အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အကြားအာရုံချို့ယွင်းခြင်း

အကြားအာရုံချို့ယွင်းခြင်းသည် အချို့ကလေးကင်ဆာများ သို့မဟုတ် ကင်ဆာကုထုံးများ၏ ဖြစ်နိုင်ချေရှိသည့် ဘေးထွက်ဆိုးကျိုးဖြစ်သည်။ ဓာတ်ရောင်ခြည်နှင့် ခွဲစိတ်ကုထုံးများပါဝင်သော အချို့သော ကင်ဆာဆေးများနှင့် အခြားကုထုံးများသည် နားကိုထိခိုက်စေနိုင်ပြီး အကြားအာရုံချို့ယွင်းခြင်း ဖြစ်စေသည်။ အချို့ဖြစ်စဉ်များတွင် အကျိတ်ကိုယ်တိုင်ကြောင့် အကြားအာရုံချို့ယွင်းခြင်း ဖြစ်လာနိုင်သည်။

နားအဆိပ်သင့်မှုအတွက် ကုထုံး (နားပျက်စီးစေဟုအသိများသောကုထုံးများ) ခံယူနေသော ကလေးများသည် ပြဿနာများကို စောင့်ကြည့်ရန်အတွက် အကြားအာရုံစစ်ဆေးမှုကို ပုံမှန်လုပ်သင့်ပါသည်။ အကြားအာရုံချို့ယွင်းခြင်းသည် စကားပြောခြင်း၊ လူမှုဆက်ဆံရေး၊ သင်ကြားရေး၊ ပညာရေး အောင်မြင်မှုနှင့် အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်များပေါ်တွင် အကျိုးသက်ရောက်နိုင်သည်။ စောစီးစွာ ချင့်ချိန်အကဲဖြတ်ခြင်းနှင့် ကြားဝင်ခြင်းများသည် ကင်ဆာဖြစ်ပြီးနောက်တွင် ဘဝအရည်အသွေးကို မြှင့်တင်နိုင်ရန်အတွက် လူနာများနှင့် မိသားစုများကို အကြားအာရုံချို့ယွင်းခြင်းတွင် ပိုမိုကောင်းမွန်စွာစီစဉ်နိုင်ရန် ကူညီပေးနိုင်သည်။

အကြားအာရုံ ကာကွယ်ရန် နည်းလမ်းများ

  • ဆူညံသံများနှင့်ထိတွေ့မှုကို လျှော့ချပါ။
  • အကြားအာရုံအကာအကွယ်များ အသုံးပြုပါ။
  • ကိုယ်ပိုင် အသံနားထောင်သောကိရိယာများ၏ အသံကို လျှော့ချပါ။
  • အကြားအာရုံ စစ်ဆေးမှုပြုလုပ်ပါ။
  • အကြားအာရုံတွင် တစ်ခုခုပြောင်းလဲမှုရှိလျှင် ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို အသိပေးပါ။

အချို့ဖြစ်စဉ်များတွင် ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် အကြားအာရုံချို့ယွင်းခြင်းနှင့်သက်ဆိုင်သော ဆေးဝါးများ သို့မဟုတ် အခြားကုထုံးများကို အပြောင်းအလဲလုပ်ရန် ညွှန်းနိုင်သည်။

 

အသံပညာရပ်နှင့်အကြားအာရုံ ပြုစုစောင့်ရှောက်ခြင်းအကြောင်း ပိုမိုလေ့လာရန်

နားပျက်စီးစေသော ကုထုံးဟုအသိများသော ကုထုံးများကို ခံယူနေသည့် ကလေးများသည် ပြဿနာများကိုစောင့်ကြည့်နိုင်ရန်အတွက် အကြားအာရုံစစ်ဆေးမှုကို ပုံမှန်လုပ်သင့်ပါသည်။

နားပျက်စီးစေသော ကုထုံးဟုအသိများသော ကုထုံးများကို ခံယူနေသည့် ကလေးများသည် ပြဿနာများကိုစောင့်ကြည့်နိုင်ရန်အတွက် အကြားအာရုံစစ်ဆေးမှုကို ပုံမှန်လုပ်သင့်ပါသည်။

ကလေးများတွင် အကြားအာရုံချို့ယွင်းခြင်း၏ ရောဂါလက္ခဏာများ

  • နားထဲတွင် တဝီဝီမြည်နေခြင်း
  • အထူးသဖြင့် လူအုပ်များ သို့မဟုတ် နောက်ခံအသံများဆူညံနေချိန်တွင် အကြားအာရုံ သို့မဟုတ် နားလည်နိုင်မှုအပိုင်းတွင် ပြဿနာဖြစ်နေခြင်း
  • အာရုံမစိုက်ထားနိုင်ခြင်း
  • အသံများကို မတုံ့ပြန်နိုင်ခြင်း
  • ရုပ်မြင်သံကြား သို့မဟုတ် ဂီတသံများကို အသံချဲ့ခြင်း
  • ညွှန်ကြားချက်များကို မလိုက်နာနိုင်ခြင်း သို့မဟုတ် အဆင့်များကျလာခြင်းကဲ့သို့သော ကျောင်းတွင် ပြဿနာများဖြစ်နေခြင်း
  • အသံကောင်းမွန်စွာ ကြားနိုင်ရန် ခေါင်းလှည့်ခြင်း သို့မဟုတ် နားကြားကိရိယာတစ်ခု အသုံးပြုခြင်း
  • စကားပြောရာတွင် ပြောင်းလဲခြင်း သို့မဟုတ် နောက်ကျနေခြင်း
  • ဟန်ချက်မညီခြင်းပြဿနာများ

နို့စို့ကလေးများနှင့် ကလေးငယ်များတွင် အကြားအာရုံနှင့် ဆက်သွယ်ပြောဆိုပုံများအကြောင်းကို ပိုမိုရှာဖွေကြည့်ပါ

အကြားအရုံချို့ယွင်းခြင်း အ‌ကြောင်းများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဖြစ်နေသော ကလေးများတွင် အကြားအာရုံချို့ယွင်းခြင်းအတွက် အန္တရာယ်ရှိသော အချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • အချို့သော ကီမိုဆေးသွင်းခြင်း ကုထုံး ဆေးများ၊ အထူးသဖြင့် cisplatin နှင့် carboplatinကဲ့သို့သော ပလက်တီနမ်ဆေးများ
  • နား၊ ဦးနှောက်၊ နှာခေါင်း၊ လည်ပင်း၊ နှာခေါင်းအတွင်း အခေါင်းလေးများ သို့မဟုတ် ပါးရိုးများကို ဓာတ်ရောင်ခြည်ထိခြင်း
  • နား၊ ဦးနှောက် သို့မဟုတ် အသံနှင့်ဆိုင်သော အာရုံကြောကို ထိခိုက်စေသည့် ခွဲစိတ်ကုထုံး
  • အခြားဆေးဝါးများ
    • erythromycin ကဲ့သို့ အချို့သော ပဋိဇီဝဆေးများ သို့မဟုတ်၊ amikacin၊ gentamicin နှင့် tobramycinတို့ပါဝင်သော aminoglycoside ပဋိဇီဝဆေးများ
    • ဖြူရိုဆာမိုက်နှင့် အက်တာခရစ်နီ အက်ဆစ် ပါဝင်သော ကျောက်ကပ်တစ်ခြမ်းတွင် အလုပ် လုပ်သည့် အချို့သော ဆီးရွှင်ဆေးများ
  • ကျန်းမာရေး အကြောင်းအချက်များဖြစ်သော လမစေ့ဘဲမွေးခြင်း၊ ကိုယ်အလေးချိန်မပြည့်ဘဲမွေးဖွားခြင်း သို့မဟုတ် ယခင်က ရောဂါကူးစက်ခံထားရခြင်း သို့မဟုတ် ဖျားနာခြင်း

အသက်ငယ်ရွယ်စဉ်တွင် ကုထုံးများခံယူနေရခြင်း နှင့်/သို့မဟုတ် ကီမိုဆေးသွင်းခြင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်များ၏ ပြင်းထန်သောပမာဏသည် အကြားအာရုံချို့ယွင်းခြင်း ဖြစ်နိုင်ချေကို တိုးစေနိုင်သည်။

နားအဆိပ်သင့်မှုဆေးဝါးများသည် နားကိုပျက်စီးစေနိုင်ပြီး အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေနိုင်သည်။ အကြားအာရုံချို့ယွင်းခြင်းသည် အကျိတ်၏အကျိုးသက်ရောက်မှုကြောင့်လည်းဖြစ်နိုင်သည်။ ပုံမှန် အကြားအာရုံစစ်ဆေးခြင်းများသည် မည်သည့် ပြဿနာကိုမဆို ကူညီဖော်ထုတ်နိုင်သည်။

နားအဆိပ်သင့်မှုဆေးဝါးများသည် နားကိုပျက်စီးစေနိုင်ပြီး အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေနိုင်သည်။ အကြားအာရုံချို့ယွင်းခြင်းသည် အကျိတ်၏အကျိုးသက်ရောက်မှုကြောင့်လည်းဖြစ်နိုင်သည်။ ပုံမှန် အကြားအာရုံစစ်ဆေးခြင်းများသည် မည်သည့် ပြဿနာကိုမဆို ကူညီဖော်ထုတ်နိုင်သည်။

နားနှင့် အကြားအာရုံ

နားတွင် အဓိကအပိုင်း သုံးပိုင်းရှိသည်-

  • အပြင်နား- အသံလှိုင်းများသည် အပြင်နားမှတစ်ဆင့် နားထဲသို့ဝင်ရောက်သည်။ အပြင်နှင့် အလယ်နားကို ခွဲထားသည့် နားစည်ထံသို့ အသံကို ကတော့ပုံစံဖြင့် တိုက်ရိုက်ပို့ဆောင်သည်။
  • အလယ်နား- အလယ်နားဆိုသည်မှာ လေပြည့်နေသော အခန်းဖြစ်သည်။ အခန်းထဲတွင် နားစည်မှ နားအတွင်းသို့ ချိန်းကြိုးပုံစံ အရိုးလေး ၃ ခုက ဆက်ထားသည်။ ဤအရိုးများသည် malleus (တူ)incus (ပေ)နှင့် stapes (ထိန်းကွင်း)တို့ဖြစ်သည်။ အသံလှိုင်းများသည် တုန်ခါမှုများဖြစ်လာစေပြီး နားစည်မှနေ၍ အလယ်နားမှ အရိုးများထံသို့၊ အတွင်းနားထံသို့ရောက်ရှိသည်။
  • အတွင်းနား- အတွင်းနားတွင် အရည်ပြည့်နေသော နားအကြားအာရုံခံအင်္ဂါပါရှိသည်။ သေးငယ်သော အာရုံကြောအပိုင်းအစများကို အာရုံခံအမွေးနုဆဲလ်များဟုခေါ်ပြီး နားအကြားအာရုံခံအင်္ဂါ လမ်းကြောင်းတွင်ရှိသည်။ အာရုံခံအမွေးနုဆဲလ်များသည် အသံလှိုင်းများကို အာရုံကြောစေ့စော်မှုများအဖြစ်ပြောင်းသည်။ ဤအချက်ပြများသည် အကြားအာရုံကြော တလျှောက်မှ ဦးနှောက်ဆီသို့သွားသည်။ ဦးနှောက်မှ အာရုံကြောအချက်ပြများကို စီစဉ်လုပ်ဆောင်ပြီး အသံ၏ အဓိပ္ပါယ်ကိုဖော်ထုတ်သည်။

အကြားအာရုံချို့ယွင်းခြင်း အမျိုးအစားများ

အကြားအာရုံချို့ယွင်းခြင်း အမျိုးအစားအမျိုးမျိုးကို ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာများနှင့် ရှင်သန်ကျန်ရစ်သူများတွင် တွေ့နိုင်သည်။ အကြားအာရုံပြဿနာများသည် ကီမိုဆေးသွင်းခြင်းကုထုံးကြောင့်ဖြစ်ပြီး နားနှစ်ဖက်လုံးတွင် အကျိုးသက်ရောက်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကုသခြင်းပြီးနောက် ပျက်စီးထိခိုက်မှုအမျိုးအစားပေါ်မူတည်၍ နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် အကြားအာရုံချို့ယွင်းခြင်းဖြစ်နိုင်သည်။ အချို့လူနာများတွင် အကြားအာရုံသည် အချိန်တစ်ခုအကြာတွင် တိုးတက်လာနိုင်သည်။ လူနာအများစုတွင် အကြားအာရုံချို့ယွင်းခြင်းသည် အမြဲတမ်းဖြစ်သွားစေတတ်ပြီး အသက်ရလာသည်နှင့်အမျှ ပိုဆိုးလာနိုင်သည်။ အသက်ရှင်ကျန်ရစ်သူအချို့တွင် ကုထုံးများပြီးသွားပြီးနောက် လပိုင်းအတွင်း သို့မဟုတ် နှစ်ပိုင်းအတွင်း အကြားအာရုံပြဿနာစတင်လာနိုင်သည်။ ဤပြဿနာများကို နောက်ဆက်တွဲအကျိုးဆက်များဟုခေါ်သည်။ ပြုစုစောင့်ရှောက်ရန် စီစဉ်ခြင်းနှင့် ကြည့်ရှုစစ်ဆေးခြင်းတို့တွင် အကူအညီဖြစ်စေရန် အကြားအာရုံချို့ယွင်းခြင်း အမျိုးအစားကို နားလည်ထားရန် အရေးကြီးသည်။

အသံကူးပြောင်းမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်း
ဤအကြားအာရုံချို့ယွင်းခြင်း အမျိုးအစားသည် အပြင်နား သို့မဟုတ် အလယ်နားတွင် ပိတ်ဆို့နေချိန် သို့မဟုတ် ပျက်စီးနေချိန်တွင် ဖြစ်ပေါ်သည်။ အရည်၊ ဖယောင်း သို့မဟုတ် ရောင်ခြင်းတို့သည် ပုံမှန်အတိုင်းအသံသွားနေသည်ကို တားဆီးသောကြောင့် အသံ သဲသဲကွဲကွဲမကြားရခြင်းကို ဖြစ်စေသည်။ နားစည် သို့မဟုတ် အလယ်နားမှ အရိုးလေးများသည် တောင့်တင်းခြင်း သို့မဟုတ် ပျက်စီးခြင်းဖြစ်နိုင်သည်။ ရောဂါကူးစက်ခံရခြင်းသည် အသံကူးပြောင်းမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်း ကိုဖြစ်စေသော အများဆုံးအကြောင်းအရင်းဖြစ်သည်။ ဓာတ်ရောင်ခြည် ကုထုံးသည် နားတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် အသံကူးပြောင်းမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေနိုင်သည်။

အာရုံခံစားမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်း
အာရုံခံစားမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်းသည် အတွင်းနား (အာရုံခံပိုင်းဆိုင်ရာ)မှ အာရုံခံအမွေးနုဆဲလ်များ သို့မဟုတ် အသံအာရုံကြော သို့မဟုတ် ဦးနှောက် (အာရုံကြောပိုင်းဆိုင်ရာ) တို့ ထိခိုက်ပျက်စီးခြင်း၏ ရလဒ်များဖြစ်သည်။

  • အာရုံခံအမွေးနုဆဲလ်များမှ စုပ်ယူထားသော နားအကြားအာရုံခံအင်္ဂါ၏ အရည်အတွင်းအထိ ကီမိုဆေးသွင်းခြင်းကုထုံးက ရောက်ရှိနိုင်သည်။ အချို့သော ကီမိုဆေးသွင်းခြင်းကုထုံးဆေးအမျိုးအစားများသည် အာရုံခံအမွေးနုဆဲလ်များကို အန္တရာယ်ဖြစ်စေနိုင်သည်။ အာရုံခံအမွေးနုဆဲလ်များ အန္တရာယ်ဖြစ်နေချိန်၊ တုန်ခါမှုများ အာရုံခံအမွေးနုဆဲလ်များဆီရောက်သော်လည်း အသံအချက်ပြချက်များကို ဦးနှောက်သို့ မပို့ဆောင်နိုင်တော့ပါ။ များသောအားဖြင့် အာရုံခံအမွေးနုဆဲလ်များ ထုတ်လွှတ်သည့် ကြိမ်နှုန်းမြင့် (အသံ အမြင့်) အသံများ အရင်ဆုံး ထိခိုက်ပျက်စီးသည်။ ထိခိုက်ပျက်စီးမှုများ အဆက်မပြတ်ဖြစ်လာလျှင် အနိမ့်သံများကို ကြားရသည့် စွမ်းရည်မှာ ပိုပိုဆိုးရွားလာမည်။
  • ဓာတ်ရောင်ခြည် ပို့ဆောင်သည့် နေရာပေါ် မူတည်၍ ဓာတ်ရောင်ခြည်သည် အာရုံခံအမွေးနုဆဲလ်များကို အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် အာရုံကြောများ သို့မဟုတ် အသံများကို အဓိပ္ပါယ်ဖော်ပေးသည့် ဦးနှောက်အစိတ်အပိုင်းများ ထိခိုက်ပျက်စီးစေသည်။ ခံနိုင်ရည်နည်းသော နေရာများသို့ ဓာတ်ရောင်ခြည် ဂရေး (Gy) ၃၀ ထက်မြင့်သောပမာဏများကို ခံယူထားသည့်ကလေးများသည် အန္တရာယ်ဖြစ်နိုင်ချေ ပိုမြင့်မားသည်။
  • ခွဲစိတ်ကုထုံးသည်လည်း အကြားအာရုံပါဝင်နေသော အာရုံကြောများနှင့် သို့မဟုတ် ဦးနှောက်ဧရိယာများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ရောင်ခြင်း သို့မဟုတ် အကျိတ်တစ်ခု၏ ဖိအားကြောင့် အာရုံကြောများကို ကောင်းမွန်စွာ အလုပ် ဆက်မလုပ်နိုင်အောင် တစ်ခါတစ်ရံတွင် ဟန့်တားနိုင်သည်။

ကလေးကင်ဆာ လူနာများတွင် အကြားအာရုံချို့ယွင်းခြင်းသည် အသံကူးပြောင်းမှုအပိုင်း၊ အာရုံခံစားမှုအပိုင်း သို့မဟုတ် နှစ်ခုလုံးတွင်ဖြစ်နိုင်သည်။ အသံကူးပြောင်းမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်းသည် အရည် သို့မဟုတ် ရောင်ခြင်းကဲ့သို့သော ပြဿနာ၏အကြောင်းအရင်းကို ဖယ်ထုတ်လိုက်လျှင် အချိန်တစ်ခုအကြာတွင် တိုးတက်လာနိုင်သည်။ အထူးသဖြင့် အာရုံခံအမွေးနုဆဲလ်များ သို့မဟုတ် အာရုံကြောများသည် ကီမိုဆေးသွင်းခြင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်တို့ကြောင့် ထိခိုက်ပျက်စီးခြင်းဖြစ်ပါက အာရုံခံစားမှုအပိုင်း အကြားအာရုံချို့ယွင်းခြင်းသည် အမြဲတမ်းဖြစ်သွားနိုင်သည်။

အကြားအာရုံချို့ယွင်းခြင်းအတွက် အကူအညီ

အကြားအာရုံချို့ယွင်းခြင်း အန္တရာယ်ရှိနေသော လူနာများသည် အကြားအာရုံပညာရှင်ထံတွင် အကြားအာရုံစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ ယေဘုယျအားဖြင့် အကြားအာရုံကို စစ်ဆေးသည့်နည်းလမ်းဖြစ်သည့် လူနာက နားကြပ်မှတစ်ဆင့် မတူညီသော အသံများကို နားထောင်သည့် နည်းလမ်းဖြင့် အကြားအာရုံပိုင်းဆိုင်ရာကို စစ်ဆေးသည်။ အကြားအာရုံပညာရှင်သည် မည်သို့သောအသံများနှင့် အနိမ့်အမြင့်အသံများကို နားတစ်ဖက်စီက ကြားရနိုင်သည်ကို မှတ်သားသည်။ ရလဒ်များကို အကြားအာရုံစစ်ဆေးရာတွင် တွေ့ရလေ့ရှိသည့် သရုပ်ပြမျဉ်းများပေါ်တွင် မှတ်သားထားပြီး သာမန် အကြားအာရုံအတွက် မျှော်မှန်းထားသည့် အဆင့်များနှင့် နှိုင်းယှဉ်သည်။ ဤစစ်ဆေးချက်ကို အချိန်တစ်ခုအတွင်း အကြားအာရုံစောင့်ကြည့်လေ့လာရန် အသုံးပြုသည်။ အသံကို တုံ့ပြန်သည့် ဦးနှောက်လှိုင်းများကို စောင့်ကြည့်လေ့လာခြင်းဖြင့်လည်း အကြားအာရုံကို စစ်ဆေးနိုင်သည်။ ဤစစ်ဆေးချက်ကို အကြားအာရုံဆဲလ်တုံ့ပြန်ချက် (ABR) ဟုခေါ်သည်။ အန္တရာယ်ရှိသောအချက်များနှင့် အကြားအာရုံချို့ယွင်းခြင်း လက္ခဏာရပ်များကို အခြေခံပြီး အကြားအာရုံပညာရှင်သည် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းများကို လုပ်ရန်ညွှန်ကြားပါမည်။

အမျိုးမျိုးသော ဝန်ဆောင်မှုများနှင့် အထောက်အကူ ကိရိယာများသည် အကြားအာရုံ ဝေဒနာများကို အထောက်အကူပြုပေးနိုင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • နားကြား အထောက်အကူပစ္စည်းများ- နားကြား အထောက်အကူပစ္စည်းများသည် အသံကိုပိုကျယ်စေသော ကိရိယာများဖြစ်သည်။ ငယ်ရွယ်သောကလေးများအတွက် နားအနောက်တွင်တပ်ရသော ပစ္စည်းအား ညွှန်းဆိုကြသည်။ အသုံးပြုရလွယ်ကူပြီး အသက်ကြီးသည်အထိ သုံးစွဲနိုင်သည်။ ဆယ်ကျော်သက်များနှင့် လူကြီးများအတွက် သေးငယ်သော နားကြား အထောက်အကူပစ္စည်းများသည် ကောင်းမွန်သော ရွေးချယ်စရာတစ်ခုဖြစ်သည်။ ကလေးများရှိ နားကြား အထောက်အကူပစ္စည်းများအကြောင်း ပိုမိုလေ့လာပါ
  • အကြားအာရုံခံအင်္ဂါအတုထည့်ခြင်း- အကြားအာရုံခံအင်္ဂါအတုထည့်ခြင်းသည် အသံအာရုံကြောကို နှိုးဆွပေးသည့် ကိရိယာများကို ခွဲစိတ်ပြီးထည့်ပေးခြင်းဖြစ်သည်။ သို့ရာတွင် အကြားအာရုံချို့ယွင်းခြင်း အမျိုးအစားအားလုံးအတွက် အလုပ်မဖြစ်ပါ။ အကြားအာရုံခံအင်္ဂါအတုထည့်ခြင်းအကြောင်း ပိုမိုလေ့လာပါ
  • အကြားအာရုံကိုအထောက်အကူဖြစ်သောနည်းပညာစနစ် (HATS) - အထောက်အကူပြု အသံနားထောင်သည့် ကိရိယာများဟုခေါ်ပြီး ဤစနစ်များပါဝင်သည်- ကြိမ်နှုန်းညှိခြင်း (FM) စနစ်များ၊ အနီအောက်ရောင်ခြည်စနစ်များ၊ ကြိုးမဲ့စနစ်များ၊ ဖုန်း အသံချဲ့စက်များ၊ စာရိုက်သည့် ဖုန်းများနှင့် သတိပေးသည့် ကိရိယာများပါဝင်သည်။ ဤစနစ်များသည် အများပြည်သူနေရာများ (ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ သို့မဟုတ် ပြဇာတ်ရုံများ ကဲ့သို့သော) တွင် ရနိုင်သည်။ စနစ်တစ်ခုချင်းစီသည် မတူအောင် ဒီဇိုင်းထုတ်ထားသော်လည်း ရည်ရွယ်ချက်မှာ အသံကိုချဲ့ရန် သို့မဟုတ် အသံကို စာသားကဲ့သို့သော မတူညီသောပုံစံတစ်ခုအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ အကြားအာရုံကိုအထောက်အကူဖြစ်သောနည်းပညာအကြောင်း ပိုမိုလေ့လာပါ
  • နောက်ထပ်ဆက်သွယ်ခြင်းနည်းလမ်းများ- စာဖတ်နှုန်းနှင့် လက်ဟန်ပြဘာသာစကားတို့သည် အကြားအာရုံ ပြင်းထန်စွာချို့ယွင်းနေသူများအတွက် အထောက်အကူဖြစ်နိုင်ပါသည်။ လက်ဟန်ပြဘာသာစကား စကားပြန်များကို ဆက်သွယ်ပြောဆိုခြင်းတွင် အကူအညီရနိုင်ရန်အတွက် ကျောင်းများနှင့် ဆေးရုံများကဲ့သို့ ဌာနများတွင် ရရှိနိုင်သည်။

အကြားအာရုံပညာရှင်သည် လူနာများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အကောင်းဆုံး ဝန်ဆောင်မှုများနှင့် ကိရိယာများကို ကူညီတွဲဖက်ပေးနိုင်ပါသည်။ မိဘများသည် ကလေးများကို ၎င်းတို့၏ နားကြားကိရိယာများကို ကောင်းမွန်စွာ အသုံးပြုစေရန်နှင့် အကြားအာရုံကိုစောင့်ကြည့်စစ်ဆေးရန်အတွက် ဆရာဝန်နှင့်ရက်ချိန်းအတိုင်း ဆက်လက်ပြသရန်တို့ကို သေချာစွာပြုလုပ်ရေးသည် အရေးကြီးပါသည်။ အကြားအာရုံချို့ယွင်းခြင်းသည် ကျောင်း၊ အလုပ်ခွင်နှင့် အချစ်ရေးများ စသည့်နယ်ပယ်အမျိုးမျိုး တွင် အဆင်မပြေမှုများနှင့် ပတ်သတ်နေသည်။ သို့ရာတွင် နားကြားအထောက်အကူပစ္စည်းများ သို့မဟုတ် အခြားကိရိယာများနှင့် အသုံးပြုနိုင်သည့် ဝန်ဆောင်မှုများ တစ်ကိုယ်ရည် ပညာရေး အစီအစဉ် – IEP ကဲ့သို့) သည် ကင်ဆာရောဂါဖြစ်ပြီးနောက် ဘဝတွင် အောင်မြင်နိုင်ရန်အတွက် အကောင်းဆုံးအခွင့်အရေးကို တစ်ဖက်တစ်လမ်းမှပေးစွမ်းနိုင်သည်။

လူနာများနှင့် မိသားစုများအတွက် အကြံပြုချက်များ

ကိုယ့်အန္တရာယ်ကို သိပါ။ ကင်ဆာကုထုံးများ (သုံးစွဲနေသော ဆေးပမာဏ အပါအဝင်) နှင့် အကြားအာရုံချို့ယွင်းခြင်းများအတွက် အခြားသော အန္တရာယ်ရှိသော အချက်များ အကြောင်းကို ပြုစုစောင့်ရှောက်ရေးအဖွဲ့အား ပြောပြပါ။

ရောဂါလက္ခဏာများအား စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်း ခံယူပါ။ အခြေခံအကြားအာရုံစစ်ဆေးခြင်းပြုလုပ်၍ အကြားအာရုံအပြောင်းအလဲများကို စောစီးစွာသိရှိရန် ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်း ခံယူပါ။ အကြားအာရုံချို့ယွင်းခြင်း၏ ရောဂါလက္ခဏာများသည် မသိလိုက်ဘဲလွတ်သွားရန် လွယ်ကူသည်။ သတိထားစောင့်ကြည့်ရမည့်အရာကို သတိထား၍နှင့် စိုးရိမ်စရာမည်သည့် ကိစ္စကိုမဆို သင့်ဆရာဝန် သို့မဟုတ် အကြားအာရုံပညာရှင်ထံ သတင်းပို့ပါ။

နားကြားအထောက်အကူပြု ကိရိယာများနှင့် ဝန်ဆောင်မှုများကို အသုံးပြုပါ။ အကြားအာရုံချို့ယွင်းခြင်း၏ မကောင်းသော အကျိုးသက်ရောက်မှုအချို့ကို သင့်လျော်သော ကိရိယာများနှင့် ဝန်ဆောင်မှုများကို သုံးခြင်းဖြင့် ဟန့်တားနိုင်သည်။ အကြားအာရုံပညာရှင်နှင့် ပုံမှန်တွေ့ဆုံ၍ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။

သင့်အကြားအာရုံကို ကာကွယ်ပါ။ နေ့စဉ်ဆူညံသံများသည် နားအတွင်းရှိ အာရုံခံအမွေးနုများကို ထိခိုက်ပျက်စီးစေနိုင်သည်။ အသံကျယ်ကြီးများသည် အကြားအာရုံကို လျှင်မြန်စွာထိခိုက်ပျက်စီးစေနိုင်ပြီး တိုးသောအသံများဖြစ်သည့်တိုင် အချိန်ကြာလာလျှင် ထိခိုက်ပျက်စီးစေနိုင်သည်။ ဂီတ၊ ယာဉ်ကြော၊ အားကစားပွဲများနှင့် မြက်ရိတ်စက်များ သို့မဟုတ် ဆောက်လုပ်ရေး ပစ္စည်းများ ကဲ့သို့သော ကျယ်လောင်သောအသံများကို ထိတွေ့ရာတွင် အတိုင်းအတာတစ်ခုထားရှိရန် ဂရုပြုပါ။

မိဘများအတွက်- မိမိကလေး၏ အန္တရာယ်ကို နားလည်သဘောပေါက်ထားခြင်း

အကြားအာရုံချို့ယွင်းခြင်းနှင့်ဆိုင်သော အန္တရာယ်အကြောင်းကို သင့်ဆရာဝန်နှင့် တိုင်ပင်ရန်အကူအညီဖြစ်မည့် အချက်များကို ဖော်ပြလိုက်ပါသည်။ cisplatin၊ carboplatin သို့မဟုတ် ဉီးနှောက် သို့မဟုတ် လည်ပင်းတို့တွင် ဓာတ်ရောင်ခြည် ပေးခြင်းခံရသော ကလေးများသည် ကုထုံးပြီးဆုံးပြီးနောက် ညွှန်ကြားထားသော နောက်ဆက်တွဲစစ်ဆေးချက်များနှင့်အတူ အကြားအာရုံစစ်ဆေးခြင်းကို အနည်းဆုံးတစ်ကြိမ်တော့ပြုလုပ်သင့်သည်။

အန္တရာယ်ရှိသောအချက်
  မိမိကလေးသည် cisplatinနှင့် carboplatin ကီမိုဆေးသွင်းခြင်းကုထုံးခံယူထားသည်။
  မိမိကလေးသည် ဦးခေါင်း သို့မဟုတ် လည်ပင်းတွင် ဓာတ်ရောင်ခြည် ကုထုံးခံယူထားသည်။
  မိမိကလေးသည် aminoglycoside ပဋိဇီဝဆေးများ (amikacin၊ gentamicin၊ tobramycin) သို့မဟုတ် erythromycin ဆေးများ သုံးထားသည်။
  မိမိကလေးသည် ဖြူရိုဆာမိုက်နှင့် အက်တာခရစ်နီ အက်ဆစ် ဖြစ်သော ဆီးရွှင်ဆေးများ သုံးထားသည်။
  မိမိကလေးသည် ကင်ဆာကုထုံးများ စတင်ချိန်တွင် အသက် ၄ နှစ်အောက်ဖြစ်နေခဲ့သည်။
  မိမိကလေးသည် လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ယခင်က အကြားအာရုံ ပြဿနာရှိနေခြင်း၊ နားရောဂါများ ထပ်တလဲလဲဖြစ်ခြင်း၊ ဉီးနှောက်အမြှေးရောင်ရောဂါရှိခြင်း၊ စကားလက်အဖျားရောဂါ သို့မဟုတ် ကျောက်ကပ်လုပ်ဆောင်မှု မကောင်းခြင်းစသည့် အခြားအန္တရာယ်ရှိသည့်အချက်များရှိနေသည်။

အကြားအာရုံချို့ယွင်းခြင်းအတွက် အန္တရာယ်ရှိသောအချက်များရှိသည့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ မူလဆရာဝန်နှင့် နှစ်စဉ်ဆေးစစ်ခြင်းများ ပြုလုပ်သင့်ပြီး အကြားအာရုံ စစ်ဆေးခြင်းများကို ပုံမှန်ဆက်လက် ဂရုစိုက်ဆောင်ရွက်၍ သေချာစွာလုပ်ဆောင်ရမည်။

 

အကြားအာရုံချို့ယွင်းခြင်းဆိုင်ရာ နောက်ထပ်အရင်းအမြစ်များ

---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ