ထည့်စရာကို အမှိုက်ပုံးအတွင်းသို့ စွန့်ပစ်ပါ။

 

၄။ ဆေးဗူးပေါ်မှ မူလညွှန်ကြားချက်ပါရှိသော လေဗယ်ညွှန်းရှိ ကိုယ်ရေးအချက်အလက်အားလုံးကို ဖယ်ရှားပြီးမှ စွန့်ပစ်ပါ။

 

သင်၏ ဆရာ၀န် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးမြန်းရန် မေးခွန်းများ-

  • ဤဆေးဝါးကို မည်သို့ အသုံးပြုရမည်နည်း။ ဤဆေးဝါးကို ရေခဲသေတ္တာအတွင်း သိမ်းဆည်းရန် သို့မဟုတ် အလင်းရောင်ကျရောက်ခြင်းမှ ကာကွယ်ရန် လိုအပ်ပါသလား။
  • သိုလှောင်မှုညွှန်ကြားချက်များကို မှန်ကန်စွာ လိုက်နာခြင်းမရှိခဲ့ပါက ယခုမည်ကဲ့သို့ပြုလုပ်သင့်ပါသနည်း။
  • ဤဆေးဝါးသည် မည်သည့်အခါ သက်တမ်းကုန်ဆုံးမည်ဖြစ်သနည်း။
  • ကျွန်ုပ်၏ ပိုလျှံဆေးဝါးများကို မည်သို့စွန့်ပစ်နိုင်မည်နည်း။
  • ဆေးဝါးများကို ပြန်လည်သိမ်းဆည်းသည့်နေရာများ ရှိပါသလား။

နောက်ထပ်အချက်အလက်များအတွက် အရင်းအမြစ်များ


တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ