ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်နဗ်ကြောဖု နဗ်ဆဲလ်မြင်းကျိတ်များသည် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတွင် ရှားရှားပါးပါးတည်တတ်သည့်အကျိတ်များဖြစ်သည်။
၎င်းတို့သည် အာရုံကြောဆဲလ်များ (ဂမ်ဂလီယန်ဆဲလ်များ) နှင့် အထောက်အကူပြုဆဲလ်များ (ဂလီရယ်လ် ဆဲလ်များ) အုပ်စုများမှ ကြီးထွားလာခြင်းဖြစ်သည်။ ဤဆဲလ်များသည် ဗဟိုအာရုံကြောစနစ် (CNS) အတွင်းတည်ရှိသည်။
Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များသည် ဦးနှောက်ရှေ့ပိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် ၎င်းတို့သည် ဗဟိုနဗ်ကြောအဖွဲ့အစည်း၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သည်။ Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များသည် သေးငယ်ပြီး အဆင့်နိမ့်သော အကျိတ်များဖြစ်ပြီး ပျံ့နှံ့ခြင်းမရှိပါ။ သို့ရာတွင် တခါတရံ၌ ၎င်းတို့သည် အန္တရာယ်ရှိပြီး အဆင့်ပိုမြင့်သော အကျိတ်များဖြစ်သည်။
Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များရှိသည့်ကလေးများသည် ပုံမှန်အားဖြင့် နေထိုင်ကောင်းမွန်ကြသည်။ ၎င်းတို့သည် ရှင်သန်လွတ်မြောက်နိုင်သည့်ရာခိုင်နှုန်း 90% ထက်ပိုများသည်။ ဆရာဝန်များက တခါတရံတွင် ခွဲစိတ်ကုသမှုအစား သေးငယ်ပြီး ကြီးထွားခြင်းမရှိဘဲ ငြိမ်နေသည့် အကျိတ်များအား စောင့်ကြည့်ရန် အကြံပေးသည်။
ဆရာဝန်များက ကုသမှုကို အကြံပြုသည့်အခါ အသားစယူစစ်ဆေးမှု/ခွဲစိတ်မှုသည် ပိုမိုလိုလားသည့် ရွေးချယ်စရာဖြစ်လေ့ရှိသည်။ ကီမိုကုထုံး သည် ခွဲစိတ်မှုက အကျိတ်ကို မဖယ်ရှားနိုင်လျှင် သို့မဟုတ် ပြန်ဖြစ်သည့်အခါ အထောက်အကူပြုပေးနိုင်သည်။ ရေဒီယိုဓာတ်ရောင်ခြည်ကုထုံး နှင့် ရည်ရွယ်ထားသည့် ကုထုံးတို့သည်လည်း ရွေးချယ်စရာများဖြစ်သည်။
Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) ၏အဓိကလက္ခဏာမှာ ရုတ်တရက်တက်ခြင်းဖြစ်သည်။
အခြား ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-
Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) ၏ ရောဂါလက္ခဏာများသည် အကျိတ်အရွယ်အစားနှင့် အကျိတ်တည်နေရာအပေါ် မူတည်သည်။ Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များသည် တဖြေးဖြေးကြီးလာနိုင်သဖြင့် ရောဂါလက္ခဏာများသည်လည်း တဖြေးဖြေးသာ ပေါ်လာနိုင်သည်။
ဆရာဝန်များက Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကြသည်။
ယေဘုယျအားဖြင့် Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များသည် အဆင့်နိမ့်အကျိတ်များဖြစ်ကြသည်။ ဖြစ်စဥ်အများစုတွင် ၎င်းတို့သည် ကြီးထွားနှုန်းနှေးပြီး ကင်ဆာကျိတ်မဟုတ်ဟု ယူဆရသည်။ သို့ရာတွင် Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) အကျိတ်များ၏ 5-10% သည် ပိုမိုဆိုးရွားပြီး အဆင့်မြင့်နေသည့် အကျိတ်များဖြစ်သည်။
အကျိတ်အဆင့်သည် လူနာ၏ ရောဂါကြိုတင်ခန့်မှန်းချက်ကို သက်ရောက်စေသည့် အဓိကအကြောင်းအချက်ဖြစ်သည်။
ကုသမှုအခွင့်အလမ်းကို လွှမ်းမိုးသော အခြား အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်သည်-
အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုသမှုသည် Ganglioglioma (ဂမ်ဂလီယိုဂလီယိုမာ) ဦးနှောက် အကျိတ်အတွက် ပင်မကုသမှုဖြစ်သည်။
အကျိတ်ကို လုံးဝဖယ်ရှားနိုင်ခြင်းမရှိပါက ရေဒီယိုဓာတ်ရောင်ခြည်ကုထုံး သည် အထောက်အကူပြုပေးနိုင်သည်။ ၎င်းသည် အကျိတ်ပြန်ဖြစ်လာပါကလည်း အထောက်အကူပြုပေးနိုင်သည်။ ရည်ရွယ်ပြုလုပ်သည့် ကုထုံးများကို အသုံးပြုသည့် ကုသမှုအသစ်များကို လေ့လာစမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
အချိန်မှန်ရိုက်ကူးခြင်းသည် ကုသမှုနောက်ပိုင်းလူနာများကို စစ်ဆေးမှုပြုလုပ်ရာတွင် အထောက်အကူပြုသည်။ နောက်ဆက်တွဲစောင့်ရှောက်မှုတွင် ပြန်လည်အားဖြည့်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ နဗ်ကြောပိုင်းဆိုင်ရာဆွေးနွေးမှုများကို လိုအပ်သလို လုပ်ဆောင်ပေးသင့်ပါသည်။
လူနာများစွာသည် ခွဲစိတ်ကုသမှုနောက်ပိုင်းတွင် အတက်ရောဂါကုဆေးများ သောက်သုံးရမည်ဖြစ်သည်။ လူနာများသည် တခါတရံတွင် ကာလတစ်ခုနောက်ပိုင်း၌ ဆေးများသောက်သုံးရခြင်းကို လျှော့ချခြင်းနှင့် ရပ်တန့်ခြင်း ပြုလုပ်နိုင်သည်။
အကျိတ်ကို လုံးဝအထိ ဖယ်ရှားခြင်းမပြုနိုင်လျှင် ပြန်လည်ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- အောက်တိုဘာလ 2021 ခုနှစ်