အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးအားနည်းရောဂါ

ကလေးကင်ဆာလူနာများတွင် သွေးအားနည်းရောဂါဟု ခေါ်ဆိုသည့် သွေးနီဥဆဲလ်များလျော့ကျလာခြင်းမျိုး ကြုံတွေ့လာနိုင်သည်။ ရိုးတွင်းခြင်ဆီ ကိုပျက်ဆီးစေသည့် တချို့သော ကုသနည်းများ သို့မဟုတ် ကင်ဆာရောဂါတို့က အထက်ပါအခြေအနေမျိုးကို ဖြစ်စေနိုင်သည်။

သွေးနီဥဆဲလ်များသည် အဆုတ်မှ အောက်ဆီဂျင်ကို ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းအသီးသီးသို့ သယ်ဆောင်ပေးသောဆဲလ်များ ဖြစ်ကြသည်။ သွေးအားနည်းရောဂါ ခံစားနေရသူများသည် မောပန်းအားနည်းနေမည်။

ဖြစ်ရခြင်းအကြောင်းများ

သွေးအားနည်းရောဂါဖြစ်ရခြင်း အကြောင်းများမှာ-

  • ကီမိုဆေးသွင်းကုသခြင်း – ကီမိုဆေးသွင်းကုသခြင်းသည် ရိုးတွင်းခြင်ဆီကို ပျက်စီးစေနိင်သည်။ 
  • ဓာတ်ရောင်ခြည်ပေးခြင်း – ခန္ဓာကိုယ်နေရာအနှံ့အပြား သို့မဟုတ် တင်ပုဆုံရိုးများ၊ ခြေထောက်များ၊ ရင်ဘက်နှင့် ဝမ်းဗိုက်နေရာတို့အား ဓာတ်ရောင်ခြည်ပေးခြင်းသည် ရိုးတွင်းခြင်ဆီကို ပျက်စီးစေနိုင်သည်။
  • တချို့သောကင်ဆာအမျိုးအစားများတွင် – ရိုးတွင်းခြင်ဆီတွင်ဖြစ်သောရောဂါများဖြစ်သည့် သွေးကင်ဆာ (လူကီးမီးယား) နှင့် ပြန်ရည်ကျိတ်ကင်ဆာတို့သည် သွေးအားနည်းရောဂါကို ဖြစ်စေနိုင်သည်။
  • အလွန်အမင်းသွေးထွက်ခြင်း – ခွဲစိပ်ပြီးနောက် သို့မဟုတ် ကင်ဆာအကျိတ်ကြောင့် ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုကြောင့် ထိုအခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်။
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း – ထိုသို့ဖြစ်ပါက လူနာများတွင် သွေးနီဥဆဲလ်များပြုလုပ်ရန်လိုအပ်သော လုံလောက်သည့် အာဟာရဓာတ်များ (ဥပမာ သံဓာတ်၊ ဖော်လစ်အက်စစ်နှင့် ဗီတာမင် B12) မရရှိစေရန် နှောက်ယှက်ထားသလို ဖြစ်နေနိုင်သည်။

ရောဂါသွင်ပြင်နှင့် ရောဂါလက္ခဏာများ

သွေးအားနည်းရောဂါ၏ လက္ခဏာရပ်များတွင်

  • မူးနောက်ခြင်း သို့မဟုတ် ခြင်း
  • အသက်ရှူကျပ်ခြင်း
  • အလွန်အမင်းအားနည်းမောပန်းသလို ခံစားနေရခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ဖြူဖျော့ခြင်း

သွေးအားနည်းရောဂါ ရှာဖွေဖော်ထုတ်ခြင်း

သွေးအားနည်းရောဂါ ရှာဖွေဖော်ထုတ်ရာတွင် သွေးဥဆဲလ်အရေအတွက် အပြည့်အစုံကိုစစ်ဆေးခြင်းမှာ အသုံးအများဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ ထိုစမ်းသပ်မှုတွင် သွေးနီဥများကို နည်းလမ်း ၂ သွယ်ဖြင့် ရေတွက်သည်။ – ဟေမိုဂလိုဘင် (hemoglobin) နှင့် ဟေမတိုခရစ် (hematocrit)တို့ဖြစ်သည်။ ဟေမိုဂလိုဘင်သည် ပရိုတင်းတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသည်။ ဟေမတိုခရစ် (hematocrit)သည် သွေးထဲတွင်ပါဝင်နေသော သွေးနီဥဆဲလ်များ၏ ရာခိုင်နှုန်းဖြစ်သည်။

သွေးအားနည်းရောဂါကို ကုသခြင်း

ကုသခြင်းတွင် ပါဝင်နိုင်သည်များမှာ-

သွေးအားနည်းရောဂါကုသရန် နည်းလမ်းများ

သွေးအားနည်းရောဂါကုသရန် လုပ်ဆောင်နိုင်သည့်အဆင့်များမှာ-

  • လှုပ်ရှားမှုနှင့် နားနေမှုတို့ကို မျှမျှတတလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုအချို့ပြုလုပ်ခြင်းနှင့်အတူ နေ့ခင်းဘက်တွင် ခဏတစ်ဖြုတ်အိပ်စက်ခြင်းတို့ကို ကြိုးစားလုပ်ပါ။ အိပ်ယာထဲတွင်သာ တစ်ချိန်လုံးလှဲနေခြင်းကလည်း လူများကို အားနည်းစေနိုင်ကြောင်း သတိပြုပါ။ 
  • နေ့စဉ်နေ့တိုင်း အကြံပြုထားသည့် အချိန်နာရီအတိုင်း အိပ်ပါ။ (ခဏတဖြုတ်အိပ်စက်ခြင်းအပါအဝင်)-
    • တစ်နှစ်အောက်ကလေးငယ်များ – ၁၂-၁၆ နာရီ
    • ၁-၂ နှစ် –၁၁-၁၄ နာရီ
    • ၃-၅ နှစ်– ၁၀-၁၃ နာရီ
    • ၆-၁၂ နှစ်– ၉-၁၂ နာရီ
    • ၁၃-၁၈ နှစ် –၈-၁၀ နာရီ
      မူလရင်းမြစ်။ ။ American Academy of Pediatrics နှင့် American Academy of Sleep Medicine
  • ကျန်းမာရေးလျော်ညီသော အစားအစာနှင့် ဖျော်ရည်တို့ကိုသာ စားသောက်ပါ။ -- မည်သည့်အစားအစာ၊ အရည်မျိုးက အကောင်းဆုံးဖြစ်သည်ကို ကုသပေးသည့်အဖွဲ့ကို မေးမြန်းပါ။

---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ