အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အဒီနိုကော်တီကယ် အကျိတ်

အဒရီနိုကော်တီကယ်အကျိတ်ဆိုတာဘာလဲ။

အဒရီနိုကော်တီကယ်အကျိတ် (ACT) ဟာ အဒရီနယ်ဂလင်းရဲ့ရှားပါးအကျိတ်တစ်မျိုးဖြစ်ပါတယ်။ ဒီအကျိတ်တွေဟာ ရိုးရိုးအကျိတ်တွေကနေ အန္တရာယ်ရှိတဲ့ ပြန့်ပွားနိုင်တဲ့ကင်ဆာများအထိလည်း ရှိနိုင်ပါတယ်။ ACT အတွက် တခြားနာမည်တွေကတော့ အဒရီနိုကော်တီကယ်ကင်ဆာ၊ အဒရီနယ်အပြင်လွှာကင်ဆာ၊ အဒရီနိုကော်တီကယ်ဂလန်းတစ်ရှူးအကျိတ်၊ အဒရီနိုကော်တီကယ်ကာစီနိုမာတို့ဖြစ်ပါတယ်။

အဒရီနယ်ဂလင်းများဟာ ကျောက်ကပ်တစ်ခုစီရဲ့ထိပ်မှာတည်ရှိပါတယ်။ အဒရီနယ်ဂလင်းရဲ့ အပြင်ဘက်လွှာတွေကို အဒရီနယ်အပြင်လွှာလို့ ခေါ်ပါတယ်။ အဒရီနယ်ဂလင်းများဟာကော်တီဆော နဲ့ အယ်ဒေါစတီရုန်းလို ဟော်မုန်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ ဒီဟော်မုန်းတွေမှာ အရေးပါတဲ့လုပ်ဆောင်ချက်အမျိုးမျိုးရှိကြပြီး ပါဝင်တာတွေကတော့:

  • စွမ်းအင်အတွက် အဆီ၊ ပရိုတိန်းနဲ့ ကာဗွန်ဟိုက်ဒရိတ်စ်တွေကို ခန္ဓာကိုယ်ရဲ့အသုံးပြုပုံအား ထိန်းချုပ်ခြင်း၊
  • စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က စီမံဖြေရှင်းရာမှာ ကူညီပေးခြင်း၊
  • သွေးပေါင်ချိန်ကို ထိန်းပေးခြင်း၊
  • ခန္ဓာကိုယ်ထဲကပိုတက်ဆီယမ် ၊ ဆားနဲ့ ရေကို ထိန်းညှိပေးခြင်း၊
အဒရီနယ်ဂလင်းများဟာ ကျောက်ကပ်တစ်ခုစီရဲ့ ထိပ်မှာ တည်ရှိပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးဖြစ်စဉ်တွေကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။

အဒရီနယ်ဂလင်းများဟာ ကျောက်ကပ်တစ်ခုစီရဲ့ ထိပ်မှာ တည်ရှိပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးဖြစ်စဉ်တွေကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပါတယ်။

အဒရီနယ်အပြင်လွှာဟာလည်း အန်ဒရိုဂျင်နဲ့အက်စထရိုဂျင်လို့ခေါ်တဲ့ ကျားနဲ့မ လိင်ဟော်မုန်းပမာဏအနည်းငယ်ကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းတွေဟာ ကျားနဲ့မလက္ခဏာရပ်တွေရဲ့ ဖွံ့ဖြိုးမှုကို လွှမ်းမိုးပါတယ်။

အဒရီနိုကော်တီကယ်ကင်ဆာဟာ ကလေးတွေမှာ အလွန်ရှားပါတယ်။ ကလေးဘဝ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဖြစ်ပွားမှုများရဲ့ ဝ.၂% သာရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း ဖြစ်စဉ်သစ် ၂၅ ခုခန့်ရှိပါတယ်။

လူကြီးတွေမှာ အဒရီနိုကော်တီကယ်အကျိတ်ကို အဒရီနိုကော်တီကယ်ကာစီနိုမာ (အန္တရာယ်ရှိပြန့်ပွားနိုင်) သို့ အဒရီနိုကော်တီကယ်ဂလန်းတစ်ရှူးအကျိတ် (ကင်ဆာမဟုတ်သော အခြေအနေအယဉ်)အဖြစ် အမျိုးအစားခွဲခြားပါတယ်။ ဒါပေမယ့် ကလေးတွေမှာ အဒရီနိုကော်တီကယ်အကျိတ်အမျိုးအစားကို ဆုံးဖြတ်ဖို့ ခက်ခဲနိုင်ပြီး ရောဂါအန္တရာယ်ဖြစ်နိုင်မှုကို ခန့်မှန်းရခက်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် ACT ကုသမှုအစီစဉ်တွေမှာ ဒီလိုအကျိတ်တွေရဲ့ ကြည့်မြင်နိုင်တဲ့အန္တရာယ်ဖြစ်နိုင်ခြေကို အသိအမှတ်ပြုမှုအပေါ် မှီခိုရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အကျိတ်တစ်လုံးကို “ကာစီနိုမာ” သို့ မဟုတ်“ဂလန်းတစ်ရှူးအကျိတ်”အဖြစ် ကနဦးခွဲခြားမှုအပေါ် တင်းတင်းကြပ်ကြပ် မှီခိုခြင်းအစား စမ်းသပ်စစ်ဆေးမှုအပြင် အကျိတ်ရဲ့ဇီဝဖြစ်စဉ်ကို ထည့်သွင်းစဉ်းစားခြင်းပေါ်လည်း မှီခိုပါတယ်။

အဒရီနိုကော်တီကယ်အကျိတ်အတွက် ကုသမှုမှာ အကျိတ်နဲ့အဒရီနယ်ဂလင်းကို ဖယ်ရှားဖို့ ခွဲစိတ်ကုထုံး ပါဝင်လေ့ရှိပါတယ်။ ခွဲစိတ်ကုထုံးနဲ့ အကျိတ်ကို ပြီးပြည့်စုံစွာ ဖယ်ထုတ် ပြီး ကုသလို့ရနိုင်ခြေကောင်းတစ်ခုရှိပါတယ်။ ကင်ဆာက အဒရီနယ်ဂလင်းရဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတယ်ဆိုရင် ကုသမှုမှာ ဓာတုကုထုံးပါဝင်လာပါမယ်။

အဒရီနယ်ကော်တီကယ်အကျိတ်များ ဖြစ်ပွားရတဲ့အကြောင်းအရင်းများ

အဒရီနယ်ကော်တီကယ်အကျိတ်တွေဟာ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီကင်ဆာဟာ ငယ်ရွယ်တဲ့ကလေးတွမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ၁ နှစ်နဲ့ ၄ နှစ်ကြားမှာ ဖြစ်လေ့ရှိပါတယ်။

အချို့ မျိုးရိုးလိုက်သောအကြောင်းအရင်းတွေဟာ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး ACT ဖြစ်ပေါ်လာနိုင်ခြေဟာ မိသားစုထဲမှာ လက်ဆင့်ကမ်းလာနိုင်ပါတယ်။

အဒရီနိုကော်တီကယ်အကျိတ်လက္ခဏာများ

အဒရီနိုကော်တီကယ်အကျိတ်နဲ့ကလေးအများစုမှာ ဟော်မုန်းလွန်ကဲခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါလက္ခဏာများ ရှိတတ်ပါတယ်။ ကင်ဆာသာ သာမန်ထက်ပိုတဲ့ ဟော်မုန်းတွေကို ဖြစ်ပွားစေတယ်ဆိုရင် အလုပ်လုပ်နေသောACT လို့ ခေါ်ပါတယ်။ ကလေးတွေမှာ အဒရီနိုကော်တီကယ်အကျိတ်အများစု (၉၀%) ဟာ “အလုပ်လုပ်နေခြင်း'' ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေမှာ အဒရီနိုကော်တီကယ်အကျိတ်တစ်ဝက်ခန့်လောက်ဟာ “အလုပ်လုပ်နေခြင်း” တာဖြစ်ပါတယ်။

  • အန်ဒရိုဂျင် - ကလေးများရဲ့အဒရီနိုတီကယ်အကျိတ်မှာ အကျိတ်အများစုဟာ ပုံမှန်ကျားလိင်ဟော်မုန်း(အန်ဒရိုဂျင်း) ပမာဏထက် ပိုမြင့်တာကို ထုတ်လုပ်ပါတယ်။ ကောင်လေးတွေမှာ မျက်နှာနဲ့ ခန္ဓာကိုယ်အမွှေးအမျှင်များပြားလာခြင်း၊ ချိုင်းမွှေးနဲ့ဆီးခုံမွှေး စောစီးစွာကြီးထွားခြင်း၊ ခန္ဓာကိုယ်အနံ့၊ ဝက်ခြံနဲ့ အသံသြခြင်းအပါအဝင် စောစီးစွာ ပျိုဖော်ဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မိန်းကလေးတွေမှာ အန်ဒရိုဂျင်ပိုမှုဟာ မျက်နှာနဲ့ခန္ဓာကိုယ်အမွှေးအမျှင်ကြီးထွားခြင်းနဲ့ အသံသြမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးမိန်းကလေးတွေဟာလည်း သူတို့ရဲ့ဓမ္မတာလည်ပတ်မှုကို ဆုံးရှုံးရနိုင်ပါတယ်။
  • အက်စထရိုဂျင် - မဟော်မုန်း (အက်စထရိုဂျင်) ကို ပိုမိုထုတ်လုပ်တယ်ဆိုရင် မိန်းကလေးတွေဟာ ရင်သားဖွံ့ဖြိုးမှုနဲ့ ဓမ္မတာလာခြင်း(ရှားတယ်) အပါအဝင် ပျိုဖော်ဝင်မှုစောတဲ့လက္ခဏာတွေ ပြသနိုင်ပါတယ်။ ကောင်လေးတွေမှာ မ ဟော်မုန်းဟာ ရင်သားတစ်ရှုးကြီးထွားမှုကို ဖြစ်စေနိုင်ပါတယ်။
  • ကော်တီဆော - ကော်တီဆောဟာ အဒရီနယ်ဂလင်းအပြင်လွှာကထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုတုံ့ပြန်ခြင်းကို ထိန်းညှိရာမှာ အထောက်အကူပြုဖို့လုပ်ဆောင်ပါတယ်။ အဒရီနိုကော်တီကယ်အကျိတ်တွေဟာ ကော်တီဆောလွန်ကဲထုတ်လုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး ကူရှင်ဆင်ဒရုန်းလို့ခေါ်ဆိုတဲ့အခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။ ကော်တီဆောများလွန်းခြင်းလက္ခဏာတွေဟာ မျက်နှာဝိုင်းခြင်း၊ ခန္ဓာကိုယ်အလေးချိန်တက်ခြင်း၊ ပုံမှန်မဟုတ်တဲ့အဆီစုမှု(“ကျွဲကျောကုန်း”)ကြောင့် ကျောကုန်းအပေါ်ဘက်မှာ ဘို့တစ်ခုကြီးခြင်း၊ အကြောြပတ်ရာများ၊ သွေးတွင်းသကြားဓာတ်များခြင်းနှင့်နဲ့ သွေးတိုးခြင်းတွေ ပါဝင်ပါတယ်။
  • အယ်ဒေါစတီရုန် - အယ်ဒေါစတီရုန်းဟာ ကျောက်ကပ်လုပ်ဆောင်ချက်အတွက် အရေးပါတဲ့ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ရေ၊ ဆားနဲ့ ခန္ဓာကိုယ်က ပိုတက်ဆီယမ်တွေကို ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ အဒရီနိုကော်တီကယ်အကျိတ်တွေဟာ အယ်ဒေါစတီရုန်း လွန်ကဲစွာထုတ်လုပ်ခြင်းကြောင့် သွေးတိုးခြင်း၊ ရေဆာခြင်း၊ အားနည်းခြင်းနဲ့ ကြွက်တက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

အဒရီနိုကော်တီကယ်အကျိတ်ရဲ့ တခြားယေဘုယျလက္ခဏာတွေမှာ ပါဝင်တာတွေကတော့:

  • ဗိုက်(ဝမ်းဗိုက်)ထဲက အဖု (သို့) ရောင်ရမ်းခြင်း
  • ဝမ်းဗိုက် သို့ နောက်ကျောတွင် နာကျင်ခြင်း
  • ဝမ်းဗိုက်ကို အကျိတ်က ဖိထားတာကြောင့် ဗိုက်ပြည့်တဲ့ခံစားမှု။
ကလေးအဒရီနိုကော်တီကယ်အကျိတ်(ACT ) ရဲ့ ဟော်မုန်းဆိုင်ရာလက္ခဏာများ
အန်ဒရိုဂျင် မ ဟော်မုန်း ကော်တီဆော အယ်ဒေါစတီရုန်း
အန်ဒရိုဂျင် (သို့) အက်စထရိုဂျင်လွန်ကဲမှုဟာ ပျိုဖော်ဝင်မှု စောစီးတဲ့လက္ခဏာများ (သို့)
အဆိုပါအရ သက်ဆိုင်ရာလိင်ရှိသည့် ကလေးတွေဆီမှာ မမြင်ရတဲ့အပြောင်းအလဲများကိုထုတ်လုပ်ပါတယ်။
   
မျက်နှာနဲ့ခန္ဓာကိုယ်အမွှေးအမျှင်၊ဝက်ခြံ၊ အသံသြခြင်း၊ တိုးမြင့်ဖွံ့ဖြိုးမှုတို့လို ကျားလက္ခဏာများ
ရင်သားဖွံ့ဖြိုးမှုလို အမျိုးသမီးလက္ခဏာများ
လုံးဝန်းတဲ့ “လ” မျက်နှာ၊ သွေးတိုး၊ သွေးတွင်းသကြားဓာတ်မြင့်ခြင်း၊ကြီးထွားနှုန်းတန့်ခြင်း၊ ကျောကုန်းအပေါ်ဘက် အဆီဘို့ထွက်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်တက်ခြင်း
သွေးတိုး၊ ရေဆာ၊ ကြွက်တက် (သို့) အားနည်း

အဒရီနိုကော်တီကယ်အကျိတ်များကို စမ်းသပ်စစ်ဆေးခြင်း

အဒရီနိုကော်တီကယ် အကျိတ်များကို ပုံစံအမျိုးမျိုးနဲ့ ဆရာဝန်တွေက ရှာဖွေပါတယ်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • အဒရီနယ်အပြင်လွှာဟော်မုန်းထုတ်လုပ်မှုလွန်ကဲခြင်းလက္ခဏာများ၊ ယေဘုယျကျန်းမာရေး၊ ယခင်ဖျားနာမှုနဲ့ အကြောင်းအရင်းများကို သိဖို့ ကျန်းမာရေး မှတ်တမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုဟာ ဆရာဝန်တွေကို အထောက်အကူပြုပါတယ်။ ဆွေမျိုးရင်းချာတွေမှာဖြစ်တဲ့ ကင်ဆာတွေဟာ အမွေဆက်ခံဖြစ်နိုင်ခြေရှိကြောင်း ထောက်ပြနေတာကြောင့် မိသားစု မှတ်တမ်းကလည်း အရေးပါပါတယ်။ ကလေးတစ်ယောက်မှာ ACT စစ်ဆေးတွေ့ရှိတဲ့အခါ မိသားစုနဲ့ကလေးအတွက် မျိုးဗီဇစစ်ဆေးခြင်းနဲ့ ဆွေးနွေးလမ်းညွှန်မှု တွေရယူဖို့အကြံပြုပါတယ်။ တီပီ၅၃ မျိုးဗီဇလို ကင်ဆာဖြစ်နိုင်ခြေတွေကိုမြင့်တက်စေတဲ့ အချို့သန္ဓေပြောင်းခြင်းတွေကို ဆရာဝန်တွေက စစ်ဆေးပါလိမ့်မယ်။
  • သွေးနဲ့ဆီးတွင်းက ပစ္စည်းတွေကို ကြည့်ဖို့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေကိုလည်း သုံးပါတယ်။ ဆရာဝန်များသည် သွေးတွင်းရှိ ဂလူးကို့စ် နှင့် ပိုတက်ဆီယမ်၊ ဆိုဒီယမ်ကဲ့သို့သော ဓာတ်ဆားများ ပါဝင်မှုပမာဏများကို စစ်ဆေးကြည့်ပါမည်။ အဒရီနယ်ဟော်မုန်းရဲ့ သွေးနဲ့ဆီးအဆင့်တွေကို တိုင်းတာခြင်းဟာ အဒရီနယ်ဂလင်းချို့ယွင်းမှုကို စမ်းသပ်စစ်ဆေးရာမှာ ပထမအဆင့်ဖြစ်လေ့ရှိပါတယ်။
  • ပုံရိပ်စစ်ဆေးမှုတွေက အကျိတ်ရဲ့ကြီးထွားမှုကို ကြည့်ခြင်း၊ အသည်း၊ အဆုတ်၊ ပြန်ရည်ကျိတ်များနဲ့ အရိုးများလို တခြားနေရာတွေဆီ ပျံ့နှံ့ခြင်းရှိမရှိကို ရှာဖွေခြင်းနဲ့ အကျိတ်ကို ခွဲခြားခြင်းတွေမှာ အထောက်အကူပြုပါတယ်။ 
    • အာထရာဆောင်း သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများ၏ ပုံရိပ်ကို ဖမ်းရန် အသံလှိုင်းများကို အသုံးပြုပါသည်။ ဝမ်းဗိုက်အာလ်ထွာဆောင်းဟာ ကလေးတွေရဲ့ အဒရီနယ်ဂလင်းမှာ အကျိတ်ရှိမရှိကြည့်ဖို့ ဆရာဝန်တွေသုံးတဲ့ ပထမဆုံးစစ်ဆေးမှုတွေထဲက တစ်ခု ဖြစ်လေ့ရှိပါတယ်။ အကျိတ်ဟာ သွေးကြောစနစ်ထဲဝင်ရောက်ပြီးခြင်းရှိမရှိ ပြသပါတယ်။
    • သံလိုက်ဓာတ်သုံး ပုံဖော်နည်း(အမ်အာအိုင်) ဟာ ခန္ဓာကိုယ်အသေးစိတ်ဓာတ်ပုံများရိုက်ဖို့ ရေဒီယိုလှိုင်းများနဲ့ သံလိုက်များကို သုံးတာဖြစ်ပါတယ်။ အမ်အာအိုင်က ပြုလုပ်တဲ့ပုံရိပ်တွေဟာ အကျိတ်ရဲ့အမျိုးအစား၊ ရောဂါရဲ့ပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်လို့ အချက်အလက် ပိုပေးနိုင်ပါတယ်။ ဝမ်းဗိုက်အမ်အာအိုင်ကြောင့် ဆရာဝန်တွေဟာ အဒရီနယ်ဂလင်းနဲ့အကျိတ်ကို ကြည့်လို့ရနိုင်ပါတယ်။
    • ကွန်ပျူတာ တိုမိုဂရပ်ဖီ(CT စကန်) ဟာ ခန္ဓာကိုယ်တွင်းက တစ်ရှုးတွေနဲ့ အင်္ဂါတွေရဲ့ပုံရိပ်ကို ဖန်တီးဖို့ ဓာတ်မှန်ကို သုံးပါတယ်။ ထိုစက်သည် အလွန်အသေးစိတ်သည့် ပုံကို ရရှိရန် ပုံရိပ်များစွာကို ရိုက်ယူပါသည်။ ထိုပုံရိပ်များကို ခန္ဓာကိုယ်၏ အပိုင်းများအတွက် အတွဲလိုက်အဖြစ် ရိုက်ယူပြီး ကွန်ပျူတာတွင် သိမ်းထားပါသည်။ ဤအပိုင်းများ သို့မဟုတ် ဖြတ်ပိုင်းပုံများတွင် အလွန်သေးငယ်သည့် အကျိတ်များအား မြင်ရပါသည်။ အဆုတ်များကို အကျိတ်ပျံ့နှံ့ခြင်းရှိမရှိ ကြည့်ဖို့ ရင်ဘတ်CT စကန်ဟာ ဆရာဝန်တွေကို ကူညီနိုင်ပါတယ်။
    • ပေါ့ဆစ်ထရွန်အီမစ်ရှင်တိုမိုဂရက်ဖီ (ပီအီးတီစကန်) ဟာ ခန္ဓာကိုယ်ကို တွက်ချက်ပုံရိပ်ပြုလုပ်ဖို့ သွေးပြန်ကြောတစ်လျှောက် ရေဒီယိုသတ္တိကြွဂလူးကို့စ်(သကြား)ကို ပေးပြီး ပြုလုပ်ပါတယ်။ ဂလူးကို့စ်ဟာ ခန္ဓာကိုယ်တစ်လျှောက်သွားပြီး စွမ်းအင်အတွက်သကြားသုံးတဲ့ ဆဲလ်တွေက သူ့ကိုရယူလိုက်ပါတယ်။ ဒါဟာ တစ်ရှုးနဲ့အင်္ဂါအမျိုးမျိုးကို ကွန်ပြူတာမျက်နှာပြင်ပေါ်မှာ အရောင်ပုံရိပ်များလို ပေါ်လာစေပါတယ်။ ကင်ဆာဆဲလ်တွေဟာ တစ်ခါတစ်ရံမှာ တခြားဆဲလ်တွေထက် လျင်မြန်စွာ ပျံ့ပွားကြီးထွားပြီး သကြားများကို ပိုယူပါတယ်။ ဒါဟာ PET Scan မှာ အကျိတ်တွေကို ပိုမိုရှင်းလင်းစွာ မြင်နိုင်စေပါတယ်။ PET ဟာ CT Scan နဲ့ MRI တို့မှာ မပေါ်တဲ့ ခန္ဓာကိုယ်ရဲ့ နေရာတွေက ကင်ဆာတွေကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။
    • အရိုးScan ဟာ ခန္ဓာကိုယ်ပုံများကိုယူဖို့ အထူးစကန်နာသုံးတာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ ခန္ဓာကိုယ်တစ်လျှောက် သွေးတွင်းသွားလာမယ့် ရေဒီယိုသတ္တိကြွပစ္စည်းပမာဏအနည်းငယ်နဲ့ ထိုးဆေးတစ်မျိုးကို လူနာက လက်ခံရရှိမှာဖြစ်ပါတယ်။ အရိုးတွေထဲမှာ ဒီပစ္စည်းဟာ စုစည်းပြီး ကင်ဆာပျံ့နှံနိုင်တဲ့ နေရာတွေကို အထူးထင်ရှားအောင် ဖော်ပြပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုကို ACT ရှိတဲ့ကလေးတွေဆီမှာ အထူးသဖြင့် ပီအီးတီစကန်အသင့်ရရှိနိုင်တဲ့နေရာတွေမှာ သုံးလေ့မရှိပါ။
  • ဆဲလ်ထဲက ကင်ဆာလက္ခဏာများကို စစ်ဆေးဖို့နဲ့ ဟစ်စတိုလော်ဂျီကိုပိုမိုလေ့လာဖို့ အကျိတ်က တစ်ရှုးကိုလည်း စစ်ဆေးပါမယ်။ ရောဂါဗေဒပညာရှင်သည် ကင်ဆာဆဲလ်များ ရှိမရှိကို မိုက်ခရိုစကုပ်အသုံးပြုပြီး တစ်ရှူးနမူနာများကို ကြည့်ရှုသည်။ မိုက်ခရိုစကုပ်အောက်တွင် ဆဲလ်များ မည်သည့် ပုံစံရှိနေသည်ကို ရောဂါရှာဖွေမှု ပြုလုပ်ရန် အရေးကြီးပါသည်။ အကျိတ်ဟာ အန္တရာယ်ဘယ်လောက်ရှိနိုင်တယ်ဆိုတာကိုတွက်ချက်ဖို့လည်း ဒီအချက်အလက်ကို သုံးပါတယ်။ ပုံမှန်အားဖြင့် ခွဲစိတ်ကုထုံးမတိုင်ခင် အသားစထုတ်ယူစစ်ဆေးခြင်းပြုလုပ်ရန် မလိုပါ။ ဒီအစား အဒရီနယ်ဂလင်း ကို ဖယ်ရှားရန် ခွဲစိတ်မှု (အဒရီနယ်ဂလင်းခွဲထုတ်ခြင်း)ပြီးမှ တစ်ရှုးကို စစ်ဆေးတာ ဖြစ်ပါတယ်။

အဒရီကော်တီကယ်အကျိတ်အဆင့်ခွဲခြားခြင်း

အဒရီကော်တီကယ်အကျိတ်ရဲ့အဆင့် (သို့) ရောဂါအတိုင်းအတာဟာ အကြောင်းအရင်းအမျိုးမျိုးပေါ်မူတည်ပါတယ်:

  • အကျိတ်အရွယ်အစား
  • အကျိတ်ကို ခွဲစိတ်ကုထုံးနဲ့ လုံးဝဖယ်ရှားနိုင်ခြင်း
  • အကျိတ်ရဲ့ပျံ့နှံ့ပြီးမှု

အဒရီနိုကော်တီကယ်အကျိတ်နဲ့ လူနာတစ်ဝက်ကျော်ခန့်ဟာ စမ်းသပ်စစ်ဆေးစဉ်မှာ ပြန့်ပွားနိုင်တဲ့ရောဂါ ရှိပါတယ်။ ရောဂါပျံ့နှံ့ဆုံးနေရာတွေဟာ အသည်းနဲ့အဆုတ်ဖြစ်ပါတယ်။ ACT ဟာ ပြန်ရည်ကျိတ်များ၊ အရိုးများနဲ့ ဝမ်းဗိုက်တွင်းက တခြားနေရာများကိုလည်း ပျံ့နှံ့နိုင်ပါတယ်။

အဒရီနိုကော်တီကယ်အကျိတ်၏ ကုသမှုရလဒ်

ACT ကနေပြန်လည်ကောင်းလာမှုဟာ ခွဲစိတ်ကုထုံးနဲ့အကျိတ်ကိုလုံးဝဖယ်ရှားနိုင်ခြင်းရှိမရှိပေါ် မူတည်ပါတယ်။ ပြီးပြည့်စုံတဲ့ဖယ်ရှားမှု (သို့) ခွဲစိတ်ကာကင်ဆာအပြည့်အဝဖယ်ထုတ်မှုနဲ့ဆိုရင် ရှင်သန်နိုင်ခြေက ပိုမြင့်မားပါတယ်။ စောစီးစွာသိပြီး အောင်မြင်တဲ့ခွဲစိတ်မှုနဲ့ဆိုရင် အဒရီနိုကော်တီကယ်အကျိတ်အတွက် စုစုပေါင်းငါးနှစ်ကြာရှင်သန်မှုဟာ ၈၅% ဖြစ်ပါတယ်။ ပိုအဆင့်မြင့်မားတဲ့ကင်ဆာအတွက် ရှင်သန်နှုန်းဟာ ၄၀% အောက်ဖြစ်ပါတယ်။ လူနာတွေအားလုံးဟာ နယ်ပယ်စုံဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ရဲ့ အခြေအနေကို အချိန်မှန် စောင့်ကြည့်လေ့လာခြင်း ဂရုစိုက်မှု လိုအပ်ပါတယ်။

ကုသနိုင်ခြေကို လွှမ်းမိုးတဲ့အကြောင်းအရင်းတွေမှာ ပါဝင်တာကတော့:

  • အကျိတ်အရွယ်အစား
  • ကနဦးခွဲစိတ်ကုထုံးဟာ ကင်ဆာကိုလုံးဝဖယ်ရှားနိုင်ခြင်းရှိမရှိ၊
  • လူနာရဲ့အသက် (၃ နှစ်အောက် ငယ်တဲ့ကလေးတွေမှာ ကုသမှုရလဒ်က ပိုကောင်းပါတယ်။)၊
  • ဟစ်စတိုလော်ဂျီဆိုင်ရာလက္ခဏာများ၊
  • ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့တခြားအပိုင်းတွေဆီ ပျံ့နှံ့ခြင်းရှိမရှိ (အသည်း၊ အဆုတ်၊ အရိုး၊ ပြန်ရည်ကျိတ်များ)၊
  • အကျိတ်တွင်းအချို့မျိုးဗီဇတွေရဲ့ အပြောင်းအလဲ၊
  • ကင်ဆာပြန်လာခြင်းဟုတ်မဟုတ် (ပြန်လည်ဖြစ်ပွားခြင်း)

အဒရီနိုကော်တီကယ်အကျိတ်အတွက်ကုသမှု

ဟော်မုန်း အချိန်မှန် စောင့်ကြည့်လေ့လာခြင်းနဲ့ ကုထုံးဟာ အကျိတ်နဲ့ကုသမှုကြောင့် ပုံမှန်မဟုတ်တဲ့ဟော်မုန်းအဆင့်ရှိလူနာတွေကို အထောက်အကူဖြစ်နိုင်ပါတယ်။ လုပ်ဆောင်အကျိတ် (ဟော်မုန်းပိုများ) ကြောင့် ဟော်မုန်းမညီမျှမှုပြဿနာအချို့ကို သက်သာစေရေး (သို့)၊ အကျိတ် သို့ တခြားကုထုံးတွေက သက်ရောက်ခဲ့တဲ့ ဟော်မုန်းအဆင့်များကို ပြန်ဖြည့်တင်းရေးတို့အတွက် ဆေးဝါးများကိုပေးနိုင်ပါတယ်။

အဒရီနယ်ဂလင်းဖယ်ရှားမှု နဲ့/(သို့) မိုင်တိုတိန်းနဲ့ကုသမှု (သို့) ဟော်မုန်းထုတ်လုပ်မှုကို သက်ရောက်နိုင်တဲ့ တခြားဓာတုကုထုံးတို့ ပြီးနောက်မှာ လူနာဟာ ဟော်မုန်းအစားထိုးမှုလည်း လိုအပ်လာနိုင်ပါတယ်။ သွေးတိုးနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတဲ့ ပြဿနာတွေအပါအဝင် အဒရီနယ်ဟော်မုန်း နိမ့်မှုဟာ ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။

ACT ဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခုဖြစ်ပြီး ဘက်စုံဆေးဘက်ဆိုင်ရာအဖွဲ့မှာ ကလေးကင်ဆာအထူးကု၊ ကန့်လန့်ဖြတ်ပုံရိပ်ရယူခြင်း၊ ခွဲစိတ်မှု၊ ရောဂါဗေဒ၊ ကင်ဆာဓာတ်မှန်ဗေဒ၊ အတွင်းထုတ်ဂလင်းပညာ၊ အစာအဟာရ နဲ့ မျိုးဗီဇဆိုင်ရာဆွေးနွေးလမ်းညွှန်မှုတွေပါဝင်ဖို့အရေးကြီးပါတယ်။

ဒီလိုရှားပါးကင်ဆာစောင့်ကြည့်လေ့လာမှု မှတ်ပုံတင်ခြင်းကို ပါဝင်ဖို့ အသက် ၂၁ နဲ့ ၂၁ နှစ်အောက် ACT လူနာများအားလုံးကို ဖိတ်ခေါ်ထားပါတယ်:

နိုင်ငံတကာ ကလေးသူငယ်အဒရီနိုကော်တီကယ်အကျိတ် မှတ်ပုံတင်ခြင်း(IPACTR)

အဒရီနိုကော်တီကယ်အကျိတ်ပြီးနောက်ဘဝ

အဒရီနိုကော်တီကယ်အကျိတ်ဟာ ကလေးတွေမှာ အလွန်ရှားပါးတဲ့ကင်ဆာဖြစ်ပါတယ်။ ဒီကင်ဆာဖြစ်ပွားတဲ့ကလေးတွေဟာ ဟော်မုန်းအဆင့်တွေကိုစောင့်ကြည့်ထိန်းချုပ်ဖို့နဲ့ ကင်ဆာပြန်ဖြစ်မှုကို စောင့်ကြည့်ဖို့ ဆက်လက်ဂရုစိုက်မှု လိုအပ်ပါတယ်။

အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်အချိန်မှန် စောင့်ကြည့်လေ့လာခြင်း

ACT နဲ့ အတွင်းထုတ်ဂလင်းအချိန်မှန် စောင့်ကြည့်လေ့လာခြင်း (endocrine) လုပ်ဆောင်ချက်ကိုဟာ အရေးကြီးပါတယ်။ လုပ်ဆောင်နေတဲ့အကျိတ်နဲ့လူနာတွေဟာ အလွန်အကျွံထုတ်လုပ်မှုလက္ခဏာတွေကို ကုသဖို့ ဆေးဝါးလိုအပ်ပါတယ်။ အဒရီနယ်ဂလင်းလုပ်ဆောင်ချက်နိမ့်ရှိတဲ့လူတွေဟာ စိတ်ဖိစီးမှုကို တုံ့ပြန်ခြင်းအပါအဝင် ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိန်းညှိရာမှာ အထောက်အကူဖြစ်ဖို့ ဟော်မုန်းလိုအပ်ပါတယ်။

မျိုးဗီဇစစ်ဆေးခြင်းနဲ့ ဆွေးနွေးလမ်းညွှန်ခြင်း

အဒရီနိုကော်တီကယ်အကျိတ်နဲ့ကလေးတွေကို တီပီ၅၃မျိုးဗီဇ စစ်ဆေးသင့်ပါတယ်။ ဒီလိုမျိုးဗီဇဆဲလ်ပြောင်းလဲမှုနဲ့လူတွေဟာ Li-Fraumeni syndrome / မျိုးရိုးလိုက်ကင်ဆာရောဂါလို့ခေါ်တဲ့အခြေအနေတစ်ခုရှိပါတယ်။ သန္ဓေပြောင်းခြင်းရှိကြောင်းသိတဲ့လူနာတွေရဲ့ မိသားစုဝင်တွေကိုလည်း စစ်ဆေးသင့်ပါတယ်။ TP53မျိုးဗီဇဟာ ခန္ဓာကိုယ်တစ်လျှောက် ဆဲလ်တွေထဲမှာ တည်ရှိတာဖြစ်ပါတယ်။ ပြန့်ပွားခြင်းကြောင့်ဖြစ်လာတဲ့ ဆိုးဝါး (သို့) ပျက်စီးတဲ့ ဆဲလ်တွေကို ထိန်းထားမယ့် အကျိတ်ထိန်းချုပ်ပရိုတိန်းတစ်ခုပြုလုပ်ဖို့ ဆဲလ်တွေကိုပြောတာ ဖြစ်ပါတယ်။ “ဆိုးဝါး”ဆဲလ်တွေကို ရပ်တန့်ဖို့ အကြောင်းကြားမှုဟာ မှန်မှန်ကန်ကန်မလုပ်တာကြောင့် TP53 တွင်း အပြောင်းအလဲတစ်ခုဟာ အချို့ကင်ဆာများအတွက် လူတွေကို အန္တရာယ်အမြင့်မားဆုံးဖြစ်လာစေပါတယ်။ ဒီသန္ဓေပြောင်းခြင်းနဲ့လူတွေဟာ အတတ်နိုင်ဆုံး ဓာတ်ရောင်ခြည်ထိတွေ့မှုကို ရှောင်ရှားသင့်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေမြင့်တာကြောင့် တစ်သက်တာအချိန်မှန် စောင့်ကြည့်လေ့လာခြင်းက အရေးကြီးပါတယ်။

အဒရီနိုကော်တီကယ်၏နှောင်းပိုင်းသက်ရောက်မှုများအကျိတ်ကုထုံး

ယေဘုယျကျန်းမာရေးနဲ့ရောဂါကာကွယ်မှုအတွက် ကင်ဆာရှင်သန်သူအားလုံးဟာ ရွေးချယ်သင့်တာကတော့ကျန်းမာတဲ့ဘဝပုံစံ နဲ့ အစားအသောက်အလေ့အကျင့် အပြင် မိသားစုဆရာ၀န်ရဲ့ ရုပ်ပိုင်းစမ်းသပ်စစ်ဆေးမှုများကို ပုံမှန်ဆက်လက်ပြုလုပ်ပေးခြင်းဘဲဖြစ်ပါတယ်။ တစ်ကိုယ်လုံးအား ဓာတုဆေးဝါးများဖြင့် ကုသခြင်း သို့ ဓာတ်ရောင်ခြည်နဲ့ ကလေးဘဝ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာ နှောင်းပိုင်းသက်ရောက်မှု တွေအတွက် အနည်းဆုံး တစ်နှစ် စောင့်ကြည့်သင့်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူလေ့လာချက်အရ ရှင်သန်သူ ၂၅%ခန့်ဟာ ရောဂါစစ်ဆေးတွေ့ရှိပြီးနောက် ၂၅နှစ်ကြာတဲ့ထိ ဆိုးဝါးတဲ့နာတာရှည်ကျန်းမာရေးအခြေအနေတွေ ရှိဆဲဖြစ်ပါတယ်။ ဒီအခြေအနေတွေမှာ ပါဝင်တာတွေကတော့ ဒုတိယကင်ဆာများ (ဓာတ်ရောင်ခြည်ထိတွေ့ပြီးနောက် မြင့်မားလာတဲ့အန္တရာယ်)၊ သွေးစု နှလုံးပျက်စီးမှု ( ဒါဆိုရူဘစ်ဆင်)၊ မျိုးမပွားနိုင်ခြင်း သို့ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဖြစ်ပွားလာသော ရောဂါသစ်များ နဲ့ ကျောက်ကပ်ပျက်စီးမှု သို့ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါတို့ ဖြစ်ပါတယ်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018