အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သောက်သုံးရသည့် ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများကို နေအိမ်၌ ဘေးကင်းစိတ်ချရမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ခြင်း

ကလေးကင်ဆာကုသမှုအတွက် အချို့သော ကီမိုဆေးသွင်းခြင်း ကုထုံးကို နေအိမ်၌ ပါးစပ်မှတစ်ဆင့် ပြုလုပ်ပေးနိုင်သည်။ သောက်သုံးရသည့် ဆေးဝါးများသည် အသုံးပြုရလွယ်ကူပါသည်။ သို့ရာတွင် ကီမိုဆေးသွင်းခြင်း ကုထုံးအား နေအိမ်တွင် ပြုလုပ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့် ဘေးကင်းစိတ်ချရမှုဆိုင်ရာ ကြိုတင်ဆောင်ရွက်အချက်များရှိပါသည်။

ကီမိုဆေးသွင်းခြင်း ကုထုံး ကုသရေးဆေးဝါးကို ကင်ဆာဆဲလ်များအား သုတ်သင်ရန်အတွက် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သော်လည်း ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ သာမန်ဆဲလ်များကို အန္တရာယ်ကျရောက်စေနိုင်ပါသည်။ တခါတရံတွင် အဆိုပါဆေးဝါးများအား အရေပြားမှတစ်ဆင့်ဖြစ်စေ အဆုတ်မှရှူသွင်း၍ဖြစ်စေ စုပ်ယူနိုင်သည်။ ဆေးဝါးများသည် အစားအစာများ သို့မဟုတ် နေအိမ်အတွင်းရှိ အရာဝတ္ထုများနှင့် နေ့စဉ်ထိတွေ့မှုများဖြစ်ပေါ်လျှင် မိသားစုဝင်များသည်လည်း ကီမိုဆေးသွင်းကုထုံးနှင့် ထိတွေ့နိုင်ပါသည်။

မိသားစုဝင်များနှင့် စောင့်ရှောက်သူများသည် ကီမိုဆေးသွင်းကုထုံးအား ကောင်းစွာဂရုပြု ကိုင်တွယ်ရန်နှင့် ထိတွေ့မှုကို လျော့ကျစေရန်အတွက် အဆင့်ဆင့်လုပ်ဆောင်ရန် အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်ထားသည့် သို့မဟုတ် ကလေးနို့တိုက်သည့် အမျိုးသမီးများသည် အဆိုပါဆေးဝါးများနှင့် ထိတွေ့မှုအားလုံးကို ရှောင်ရှားသင့်ပါသည်။

နေအိမ်သို့ ယူဆောင်လာသော ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများအားလုံးကို အန္တရာယ်ပေါ်ပေါက်စေနိုင်သော အရာများအဖြစ် မှတ်ယူသင့်ပါသည်။ ရိုးရှင်းသောအဆင့်များသည် လူနာများ၊ မိသားစုဝင်များနှင့် စောင့်ရှောက်သူများအား အန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်။

ဘေးကင်းစိတ်ချရမှုဆိုင်ရာ သတိပေးချက်များ-

  • ဆေးဝါးဆိုင်ရာ အညွှန်းများကို ဖတ်ရှုပြီး သောက်သုံးရန်ညွှန်းဆိုထားသော ညွှန်ကြားချက်များကို ကောင်းစွာဂရုပြု လိုက်နာဆောင်ရွက်ပါ။
  • ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများအား မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးသည့်အခါ လက်များကို ဆေးကြောပါ။
  • ညွှန်ကြားထားသည့်အတိုင်း လက်အိတ်များ၊ နှာခေါင်းစည်း၊ နှင့်/သို့မဟုတ် လုံခြုံရေးမျက်မှန်များကို ဝတ်ဆင်ပါ။
  • ဆေးဝါးအသုံးပြုထားသည့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပစ္စည်းများအားလုံးကို ဆေးကြောပါ။
  • ဆေးဝါးများကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် အစားအစာတို့နှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဝါးများကို ကောင်းစွာ စွန့်ပစ်ပါ။
 

ကီမိုဆေးသွင်းခြင်းကုထုံး ကုသရေးဆေးဝါးအား သိုလှောင်ခြင်း

  • ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများကို အခြားအိမ်ထောင်စုဝင်များ စားသုံးမည်ဖြစ်သည့် မည်သည့်အစားအစာ သို့မဟုတ် ဆေးဝါးနှင့်မဆို ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးဝါးများကို အေး၍ခြောက်သွေ့သော နေရာတွင် အလင်းရောင်တိုက်ရိုက်မကျစေရန် သို့မဟုတ် စိုထိုင်းမှုမရှိစေရန် သိမ်းဆည်းပါ။ ရေချိုးခန်းအတွင်း မသိမ်းဆည်းပါနှင့်။ အချို့သော ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများကို ရေခဲသေတ္တာအတွင်းသိမ်းဆည်းရန် လိုအပ်သည်။

ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများအား ဘေးကင်းစိတ်ချရမှုရှိရှိ သိုလှောင်မှုနှင့် စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ ပိုမိုဖတ်ရှုပါ

ကီမိုဆေးသွင်းခြင်းကုထုံး ကုသရေးဆေးဝါးအား ကိုင်တွယ်ဆောင်ရွက်ခြင်း

  • ကီမိုဆေးသွင်းခြင်းကုထုံးဆေးဝါးအား မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးသည့်အခါ လက်များကို ဆေးကြောပါ။
  • ဆေးဝါးကို သန့်ရှင်းသောမျက်နှာပြင်တွင် ကိုင်တွယ်ရမည်။
  • ဆေးဝါးများကို အစားအစာ သို့မဟုတ် အခြားအိမ်ထောင်စုသုံးပစ္စည်းများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • ဆေးပြားများကို လူနာထံသို့ လက်ဖြင့်ကိုင်တွယ်၍ ပေးမည့်အစား ခွက်ငယ်တစ်ခုအတွင်း သွန်ထည့်၍ပေးပါ။
  • ညွှန်ကြားထားသည့်အတိုင်း အကြံပြုထားသည့် အကာအကွယ်ပစ္စည်းများ (လက်အိတ်များ၊ နှာခေါင်းစည်း၊ နှင့်/သို့မဟုတ် လုံခြုံရေးမျက်မှန်များ) ကို ဝတ်ဆင်ပါ။

ကီမိုဆေးသွင်းခြင်းကုထုံး ကုသရေးဆေးဝါးအား ဖြတ်တောက်ခြင်း သို့မဟုတ် ထက်ဝက်ပိုင်းဖြတ်ခြင်း

  • အချို့ဆေးဝါးများကို သောက်သုံးရာတွင် ပိုင်းဖြတ်ရန် သို့မဟုတ် ကြိတ်ခြေရန် ပြုလုပ်ရမည်ဖြစ်သည်။ ( မာကာတိုပူရင်းကဲ့သို့) အချို့ဆေးပြားများကို ဆေးပြားဖြတ်တောက်သည့် ကိရိယာဖြင့် ပိုင်းစိတ်ရန် လိုအပ်နိုင်သည်။ ( အိုင်ဆိုထရီတီနိုနင်ကဲ့သို့) အချို့ဂျဲလ်ဖြင့် အုပ်ထားသည့်ဆေးဝါးများကို ကတ်ကြေးများ အသုံးပြု၍ ဖြတ်တောက်ရန် လိုအပ်နိုင်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများအတွက် ဆေးပြားဖြတ်တောက်သည့် ကိရိယာများ၊ ကတ်ကြေးများ သို့မဟုတ် ဆေးပြားခြေမွသည့် ကိရိယာများကို အသုံးပြုလျှင် ဤထုတ်ကုန်များကို အခြားဆေးများအတွက်ဖြစ်စေ အခြားအသုံးပြုသူများအတွက်ဖြစ်စေ အသုံးမပြုရ။
  • ဆေးများအား ဖြတ်တောက်သည့် သို့မဟုတ် ကြိတ်ခြေသည့်နေရာများသည် သန့်ရှင်းမှုရှိပြီး ရှုပ်ပွမနေစေရပါ။
  • ဆေးဝါးကို စားပွဲ သို့မဟုတ် ကောင်တာခုံကဲ့သို့ မြင့်သောမျက်နှာပြင်ပေါ်၌ ပြင်ဆင်ပါ။
  • မျက်နှာကျက်တပ် ပန်ကာများ သို့မဟုတ် လေအေးပေးစက်များအနီးတွင် ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများကို ဖြတ်တောက်ခြင်း သို့မဟုတ် ကြိတ်ခြေခြင်း မပြုလုပ်ရ။ ဤသို့လုပ်ဆောင်ခြင်းက ဆေးများ လွင့်စဉ်ခြင်းမှ ကာကွယ်တားဆီးမည်ဖြစ်သည်။
  • ကီမိုဆေးသွင်းခြင်းကုထုံး ကုသရေးဆေးဝါးအား ဖြတ်တောက်ခြင်း သို့မဟုတ် ထက်ဝက်ပိုင်းဖြတ်ခြင်းမလုပ်ဆောင်မီ စွန့်ပစ်နိုင်သော တစ်ခါသုံး ပလစ်စတစ်ဖြင့် လုပ်ဆောင်လျက်ရှိသည့် မျက်နှာပြင်ကို ဖုံးအုပ်ပါ။ ဤသို့လုပ်ဆောင်ခြင်းက ယင်းမျက်နှာပြင်အား ဖိတ်စင်ယိုဖိတ်ခြင်းမှ အကာအကွယ်ပေးမည်ဖြစ်ပြီး သန့်ရှင်းရေးပြုလုပ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးအား ပေးအပ်ပြီးနောက်ပိုင်းတွင်-
    • အတွင်းပိုင်းကို အပြင်သို့ ဆွဲထုတ်ခြင်းဖြင့် လက်အိတ်များကို ဖယ်ရှားပါ။ အသုံးပြုပြီူသည့်အခါ လက်အိတ်များကို စွန့်ပစ်ပါ။ လက်အိတ်များကို ပြန်လည်အသုံးမပြုပါနှင့်။
    • လက်များကို ဆပ်ပြာပါဝင်သော ရေနွေးဖြင့် ကောင်းစွာ ဆေးကြောပါ။

ဖိတ်စင်ယိုဖိတ်သည့် ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများကို သန့်ရှင်းရေးပြုလုပ်ခြင်း

  • ဖိတ်စင်ယိုဖိတ်သည့် နေရာကို ပိတ်ဆို့လိုက်ပြီး ကလေးများနှင့် အိမ်မွေးတိရိစ္ဆာန်များကို မလာရောက်ပါစေနှင့်။
  • နေရာကို မသန့်ရှင်းမီ လက်အိတ်များ ဝတ်ဆင်ပါ။
  • အရည်ဖိတ်စင်ကျမှုများအတွက် အရည်ကို စုပ်ယူရန် စုပ်ယူနိုင်သည့် စက္ကူလက်ကိုင်ပုဝါများကို အသုံးပြုပါ။ အရည်ဖိတ်စင်ကျမှု၏ အပြင်ဘက်မှ စတင်သန့်ရှင်းပြီး အတွင်းသို့ ချဉ်းကပ်လုပ်ဆောင်ပါ။ စက္ကူလက်ကိုင်ပုဝါကို ပလစ်စတစ်အိတ်အတွင်းသို့ ထည့်ပြီး ချည်နှောင်ပါ။
  • ယင်းနေရာကို ဆပ်ပြာပါဝင်သော ရေနွေးဖြင့် သန့်ရှင်းပါ။
  • ယင်းနေရာကို ရေလောင်းချ၍ အပြောင်းအပြန်ဆေးပါ။
  • ထိတွေ့စွန်းထင်းသည့် အဝတ်အစားများကို ဖယ်ရှား၍ ပလစ်စတစ်အိတ်အတွင်းသို့ ထည့်ပြီး ချည်နှောင်ပါ။ အဆိုပါ အဝတ်အစားများကို တတ်နိုင်သမျှ အမြန်ဆုံး လျှော်ဖွပ်ပြီး နောက်တစ်ကြိမ်ပြန်လည်အသုံးမပြုမီ ဒုတိယတစ်ကြိမ် ထပ်မံလျှော်ဖွပ်ပါ။ အခြားအဝတ်အထည်များနှင့် ရောနှော၍ မလျှော်ဖွပ်ရ။ 
  • ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများသည် မျက်စိအတွင်း ဝင်ရောက်သွားလျှင်-
    • ရေအေးထုတ် ရေထွက်ခေါင်းကို ဖွင့်ပြီး ရေဖြင့် အနည်းဆုံး ၁၅ မိနစ်ခန့် ညင်သာစွာ ဆေးကြောပါ။ ထပ်မံလိုအပ်သော ညွှန်ကြားချက်များရယူရန် ဆရာ၀န်နှင့် ဆက်သွယ်ပါ။
  • ကီမိုဆေးသွင်းခြင်း ကုထုံးဆေးဝါးများသည် အရေပြားနှင့် ထိတွေ့မိပါက-
    • ယင်းနေရာကို ရေအမြောက်အမြားလောင်းချ၍ အပြောင်းအပြန်ဆေးပြီးနောက် ဆပ်ပြာအသုံးပြု၍ ၁၀ မိနစ်ကြာ ထပ်မံဆေးကြောပါ။ နီခြင်း သို့မဟုတ် ကျိန်းစပ်ခြင်းတစ်ခုခု ဆက်လက်ပေါ်ပေါက်ပါက ဆရာ၀န်နှင့် ဆက်သွယ်ပါ။

ထပ်ဆောင်း အရင်းအမြစ်များ


တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ