အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19 အရင်းအမြစ်များနှင့် ဆေးရောင်ခြယ်စာအုပ်

အထူးသဖြင့် ကလေးကင်ဆာ လူနာများနှင့် ၎င်းတို့၏မိသားစုများအတွက် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်သည်။

COVID-19 အကြောင်း သင့်ကလေးကို ပြောပြနည်း၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနည်းနှင့် ကိုယ်ခံအားစနစ်များ အားနည်းသော ကလေးများနှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ် အသက်ရှင်လာသူများအတွက် COVID-19 ၏ သက်ရောက်မှုရှိပုံတို့အကြောင်း  အချက်အလက်များ ရှာဖွေလိုက်ပါ။

  • COVID-19 ခံစားနေရသူကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

    COVID-19 ခံစားနေရသူကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

    COVID-19 လူနာအများစုကို အိမ်တွင် ပြုစုစောင့်ရှောက်ပါမည်။ ဤကာလတွင် ရောဂါလက္ခဏာများကို ဆရာ၀န်၏ လမ်းညွှန်ချက်များနှင့်အညီ ကုသရန်၊ နာမကျန်းဖြစ်မှု ပိုမိုဆိုးရွားလာသည့် လက္ခဏာများကို စောင့်ကြည့်ရန်နှင့် အခြားသူများထံသို့ COVID-19 ပျံ့နှံ့ခြင်းကို တားဆီးရန် အရေးကြီးသည်။

    ပိုမိုသိရှိရန်
  • COVID-19 နှင့် ကင်ဆာဖြစ်နေသော ကလေးများ

    COVID-19 နှင့် ကင်ဆာဖြစ်နေသော ကလေးများ

    COVID-19 ကြောင့် ပြင်းထန်သော နေထိုင်မကောင်းဖြစ်နိုင်ခြေသည် ကလေးများတွင် နည်းပါးသည်ဟု ထင်ရသည်။ သို့သော် ကင်ဆာနှင့် ကင်ဆာကုသမှုများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားလျော့စေသည်။ COVID-19 အကြောင်းလေ့လာပါ။

    ပိုမိုသိရှိရန်
  • COVID-19 နှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ြဖတ်အသက်ရှင်လာသူများ

    COVID-19 နှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ြဖတ်အသက်ရှင်လာသူများ

    ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူတစ်ဦး အနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် သင့်အတွက် စိုးရိမ်ပူပန်စရာ နောက်တစ်ခု ဖြစ်နိုင်သည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူ အချို့သည် ၎င်းတို့တွင်ရှိသော ဆေးကုသမှုဆိုင်ရာ အခြေအနေအချို့ကြောင့် COVID-19 ၏ နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေ ပိုမိုများပြားနိုင်သည်။

    ပိုမိုသိရှိရန်
  • COVID-19 ကာကွယ်ဆေးများနှင့် ကလေး ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများ

    COVID-19 ကာကွယ်ဆေးများနှင့် ကလေး ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများ

    အကျုံးဝင်သည့် ကလေး ကင်ဆာကို ကျော်ဖြတ်အသက်ရှင်လာသူများအနေဖြင့် COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်သည်။ COVID-19 ကာကွယ်ဆေးများကို အသက် 6 လကျော်သည့် လူတိုင်းအတွက် ရရှိနိုင်သည်။

    ပိုမိုသိရှိရန်
  • နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း

    နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း

    ကိုရိုနာဗိုင်းရပ်စ်သည် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှ ထွက်လာသည့် သေးငယ်သောအမှုန်များမှတစ်ဆင့် အလွယ်တကူပျံ့နှံ့နိုင်သည်။ ကင်ဆာလူနာများနှင့် ကိုယ်ခံအားစနစ်များ အားနည်းနေသော အခြားသူများအတွက် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားခြင်းသည် အထူးသဖြင့် အရေးကြီးသည်။ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းအကြောင်းနှင့် ထိုအကြောင်းကို ကလေးများနှင့် ဆွေးနွေးပုံအား ပိုမိုလေ့လာပါ။

    ပိုမိုသိရှိရန်

ဆေးရောင်ခြယ်စာအုပ်နှင့် လှုပ်ရှားမှုစာအုပ်

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" ဆေးရောင်ခြယ်စာအုပ်

ဤဆေးရောင်ခြယ်စာအုပ်ကို ကလေးများအတွက် ဒေါင်းလုဒ်လုပ်ပြီး ပရင့်ထုတ်ပါ။ ကလေးများသည် ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်းကို ဖတ်ရှုနိုင်ပြီး စာမျက်နှာများကို ဆေးရောင်ခြယ်နိုင်သည်။

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" ဆေးရောင်ခြယ်စာအုပ်
ကိုရိုနာဗိုင်းရပ်စ် ဆေးရောင်ခြယ်စာအုပ်ကို ဒေါင်းလုဒ်လုပ်ပါ

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" လှုပ်ရှားမှု စာအုပ်

အသက်ပိုကြီးသော ကလေးများအတွက် ဤဆေးရောင်ခြယ်စာအုပ်ကို ဒေါင်းလုဒ်လုပ်ပြီး ပရင့်ထုတ်ပါ။ ကလေးများသည် ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်းကို ဖတ်ရှု၍ စာမျက်နှာများကို ဆေးရောင်ခြယ်နိုင်ပြီး စကားလုံး ပဟေဠိများ ကစားနိုင်သည်။

"ကိုရိုနာဗိုင်းရပ်စ်အကြောင်း လေ့လာခြင်း" လှုပ်ရှားမှု စာအုပ်
ကိုရိုနာဗိုင်းရပ်စ် လှုပ်ရှားမှု စာအုပ်ကို ဒေါင်းလုဒ်လုပ်ပါ

ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း နောက်ထပ်အချက်အလက်များ