အရိုးစကင်သည် ပုံရိပ်ဖော် စစ်ဆေးခြင်း တစ်ခုဖြစ်ပြီး ကင်ဆာ အပါအဝင် အခြေအနေအမျိုးမျိုးကြောင့်ဖြစ်သော ပျက်စီးမှုကို ရှာရန် အရိုးများအတွင်း ရှာကြည့်ခြင်းဖြစ်သည်။ ၎င်းသည် ကင်ဆာ ကုသမှု မည်သို့ ကောင်းမွန်စွာ ဖြစ်ပေါ်ပုံကို စောင့်ကြည့်ကူညီပေးပါသည်။
အရိုးစကင်သည် ခြေရာခံပစ္စည်းခေါ် (ရေဒီယို ခြေရာခံပစ္စည်း သို့မဟုတ် ရေဒီယိုဆေးဝါး ဟုလည်းခေါ်) ရေဒီယိုသတ္တုကြွ ဒြပ်ပမာဏ အနည်းငယ်ကို အသုံးပြုပြီး အရိုး၏ ပုံမမှန်သော နေရာများကို စမ်းသပ်စစ်ဆေးရန် ကူညီပေးသည်။ ခြေရာခံပစ္စည်းတွင် ရေဒီယိုသတ္တုကြွ ဒြပ်ပမာဏ အနည်းငယ် ပါဝင်သောကြောင့် အရိုးစကင်ကို နူကလီးယား ဆေး အနေဖြင့် ရည်ညွှန်းသည်။
စမ်းသပ်မှုကို လက်မှတ်ရပြီးသော နူကလီးယား ဆေး နည်းပညာရှင် က လုပ်ဆောင်ပြီး ၎င်းတွင် အပိုင်း ၃ ပိုင်းပါဝင်သည်မှာ-
- ခြေရာခံပစ္စည်းကို ရယူခြင်း - ပထမဦးဆုံး လူနာသည် ခြေရာခံပစ္စည်း ပမာဏအနည်းငယ်ကို IV လမ်းကြောင်းမှတဆင့် ရယူသည်။ ၎င်း IVကို ဆေးထိုးသွင်းပြီးနောက် ဖယ်ရှားသည်။
- စောင့်နေစဉ်ကာလ - လူနာသည် ခြေရာခံပစ္စည်းက သွေးစီးကြောင်းတစ်လျှောက် သွားလာပြီး ၎င်းဦးတည်ရာသို့ ရောက်ရှိစေရန် အနည်းဆုံး ၂ နာရီတိုင်အောင် စောင့်သည်။ ထိုအချိန်အတောအတွင်းတွင် လူနာသည် ပုံမှန် လှုပ်ရှားမှုများ ပြန်လုပ်ဆောင်နိုင်သည်။
- စကင်ဖတ်ခြင်း - ခြေရာခံပစ္စည်း စုပ်ယူခံရပြီးနောက် လူနာသည် အရိုး စကင်ရယူရန် နူကလီးယား ဆေးဌာနသို့ ပြန်လာသည်။ ကင်မရာများသည် အနုစိတ် ပုံရိပ်များ ထုတ်လုပ်ရန် လူနာ၏ ခန္ဓာကိုယ် အနှံ့ လည်နေသည်။
ဂါမာ (gamma) ကင်မရာများသည် ကွန်ပျူတာတစ်ခု၏ အကူအညီဖြင့် ရေဒီယို သတ္တုကြွပစ္စည်း၏ ပျံ့နှံ့မှုပုံရိပ်များကို ဖန်တီးမည်။ အလင်းရောင် ပိုဖျော့ခြင်း သို့မဟုတ် ပိုမည်းခြင်းဖြစ်ပေါ်လာသော နေရာများသည် ကင်ဆာကို ညွှန်ပြနိုင်သည်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဤလုပ်ငန်းစဉ်အတွင်း စကင်ဖတ်သည်။ အကယ်၍ ရလဒ်များက ကင်ဆာကြောင့်ဖြစ်သော အရိုး ပျက်စီးမှုကို ပြသပါက နောက်ထပ် စမ်းသပ်မှုများစွာ လိုအပ်လာနိုင်သည်။ ၎င်းစမ်းသပ်မှုများတွင် ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT) စကင်တစ်ခု၊ နူကလီးယားသုံး ပုံဖော်ခြင်း (PET) စကင်၊ သံလိုက်ဓါတ်သုံး ပုံဖော်နည်း (MRI)၊ သို့မဟုတ် အသားစထုတ်ယူစစ်ဆေးခြင်းတို့ပါဝင်သည်။
နူကလီးယား ဆေးသမားတော်သည် စကင်ရလဒ်များကို ရှင်းလင်းပေးမည်ဖြစ်ပြီး စကင်ဖတ်ရန် ညွှန်ကြားသည့် ဆရာဝန်နှင့်အတူ ၎င်းတို့ကို မျှဝေပါမည်။ လူနာ၏ မူလ ကင်ဆာအထူးကုဆရာဝန် သည် မိသားစုနှင့်အတူ အဖြေများ ဝေမျှမည်။
မိသားစုများသည် အရိုးစကင်မစတင်မီ မည်သည်ကို လုပ်သင့်သနည်း။
ပုံမှန်အားဖြင့် လူနာများသည် အထူးပြုလုပ်ထားသော ပြင်ဆင်မှုများကို အရိုးစကင် မစတင်မီ မလိုအပ်နိုင်ပါ။ ၎င်းတို့သည် ချိန်းချက်မှု မတိုင်မီ ပုံမှန်အတိုင်း စားနိုင်သည် သောက်နိုင်သည်။
- ဆေးပေးခြင်းများ — မိသားစုများသည် ဆေးအဖွဲ့ကို လူနာသောက်နေသော ဆေးများအားလုံးနှင့်ပက်သက်၍ ပြောပြသင့်သည်။ ဘယ်ရီယမ် သို့မဟုတ် ဘစ်စမတ် (Pepto-Bismol™ ကဲ့သို့) ပါဝင်သော ဆေးများသည် စမ်းသပ်မှု အဖြေများကို သက်ရောက်နိုင်ပြီး လူနာများသည် စကင်မစတင်မီ ၎င်းဆေးများကို သောက်သုံးခြင်းမှ ရှောင်ရှားရန် လိုအပ်မည်။
- ဓာတ်မတဲ့မှုများနှင့် ဆေးဆိုင်ရာ အခြေအနေများ— မိသားစုများသည် အဖွဲ့ကို ဆေးဓာတ်မတဲ့မှုများ သို့မဟုတ် လူနာ ကိုယ်ဝန်ရှိနိုင်မှု ဖြစ်နိုင်ခြေ အပါအဝင် အခြားသော ဆေးဆိုင်ရာ အခြေအနေများကို သတင်းပေးသင့်သည်။
- အာမခံ — စမ်းသပ်မှု၏ ကုန်ကျစရိတ် မည်မျှ အကျုံးဝင်သနည်းနှင့် သင် မည်မျှပေးရန် လိုအပ်မည်ကို သိရှိရန် မိဘများသည် ၎င်းတို့၏ အာမခံကုမ္ပဏီများနှင့် စစ်ဆေးသင့်သည်။
- မေးခွန်းများကို မေးပါ — မိဘများနှင့် လူနာများသည် အရိုးစကင်နှင့် ပက်သက်၍ စိုးရိမ်ပူပန်စရာ အကြောင်းကို ဆေးအဖွဲ့နှင့် စကားပြောသင့်သည်။
- မိဘများသည် လူနာကို မည်သို့ဖြစ်နေသည်ကို နားလည်စေရန် သေချာအောင် ပြုလုပ်သင့်သည်— စကင်ဖတ်သည့်နေ့တွင် မိဘများသည် လူနာကို အရိုးစကင်အတွက် အကြောင်းပြချက်ကို နားလည်ရန် သေချာစေသင့်ပြီး ရိုးရှင်းသော အသုံးအနှုန်းဖြင့် မည်သို့ဖြစ်လာမည်ကို ရှင်းပြသင့်သည်။ မိဘများသည် ကလေးအထူးကုတစ်ဦး သို့မဟုတ် သူနာပြု ကို တိုင်ပင်နိုင်သည် သို့မဟုတ် နူကလီးယား ဆေးဌာနအား အကူအညီ တောင်းခံနိုင်သည်။
လုပ်ငန်းစဉ်အတွင်း မည်သို့ ဖြစ်လာသနည်း။
ပထမဦးဆုံး ခြေရာခံပစ္စည်းတစ်ခုကို လက်မောင်းရှိ IVမှ တဆင့် ဖြတ်ပြီး လူနာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိမ့်မည်။ ထိုးဆေးသည် အနည်းငယ် စူးခနဲဖြစ်နိုင်သော်လည်း လူနာသည် ခန္ဓာကိုယ်ကို ဖြတ်၍ ရွေ့လျားသွားသော ခြေရာခံပစ္စည်းကို ခံစားရမည် မဟုတ်ပါ။ ၎င်းသည် ခြေရာခံပစ္စည်းကို စုပ်ယူရန် အရိုးများအတွက် နာရီအနည်းငယ်ကြာသည်။
၎င်းသည် စကင်နှင့် ထိုးဆေးကြား ၂ နာရီ မှ ၄ နာရီ ခန့်ကြာမည်ဖြစ်ပြီး လူနာသည် နေရာမှ ထွက်ခွာနိုင်ပြီး ပုံမှန် လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်သည်။ နည်းပညာရှင်သည် စကင်အတွက် ပြန်လာရန် တိကျသောအချိန် ပေးမည်။ ဆီးကောင်းကောင်းသွားစေရန် လူနာကို စောင့်နေစဉ်ကာလ အတွင်း ရေသောက်ခိုင်းနိုင်သည်။ မကြာခဏ ဆီးသွားခြင်းဖြင့် ခန္ဓာကိုယ်သည် အရိုးများတွင် မစုဆောင်းထားသော ရေဒီယို သတ္တုကြွပစ္စည်းကို ဖယ်ရှားမည်ဖြစ်သည်။
စောင့်နေစဉ်ကာလ ပြီးနောက် လူနာသည်-
- ချိန်းချက်သောအချိန် မရောက်မီ မိနစ် အနည်းငယ်စော၍ စကင်အတွက် ပြန်လာမည်။
- စကင်မစတင်မီ နောက်တစ်ကြိမ် ဆီးသွားခိုင်းပါမည်။
- ထို့နောက်တွင် စင်ပေါ်တွင် လဲလျောင်းပြီး ပျော့သော ဘေးကင်းသည့် ခါးပတ်များဖြင့် ထိန်းထားပါမည်။
လုပ်ငန်းစဉ်အတွင်း-
- ဂါမာ ကင်မရာသည် လူနာ၏ ခန္ဓာကိုယ်အနှံ့ နှေးကွေးစွာ ရွေ့လျားပြီး အရိုးများအတွင်းကို ပုံရိုက်ယူမည်။ ကင်မရာသည် ကျယ်လောင်သော ဆူညံသံများ မဖြစ်စေပဲ လူနာကို မထိစေပါ။ လူနာသည် ပုံများရိုက်ယူနေသည်ဟု မခံစားရပါ။
- နည်းပညာရှင်သည် လူနာကို ရှုထောင့်မျိုးစုံမှ ပုံများရိုက်ယူရန် နေရာများပြောင်းခိုင်းနိုင်သည်။
- စကင်သည် မိနစ် ၄၀ မှ ၁ နာရီ ကြာသည်။ လူနာသည် ငြိမ်သက်စွာ လဲလျောင်းရမည်။ အဘယ်ကြောင့်ဆိုသော် လှုပ်ရှားခြင်းသည် ပုံရိပ်များကို ဝါးစေနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ လူနာသည် လှုပ်ရှားပါက လုပ်ငန်းစဉ်သည် ထပ်ခါ ထပ်ခါ လုပ်ဖို့လိုသည်။
- မိဘတစ်ဦးသည် လုပ်ငန်းစဉ်အတွင်း လူနာနှင့်အတူ နေနိုင်ပြီး ၎င်းတို့ကို ငြိမ်သက်ရာတွင် ကူညီစေရန် လူနာများကို ပုံမှန်အားဖြင့် စာဖတ်ပြနိုင်သည် သို့မဟုတ် ရုပ်ရှင်တစ်ကား ကြည့်နိုင်သည်။ လူနာများသည် သက်သောင့်သက်သာရှိသော ပစ္စည်းက စကင်ကို မနှောင့်ယှက်ပါက ၎င်းတို့နှင့်အတူ ထားနိုင်သည်။
လုပ်ငန်းစဉ်ပြီးနောက် မည်သည်အရာ ဖြစ်သနည်း။
နောက်တွင် လူနာများသည် ပုံမှန် လှုပ်ရှားမှုများ ပြန်လုပ်နိုင်သည်။ ၎င်းတို့သည် အခြားဆိုးကျိုးများ မခံစားရပါ။ ဆေးအဖွဲ့သည် လူနာများကို ခြေရာခံပစ္စည်း ကျန်ရှိနေသမျှ ဖယ်ရှားရန် နောက်ထပ် ၂၄ မှ ၄၈ နာရီအတွင်း ရေဖန်ခွက်မြောက်များစွာ သောက်ခိုင်းနိုင်သည်။ ပုံမှန်အားဖြင့် ၂ ရက်ကျော်ပါက ၎င်းသည် ပျောက်သွားသည်။
မိဘများသည် ၎င်းတို့က လူနာ၏ လက်မောင်းရှိ ဆေးထိုးထားသော နေရာတစ်ဝိုက်တွင် နာကျင်မှု၊ နီရဲမှု သို့မဟုတ် ရောင်ရမ်းမှု ဖြစ်နေသည်ကို သတိပြုမိပါက ဆရာဝန်ကို ချက်ချင်း ဆက်သွယ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဓာတ်မတဲ့မှုဖြစ်ခြင်းကို ညွှန်ပြနိုင်သည်။
ရေဒီယို သတ္တုကြွခြင်းသည် အလွန်ပင် နည်းသော်လည်း မိဘများက စကင်ပြီးနောက် ဤအချက်များကို ကြိုတင်သတိပြုရန် အကြံပြုထားသည်-
- ကိုယ်ဝန်ဆောင် အမျိုးသမီးသည် လူနာကို စကင်ပြီးနောက် အနည်းဆုံး ၂၄ နာရီတိုင်အောင် မပွေ့ဖက်သင့်ပါ။ ထို့အပြင် လူနာသည် နို့စို့ကလေးငယ်များနှင့် လမ်းလျှောက်တတ်စအရွယ် ကလေးငယ်များနှင့် နောက်ရက်ထိတိုင်အောင် တိုက်ရိုက် ထိတွေ့မှု ပြုလုပ်ခြင်းမှ ရှောင်ရှားသင့်သည်။
- အမြဲတစေ လူနာ၏ ဒိုင်ပါများ လဲချိန် သို့မဟုတ် ကိုယ်တွင်းအရည်များ ကိုင်ဆောင်ချိန်တွင် လက်များကို ဆေးကြောပါ။
- ညစ်ပေနေသော ဒိုင်ပါများကို ပုံမှန် အမှိုက်ပုံးထဲ မထားမီ သီးခြားအမှိုက်ပုံးထဲတွင် ၂ ရက်ကြာထိ ထားပါ။ (မှတ်ရန်-အချို့သော အမှိုက်ဖို့မြေများတွင် အမှိုက်မှလာသော ရေဒီယို သတ္တုကြွခြင်းကို ၎င်းတို့ ဖမ်းယူရရှိပါက အချက်ပြပေးနိုင်သော ဓါတ်ရောင်ခြည် စမ်းသပ်သည့်ကိရိယာရှိသည်။ အကယ်၍ အမှိုက်ကားသည် ၂ ရက် သို့မဟုတ် ၂ ရက်ထက်ပို အဝေးရောက်နေပါက ဒိုင်ပါများကို ပုံမှန် အမှိုက်တွင် ထားရန် အဆင်ပြေသည်။)
- လူနာသည် လုပ်ငန်းစဉ်ပြီးနောက် ရက်ပေါင်းများစွာအထိ လေဆိပ်များ၊ နယ်နိမိတ်ဖြတ်သန်းနေရာများနှင့် အမိမြေလုံခြုံရေးဌာနက ကာကွယ်ထားသော အခြားသောနေရာများ၌ ဓါတ်ရောင်ခြည်ဆိုင်ရာ သတိပေးချက်များ မြည်နိုင်သည်။ မိဘများသည် အကယ်၍ လူနာက ဆေးစစ်ပြီးအချိန်ကာလ အတောအတွင်း ထိုနေရာကိုဖြတ်ပြီး သွားရမည်ဆိုပါက နူကလီးယားဆေး နည်းပညာရှင်ကို ပြောပြသင့်သည်။ နည်းပညာရှင်သည် လူဝင်မှု အရာရှိများသို့ ပေးရန် အရိုးစကင်နှင့်ပက်သက်၍ စာဖြင့်ရေးသားဖော်ပြထားသော သတင်းအချက်အလက်များကို ပေးနိုင်သည်။
မိဘများနှင့် လူနာများသည် အရိုးစကင်၏ အဖြေများကို မည်ကဲ့သို့ သိရှိသနည်း။
နူကလီးယား ဆေး ဆရာဝန်သည် စကင်၏ အဖြေများကို ရှင်းလင်းမည်ဖြစ်ပြီး အရိုးစကင်ညွှန်ကြားသော ဆရာဝန်ဆီသို့ အစီရင်ခံစာတစ်စောင် ပေးပို့မည်။ ၎င်းဆရာဝန်သည် မိသားစုနှင့် ရလဒ်အဖြေများကို ဆွေးနွေးမည်။
သင်၏ ဆရာဝန်ကို မေးရန် မေးခွန်းများ
အရိုး စကင်တစ်ခု မလုပ်ဆောင်မီ အောက်ပါ မေးခွန်းများကို မေးသင့်သည်-
- မည်သူက အရိုးစကင် လုပ်ဆောင်မည်နည်း။
- ဓာတ်မှန်အထူး ကျွမ်းကျင်ပညာရှင် သို့မဟုတ် နူကလီးယား ဆေးဆရာဝန်ကို အဖွဲ့အစည်းတရားဝင် အသိအမှတ်ပြုသလား။
- ပစ္စည်းကိရိယာများသည် အရိုး စကင်များ လုပ်ဆောင်ရန် အမေရိကန် ဓါတ်ရောင်ခြည် ကောလိပ်မှ အသိအမှတ်ပြုထားပါသလား။
- အရိုးစကင်အတွင်း မည်သည့်အရာများ ဖြစ်မည်နည်း။
- လုပ်ငန်းစဉ် ဘယ်လောက်ကြာမည်နည်း။
- အရိုးစကင် လုပ်ဆောင်ခြင်း၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများမှာ အဘယ်နည်း။
- အရိုးစကင်တစ်ခုက ကင်ဆာကို ရှာရာတွင် မည်မျှ တိကျပါသလဲ။
- ရလဒ်များတွင် မည်သည့်အချိန် နှင့် မည်ကဲ့သို့ သိရှိရမည်နည်း။
- ရလဒ်အဖြေများကို မည်သူက ကျွန်ုပ်အား ရှင်းပြမည်နည်း။
- အကယ်၍ အရိုး စကင်က ကင်ဆာ အထောက်အထားကို ရှာဖွေပါက အခြား မည်သည့် စစ်ဆေးမှုများ ကျွန်ုပ်လိုအပ်နိုင်မည်နည်း။
—
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ