အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Irinotecan (အီရင်နိုတီကန်)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Camptosar®

သည်အခြားအမည်များ:

CPT-11

ကလစ်ဘုတ် သင်္ကေတ

Irinotecan (အီရင်နိုတီကန်) အကြောင်း သိကောင်းစရာ

Irinotecan (အီရင်နိုတီကန်) ဆိုသည်မှာ ကီမိုဆေးကုထုံးတစ်မျိုးဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။ ဆေးပေးရမည့် အချိန်ဇယားနှင့် ဆေးချိန်သည် ကင်ဆာအမျိုးအစား၊ ကလေး၏အသက်အရွယ်၊ ဆေးပေးရန် သုံးသည့် နည်းလမ်းများအပေါ်တွင် မူတည်ပါသည်။

Irinotecan (အီရင်နိုတီကန်) သည် သွေးပြန်ကြောမှ ယိုစိမ့်မည်ဆိုပါက တစ်ရှူးပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်။ အကြောထဲထိုးသွင်းရာနေရာတွင် အရေပြားကျိန်းစပ်ခြင်းကို ဖြစ်စေနိုင်သည်။ အကယ်၍ ဆေးသွင်းနေစဉ် အပူလောင်သလိုမျိုးခံစားနေရပါက စောင့်ရှောက်ကုသပေးနေသည့်သူ တစ်ဦးဦးကို အသိပေးပါ။

လူနာ၏အင်ဇိုင်းလုပ်ဆောင်ချက်ကောင်းမကောင်းကို သိရရန်အတွက် မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်ကြည့်နိုင်ပါသည်။ လူနာသည် Irinotecan (အီရင်နိုတီကန်) ကို နှေးကွေးစွာချေဖျက်နေပါက ဆေးပမာဏကိုလျှော့ပေးပါ။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ဝမ်းလျှောခြင်း (၂၄ နာရီ အတွင်း သို့မဟုတ် ထို့နောက်ပိုင်း)
  • ရေဓာတ်ခန်းခြောက်ခြင်း (အထူးသဖြင့် ဝမ်းလျှောခြင်း)
  • ဆံပင်ကျွတ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • အားနည်းခြင်း သို့မဟုတ် နုံးခွေခြင်း
  • တုပ်ကွေးဆန်ဆန် လက္ခဏာများ (ချမ်းတုန်ခြင်းများ၊ နာကျင်ကိုက်ခဲခြင်း၊ အဖျားတက်ခြင်း)
  • နှာရည်ယိုခြင်း၊ မျက်ရည်ပူကျခြင်း သို့မဟုတ် တံတွေးအထွက်များခြင်း
  • အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ အနီကွက်ဖြစ်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ဗိုက် သို့မဟုတ် ကျောအောင့်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ရင်ပူနာ
  • ကိုယ်အလေးချိန် ကျခြင်း
  • အသည်း ပြဿနာများ 
  • သွေးပြန်ကြောမှထိုးသွင်းရာ အရေပြားနေရာတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ကျန်ခဲ့ခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Irinotecan (အီရင်နိုတီကန်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Irinotecan (အီရင်နိုတီကန်) သောက်နေချိန်တွင် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေအလုံအလောက်သောက်မိစေရန် လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ဝမ်းလျှောခြင်းကို ထိန်းနိုင်စေမည့် ဆေးဝါး သို့မဟုတ် အစားအစာများကို အကြံပြုနိုင်သည်။ အအန်ပျောက်ဆေးများကိုလည်း ပေးနိုင်သည်။
  • ဤဆေးဝါးကို သောက်သုံးနေစဉ် ဂရိတဖရုသီး သို့မဟုတ် Seville လိမ္မော် (အခါး) သို့မဟုတ် အဆိုပါအသီးများပါရှိသည့် ဖျော်ရည်များ သို့မဟုတ် အဖျော်ရည်ယမကာများကို မသောက်မိပါစေနှင့်။
  • လိင်မှုကိစ္စတွင် ရှိနေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများအနေဖြင့် ကီမိုဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်၊ စွန့်ပစ်ရန်နှင့် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များနှင့်မထိတွေ့စေရန် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

Irinotecan (အီရင်နိုတီကန်) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးကို ဗိုက်ထဲ၌ အစာမရှိသော အချိန်တွင်သောက်ပါ။ 
  • Irinotecan (အီရင်နိုတီကန်) သောက်ပြီး မိနစ် ၃၀ အကြာတွင် ဆေးများအန်ထွက်ကုန်ပါက ဆေးတစ်ခွက်စာထပ်တိုက်သင့်ပါသည်။
  • Irinotecan (အီရင်နိုတီကန်) ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းသင့်ပါသည်။ Irinotecan (အီရင်နိုတီကန်) ဆေးရည်ကို ခရန်ဘယ်ရီသီးဖျော်ရည် သို့မဟုတ်ဖျော်ရည်အဆီ တစ်မျိုးမျိုးဖြင့်စပ်ပြီး ချက်ချင်းသောက်သင့်ပါသည်။
  • ဆေးရည်သွင်းသည့် ဆေးထိုးပြွတ်များကို တစ်ခါသုံးပြီးသည်နှင့် လွှင့်ပစ်သင့်ပါသည်။ နောက်တစ်ကြိမ်ပြန်လည်အသုံးမပြုရ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။ 
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။