အခြားနာမည်များ/သက်ဆိုင်သည့်အမျိုးအစားများ- ယူးရင်း၏ဆာကိုးမား၊ အဖျားပိုင်းဦးနဗ်ကြောအက်တိုဒမ်အကျိတ်၊ ပီပီအန်အီးတီ၊ အက်စကင်အကျိတ်
ယူးရင်းဆာကိုးမားဆိုသည်မှာ တစ်ရှုးပျော့ (သို့မဟုတ်) အရိုးတွင် ကြီးထွားသည့် ကင်ဆာတစ်မျိုးဖြစ်ပါသည်။ ခြေထောက်၊ တင်ပါးဆုံ၊ နံရိုးများ (သို့မဟုတ်) လက်မောင်းတို့တွင် ဖြစ်ပွားလေ့ရှိပါသည်။ ယူးရင်းဆာကိုးမားသည် အလွန်ဖြစ်ခဲသော်လည်း ဒုတိယအဖြစ်အများဆုံးသော ကလေးအရိုးအကျိတ်ဖြစ်ပါသည်။ အမေရိကန်တွင် နှစ်စဉ်နှစ်တိုင်း ကလေးနှင့်လူငယ်ပေါင်း ၂၀၀ ခန့်သည် ယူးရင်းဆာကိုးမားဖြစ်ပွားနေပါသည်။
ယူးရင်းဆာကိုးမားသည် တစ်ခါတစ်ရံ အရိုးတွင် ပေါ်ထွက်လာတတ်ပါသည်။ သို့ရာတွင် လူနာရာခိုင်နှုန်းအနည်းငယ်သာ အရိုး၏ အပြင်ဘက်တွင် အကျိတ်ဖြစ်ပွားပါသည် (အရိုးပြင်ပ)။
ယူးရင်းဆာကိုးမားကို သက်ကြီးကလေးတွေနှင့် ဆယ်ကျော်သက်များတွင် အတွေ့ရအများဆုံး ဖြစ်ပါသည်။ ရောဂါမပျံ့နှံ့မီ ကင်ဆာကို စောစီးစွာ သိပါက ရေရှည်ရှင်သန်နိုင်ခြေမှာ ၇၀% ခန့်ဖြစ်ပါသည်။ ရောဂါပျံ့နှံ့ပြီးပါက ကုသ၍ရနိုင်ခြေမှာ အတော်နည်းပါးပါသည်။
အချို့ကလေးများတွင် ယူးရင်းဆာကိုးမားသည် ဖြစ်ပွားရသည့်အကြောင်းရင်း မသိရှိသေးသော်လည်း အသက်အရွယ်၊ လိင်နှင့် လူမျိုးအပါအဝင် အချို့သောအကြောင်းရင်းများသည် ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။
ယူးရင်းဆာကိုးမား လက္ခဏာများသည် အကျိတ်၏တည်နေရာပေါ်မူတည်ပါသည်။ တွေ့ရလေ့ရှိသော ယူးရင်းဆာကိုးမားလက္ခဏာများတွင် အောက်ပါတို့ပါဝင်ပါသည်-
နာကျင်မှုသည် ရက်သတ္တပတ်များ၊ လများ ကြာလာသည်နှင့် ပို၍ဆိုးလာပြီး ကလေးများကို ညဘက်နိုးနေအောင်လုပ်နိုင်ပါသည်။ ယူးရင်းဆာကိုးမားလက္ခဏာများကို ကလေးဘဝသာမန်နာကျင်မှု (သို့မဟုတ်) ထိခိုက်ဒဏ်ရာများနှင့် မှားတတ်သောကြောင့် ရောဂါစစ်ဆေးမတွေ့ရှိမီ အချိန်အတော်ကြာတတ်ပါသည်။
ယူးရင်းဆာကိုးမားကို ရှာဖွေဖော်ထုတ်ရန် လုပ်ထုံးလုပ်နည်းနှင့် စစ်ဆေးမှုအမျိုးမျိုးကို အသုံးပြုပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
ယူးရင်းဆာကိုမာကို တစ်နေရာတည်းရှိ (သို့) ပြန့်ပွားအဖြစ် ဖော်ပြလေ့ရှိပါသည်။ တစ်နေရာတည်းရှိရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ တစ်နေရာတည်းတွင်သာ အကျိတ်ရှိသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါသည်။ ပျံ့ပွား ယူးရင်းဆာကိုးမားဆိုသည်မှာ အဆုတ်များ၊ အရိုး သို့မဟုတ် ရိုးတွင်းခြင်ဆီကဲ့သို့သော အခြားနေရာများသို့ ကင်ဆာသည် ပျံ့နှံ့ပြီးဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
လူနာ ၂၅% ခန့်သည် ရောဂါရှာဖွေဖော်ထုတ်စဉ်တွင် ပျံ့ပွားရောဂါ ရှိပါသည်။ အဆိုပါလူနာထက်ဝက်ခန့်သည် ရောဂါရှာဖွေဖော်ထုတ်စဉ်တွင် ရောဂါပျံ့နှံ့ပြီး ဖြစ်ပါသည်။
ယူရင်းဆာကိုးမားမှ ပြန်ကောင်းလာနိုင်ခြေသည် အောက်ပါ အကြောင်းရင်းအမျိုးမျိုးပေါ်မူတည်သည်-
ခွဲစိတ်မှုနှင့် လုံးဝဖယ်ရှားလို့ရနိုင်သည့် တစ်နေရာတည်းရှိ ယူးရင်းဆာကိုးမား အကျိတ်တစ်လုံးတည်းရှိသော လူနာများသည် ရေရှည်ကုသနိုင်ခြေ ၇၀% ရှိပါသည်။ ရောဂါရှာဖွေဖော်ထုတ်နေစဉ်တွင် ခန္ဓာကိုယ်၏ အဝေးအပိုင်းများသို့ ကင်ဆာပျံ့နှံ့ထားသည့် ပျံပွားရောဂါရှိလူနာများသည် ပျံ့ပွားရောဂါတည်နေရာပေါ်မူတည်ပြီး ရှင်သန်နိုင်ခြေ ၁၅-၃၀% ရှိပါသည်။ ပြန်ဖြစ်သည့် ယူးရင်းဆာကိုးမားနှင့် လူနာများအတွက် ရောဂါကြိုတင်ခန့်မှန်းချက်သည် အားမကောင်းသော်လည်း ကုသရနိုင်ခြေသည် ၁၀%-၁၅% ခန့်ရှိပါသည်။
ယူးရင်းဆာကိုးမား ပြန်ဖြစ်သည့်လူနာများသည် ရောဂါရှာဖွေဖော်ထုတ်ခြင်းပြီး ပထမ ၂ နှစ်အတွင်း အကျိတ်သစ်များ တစ်ခါတစ်ရံတွင် ဖွံ့ဖြိုးလာပါသည်။ အဆုတ်များထဲတွင် အဖုသစ်များကဲ့သို့ အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။ ရောဂါရှာဖွေဖော်ထုတ်ပြီး ၂ နှစ်အတွင်း “ကနဦးပြန်ဖြစ်ပွားမှု” ရှိသည့်လူနာများသည် “နှောင်းပိုင်းပြန်ဖြစ်မှု” ရှိသည့်လူများထက် ကုသရန် ပို၍ခက်ခဲပါသည်။
ယူးရင်းဆာကိုးမား ရောဂါရှာဖွေတွေ့ရှိသောအခါတွင် ကီမိုဆေးသွင်းခြင်း ကုထုံး နှင့် ပထမဦးစွာကုသလေ့ရှိပြီး ခွဲစိတ်မှု နှင့်/(သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးကို နောက်က ဆက်လုပ်လေ့ရှိပါသည်။ ပစ်မှတ်ထားကုထုံး နှင့် ကိုယ်ခံအားကုထုံးအပါအဝင် ကုသမှုအသစ်များကို စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းများတွင်လည်း လေ့လာနေဆဲဖြစ်ပါသည်။
ယူးရင်းဆာကိုးမားအတွက် အဓိကကုသမှုရည်မှန်းချက်များမှာ ၃ ခုရှိပါသည်-
ယူးရင်းဆာကိုးမားသည် နှစ်အတော်ကြာ ပြန်လည်ရှင်သန်မှုသို့ ထပ်တလဲလဲ ပြန်ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း ကုသမှုအဆုံးသတ်ပြီး ၂ နှစ်အတွင်း ပြန်ဖြစ်မှုသည် ယူးရင်းဆာကိုးမားတွင် အများဆုံး (၈၀%) ဖြစ်ပါတယ်။ အကျိတ်ဟာ တူညီတဲ့နေရာ(တစ်နေရာတည်း ပြန်ဖြစ်မှု)မှာပဲ ပြန်ဖြစ်နိုင်ပါတယ် သို့ ခန္ဓာကိုယ်ရဲ့ တခြားနေရာ(အဝေး ပြန်ဖြစ်မှုအနေနဲ့)မှာလည်း ပြန်ဖြစ်နိုင်ပါတယ်။
ကုသမှုအဆုံးသတ်ပြီး အချိန်ကြာသည်အထိ ပြန်ဖြစ်မှုကို စစ်ဆေးရန် လူနာများသည် နောက်ဆက်တွဲဂရုစိုက်မှု ကို လက်ခံရရှိပါမည်။ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ လိုအပ်တဲ့ စစ်ဆေးမှုအမျိုးအစားများနဲ့ စစ်ဆေးဖို့လိုတဲ့ အကြိမ်ရေအတွက် တိကျတဲ့ အကြံပြုချက်များကို ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးမှုတွင် အဆုတ်စီတီစကင်န်၊ အကျိတ်နေရာ အိပ်စ်ရေးဓါတ်မှန် (သို့မဟုတ်) အမ်အာအိုင် နှင့် ပီအီးတီ (သို့မဟုတ်) အရိုးစကင်န်များ ပါဝင်လေ့ရှိပါသည်။ ရိုးတွင်းခြင်ဆီတွင် လူနာသည် ယူးရင်းဆာကိုးမားမှတ်တမ်းရှိပါက ပြန်ဖြစ်ရန် သုံးသပ်တွက်ချက်မှုမှာ ရိုးတွင်းခြင်ဆီ စမ်းသပ်မှုပါ ပါဝင်ပါမည်။
ယေဘုယျအားဖြင့် ခြေလက်ဖြတ်တောက်ကုသမှု (သို့မဟုတ်) ခြေလက်အစားထိုးခွဲစိတ်မှု ကို ကြုံတွေ့ရသည့်လူနာအများစုသည် အချိန်အတော်ကြာအထိ ကောင်းမွန်ပါသည်။ သူတို့သည် ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်နှင့် ကောင်းမွန်သည့်ဘဝအရည်အသွေးရှိကြောင်းကို အစီရင်ခံပါသည်။ နောက်ဆက်တွဲဂရုစိုက်မှုသည် ဆက်လက်ရွေ့လျားမှုကို သေချာအောင်ပြုလုပ်ရာတွင် အရေးကြီးပါသည်။ ကြွက်သားအရိုးလုပ်ဆောင်ချက်ကို စစ်ကြည့်ရန် လူနာများသည် နှစ်စဉ်စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ ပြဿနာများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိခြင်းကို သေချာစေရန် အရေးကြီးပါသည်။ မညီညာသည့်ခြေလက်အရှည်၊ ကိုယ်နေဟန်ထားအပြောင်းအလဲ၊ အရိုးဆစ်ပြဿနာများနှင့် အခြားပြဿနာများသည် နာတာရှည်နာကျင်မှု နှင့် မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါသည်။
ဖြတ်တောက်မှုကြုံထားရသည့်လူနာများသည် ၎င်းတို့၏ အစားထိုးခြေလက်များ၏ လုပ်ဆောင်ချက်ကို ထိန်းသိမ်းရန် နှစ်စဉ်စစ်ဆေးမှုလည်း လုပ်သင့်ပါသည်။ အရိုးခွဲစိတ်ဆရာဝန်တစ်ယောက်သည် အရိုးအစားထိုး(အရိုးဆက်နှင့်/(သို့မဟုတ်) သတ္တုအစားထိုးမှု)နှင့် လူနာများကို အနည်းဆုံးတစ်နှစ်တစ်ခါ စစ်ဆေးသုံးသပ်သင့်ပါသည်။ ခြေလက်အစားထိုးခွဲစိတ်မှုလုပ်ထားသည့် လူနာများသည် ၎င်းတို့လူကြီးအရွယ်အမြင့်ရောက်သည့်အထိ ခြေလက်ကိုရှည်စေရန်အတွက် ထပ်ဆောင်းခွဲစိတ်မှုများလိုအပ်နိုင်ပါသည်။
ယူးရင်းဆာကိုးမား ကုသထားသည့်ကလေးများသည် ကုထုံးနှင့်ပတ်သတ်သည့် ဘေးထွက်ဆိုးကျိုးမျာ ဖြစ်နိုင်ခြေရှိပါသည်။ ရောဂါပျောက်ကင်းသွားသူတွေအားလုံးဟာ ပုံမှန်ကာကွယ်စစ်ဆေးမှုကို မူလဆရာဝန်တစ်ယောက်ဆီကနေ ဆက်လက်ပြုလုပ်သင့်ပါတယ်။ ယေဘုယျ ရောဂါနဲ့ ကျန်းမာရေးကာကွယ်မှုအတွက် ရောဂါပျောက်ကင်းသွားသူတွေဟာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက်အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။
အရိုးကင်ဆာရှင်သန်သူများသည် တက်ကြွလေ့မရှိပါ။ ကျန်းမာရေး၊ခန္ဓာကိုယ်ကျစ်လစ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တို့ကို ထိန်းထားရန် ပုံမှန်လေ့ကျင်ခန်းပြုလုပ်ခြင်းသည် အရေးကြီးပါသည်။
ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ကုသမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများမှာ အကြားအာရုံဆုံးရှုံးခြင်, နှလုံးပြဿနာမျာနှင့် ကျောက်ကပ်ပျက်စီးမှုများ ပါဝင်နိုင်ပါသည်။
ခြေထောက်ကို ဓာတ်ရောင်ခြည်ပေးခြင်းသည် အဆိုပါအရိုး၏ကြီးထွားမှုကို သက်ရောက်နိုင်ပြီး ပိုတိုခြင်းကို ဖြစ်စေနိုင်ပါသည်။ မညီမျှသည့်အရှည် (သို့မဟုတ်) ခြေထောက်အရှည်ကွဲပြားမှုဖြစ်လာနိုင်ပါသည်။ ပြင်းထန်မှုပေါ်မူတည်ပြီး ဤပြဿနာကိုကုသရန် နည်းလမ်းအမျိုးမျိုးရှိပါသည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူလေ့လာချက်အရ ရှင်သန်သူ ၂၅%ခန့်ဟာ ရောဂါစစ်ဆေးတွေ့ရှိပြီးနောက် ၂၅နှစ်ကြာတဲ့ထိ ဆိုးဝါးတဲ့နာတာရှည်ကျန်းမာရေးအခြေအနေတွေ ရှိဆဲဖြစ်ပါတယ်။ ဤအခြေအနေများတွင် ပါဝင်သည်များမှာ ဆင့်ပွားကင်ဆာများ (ဓာတ်ရောင်ခြည်နှင့် ထိတွေ့ပြီးနောက် မြင့်မားလာသည့်အန္တရာယ်)၊ နှလုံးသွေးစုရောဂါ၊ သန္ဓေမအောင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ဆက်တွဲ ရောဂါအသစ်များနှင့် ကျောက်ကပ်ပျက်စီးမှု သို့မဟုတ် နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ တို့ ဖြစ်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018