အဓိကအကြောင်းအရာ skip

ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်း

အချို့ကလေးကင်ဆာ ရှင်သန်သူများတွင် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုများ၏ ရလဒ်အဖြစ် ကြီးထွားမှုဆိုင်ရာပြဿနာများ ဖြစ်ပေါ်တတ်သည်။

ကြီးထွားမှုဆိုင်ရာပြဿနာများ ဖြစ်ပေါ်ရခြင်းမှာ ကိုယ်တွင်းဟော်မုန်းစနစ်အတွင်း မှ အချို့ဂလင်းများသည် လုံလောက်သော ဟော်မုန်းပမာဏကို ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ 

ကိုယ်တွင်းဟော်မုန်းစနစ်သည်ဂလင်းအစုအဝေးတစ်ခုဖြစ်ပြီးကြီးထွားခြင်း၊စွမ်းအင်နှင့် ပျိုဖော်ဝင်ခြင်းကိစ္စရပ်များ ပါဝင်သည့် ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို ထိန်းချုပ်သည်။ ဤဂလင်းများသည် ဟော်မုန်းများကို သွေးကြောထဲသို့ ထုတ်လွှတ်ပေးပြီး ယင်းသွေးကြောက ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ကလာပ်စည်း (ဆဲလ်)များမှ တဆင့် အချက်အလက်များကို ပို့ဆောင်သည်။ အဆိုပါဟော်မုန်းများက အတူတကွ လုပ်ငန်းလုပ်ဆောင်ခြင်းအားဖြင့် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို မှန်ကန်စေပါသည်။

ကိုယ်တွင်းဟော်မုန်းစနစ်ဆိုင်ရာ ဂလင်းများ၏ ထိခိုက်ပျက်စီးမှု ဥပမာ - ကြီးထွားမှုဟော်မုန်းကို ထုတ်ပေးသည့် ပီကျူထရီဂလင်းကို ထိခိုက်ပါက ကလေး၏ ကြီးထွားမှုကို နှေးကွေးစေနိုင်ပြီး အရိုးနှင့် အရပ်အမြင့်အပေါ် ထိခိုက်မှုရှိစေနိုင်သည်။. ဖန်တီးပြုလုပ်ထားသော (လူလုပ်) ကြီးထွားမှုဟော်မုန်းက ဤပြဿနာကို ကုသပေးနိုင်သည်။ ဦးဏှောက်အတွင်း၌ တည်ရှိသော ပီကျူထရီဂလင်းကို "မာစတာဂလင်း" ဟုလည်းခေါ်ဆိုလေ့ရှိသည်။ ၎င်းသည် အခြားဂလင်းများဖြစ်သော သွိုင်းရိုက်၊ အက်ဒရီနယ်လင်းများ၊ မျိုးဥများ (အမျိုးသမီးများတွင်)နှင့် ဝှေးစေ့များ (အမျိုးသားများတွင်) ကိုလည်း ထိန်းချုပ်သောကြာင့် ဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှ ရှင်သန်သူများသည် အချို့ကင်ဆာကုသမှုများကြောင့် ကြီးထွားမှုနှင့် ဆိုင်သော ပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။ ဤပုံတွင် ကင်ဆာရောဂါကုဌာန ဝန်ထမ်းသည် ကင်ဆာရောဂါမှ ရှင်သန်သူတစ်ဦး၏ အရပ်အမြင့်ကို တိုင်းနေခြင်းဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှ ရှင်သန်သူများသည် အချို့ကင်ဆာကုသမှုများကြောင့် ကြီးထွားမှုနှင့် ဆိုင်သော ပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။

ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းကို ဖြစ်စေသော ကင်ဆာ ကုသမှုများ

  • အထူးသဖြင့် အလွန်ငယ်သော လူနာများတွင် အရွယ်ရောက်ပြီး အရပ်အမြင့်သို့ မရောက်မီ ကင်ဆာကုသမှု
  • ဓါတ်ကင်ခြင်း ပြုလုပ်မှု-
    • ဦးနှောက် (ဦးနှောက်နှင့် ဆိုင်သော)
    • မျက်လုံး သို့ မျက်လုံးအိမ် (မျက်လုံးနှင့် ဆိုင်သော)
    • နားရွက် သို့ ပါးရိုးများနောက်ရှိ မျက်နှာအလယ်ပိုင်းနေရာ (နားထင်အောက် နေရာ) 
    • အာခေါင်အပေါ်ရှိ နေရာ(နှာခေါင်းလည်ချောင်း
    • တစ်ကိုယ်လုံးအား ဓာတ်ရောင်ခြည်ကုထုံး ပြုလုပ်ခြင်း (TBI) 
  • အထူးသဖြင့် ပစ်ကျူထရီဂလင်းကို တွေ့နိုင်သော အလယ်ပိုင်းနေရာ (ဆပ်ပရာဆဲလာ) အား ပြုလုပ်သည့် ဦးနှောက်ခွဲစိတ်ကုထုံး
  • ပစ်ကျူထရီကလင်းကို တိုက်ရိုက်ထိခိုက်မှု ဖြစ်စေနိုင်သည့် ဦးနှောက်အလယ်ပိုင်း (ဆပ်ပရာဆဲလာ) အတွင်းမှ အကျိတ်ကြီးထွားမှု

လက္ခဏာများနှင့် ရောဂါလက္ခဏာများ

ကလေးများတွင် သိသာထင်ရှားသော ချို့တဲ့မှုလက္ခဏာမှာ ကြီးထွားမှုနှင့် အရပ်မြင့်နှုန်း နှေးခြင်းဖြစ်သည်။

အခြားလက္ခဏာများမှာ-

  • ပုံမှန်အသက်အရွယ်ထက် ကြီးထွားမှုနှုန်းနှေးကွေးခြင်း (ကြီးထွားမှုပြကားချပ် ဖြတ်မျဉ်းများ)
  • အသက်အရွယ်တူ ကလေးများထက် ပို၍သေးပြီး ငယ်သကဲ့သို့ ထင်ရသော်လည်း ခန္ဓာကိုယ်အချိုးအစားမှာ ပုံမှန်ပင်ဖြစ်သည်။

ကြီးထွားမှုနှင့် ‌ဟော်မုန်း ချို့တဲ့မှုဖြစ်သည့် အရွယ်ရောက်သူများသည်-

  • အရိုးများ ပါးလွှာခြင်း
  • ကြွက်သားသန်စွမ်းမှု လျော့နည်းကျဆင်းခြင်း
  • အထူးသဖြင့် ဝမ်းဗိုက်ပိုင်းတွင် ခန္ဓာကိုယ် အဆီများပြားလာခြင်း
  • သွေးတွင်းအဆီများနှင့် ကိုလက်စထရောအဆီများ ပုံမှန်မဟုတ်ခြင်း

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

သင်၏ရောဂါဖြစ်နိုင်ခြေများကို သိရှိအောင်ပြုလုပ်ပြီး သင့်ကျန်းမာရေးကို စောင့်ကြည့်ပါ

သင့်တွင် နှောင်းပိုင်း သက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ခြေကို သင်၏ကင်ဆာအထူးကုဆရာဝန်ထံတွင် မေးမြန်းပါ။

သင့်တွင် ရောဂါဖြစ်ပေါ်နိုင်သည့် အလားအလာများကိုသင်၏ ပင်မကျန်းမာရေးစောင့်ရှောက်ပံ့ပိုးသူ ဆရာဝန်အားအသိပေးပါ။ ကုသမှုအကျဉ်းချုပ်ဖော်ပြချက်ပါဝင်သည့် သင်၏ ရှင်သန်သူဂရုစိုက်မှုအစီအစဉ် မိတ္တူတစ်စောင် ပေးထားပါ။ 

နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။ ဤစစ်ဆေးမှုတွင် အရပ်အမြင့်နှင့် ကိုယ်အလေးချိန်တိုင်းတာမှု၊ ပျိုဖော်ဝင်မှုနှင့် အာဟာရအခြေအနေ အခြေအနေဆန်းစစ်ခြင်းတို့ပါဝင်သင့်သည်။

ကြီးထွားမှုဟော်မုန်း ချို့တဲ့ခြင်းဝေဒနာရှင်များသည် ဤရောဂါစိစစ်ရှာဖွေခြင်းကို ကြီးထွားမှုဖြစ်စဉ် ပြီးပြည့်စုံခြင်းမရှိမီအထိ ခြောက်လလျှင် တစ်ကြိမ် ခံယူသင့်သည်။

ဝေဒနာရှင်ထံတွင် ကြီးထွားမှုညံ့ဖျင်းသည့် လက္ခဏာများနှင့် ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက ကျန်းမာ‌ရေးစောင့်ရှောက်မှုဝန်ဆောင်မှုပေးသူသည်

  • အရိုး အသက်အရွယ် ကို သိရှိနိုင်ရန် လက်ကောက်ဝတ် ဓါတ်မှန် ကို ရိုက်ခိုင်းရမည်။
  • သွိုင်းရိုက်၏ လုပ်ငန်းလုပ်ဆောင်မှု နိမ့်ကျနေခြင်းကဲ့သို့သော ဖြစ်နိုင်ခြေရှိသော ကြီးထွားမှုပြဿနာများကို စစ်ဆေးပါ။
  • ၎င်းရှင်သန်သူကို ဟော်မုန်းပြဿနာများ အထူးပြုသည့် ဆရာဝန် (ဟော်မုန်းရောဂါအထူးကုဆရာဝန်) ထံသို့ ညွှန်းပို့ရမည်။

ကုသမှု

ကုသမှုတွင် ပုံမှန်အားဖြင့် ဖန်တီးပြုလုပ်ထားသော ကြီးထွားမှုဟော်မုန်း ကို နှစ်ရှည်ပေးလေ့ရှိသည်။ ဟော်မုန်းအထူးကုသည် မည်မျှအထိ ကြီးထွားမှုဖြစ်နိုင်သည်ဟူသော သတင်းအချက်အလက်ကို ပေးသင့်သည်။

ကြီးထွားမှုဟော်မုန်းချို့တဲ့နေသော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဝေဒနာရှင်များသည် အရပ်အမြင့်နှင့် ကိုယ်အလေးချိန်တိုင်းတာမှုပါဝင်သော ဤစစ်ဆေးမှုကို ကြီးထွားမှုဖြစ်စဉ် ပြီးပြည့်စုံခြင်း မရှိမှီ အထိ ခြောက်လလျှင် တစ်ကြိမ် ခံယူသင့်သည်။ ဤပုံတွင် ကင်ဆာရောဂါကုဌာန ဝန်ထမ်းသည် ကင်ဆာရောဂါမှ ရှင်သန်သူတစ်ဦး၏ ကိုယ်အလေးချိန်ကို တိုင်းတာနေခြင်းဖြစ်သည်။

ကြီးထွားမှုဟော်မုန်းချို့တဲ့နေသော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဝေဒနာရှင်များသည် အရပ်အမြင့်နှင့် ကိုယ်အလေးချိန်တိုင်းတာမှုပါဝင်သော ဤစစ်ဆေးမှုကို ကြီးထွားမှုဖြစ်စဉ် ပြီးပြည့်စုံခြင်းမရှိမီအထိ ခြောက်လလျှင် တစ်ကြိမ် ခံယူသင့်သည်။


တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ