တစ်သျှူးပျော့ ဆာကိုမာကင်ဆာဟာ ကင်ဆာတစ်မျိုးဖြစ်ပြီး ကြွက်သား၊ အာရုံကြော၊ အရွတ်၊ အဆီနဲ့ ပြန်ရည်ကြော၊သွေးကြောနံရံတွေအပါအဝင် ခန္ဓာကိုယ်ရဲ့တွယ်ဆက်တစ်သျှူးပျော့တွေမှာ ကြီးထွားတာဖြစ်ပါတယ်။ တစ်သျှူးပျော့ဆာကိုမာကင်ဆာကို အဓိကအမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်-
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ တွေအားလုံးရဲ့ အကြောင်းအရင်း ၇ ရာခိုင်နှုန်းဟာ တစ်သျှူးပျော့ဆာကိုမာကင်ဆာ ဖြစ်ပါတယ်။ တစ်သျှူးပျော့ဆာကိုမာကင်ဆာဟာ ကလေးငယ်တွေမှာ အဖြစ်များပြီး NRSTS ကတော့ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ တစ်သျှူးပျော့ဆာကိုမာကင်ဆာရဲ့ ဆေးဘက်ဆိုင်ရာအပြုအမူတွေအလိုက် နေရာအလိုက် ပြင်းထန်မှု ကနေ ကနေ အလွန် ပျံ့ပွားမှုမြင့်မားခြင်းထိ ရှိပါတယ်။
တစ်သျှူးပျော့ဆာကိုမာကင်ဆာကို သူတို့အတူဆုံးတစ်သျှူးရဲ့ နာမည်အတိုင်း ပေးထားတာဖြစ်ပါတယ်-
အချို့သော မျိုးရိုးဗီဇဆက်ခံမှု အခြေအနေများက ကြွက်သားပျော့ဆာကိုမာကင်ဆာကျောက်ကပ်အကျိတ်တစ်ခုမြင့်မားစေသည်။ အိုင်ယွန်နိုက်ဇင်း ရောင်ခြည်သင့်ခံရသည့် ကလေးသူငယ်များတွင်လည်း ဖြစ်ပွားနိုင်ခြေ မြင့်မားသည်။ တစ်သျှူးပျော့ဆာကိုမာကင်ဆာအတွက် ကုသမှုမှာ ခွဲစိတ်ခြင်၊ ဓာတုကုထုံး နှင့် ဓာတ်ရောင်ခြည်ကုထုံးပါဝင်လေ့ရှိပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာဆိုတာ ကြွက်သားမှာ ဖြစ်လေ့ရှိတဲ့ တစ်သျှူးပျော့အကျိတ်တစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း ခန္ဓာကိုယ် ရဲ့ ဘယ်နေရာမှာမဆို ဖွဲ့စည်းနိုင်ပြီး ကလေးများမှာ အဖြစ်များဆုံးတစ်သျှူးပျော့ဆာကိုမာကင်ဆာလည်း ဖြစ်ပါတယ်။ ၁၀ နှစ်အောက်ကလေးများမှာ ဖြစ်ပွားလေ့ရှိပြီး မမွေးဖွားခင်ကတည်းက ဖွံ့ဖြိုးနိုင်တာဖြစ်ပါတယ်။
အရိုးဆက်ကြွက်သားဆာကိုမာကင်ဆာ နှစ်မျိုးရှိပါတယ်-
အသက်အရွယ်၊ လိင်နှင့် လူမျိုးအပါအဝင် အချို့သောအချက်များက အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာရဲ့ရောဂါလက္ခဏာများဟာ အကျိတ်တည်ရှိတဲ့ နေရာပေါ်မူတည်ပါတယ်။ အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာရဲ့ ရောဂါလက္ခဏာများမှာ ပါဝင်တာကတော့-
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာကို ရောဂါရှာဖွေဖို့ လုပ်ထုံးလုပ်နည်းများနဲ့ စစ်ဆေးမှုပုံစံအမျိုးမျိုးကို သုံးလေ့ရှိပါတယ်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
အကျိတ်ရဲ့တည်နေရာပေါ်မူတည်ပြီး ထပ်ဆောင်းစစ်ဆေးမှုများလည်း လိုအပ်လာနိုင်ပါတယ်-
အကျိတ်ရဲ့တည်နေရာကိုမူတည်ပြီး နေရာအသေးစိတ်အကဲဖြတ်မှုများလည်း လိုအပ်နိုင်ပါတယ်။ ကုသမှုတစ်လျှောက် သင့်လျော်တဲ့ဂရုစိုက်မှုကို ထောက်ပံ့ပေးဖို့ နယ်ပယ်စုံဆေးပညာဆိုင်ရာအဖွဲ့ကလည်း အရေးကြီးပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာမှာ ရောဂါကိုအမျိုးအစားခွဲခြားဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဒါဟာ ရောဂါကို ပိုမိုနားလည်စေဖို့ ဆရာဝန်များကို အကူအညီဖြစ်ပြီး သင့်လျော်တဲ့ကုသမှုများကို ပိုမိုကောင်းမွန်စွာ အစီစဉ်ဆွဲနိုင်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာဟာ အကျိတ်တည်နေရာ၊ ရောဂါပျံ့နှံ့မှု နဲ့ ခွဲစိတ်မှုရလဒ်ပေါ်အခြေခံပြီး အုပ်စုခွဲထားတာ ဖြစ်ပါတယ်။
အုပ်စု | ရောဂါပျံ့နှံ့မှု |
---|---|
<B>အုပ်စု ၁ </B> ခွဲစိတ်ပြီး ရောဂါမရှိ |
အကျိတ်ကို နေရာတစ်နေရာမှာ ကန့်သတ်ထားပြီး ခွဲစိတ်မှုဖြင့် လုံးဝဖယ်ရှားလိုက်သည်။ |
အုပ်စု ၂ ခွဲစိတ်ပြီးနောက် ရောဂါသေးသေးမွှားမွှားရှိ |
အကျိတ်ကို နေရာတစ်နေရာမှာ ကန့်သတ်ထားပြီး ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှားလိုက်သော်လည်း ကင်ဆာဆဲလ်များကို အနီးအနားအသားစများမှာတွေ့ရဆဲဖြစ်ပြီး အဆိုပါအသားစများဟာ အကျိတ် (ဘေးပတ်လည်) နဲ့/သို့ ပြန်ရည်ဖုကို ပတ်လည်မှာ ရှိကြတာဖြစ်ပါတယ်။ |
<B>အုပ်စု ၃</B> ခွဲစိတ်ပြီးနောက် ရောဂါအတော်အသင့်ရှိ |
အကျိတ်ကို တစ်နေရာမှာ ကန့်သတ်ထားပေမယ့် ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှားလို့မရနိုင်။ |
<B>အုပ်စု ၄</B> ပျံ့ပွားရောဂါ |
ရောဂါစမ်းသပ်စဉ် ကတည်းက အကျိတ်ဟာ ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့ပြီးဖြစ်ပါတယ် (ပျံ့ပွားမှု )။ |
TNM စနစ်ကိုသုံးပြီး အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာကို အဆင့်ခွဲခြားနိုင်ပါတယ်။ ဒီစနစ်ဟာ အချက်သုံးချက်ပေါ်မူတည်ပြီး စဉ်းစားတာဖြစ်ပါတယ်-
TNM စနစ်ကိုသုံးပြီး အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာကို အဆင့် ၄ ဆင့် ခွဲခြားနိုင်ပါတယ်။
အဆင့် | နေရာ | အကျိတ်အရွယ်အစား | ပြန်ရည်ဖု | ပျံ့ပွားမှု |
---|---|---|---|---|
မူလကင်ဆာကျိတ်က ဘယ်နေရာမှာလဲ။ | အကျိတ်က ဘယ်လောက်ကြီးလဲ။ |
အနီးက ပြန်ရည်ဖုများမှာ ကင်ဆာဆဲလ်ကိုတွေ့ရလား။ | ကင်ဆာက အခြားခန္ဓာကိုယ်အပိုင်းတွေဆီ ပျံ့နှံ့နေလား။ | |
<B>၁</B> | အားသာချက်များ- အကျိတ်ဟာ မျက်လုံး၊ ဦးခေါင်း သို့ လည်ပင်းနေရာတစ်ဝိုက်နဲ့ ဆီးနဲ့မျိုးပွားလမ်းကြောင်းတို့မှာ ရှိပါတယ် ခြွင်းချက်- အကျိတ်ဟာ ဦးနှောက်အနီး သို့ ကျောရိုးအာရုံကြော သို့ ဆီးအိတ် သို့ ဆီးကျိတ်နားမှာ ရှိတာဖြစ်ပါတယ် |
မည်သည့် အရွယ်အစားမဆို |
ဟုတ် သို့ မဟုတ် | မဟုတ် |
2 | အားနည်းချက်များ- တခြားနေရာများအားလုံး |
၅ စင်တီမီတာထက်သေးသော |
မဟုတ် | မဟုတ် |
3 | အားနည်းချက်များ- တခြားနေရာများအားလုံး |
၅ စင်တီမီတာထက်သေးသော ၅ စင်တီမီတာထက် ကြီး |
ဟုတ် ဟုတ် သို့ မဟုတ် |
မဟုတ် |
၄ | မည်သည့်နေရာမဆို |
မည်သည့် အရွယ်အစားမဆို | ဟုတ် သို့ မဟုတ် | ဟုတ် |
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာမှ ပြန်ကောင်းနိုင်ခြေဟာ အကြောင်းအရင်းအမျိုးမျိုးပေါ်မူတည်ပါတယ်-
ကုသမှုများကို အစီစဉ်ရေးဆွဲရာမှာ အထောက်အကူဖြစ်စေဖို့ အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ လူနာများကို ဆရာဝန်များက ဘေးအန္တရာယ်ရှိသောအုပ်စုများအလိုက် အမျိုးအစားခွဲခြားပါတယ်။ အုပ်စုတွေဟာ ရောဂါအဆင့်နဲ့ အကျိတ်ကို ခွဲထုတ်နိုင်စွမ်းပေါ်မူတည်တာဖြစ်ပါတယ်။
သုံးစွဲရမယ့် ကုသမှု၊ ဆေးညွှန်းနဲ့ လိုအပ်တဲ့ ကုသမှုများကို ဆရာဝန်များက ဆုံးဖြတ်ရာမှာ ဒီသတင်းအချက်အလက်က အထောက်အကူဖြစ်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ ပြန်ဖြစ်လာမယ်ဆိုရင် ကင်ဆာပြန်ဖြစ်လာတဲ့ခန္ဓာကိုယ်ထဲက နေရာ၊ မူလကင်ဆာနဲ့ ပြန်ဖြစ်လာတဲ့ကြားထဲက ကုန်ဆုံးသွားတဲ့အချိန် နဲ့ ကင်ဆာကိုကုသဖို့ မူလသုံးတဲ့ ကုသနည်းများက ရောဂါတိုးတက်မှုကို လွှမ်းမိုးနိုင်ပါတယ်။
ပျံ့နှံ့ခြင်းမရှိ တဲ့အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာနဲ့ကလေးတွေဟာ ရေရှည်ကုသပျောက်ကင်းနိုင်ခြေ ၇၀ ရာခိုင်နှုန်းပိုများပါတယ်။ လူနာ ၂၀ ရာခိုင်နှုန်းခန့်ဟာ ရောဂါစမ်းသပ်ရာမှာ ပျံ့ပွားခြင်း အခြေအနေ မှာရှိပါတယ်။ ရောဂါစမ်းသပ်စဉ်မှာ ကင်ဆာက ပျံ့နှံ့ခဲ့ပြီးပြီ (ပျံ့ပွားအရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ)ဆိုပါက ရှင်သန်နိုင်ခြေဟာ ၃၀ ရာခိုင်နှုန်းအောက်သာရှိပါတယ်။
ခန့်မှန်းခြေအားဖြင့် အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာလူနာ ၃၀ ရာခိုင်နှုန်းဟာ ကင်ဆာပြန်လည်ဖြစ်ပွားလေ့ ရှိပါတယ်။ အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာဟာ ကနဦးအကျိတ်တည်နေရာ သို့ တခြားနေရာတွေမှာ ပြန်လည်ဖြစ်နိုင်ပါတယ်။ ပြန်ဖြစ်တဲ့ အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာဟာ ကုသရခက်ပြီး ကုသလို့ပျောက်ကင်းနိုင်ခြေလည်းနိမ့်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာဟာ ဓာတုကုထုံး၊ ခွဲစိတ်ကုသမှု နဲ့/သို့ ဓာတ်ရောင်ခြည်ကုထုံးအပါအဝင် ကုသမှုများပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကလေးများအားလုံးဟာ အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ ကုသမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ စနစ်ကျတဲ့ဓာတုကုထုံး နဲ့ ကုသရပါတယ်။ စစ်ဆေးဖော်ထုတ်လို့မရနိုင်တဲ့ ရောဂါသေးသေးမွှားမွှားပျံ့နှံ့မှုကို ကုသတာကလဲ အရေးပါပါတယ်။ ပုံရိပ်ဖော်ခြင်းဖြင့် မြင်နိုင်တဲ့ အကျိတ်များကို ခွဲစိတ်မှု နဲ့/သို့ ဓာတ်ရောင်ခြည်ကုထုံးနဲ့လည်း ကုသနိုင်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာအတွက် ဓာတုကုထုံး အညွှန်းမှာ ဗင်ခရစ်စတင်၊ အက်တီနိုမိုင်ဆင် ဒီ၊ ဆိုက်ကလိုဖိုစဖာမိုက် နဲ့ အီရင်နိုတီကန်တို့ပါဝင်ပါတယ်။ ကုသမှုတစ်ခုအတွက် စံပြုထားတဲ့ ဆေးတစ်ပတ်လည် အတွက် ကြာမြင့်မဲ့အချိန် ၁၄ - ၁၆ ပတ် (နားချိန်ကာလနဲ့ ကုသမှုကာလ) ဖြစ်ပါတယ်။
ခုခံအားကုထုံး နဲ့ ဆဲလ်သံသရာမှာရှင်သန်မှုကို တားမြစ်တဲ့ဆေးဝါးများ၊ရည်မှန်းချက်ထားကုထုံးများကဲ့သို့ စမ်းသပ်ပစ္စည်းများနဲ့ဒေါက်ဆိုရူဘစ်ဇင်ကဲ့သို့ တခြားဓာတုကုထုံးဆေးဝါးများလည်း တခြားကုသမှုတွေမှာ ပါဝင်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ ကို လက်တွေ့စမ်းသပ်မှုလုပ်ဖို့ တစိတ်တပိုင်း အနေနဲ့ ကလေးတွေအများကြီးကို ကုသမှုပေးပါတယ်။
ရည်မှန်းချက်ထားကုထုံးများဟာ ခေတ်အမီဆုံးဆေးဝါးများဖြစ်ပြီး အဆိုပါဆေးများဟာ ကင်ဆာဆဲလ်များကို ကြီးထွားခြင်းကနေ ရပ်တန့်စေဖို့ တိကျတဲ့ရည်မှန်းချက်ထား ဆောင်ရွက်တာဖြစ်ပါတယ်။ အရိုးဆက်ကြွက်သားဆာကိုမာကင်ဆာကို ကုသရာမှာ ကိုင်နေ့စ် ဟန့်တားပစ္စည်းနဲ့ မိုနိုကလိုနယ်ပဋိပစ္စည်းများကို လေ့လာနေပါတယ်။ ကိုင်နေ့စ် ဟန့်တားပစ္စည်းများဟာ ကင်ဆာဆဲလ်ကိုကြီးထွားဖို့ အချက်ပြတဲ့ ပရိုတိန်းတစ်ခုကို ပိတ်ဆို့တာဖြစ်ပါတယ်။ မိုနိုကလိုနယ်ပဋိပစ္စည်းကုထုံးဟာ ပရိုတိန်းအမျိုးမျိုးကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို သတ်ဖို့ သို့ ဆဲလ်ကြီးထွားမှုနှုန်းကိုလျှော့ချဖို့ ကင်ဆာဆဲလ်မှာ ကပ်တဲ့ အထူးပရိုတိန်းများကို သုံးတာ ဖြစ်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ မဟုတ်တဲ့ တစ်သျှူးပျော့ကင်ဆာ (NRSTS) ဟာ အကျိတ်အုပ်စုတစ်စုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ တစ်သျှူးပျော့တွေမှာ ကြီးထွားတာဖြစ်ပါတယ်။ NRSTS အမျိုးအစားအမြောက်အများရှိပေမယ့် သူတို့ကို တူညီတဲ့ပုံစံတစ်မျိုးနဲ့ပဲ ကုသလေ့ရှိကြပါတယ်။
NRSTS ဟာ ကလေးဘဝ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဖြစ်ပွားခြင်းအကြောင်းအရင်းအားလုံးရဲ့ ၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေမှာ အဖြစ်အများဆုံးပါ။ နှစ်စဉ်နှစ်တိုင်း အမေရိကန်မှာ NRSTS တွေ့ရှိသူလူနာပေါင်း ၅၀၀-၆၀၀ ခန့်ရှိပါတယ်။
NRSTS ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှဆို ဖွဲ့စည်းနိုင်ပေမယ့် လက်မောင်းနဲ့ခြေထောက်တွေမှာ တွေ့ရအများဆုံးဖြစ်ပါတယ်။ NRSTS ဟာ ဦးခေါင်းနဲ့လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့တင်ပါးဆုံတို့မှာလည်း ဖြစ်ပွားပါတယ်။
ကလေးများမှာအဖြစ်အများဆုံး NRSTS အမျိုးအစားတွေမှာ ပါဝင်တာကတော့:
အခြား NRSTS အမျိုးအစားတွေကတော့ ကလီးယားဆဲလ်ဆာကိုမာကင်ဆာ၊ အက်ပစ်သီလီရွိုက်ဆာကိုမာ ကင်ဆာ၊ သွေးကြောနှင့် တစ်သျှူးပျော့များတွင် ဖြစ်သော ရှားပါး အကျိတ်၊ ပြောင်ချောကြွက်သားဆာကိုမာကင်ဆာ၊ အဆီကျိတ်ဆာကိုမာကင်ဆာ၊ အန္တရာယ်ရှိ အပြင်ပိုင်း အာရုံကြောအိမ် အကျိတ်၊ အဆစ်တွင်းရည်မဟုတ် ဆဲလ်ဆာကိုမာကင်ဆာ၊ ခွဲခြားရခက်သောဆာကိုမာကင်ဆာတို့ဖြစ်ပါတယ်။
ကလေးများဖြစ်တဲ့ NRSTS ကို အုပ်စုနှစ်စုမှာ အများဆုံးမြင်ရလေ့ရှိပါတယ်။ မွေးစကလေးငယ်များနဲ့ ဆယ်ကျော်သက်များဖြစ်ပါတယ်။ ယောကျာ်းလေးတွေမှာ အနည်းငယ်ပိုအဖြစ်များလေ့ရှိပါတယ်။ ယခင် ကုသခဲ့တဲ့ ဓာတ်ရောင်ခြည်ကုထုံး ဟာ NRSTS ဖြစ်နိုင်ခြေကိုလည်း မြင့်မားနိုင်ပါတယ်။
အချို့သော မျိုးရိုးဗီဇဆက်ခံမှု အခြေအနေများသည် အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည်။ Li-Fraumeni လက္ခဏာစု (P53 သန္ဓေပြောင်းလဲမှု)၊ အာရုံကြောဖုံး အသားမျှင်မှ ဖြစ်သည့် အဖုအကျိတ် အမျိုးအစား ၁ (NF1)၊ Werner လက္ခဏာစု၊ မျက်ကြည်လွှာကင်ဆာ 1 (RB1) မျိုးဗီဇပြောင်းလဲမှုများ နဲ့ SMARCB1 (INI1) မျိုးဗီဇပြောင်းလဲမှုများ ဒီထဲမှာ ပါဝင်ပါတယ်။
NRSTS လက္ခဏာတွေဟာ အကျိတ်တည်ရှိတဲ့နေရာပေါ်မူတည်ပါတယ်။ တစ်ခါတစ်ရံ ကနဦးအဆင့်တွေမှာ နာကျင်မှုမရှိတဲ့ အဖုတစ်ဖုကလွဲပြီး တခြားလက္ခဏာမရှိပါဘူး။ အကျိတ်ဟာ ကြီးထွားလာပြီး တခြားဖွဲ့စည်းပုံတွေကို ဖိတဲ့အခါ နာကျင်မှု သို့ အားနည်းမှုတွေလို ပြဿနာတွေဟာ ဖွံ့ဖြိုးလာနိုင်ပါတယ်။ ပိုအဆင့်မြင့်တဲ့ရောဂါကတော့ အဖျား၊ ချွေးထွက်ခြင်း သို့ ဝိတ်ကျခြင်းလို လက္ခဏာတွေကို တစ်ခါတစ်ရံမှာ ပြသနိုင်ပါတယ်။
အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာကို ရောဂါရှာဖွေဖို့ လုပ်ထုံးလုပ်နည်းများနဲ့ စစ်ဆေးမှုပုံစံအမျိုးမျိုးကို သုံးလေ့ရှိပါတယ်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
တစ်သျှူးပျော့ဆာကိုမာကင်ဆာကို အဆင့်လိုက် အမျိုးအစားခွဲခြားပါတယ်။ ကင်ဆာအဆင့်ခွဲခြားခြင်းဟာ အရွယ်အစား၊ ပျံ့နှံ့မှုနဲ့ အကျိတ် ရဲ့ အဆင့် တွေပေါ်မူတည်တာဖြစ်ပါတယ်။
အဆင့်ဆိုတာဟာ အဏုကြည့်မှန်ဘီလူးအောက်က ကင်ဆာဆဲလ်များရဲ့ပုံစံကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ကင်ဆာ ဘယ်လောက်ပြန့်နှံ့နိုင်ခြေရှိတယ်ဆိုတာကို ခန့်မှန်းရာမှာ အဆင့်က အထောက်အကူပြုပါတယ်။ အဆင့်ပိုမြင့်တဲ့အကျိတ်တွေဟာ အဆင့်အနိမ့်ပိုင်းအကျိတ်တွေနဲ့ယှဉ်ရင် ပျံ့နှံ့ကြီးထွားမှုနှုန်း မြန်ဆန်လေ့ရှိပါတယ်။
တစ်သျှူးပျော့ဆာကိုမာကင်ဆာအတွက် အကျိတ်အဆင့်ဟာ အချက် ၃ ချက်ပေါ်အခြေခံတာဖြစ်ပြီး ခွဲခြားနိုင်သေးခြင်း , ဆဲလ်ကွဲပွားခြင်းနဲ့ ဆဲလ်သေခြင်းတို့ဖြစ်ပါတယ်။
ဖြစ်ပွားစေတဲ့အချက်တိုင်းကို အမှတ်တစ်ခုပေးတာဖြစ်ပါတယ်။ အမှတ်ပေါင်းမြင့်လေလေ အကျိတ်အဆင့်က မြင့်လေလေဖြစ်ပါတယ်။
တစ်သျှူးပျော့ဆာကိုမာကင်ဆာကို အဆင့်လေးဆင့် ခွဲခြားနိုင်ပါတယ်။ ကင်ဆာဆိုင်ရာ အမေရိကန်ပူးပေါင်းကော်မတီ(AJCC) အောက်ပါစံသတ်မှတ်ချက်များကို အသုံးပြုတာဖြစ်ပါတယ်:
အဆင့် | ဖော်ပြချက် |
အကျိတ်အဆင့် |
---|---|---|
<B>အဆင့် ၁က</B> | အကျိတ်ဟာ ကန့်လန့်ဖြတ် ၅ စင်တီမီတာထက် မကြီးပါ။ ပြန်ရည်ဖုများ သို့ တခြားခန္ဓာကိုယ်အပိုင်းများဆီ မပျံ့နှံ့သေးပါ။ | <B>၁</B> |
<B>အဆင့် ၁ခ</B> | အကျိတ်ဟာ ကန့်လန့်ဖြတ် ၅ စင်တီမီတာထက် ကြီးပါတယ်။ ပြန်ရည်ဖုများ သို့ တခြားခန္ဓာကိုယ်အပိုင်းများဆီ မပျံ့နှံ့သေးပါ။
|
<B>၁</B> |
<B>အဆင့် ၂က </B> | အကျိတ်ဟာ ကန့်လန့်ဖြတ် ၅ စင်တီမီတာထက် မကြီးပါ။ ပြန်ရည်ဖုများ သို့ တခြားခန္ဓာကိုယ်အပိုင်းများဆီ မပျံ့နှံ့သေးပါ။
|
၂ သို့ ၃ |
အဆင့် ၃က | အကျိတ် ကန့်လန့်ဖြတ် ၅-၁၀ စင်တီမီတာ ဖြစ်ပါတယ်။ ပြန်ရည်ဖုများ သို့ တခြားခန္ဓာကိုယ်အပိုင်းများဆီ မပျံ့နှံ့သေးပါ။
|
၂ သို့ ၃ |
<B>အဆင့် ၃ခ</B> | အကျိတ်ဟာ ကန့်လန့်ဖြတ် ၁၀ စင်တီမီတာထက် ကြီးပါတယ်။ ပြန်ရည်ဖုများ သို့ တခြားခန္ဓာကိုယ်အပိုင်းများဆီ မပျံ့နှံ့သေးပါ။
|
၂ သို့ ၃ |
<B>အဆင့် ၄</B> | အကျိတ်ရဲ့ မည်သည့်အရွယ်အစားမဆိုနဲ့ မည်သည့်အဆင့်မဆို ဖြစ်ပါတယ်။ အနီးက ပြန်ရည်ဖုများ နဲ့/သို့ တခြားအပိုင်းများဆီ ပြန့်နှံ့ပြီးဖြစ်ပါတယ်။
|
အနည်းငယ် |
ရောဂါအလားအလာ သို့ NRSTD မှ ပြန်ကောင်းနိုင်ခြေ ဟာ အကြောင်းအရင်းအမျိုးမျိုးပေါ် မူတည်ပါတယ်-
အချို့ အားသာချက်များတဲ့ အကျိတ်တွေနဲ့လူနာတွေဟာ ပိုကောင်းတဲ့ ရောဂါအလားအလာများကို ရရှိနိုင်ပါတယ်:
အားသာသော | အားနည်းသော | |
---|---|---|
အကျိတ်အဆင့် (Histology) |
အဆင့်နိမ့် | အဆင့်မြင့် |
အကျိတ်အရွယ်အစား |
၅ စင်တီမီတာထက်သေးသော | ၅ စင်တီမီတာထက်ကြီးသော |
ရောဂါပြန့်နှံ့မှု (ပျံ့ပွားမှု ) |
မဟုတ် | ဟုတ် |
ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှား |
ဟုတ် | မဟုတ် |
လူနာ ၁၅ ရာခိုင်နှုန်းခန့်ဟာ ရောဂါစမ်းသပ်မှုမှာ ပျံ့ပွားရောဂါရှိပါတယ်။ အဆုတ်ဟာ NRSTS ပျံ့ပွားခြင်းအတွက် အဖြစ်များဆုံးနေရာဖြစ်ပါတယ်။ NRSTS ဟာ အရိုး သို့ ပြန်ရည်ဖုများဆီ ပျံ့နှံ့မှုက ရှားပါတယ်။
ကင်ဆာဟာ ရောဂါစမ်းသပ်မှုမှာ ပျံ့နှံ့ပြီး(ပျံ့ပွား ရောဂါ) ပြီဆိုပါက ရေရှည်ရှင်သန်နိုင်မယ့်အခွင့်အရေးဟာ ၂၀ ရာခိုင်နှုန်းထက်နည်းပါတယ်။
ပြန်ဖြစ်တဲ့NRSTS ဟာ ကုသဖို့ခက်ပြီး ကုသလို့ရနိုင်ခြေဟာ နည်းပါတယ်။
ကင်ဆာကိုအတတ်နိုင်ဆုံးဖယ်ရှားဖို့အတွက် ခွဲစိတ်မှု ကို သုံးပါတယ်။ ကင်ဆာလုံးဝ မကျန်ခဲ့စေဖို့ အနီးအနားပြန်ရည်ဖုများနဲ့ အကျိတ်တစ်ဝိုက်က အသားစ ပမာဏအနည်းငယ်ကိုလည်း ဖယ်ရှားပါတယ်။ အကျိတ်ကို ကင်ဆာဆဲလ်ကျန်ရှိခဲ့ခြင်းမရှိဘဲ အပြည့်အဝ ဖယ်ရှားနိုင်မယ်ဆိုလျှင် အန္တရာယ်နည်းလူနာတွေကို ခွဲစိတ်မှုတစ်ခုတည်းနဲ့ ကုသနိုင်ပါတယ်။
ခွဲစိတ်မှုနဲ့ လုံးဝမကုသနိုင်တဲ့ NRSTS ကို ကုသဖို့ ဓာတ်ရောင်ခြည်ကုထုံး ကို သုံးနိုင်ပါတယ်။ အချို့ဖြစ်ရပ်များမှာ အကျိတ်ဖယ်ရှားရတာလွယ်ကူစေဖို့ ခွဲစိတ်မှုမလုပ်ခင် ဓာတ်ရောင်ခြည်ကို သုံးနိုင်ပါတယ်။
ဓာတုကုထုံ (“ခီမို”) ဟာ ကင်ဆာများကို သတ်ဖို့ သို့ ကြီးထွားခြင်းနဲ့ ကင်ဆာဆဲလ်သစ်များပြုလုပ်ခြင်းကိုရပ်တန့်စေဖို့ အားကောင်းတဲ့ဆေးဝါးများကို သုံးစွဲခြင်းဖြစ်ပါတယ်။ ဓာတုကုထုံးဟာ NRSTS အတွက် ထိရောက်တာမျိုးတော့ မဟုတ်ပါဘူး။ ခွဲစိတ်မှုနဲ့ ကုသလို့မရနိုင်တဲ့ လူနာများ သို့ ရောဂါပျံ့ပွားသူများအပါအဝင် အန္တရာယ်မြင့်လူနာများကို ကုသရာမှာ သုံးလေ့ရှိပါတယ်။
NRSTS ကုသမှုမှာ ရည်မှန်းချက်ထားကုထုံးများကို လေ့လာနေပါတယ်။ ဤဆေးဝါးများသည် ကင်ဆာဆဲလ်များ ကြီးထွားခြင်းမှ ကာကွယ်ရန် အဓိကထား လုပ်ဆောင်ကြပါသည်။ အချို့ကုထုံးများဟာ NRSTS မျိုးကွဲများအတွက် သီးသန့်ထားတာဖြစ်ပါတယ်။ ဒီကုသမှုအမြောက်အများကိုဆေးပညာဆိုင်ရာလက်တွေ့စမ်းသပ်မှုမျာမှာ လေ့လာနေပါတယ်။
အကျိတ်မျိုးကွဲ | ဆေးဝါး | လုပ်ဆောင်ချက် |
---|---|---|
အဆီကလာပ်စည်း အဆီကျိတ် ကင်ဆာ |
Palbiciclib |
ကိုင်းနေ့စ် ဟန့်တားပစ္စည်း |
လေအိတ်အပျော့ကင်ဆာ |
ဆူနစ်တင်နစ် |
ကိုင်းနေ့စ် ဟန့်တားပစ္စည်း |
သွေးကြောတစ်ဝိုက် အက်ပစ်သီလီရွိုက် ဆဲလ် ဆာကိုမာကင်ဆာ (PEComa) |
Sirolimus |
mTOR ဟန့်တားပစ္စည်း |
အသားတစ်သျှူးနှင့် အမျှင်တစ်သျှူးများပါဝင်သော ရောင်ရမ်းအကျိတ် |
Crizotinib Ceritinib |
ကိုင်းနေ့စ် ဟန့်တားပစ္စည်း |
"ဆေးမကုတာနှစ်နှစ်ရှိပြီ၊၊ ကင်ဆာမရှိတော့ဘူးဆိုပေမယ့် ငါးနှစ်တော့ မကြာသေးဘူးလေ။ အချိန်တွေကုန်လာတာနဲ့အမျှ စိုးရိမ်မှုတွေကလည်း ပြောင်းလဲသွားတာကို တွေ့ရတယ်။ ကင်ဆာကိုစိုးရိမ်စိတ်ကတော့ ရှိသေးတယ်။ ၆-လ ဆေးစစ်မှုအချိန်နီးလာတိုင်း 'Scanရိုက်ရမှာစိုးရိမ်မှု' ကတော့ ဖြစ်လာသေးတယ်။ ဒါပေမယ့် အခု ပိုပြီးလေ့လာရှာဖွေနေမိတာက ကုသပြီးနောက်ပိုင်း သက်ရောက်မှုတွေပါ။ အထူးသဖြင့် ပရိုတွန်ဓာတ်ရောင်ခြည်နဲ့ သက်ဆိုင်ပါတယ်။ဘာမျှော်လင့်ရမယ်ဆိုတာကို သိရလောက်အောင် ကြာကြာမလုပ်ခဲ့ရတာကြောင့်ပါ။"
_ မီချယ်၊ရိုင်းရဲ့အမေ
ရိုင်းဟာ သူ့မျက်လုံးနောက်မှာ ဖြစ်ပွားတဲ့ ရှားပါးကင်ဆာနှစ်မျိုးကို ကုသနေတာပါ။ အဆိုပါနှစ်မျိုးက အရိုးဆက်ကြွက်သား ဆာကိုမာကင်ဆာနဲ့ အာရုံကြောနဲ့ အသားပျော့တစ်သျှူး တွေမှာ ဖြစ်တဲ့ ရှားပါးကင်ဆာ ဖြစ်ပါတယ်။ သူ့ရဲ့ကုသမှုတွေမှာ ခွဲစိတ်မှု၊ ဓာတုကုထုံး နဲ့ ပရိုတွန်ဓာတ်ရောင်ခြည်ကုထုံးပါဝင်ပါတယ်။
တစ်သျှူးပျော့ဆာကိုမာကင်ဆာဟာ နှစ်အတော်ကြာမှ ပြန်ဖြစ်ပွားတတ်ပါတယ်။ အကျိတ်ဟာ တူညီတဲ့နေရာ(တစ်နေရာတည်း ပြန်ဖြစ်မှု)မှာပဲ ပြန်ဖြစ်နိုင်ပါတယ် သို့ ခန္ဓာကိုယ်ရဲ့ တခြားနေရာ(အဝေး ပြန်ဖြစ်မှုအနေနဲ့)မှာလည်း ပြန်ဖြစ်နိုင်ပါတယ်။
ကုသမှုများပြီးဆုံးပြီးနောက် ပြန်လည်ဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ဖို့ နောက်ဆက်တွဲဂရုစိုက်မှု လူနာတွေက လက်ခံရပါလိမ့်မယ်။ လိုအပ်တဲ့စစ်ဆေးမှုအမျိုးအစားများနဲ့ လူနာတွေ ဘယ်နှကြိမ် ဆေးစစ်ရမယ်ဆိုတာကို ဆေးဘက်ဆိုင်ရာအဖွဲ့က တိကျတဲ့အကြံပေးမှုများ ပြုလုပ်ပါလိမ့်မယ်။
တစ်သျှူးပျော့ဆာကိုမာကင်ဆာ ကုသခံထားရတဲ့ကလေးတွေဟာ ရောဂါကုထုံးနဲ့သက်ဆိုင်တဲ့ နောက်ပိုင်းသက်ရောက်မှုများကို ခံစားရနိုင်ခြေရှိပါတယ်။ သီးခြားပြဿနာများဟာ အကျိတ်ရဲ့ တည်နေရာနဲ့ လက်ခံရရှိတဲ့ ကုထုံးအမျိုးအစားပေါ်မူတည်ပါတယ်။
ခွဲစိတ်မှုဆိုင်ရာရေရှည်သက်ရောက်မှုမှာ အသွင်အပြင်ပြောင်းလဲမှုနဲ့ အသုံးဝင်မှုဆုံးရှုံးခြင်းတွေ ပါဝင်နိုင်ပါတယ်။
ဓာတ်ရောင်ခြည်ကုထုံးနဲ့ ရောဂါပျောက်ကင်းသွားသူတွေဟာ ဒုတိယကင်ဆာများ ဖြစ်ပွားနိုင်ခြေမြင့်မားတဲ့အပြင် ကုသမှုကြောင့် ဖွံ့ဖြိုးမှုချို့ယွင်းခြင်း၊ အရိုးရောဂါ နဲ့ တခြားပြဿနာတွေ ရှိနိုင်ပါတယ်။
ဆေးဝါးဆိုင်ရာသီးခြားနောက်ကျသက်ရောက်မှုတွေကြောင့် စနစ်ကျတဲ့ဓာတုကုထုံးနဲ့ကုသပြီး ပြန်ကောင်းလာသူတွေကို စောင့်ကြည့်သင့်ပါတယ်။ အဆိုပါသက်ရောက်မှုတွေမှာ နှလုံးပြဿနာများ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျိုးပွားမှုဆိုင်ရာပြဿနာများ၊ အန်ဒိုခရိုင်းဟော်မုန်းပုံမှန်မဟုတ်ခြင်းနဲ့ ဒုတိယကင်ဆာများဖြစ်ပွားနိုင်ခြင်း တို့ ပါဝင်ပါတယ်။
ရောဂါပျောက်ကင်းသွားသူတွေအားလုံးဟာ ပုံမှန်ကာကွယ်စစ်ဆေးမှုကို မူလဆရာဝန်တစ်ယောက်ဆီကနေ ဆက်လက်ပြုလုပ်သင့်ပါတယ်။ ယေဘုယျ ရောဂါနဲ့ ကျန်းမာရေးကာကွယ်မှုအတွက် ရောဂါပျောက်ကင်းသွားသူတွေဟာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက်အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018