ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များသည် ဦးနှောက်အတွင်းတွင် ရှားရှားပါးပါးဖြစ်တတ်သည့် အကျိတ်များဖြစ်ပါသည်။ အသက် 5 နှစ်မှ 14 နှစ်ကြား ကလေးငယ်များတွင် အများဆုံးတွေ့ရှိရတတ်သည်။ ကလေးများတွင် ဖြစ်တတ်သော ဦးနှောက်အကျိတ်များ၏ 6% ခန့်သည် ၎င်းအကျိတ်များဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကလေးတွင်ဖြစ်ပွားသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ဖြစ်ပွားသည့် ဖြစ်စဉ်အသစ်သည် နှစ်စဉ် 100 မှ 200 ခန့်အထိရှိသည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ဝေဒနာရှင်များအတွက် 10-နှစ်အထိ အသက်ရှင်နိုင်ခြေမှာ 80% မှ 90% ခန့်အထိရှိသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များကို ပုံမှန်အားဖြင့် အစိုင်အခဲ ဒြပ်ထု နှင့် အရည်များဖြင့် ပြည့်လျှမ်းနေသော အိတ်ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့သည် ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ပြီးနှေးကွေးစွာကြီးထွားကြကာ ဦးနှောက်၏အခြားအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့ခဲသည်။ သို့သော်လည်း အကျိတ်သည် အရေးကြီးသော ကပ်လျက် ဦးနှောက်ဖွဲ့စည်းပုံများကိုပါ ထိခိုက်နိုင်ခြေရှိသည့်အတွက် အလွန်အန္တရာယ်များသည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များသည် ပုံမှန်အားဖြင့် ပစ်ကျူထရီဂလင်း နှင့် ဟိုက်ပိုသဲလမတ်အနီးတွင် တည်လေ့ရှိသည်။ ထိုနေရာမျိုးတွင် တည်နေခြင်းကြောင့်လည်း အကျိတ်သည် အတွင်းထုတ်ဂလင်း လုပ်ဆောင်ချက်ကို ပျက်ယွင်းစေပါသည်။. အကျိတ်သည် အမြင်နဗ်ကြောနှင့် ကပ်နေပါက အမြင်အာရုံကိုထိခိုက်စေနိုင်သည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုတွင် ခွဲစိတ်ကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးသို့မဟုတ် ကုထုံးနှစ်မျိုးစလုံးပါဝင်နိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို အကန့်အသတ်ဖြင့် လျှော့ချပြီး အကျိတ်ကို ဘေးကင်းစွာဖယ်ထုတ်၍ရနိုင်သည့် ရွေးချယ်ထားသော ဖြစ်စဉ်များတွင် ခွဲစိတ်ကုထုံးတစ်မျိုးတည်းကိုပင် အသုံးပြုနိုင်သည်။ ယေဘုယျအားဖြင့် အမြင်လမ်းကြောင်းများအပေါ် ဖိသိပ်နေမှု သို့မဟုတ် အရည်များဖြင့် ပြည့်လျှမ်းနေသော (ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်) လမ်းကြောင်းများပိတ်ဆို့နေမှုကို လျှော့ချရန်အတွက် အကျိတ်၏တစ်စိတ်တစ်ဒေသကို ဖြတ်ထုတ်ရာတွင် ခွဲစိတ်ကုထုံးကို လိုအပ်နိုင်သည်။
ခွဲစိတ်ပြီးနောက် ကျန်ရှိသည့် အကျိတ်အကြွင်းအကျန်ကို ဓာတ်ရောင်ခြည်ကုထုံးသုံးပြီး ကုသပါသည်။ ရွေးချယ်ထားသော ဖြစ်စဉ်များတွင် ဓာတ်ရောင်ခြည်တစ်မျိုးတည်းကိုသာ သုံး၍ရနိုင်သည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ရောဂါဖြစ်စေသော အကြောင်းရင်းကို မသိရှိရသေးပါ။ ဤအကျိတ်များနှင့် ဆက်စပ်နေသည့် မျိုးဗီဇပြောင်းလဲမှုများကို အသေးစိတ်လေ့လာနိုင်ရန် သုတေသနများကို လုပ်ဆောင်လျှက်ရှိပါသည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များကို အသက် 5 နှစ်မှ 14 နှစ်ကြား ကလေးငယ်များတွင် အများဆုံးတွေ့ရှိရတတ်သည်။ ၎င်းအကျိတ်သည် အသက် 2 နှစ်အောက် ကလေးငယ်များတွင် ဖြစ်ခဲသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်၏ ရောဂါလက္ခဏာများသည် အကျိတ်အရွယ်အစားနှင့် တည်နေရာအပေါ်တွင် အခြေခံပြီး ကွဲပြားပါသည်။ ၎င်းလက္ခဏာတို့တွင် ပါဝင်သည်များမှာ-
ဆရာဝန်များသည် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်နှင့် ၎င်း၏ဆိုးကျိုးများကို နည်းမျိုးစုံဖြင့် စမ်းသပ် ဖော်ထုတ်ကြသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် စံပြုထားသည့် အဆင့်ခွဲခြားခြင်း နည်းလမ်း မရှိသေးပါ။ အသစ်စတွေ့သည့် အကျိတ် သို့မဟုတ် ပြန်ပေါ်သော အကျိတ်အဖြစ်သာ ဖော်ပြတတ်ပါသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များသည် ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်ပြီး ဦးနှောက်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်းမရှိသလောက်ပင်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်တွင် ပြောင်းလဲစေခြင်းနှင့် အမြင်အာရုံကြောများကို ထိခိုက်စေနိုင်သည့် ပြင်းထန်သော ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ အကျိတ်တည်နေရာကြောင့်လည်း ကုသရခဲယဉ်းနိုင်ပါသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ် ဝေဒနာရှင်များ၏ အသက်ရှင်နိုင်ခြေသည် ရောဂါရှာတွေ့ပြီးချိန်မှ စ၍ 10 နှစ်အထိ အသက်ရှင်ရန်ရာခိုင်နှုန်းသည် 80% မှ 90% အထိရှိပါသည်။ သို့သော် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုများကို စီစဉ်ရာတွင် လူနာများ၏လူနေမှုဘဝအရည်အသွေးကို ထိန်းထားနိုင်စေရေးမှာလည်း အရေးတကြီးထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်ပါသည်။ ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးနောက် ရောဂါအဆင့်တက်လာသော အကျိတ်များကို အရှင်းခွဲထုတ်နိုင်ခြင်းမရှိပါက ကုသပျောက်ကင်းရန် ခဲယဉ်းပါမည်။
ကုသမှုသည် အကျိတ်၏အရွယ်အစားနှင့် တည်နေရာ၊ ကလေး၏အသက်အရွယ်နှင့် အကျိတ်၏ ရောဂါသွင်ပြင်များအပေါ်တွင် မူတည်သည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုများတွင် ခွဲစိတ်ကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများပါဝင်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံးဖြင့် ထိရောက်ခြင်းမရှိပါ။ ဖြစ်စဉ်အများစုတွင် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသရန် ချဉ်းကပ်မည့် နည်းလမ်းသည် အသက်ရှင်ရန်ဆိုသည်ထက် လူနေမှုဘဝအရည်အသွေးကို ထိန်းထားနိုင်ရန်ကို ပိုအဓိကထားပြီး ဆုံးဖြတ်ရပါမည်။ လူနာများကို ကင်ဆာဓာတ် ရောင်ခြည်ပါရဂူ၊ အာရုံကြောခွဲစိတ်မှုပါရဂူ၊ အတွင်းထုတ်ဂလင်းကျွမ်းကျင်ပါရဂူ၊ အာရုံကြောပါရဂူနှင့် မျက်စိပါရဂူများပါဝင်သော အတွေ့အကြုံရှိသော ပါရဂူများအဖွဲ့နှင့် ပြသပြီး ကုသမှုခံယူသွားရန် အရေးကြီးပါသည်။ မိသားစုများအနေဖြင့် ဆုံးဖြတ်ချက်များကို ပိုင်ပိုင်နိုင်နိုင်ချနိုင်စေရန်အတွက် ကုသမှုတစ်ခုစီ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ဆရာဝန်များက ဆွေးနွေးထားပေးသင့်ပါသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသပျောက်ကင်းသူအများစုသည် အကျိတ် သို့မဟုတ် အကျိတ်ကုထုံးကြောင့် လူနေမှုဘဝအရည်အသွေးကို ထိခိုက်စေသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများဖြင့် အသက်ရှင်သွားရတတ်ပါသည်။
အဆိုပါပြဿနာများမှာ−
ဟော်မုန်းများစွာနှင့် အခြားဂလင်းများအား ထိန်းချုပ်မှုကိုပါ တာဝန်ယူရသော ပစ်ကျူထရီဂလင်းကို မာစတာပစ်ကျူထရီဂလင်းဟုခေါ်သည်။ ပစ်ကျူထရီဂလင်းလုပ်ဆောင်ချက်မူမမှန်မှု သည် ပြဿနာပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၎င်းပြဿနာများတွင် အဝလွန်ခြင်း၊ အဆီ ပါဝင်မှုရလဒ်မကောင်းခြင်း ၊ အရိုးတွင်းသတ္ထုသိပ်သည်းဆလျော့ခြင်းနှင့် မျိုးအောင်မှုလျော့ခြင်းတို့ ပါဝင်နိုင်သည်။ ၎င်းပြဿနာများသည် ဟော်မုန်းအစားထိုးဆေးများကို သုံးနေရသည့် လူနာများတွင်ပင် ပေါ်လာနိုင်သည်။
ဟိုက်ပိုသဲလမတ်ကို ထိခိုက်ခြင်းကြောင့် လူနေမှုဘဝအရည်အသွေးကို ထိခိုက်စေသည့်ဟော်မုန်းပြောင်းလဲမှုများဖြစ်တတ်ပါသည်။ ၎င်းပြဿနာများတွင် အစာစားချင်စိတ်များခြင်း၊ ရောဂါအခံကြောင့် အဝလွန်ခြင်းနှင့် အပြုအမူနှင့် စိတ်ခံစားမှုများပြောင်းလဲလာခြင်းများပါဝင်သည်။
ကိုယ်တွင်းဓာတုဖြစ်ပျက်မှုဆိုင်ရာ ရောဂါလက္ခဏာစု သည် ကလေးဘဝတွင်ဖြစ်သော ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသပျောက်ကင်းသူများ၏ လူနေမှုဘဝအရည်အသွေးနှင့် အသက်ရှည်မှုကို ထိခိုက်စေသည့် အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါသည်။ ၎င်းရောဂါလက္ခဏာစုတွင် အဝလွန်ခြင်း၊ ထရိုင်ဂလစ်ဆရိုက်ဒ်ပမာဏမြင့်မားခြင်း၊ HDL (အကျိုးပြု ကိုလက်စထရော) ပမာဏနည်းနေခြင်း၊ သွေးပေါင်ချိန်တက်နေခြင်းနှင့် သွေးတွင်းသကြားဓာတ်များနေခြင်းများပါဝင်သည့် အခြေအနေစုများဖြစ်သည်။ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါလက္ခဏာစုသည် နှလုံးရောဂါများ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါများနှင့် ဆက်စပ်နေသည်။
ခွဲစိတ်ကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများအပါအဝင် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုများသည် လူတစ်ယောက်၏ ဦးနှောက်သွေးကြောဆိုင်ရာ ပြဿနာများပေါ်လာနိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။ ၎င်းသည် သွေးကြောဖောင်းခြင်းနှင့် လေဖြတ်ခြင်းများကိုလည်း ဦးတည်စေနိုင်သည်။ လူနာများတွင် ရုတ်တရက်တက်ခြင်းများနှင့် သိမှုချို့ယွင်းခြင်းဆိုင်ရာ ပြဿနာများပေါ်လာနိုင်သည့် အန္တရာယ်ရှိပါသည်။
ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ရှိနေသည့် ကလေးများသည် ရောဂါတိုးတက်မှုကို စောင့်ကြည့်စစ်ဆေးရန်၊ ဟော်မုန်းပမာဏနှင့် လုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ရန်၊ ရောဂါ နှင့်/သို့မဟုတ် ကုသမှုများနှင့် ဆက်စပ်နေသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွင် ပုံမှန်ပြသွားရန်လိုပါသည်။
ကုသမှုခံယူနေစဉ်ကာလနှင့် ဆက်လက်ရှင်သန်သူဘဝအတွင်းတွင် စိတ်ဆက်ဆံရေးအထောက်အကူပေးမှုသည် လူနာများအတွက် အကျိုးရှိနိုင်ပါသည်။ စိတ်ကျန်းမာရေးဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များ၊ လူမှုဝန်ထမ်းများနှင့် အခြားသောပညာရပ်နယ်ပယ်အသီးသီးကို ကိုယ်စားပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်များသည် လူမှုနယ်ပယ်တွင် အထီးကျန်မှု နှင့် စိတ်ဓာတ်ကျမှုများဖြစ်နိုင်သည့် အန္တရာယ်အပါအဝင် အလေးထားရမည့် ကိစ္စများနှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရာတွင်နှင့် ရင်ဆိုင်ဖြေရှင်းရာတွင်ထောက်ကူပေးနိုင်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018