တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းသည် ဦးနှောက်မျှင်ထူ တစ်ရှူးမြင်းတစ်မျိုးဖြစ်ပြီး ဦးနှောက်၏ ထောက်ကန်တစ်ရှူးကို ဖွဲ့တည်ပေးသည့် ကွန်ရက်ဆဲလ်များမှ ကြီးထွားလာသည့် အကျိတ်ဖြစ်သည်။ တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းသည် ဦးနှောက်အတွင်းရှိ အာရုံကြောအမြှေးများကို ဖွဲ့တည်ပေးသည့် အော်လီဂိုဒင်ဒရိုဆိုက် ကွန်ရက်ဆဲလ်များမှ ကြီးထွားလာခြင်းဖြစ်သည်။ တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းသည် ဦးနှောက်ကြီးတွင် အဖြစ်များပြီး ထက်ဝက်မှာ ဦးနှောက်ရှေ့ပိုင်းဖုတွင် ဖြစ်တည်တတ်သည်။
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းသည် အရွယ်ရောက်သူများတွင် အဖြစ်များပြီး အမျိုးသားများတွင် အနည်းငယ်ပိုဖြစ်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် ရှားရှားပါးပါးဖြစ်တတ်ပြီး အသက် ၁၄ နှစ်အောက် ကလေးများတွင် ဖြစ်သော ဦးနှောက်အကျိတ်များ၏ ၁ ရာခိုင်နှုန်းအောက်သည် ဤမြင်းကျိတ်ဖြစ်သည်။
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းများသည် ပုံမှန်ဆဲလ်နှင့် အလားသဏ္ဍာန်တူနိုင်သည် (အဆင့် ၂) သို့မဟုတ် ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်နိုင်သည် (အဆင့် ၃)။ ကုသမှုတွင် အကျိတ်အကြွင်းအကျန်ကို တတ်နိုင်သလောက် ဖယ်ထုတ်နိုင်စေမည့် ခွဲစိတ်ကုထုံး ပါဝင်လေ့ရှိသည်။ ကင်ဆာဆဲလ်အကြွင်းအကျန်များကို သတ်ရန်ဓာတ်ရောင်ခြည်ကုထုံး နှင့်ဖြစ်စေ၊ ၎င်းကုထုံးမပါဘဲဖြစ်စေ ကီမိုဆေးသွင်းခြင်း ကုထုံး ကို သုံးတတ်သည်။ တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းဝေဒနာရှင်ကလေးငယ်များ၏ အသက်ရှင်နိုင်ခြေသည် အကျိတ်အဆင့်အပေါ်မူတည်သည်။ ခွဲစိတ်ကုထုံးဖြင့် အရှင်းဖယ်ထုတ်နိုင်ခဲ့သည့် အဆင့်နိမ့်အကျိတ် ဝေဒနာရှင်လူနာများ၏ အသက်ရှင်နိုင်ခြေသည် 90% အထက်တွင်ရှိသည်။
ယေဘုယျအားဖြင့် တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းများသည် ကြီးထွားနှုန်းနှေးသည်။ အကျိတ်သည် ရောဂါပြဿနာများမပေါ်ခင် နှစ်အတန်ကြာကတည်းက ရှိနေနိုင်သည်။ တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်း၏ရောဂါလက္ခဏာများသည် အောက်ပါတို့အပါအဝင် အချက်များစွာအပေါ် မူတည်နိုင်ပါသည်−
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းလက္ခဏာများမှာ−
လူနာထက်ဝက်ခန့်သည် ဦးနှောက်ထဲရှိ အကျိတ်ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးခင် ရုတ်တရက် တက်ခြင်းများကို ခံစားရသည်။ လူနာအများစု (80% ခန့်)သည် ၎င်းတို့နာဖျားသည့် ကာလအတောအတွင်းတွင် အကျိတ်ကြောင့် ရုတ်တရက်တက်ခြင်းများကို ခံစားရနိုင်ခြေရှိပါသည်။
ဆရာဝန်များသည် တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းကို နည်းပေါင်းစုံဖြင့် စမ်းသပ်စစ်ဆေးကြပါသည်။
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းကျိတ်များကို အဏုကြည့်ကိရိယာဖြင့် မြင်ရသော ပုံစံကိုကြည့်ပြီး အမျိုးအစားခွဲခြားသည်။ ဆဲလ်များ မူမမှန်သည့် ပုံ ပိုပေါ်လေလေ၊ ရောဂါအဆင့်မြင့်သွားလေလေဖြစ်သည်။ တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းများ၏ ဖြစ်မြဲအဆင့်မှာ ၂ သို့မဟုတ် ၃ ဖြစ်သည်။
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းသည် အဆင့်နိမ့်ပြီး အကျိတ်ကိုလည်း အရှင်းဖြတ်ထုတ်ပြီးဖြစ်ပါက အသက်ရှင်နိုင်ခြေသည် 90%အထက်တွင်ရှိပါသည်။ အကျိတ်ကို အရှင်းဖယ်ထုတ်၍မရနိုင်လောက်ပါက အသက်ရှင်နိုင်ခြေသည် 80−85% အထိရှိသည်။
ကုသနိုင်ခြေကို လွှမ်းမိုးတဲ့အကြောင်းအရင်းတွေမှာ ပါဝင်တာကတော့:
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းအား ကုသမှုသည် အကျိတ်အရွယ်အစားနှင့် တည်နေရာအပေါ်တွင် မူတည်သည်။ ဆရာဝန်များသည် လူနာ၏အသက်အရွယ်ကိုလည်း ထည့်သွင်းစဥ်းစားပါသည်။. အလွန်ငယ်သည့် ကလေးငယ်များတွင်ဓာတ်ရောင်ခြည်ကုထုံး ကိုသုံးမည်ဆိုပါက ဘေးထွက်ဆိုးကျိုးအန္တရာယ်ရှိလာနိုင်သောကြောင့် အဆိုပါကုထုံးကို မသုံးကြပါ။
တဖြည်းဖြည်းကြီးထွားသော ဦးနှောက်မြင်းအတွက် ကုသမှုခံယူပြီးသည့် လူနာများသည် ရောဂါပြန်ဖြစ်ခြင်းရှိမရှိကိုစောင့်ကြည့်နိုင်ရန် MRI စကန်ကို ပုံမှန်ရိုက်ကူးသင့်ပါသည်။ အထောက်အကူပြုစောင့်ရှောက်မှုတ္ငင် သင့်တော်သည့် ပြန်လည်အားဖြည့်မှု နှင့် အာရုံကြောပိုင်းဆိုင်ရာနှင့် စပ်လျဥ်းပြီး တိုင်ပင်ဆွေးနွေးမှုများ ပါဝင်သင့်ပါသည်။ စတီးရွိုက်နှင့် အတက်ကျဆေးများကို အချိန်အတိုင်းအတာတစ်ခုအထိသုံးရန် လိုအပ်နိုင်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018