အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရောဂါပိုးဆဲလ်အကျိတ် (ဦးနှောက်)

အခြားအမည်များ/မျိုးကွဲများ− ခေါင်းခွံအတွင်းရှိ မျိုးပွားဗီဇဆဲလ်အကျိတ်၊ ဦးနှောက်တွင်ဖြစ်သော ကုသ၍ရသည့် မျိုးပွားဗီဇဆဲလ်အကျိတ် ဂျမ်မီနိုမား၊ ဂျမ်မီနိုမား မဟုတ်သော ဦးနှောက်တွင်ဖြစ်သည့် ပြင်းထန် မျိုးပွားဗီဇဆဲလ်အကျိတ် (NGGCT)၊ အချင်း၏အပြင်ဆုံးလွှာ ချိုရီယွန်တွင်ဖြစ်ပွားသော ကင်ဆာ၊ သန္ဓေခဲမြင်း၊ သန္ဓေသားရှိ ကနဦးအိတ်အကျိတ်၊ ဥအိမ် သို့မဟုတ် ဝှေးအိတ် သို့မဟုတ် မြီးထူးနေရာတွင် ဖြစ်သောအကျိတ်၊ အဖြစ်ထူးမြင်း၊ အမျိုးအစားကွဲ အနည်းဆုံးနှစ်မျိုးပါဝင်သည့် ပေါင်းစပ်မျိုးပွားဗီဇဆဲလ်အကျိတ်

ခေါင်းခွံအတွင်းရှိ မျိုးပွားဗီဇ ဆဲလ်အကျိတ်ဆိုတာ ဘာလဲ။

ခေါင်းခွံအတွင်းရှိ မျိုးပွားဗီဇ ဆဲလ်အကျိတ်များ (GCT) များသည် ဦးနှောက်အတွင်းတွင် ဖြစ်ပေါ်သော အလွန်ဖြစ်ခဲသည့် အကျိတ်များဖြစ်သည်။ ကလေးများနှင့် လူငယ်လူရွယ်များတွင် အများဆုံးတွေ့ရှိရတတ်သည်။ ကလေးများတွင် ဖြစ်သော ဦးနှောက်အကျိတ်များ၏ 3% မှ 5% ခန့်သည် ဤအကျိတ်များဖြစ်သည်။

မျိုးပွားဗီဇ ဆဲလ်အကျိတ်များသည် ဦးနှောက်တွင်းရှိ ပီနီယယ်ဂလင်း သို့မဟုတ် ပီနီယယ်ဂလင်းအထက်ချိုင့်ဟူသည့် နေရာနှစ်ခုအနက် တစ်ခုခုတွင် အဖြစ်များသည်။ ဦးနှောက်၏ ပီနီယယ်ဂလင်းအပိုင်းတွင် ပီနီယယ်ဂလင်းရှိသည်။ ပီနီယယ်ဂလင်းအထက်ချိုင့်သည် ပီကျူထရီဂလင်းအနီးတွင် တည်ရှိသည်။ ၎င်းတည်နေရာကြောင့်လည်း ပီနီယယ်ဂလင်းအထက်ချိုင့်တွင် တည်ရှိသော မျိုးပွားဗီဇ ဆဲလ်အကျိတ်များသည် ဟော်မုန်းလုပ်ဆောင်ချက်ကို ထိခိုက်စေတတ်စမြဲဖြစ်သည်။ အကျိတ်သည် အမြင်နဗ်ကြောနှင့် ကပ်နေပါက အမြင်အာရုံကိုထိခိုက်စေနိုင်သည်။ ခေါင်းခွံအတွင်းရှိ မျိုးပွားဗီဇ ဆဲလ်အကျိတ်များသည် ဗဟိုနဗ်ကြောအဖွဲ့အစည်း (CNS) အပြင်သို့ ပျံ့နှံ့လေ့မရှိပါ။

ယေဘုယျအားဖြင့် CNS ၏ခေါင်းခွံတွင်းရှိ မျိုးပွားဗီဇ ဆဲလ်အကျိတ်များကို ကုသ၍ရသည့် မျိုးပွားဗီဇဆဲလ်အကျိတ် ဂျမ်မီနိုမား သို့မဟုတ်ဂျမ်မီနိုမား မဟုတ်သော ပြင်းထန်သည့်မျိုးပွားဗီဇ ဆဲလ်အကျိတ် (NGGCT) အဖြစ် အမျိုးအစားခွဲပါသည်။ ဗဟိုနဗ်ကြောအဖွဲ့အစည်းတွင်ဖြစ်ပွားသော မျိုးပွားဗီဇ ဆဲလ်အကျိတ်အမျိုးအစားများမှာ− 

  • Germinoma
  • ဂျမ်မီနိုမား မဟုတ်သော ဦးနှောက်တွင်ဖြစ်သည့် ပြင်းထန် မျိုးပွားဗီဇ ဆဲလ်အကျိတ်
    • သန္ဓေသားလောင်းကာစီနိုမာကင်ဆာ
    • သန္ဓေသားရှိ ကနဦးအိတ်အကျိတ် / ဥအိမ် သို့မဟုတ် ဝှေးအိတ် သို့မဟုတ် မြီးထူးနေရာတွင် ဖြစ်သောအကျိတ်
    • Choriocarcinoma
    • အဖြစ်ထူးမြင်း (အနုနှင့် အရင့်)
    • မျိုးစေ့ဆဲလ်ရောအကျိတ်

ဦးနှောက်တွင်ဖြစ်သော ကုသ၍ရသည့် မျိုးပွားဗီဇ ဆဲလ်အကျိတ် ဂျမ်မီနိုမား သည် မျိုးပွားဗီဇ ဆဲလ်အကျိတ်များတွင် အဖြစ်အများဆုံးအကျိတ်များဖြစ်သည်။ ဦးနှောက်တွင်ဖြစ်သော ကုသ၍ရသည့် မျိုးပွားဗီဇ ဆဲလ်အကျိတ် ဂျမ်မီနိုမား ရှိသည့် ကလေးများတွင် ရောဂါကုသပျောက်ကင်းနိုင်သည့် အလားအလာ 90% ရှိသည်။

မျိုးပွားဗီဇ ဆဲလ်အကျိတ်များကိုပုံမှန်အားဖြင့်ကီမိုဆေးသွင်းခြင်း ကုထုံး နှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ ပေါင်းစပ်ပြီး ကုသကြသည်။ အကျိတ်တည်နေရာသည် ပုံမှန်တွင် ခွဲစိတ်ကုထုံးဖြင့် ကုသရန် ခဲယဉ်းစေပါသည်။

ဦးခေါင်းခွံတွင်းတွင် တည်တတ်ပြီး မျိုးပွားဗီဇ ဆဲလ်အကျိတ်၏ ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များနှင့် အကြောင်းရင်းများ

မျိုးပွားဗီဇ ဆဲလ်အကျိတ်အများစု (90%) သည် အသက် 20 နှစ်အောက် လူနာများတွင် ဖြစ်ပွားကြပြီး မြီးကောင်ပေါက်အရွယ်အစောပိုင်းတွင် အများဆုံးဖြစ်ကြသည်။ မျိုးပွားဗီဇ ဆဲလ်အကျိတ်များသည် မိန်းကလေးများထက် ယောက်ျားလေးများတွင် အဆပေါင်း 2-3 ဆ ပိုအဖြစ်များသည်။ မျိုးပွားဗီဇ ဆဲလ်အကျိတ်များသည် ယောက်ျားလေးများတွင် အဖြစ်များပြီး ပင်နီယယ်ဂလင်းအပိုင်းတွင် တည်ကာ များသောအားဖြင့် မပြင်းထန်သည့် မျိုးပွားဗီဇ ဆဲလ်အကျိတ်တစ်မျိုးဖြစ်နေတတ်သည်။ NGGCT များနှင့် ဂျမ်မီနိုမား မျိုးပွားဗီဇ ဆဲလ်အကျိတ်များသည် ပီနီယယ်ဂလင်းအထက်ချိုင့်နေရာတွင် တူညီသော ကြိမ်နှုန်းဖြင့် ပေါ်လာတတ်သည်။ ပီနီယယ်ဂလင်းအထက်ချိုင့်အကျိတ်သည် မိန်းမယောက်ျားမရွေးဖြစ်တတ်သည်။

ခေါင်းခွံတွင်းတွင် တည်တတ်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်များ၏ ရောဂါလက္ခဏာများ

မျိုးပွားဗီဇ ဆဲလ်အကျိတ်များ၏ လက္ခဏာများသည် အကျိတ်အရွယ်အစားနှင့် တည်နေရာအပေါ်တွင် မူတည်သည်။ အကျိတ်သည် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း (ဦးခေါင်းရေဝင်ခြင်း) ကို ဖြစ်စေနိုင်ပြီး ဦးနှောက်သို့ ဖိအားပိုမိုသက်ရောက်စေနိုင်သည်။ ပစ်ကျူထရီဂလင်းအနီးတွင် တည်သောအကျိတ်သည် ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။ အကျိတ်သည် အမြင်နဗ်ကြောနှင့် ကပ်နေပါက အမြင်အာရုံကိုထိခိုက်နိုင်သည်။

ပီနီယယ်ဂလင်းအပိုင်း
ပီနီယယ်ဂလင်းအထက်ချိုင့်နေရာ
  • ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း (ဦးခေါင်းရေဝင်ခြင်း) နှင့်ခေါင်းခွံအတွင်း ဖိအားသက်ရောက်ခြင်း
  • ခေါင်းကိုက်ခြင်း၊
  • ပျို့ခြင်းနှင့် အန်ခြင်း 
  • စွမ်းအင်ပမာဏ ပြောင်းလဲလာခြင်း၊ နုံးခွေခြင်း
  • အမြင်အာရုံပြောင်းလဲလာခြင်း၊ မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း၊ မော့ကြည့်ရန်ခက်ခြင်း၊ အနီးရှိ အရာဝတ္ထုများကို အာရုံစိုက်ရန် ခက်ခဲခြင်း 
  • စိတ်တိုဒေါသထွက်လွယ်ခြင်း
  • မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ
  • အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်ပြောင်းလဲလာခြင်းကြောင့် ဖြစ်သော ရောဂါလက္ခဏာများ−
    • ကြီးထွားနှုန်းနှေးလာခြင်း
    • အရွယ်ရောက်ချိန်စော သို့မဟုတ် နောက်ကျလာခြင်း
    • အလွန်အမင်း ရေဆာလာခြင်းနှင့် ဆီးခဏခဏသွားခြင်း (ဆီးချိုကြောင့်ဖြစ်ခြင်းမဟုတ်သော ရေငတ်ဆီးလွန်ရောဂါ)
  • အမြင်အာရုံပိုင်းတွင် ပြဿနာရှိခြင်း
  • မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများ

ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်ကို ရောဂါရှာဖွေဖော်ထုတ်ခြင်း

ဆရာဝန်များသည် ဗဟိုနဗ်ကြောအဖွဲ့အစည်း၏ မျိုးပွားဗီဇ ဆဲလ်အကျိတ်များကို နည်းမျိုးစုံဖြင့် စမ်းသပ်ဖော်ထုတ်ကြသည်။  

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ဆရာဝန်များအား ရောဂါလက္ခဏာများ၊ ယျေဘုယျ ကျန်းမာရေးအခြေအနေ၊ ယခင် ဖျားနာမှုနှင့် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို လေ့လာရန် ကူညီပေးပါသည်။
  • သွေးနှင့်ဆီးထဲရှိ ဓာတ်များကို သွေးတွင်းဓာတုပစ္စည်းလေ့လာမှုများနှင့် ဟော်မုန်းလေ့လာမှုများကို အသုံးပြုပြီး စစ်ဆေးပါသည်။ ဆရာဝန်များသည် သွေးတွင်းရှိ ဂလူးကို့စ် နှင့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ကဲ့သို့သော ဓာတ်ဆားများ ပါဝင်မှုပမာဏများကို စစ်ဆေးကြည့်ပါမည်။ ပစ်ကျူထရီဟော်မုန်းပမာဏမူမှန်ခြင်းရှိမရှိကိုသိရရန် အတွင်းထုတ်ဂလင်းအကန့်ကိုပါ စစ်ဆေးသွားပါမည်။
  • အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုသည် ဦးနှောက်၊ ကျောရိုးဆစ်တွင်း အာရုံကြောမကြီးနှင့် အာရုံကြောများ၏လုပ်ဆောင်ချက်များကို ဆန်းစစ်လေ့လာပေးပါသည်။ ၎င်းစမ်းသပ်စစ်ဆေးမှုများသည် မှတ်ဉာဏ်၊ အမြင်၊ အကြား၊ ကြွက်သားအင်အား၊ ဟန်ချက်၊ ထိန်းညှိလုပ်ဆောင်နိုင်စွမ်းနှင့် တုံ့ပြန်မှုများပါဝင်သည့် လုပ်ဆောင်ချက်၏ အမျိုးမျိုးသော ရှုထောင့်များကို တိုင်းတာပေးပါသည်။
  • သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ ရောဂါရှာဖွေခြင်း (MRI) နှင့် ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများသည် ဦးနှောက်အတွင်းရှိ အကျိတ်များနှင့် ပြောင်းလဲမှုများကို ထုတ်ဖော်နိုင်ရန် ကူညီပေးပါသည်။ ဦးနှောက်နှင့် ကျောရိုးဆစ်တွင်း အာရုံကြောမကြီး (MRI) သည် ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်ကို ဆန်းစစ်လေ့လာအကဲဖြတ်ရန်နှင့် CNS အတွင်းတွင် အကျိတ်ပျံ့မပျံ့ကို စစ်ကြည့်ရန် အဓိကထားသုံးသည့် နည်းဖြစ်ပါသည်။ 
  • ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်တွင် ကင်ဆာဆဲလ်များရှိမရှိ စစ်ကြည့်ရန် ခါးပိုင်းဖောက်၍ကျောရိုးမှအရည်ထုတ်စစ်ဆေးခြင်း ကို ပြုလုပ်ကြည့်နိုင်သည်။
  • အကျိတ်အချို့က ထုတ်လွှတ်သည့် အကျိတ်အမှတ်အသားခေါ် ဓာတ်များရှိနေမနေကို စစ်ဆေးရန် သွေးနှင့် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်ကို စမ်းသပ်စစ်ဆေးရပါသည်။ မျိုးပွားဗီဇ ဆဲလ်အကျိတ်အချို့အမျိုးအစားကို ရှာဖွေဖော်ထုတ်ရာတွင် ထောက်ကူပေးနိုင်သည့် အဆိုပါအကျိတ်အမှတ်အသားများတွင် alpha-fetoprotein (AFP) နှင့် beta-human သန္ဓေမြှေး ဂိုနာဒိုထရိုပင် ဟော်မုန်း (β-hCG) တို့ပါဝင်သည်။ 
  • မျိုးပွားဗီဇ ဆဲလ်အကျိတ်ကို ရှာဖွေဖော်ထုတ်ရန် အသားစနမူနာထုတ်ယူစစ်ဆေးခြင်း နည်းလမ်းကို အစဉ်သုံးရသည်။ ဓာတ်ခွဲစစ်ဆေးမှုမှာ အကျိတ်နမူနာအသေးလေးကို ခွဲစိတ်မှုအတွင်း ဖယ်ရှားတာဖြစ်ပါတယ်။ ရောဂါဗေဒပညာရှင်ဟာ မျိုးစေ့ဆဲလ်အကျိတ်ရဲ့ တိကျတဲ့အမျိုးအစားကိုခွဲခြားဖို့ အဏုကြည့် မှန်ဘီလူး အောက်မှာ တစ်ရှုးနမူနာကို ကြည့်ရှုတာ ဖြစ်ပါတယ်။

ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်အား အဆင့်ခွဲခြားခြင်း

ဦးနှောက် သို့မဟုတ် ကျောရိုးဆစ်တွင်း အာရုံကြောမကြီးအတွင်းရှိ မျိုးပွားဗီဇ ဆဲလ်အကျိတ်အတွက် စံပြုထားသည့် အဆင့်ခွဲခြားခြင်း နည်းလမ်းမရှိသေးပါ။ အသစ်စတွေ့သည့် အကျိတ် သို့မဟုတ် ပြန်ပေါ်သော အကျိတ်အဖြစ်သာ ဖော်ပြတတ်ပါသည်။ ဦးနှောက်တွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်သည် ဦးနှောက်၊ ကျောရိုးနှင့် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်များအပါအဝင် ဗဟိုနဗ်ကြောအဖွဲ့အစည်း၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်ပါသည်။ ၎င်းသည် ဗဟိုနဗ်ကြောအဖွဲ့အစည်း (CNS) ၏ ပြင်ပသို့ပျံ့နှံ့လေ့မရှိပါ။

ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်အတွက် ရောဂါကြိုတင်ခန့်မှန်းချက်

ကလေးများတွင် ဖြစ်ပွားသော ဦးနှောက်တွင်ဖြစ်ပွားသော မျိုးပွားဗီဇ ဆဲလ်အကျိတ် ဂျမ်မီနိုမားများသည် ကုထုံးကို ကောင်းမွန်စွာ တုံ့ပြန်လေ့ရှိပြီး အသက်ရှင်နိုင်ခြေမှာ 90% ခန့်ဖြစ်သည်။

ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်များအတွက် ရောဂါကြိုတင်ခန့်မှန်းချက်ကို လွှမ်းမိုးသော အကြောင်းအချက်များမှာ−

  • ကလေးရဲ့အသက်
  • မျိုးစေ့ဆဲလ်အကျိတ်အမျိုးအစား
  • အကျိတ်အမှတ်အသားများ၏ အမျိုးအစားနှင့် ပမာဏ
  • အကျိတ်၏တည်နေရာ
  • ဦးနှောက်နှင့် ကျောရိုးဆစ်တွင်း အာရုံကြောမကြီးအတွင်းတွင် သို့မဟုတ် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေခြင်းရှိမရှိ
  • ပြန်ဖြစ်သော အကျိတ်ဟုတ်မဟုတ်

ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်အတွက် ကုသမှု

မျိုးပွားဗီဇ ဆဲလ်အကျိတ်အတွက် ကုသမှုသည် အကျိတ်၏အရွယ်အစားနှင့် တည်နေရာ၊ ကလေး၏အသက်အရွယ်နှင့် အကျိတ်အမျိုးအစားများအပေါ်တွင် မူတည်သည်။ မျိုးပွားဗီဇ ဆဲလ်အကျိတ်အတွက် အဓိကကုသမှုများမှာ ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ဖြစ်သည်။

ဦးခေါင်းခွံတွင်းတွင် တည်သော မျိုးပွားဗီဇဆဲလ်အကျိတ်ဖြစ်ပွားပြီး နောက်ပိုင်းဘဝ

လူနာကို ၎င်း၏အကျိတ်အမျိုးအစားနှင့် ကုထုံးအပေါ်တုံ့ပြန်မှုအတိုင်းအတာအပေါ် အခြေခံထားသည့် အချိန်ဇယားအတိုင်း ပုံရိပ်ဖော်စစ်ဆေးခြင်းနည်းလမ်းသုံးပြီး ရေရှည်စောင့်ကြည့်သွားရပါမည်။ နောက်ဆက်တွဲစောင့်ရှောက်မှုတွင် သင့်တော်မည့် ပြန်လည်အားဖြည့်မှု နှင့် အာရုံကြောပိုင်းဆိုင်ရာ ဆွေးနွေးမှုများပါဝင်သင့်ပါသည်။

ဦးနှောက်တွင်ဖြစ်သော မျိုးပွားဗီဇ ဆဲလ်အကျိတ်ဝေဒနာရှင် လူနာများသည် ဆီးချိုကြောင့်ဖြစ်ခြင်းမဟုတ်သော ရေငတ်ဆီးလွန်ရောဂါ နှင့် ပစ်ကျူထရီဂလင်းလုပ်ဆောင်ချက်များ မမှန်ကန်ခြင်း (ပစ်ကျူထရီဂလင်း လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း) များအပါအဝင် အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်ပိုင်းဆိုင်ရာတွင် ရေရှည်ပြဿနာများရှိနေပါသည်။ ဟော်မုန်းပမာဏကိုလည်း စောင့်ကြည့်စစ်ဆေးသွားရန် အရေးကြီးပါသည်။ လူနာများအတွက် ဟော်မုန်းအစားထိုးမှုအပါအဝင် ဆေးဝါးများလိုအပ်နိုင်ပါသည်။

အခြားဆက်လက်လေ့လာရန်− ဦးနှောက်အကျိတ်များဖြစ်ပြီး နောက်ပိုင်းဘဝ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018