၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးသည် တစ်ခါတစ်ရံတွင် အသက်ကြီးလာသည့်အခါ အမျိုးသားမျိုးဆက်ပွားဆိုင်ရာလုပ်ဆောင်ချက်များအပေါ် ထိခိုက်စေနိုင်သည်။
အောက်ပါအချက်တို့အပေါ်မူတည်၍ အကျိုးဆက်များဖြစ်လာနိုင်သည်-
ဝှေးစေ့များသည် ကပ်ပယ်အိတ်ဟုသိကြသော လျော့တိလျော့ရဲတွဲကျနေသည့် အိတ်ငယ်အတွင်းတွင်ရှိသည်။ ယောကျာ်းလေးများ လူပျိုဖော်ဝင်လာသည့်အခါ ဦးနှောက်အတွင်းရှိ ပစ်ကျူထရီဂလင်းသည် ဝှေးစေ့များအား သုတ်ပိုးနှင့် ဖိုဟော်မုန်းစတင်ထုတ်လုပ်ရန် ညွှန်ကြားပေးသည့် ဟော်မုန်းနှစ်ခုကို ထုတ်လွှတ်ပေးသည်။
သုတ်ပိုးသည် မမျိုးဥနှင့် မျိုးအောင်သောအခါတွင် အမျိုးသမီး၌ ကိုယ်ဝန်ရှိလာမည်ဖြစ်သည်။ ဖိုဟော်မုန်းသည်လည်း အမျိုးသားတစ်ဦး၏လုပ်ဆောင်ချက်များကို ထိန်းညှိပေးသည်။ ဥပမာ-
မျိုးပွားကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေရှိသည့် ယောကျ်ားလေးများအနေဖြင့် ကြီးထွားဖွံဖြိုးမှုနှင့် လူပျိုဖော်ဝင်ခြင်းဆိုင်ရာတိုးတက်မှုစစ်ဆေးခြင်းတို့ပါဝင်သည့်စစ်ဆေးမှုများကို နှစ်စဉ်လုပ်ဆောင်ရန် အရေးကြီးသည်။
မျိုးဆက်ပွားကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေရှိသည့် အမျိုးသားများအနေဖြင့် ၎င်းတို့၏ဟော်မုန်းအခြေအနေကို စစ်ဆေးသင့်သည်။ အဆိုပါစစ်ဆေးမှုတွင် FSH၊ LH နှင့်ဖိုဟော်မုန်းစသည်တို့၏ ပမာဏများကိုသိရှိစေသော သွေးစစ်ခြင်းတို့ပါဝင်နိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အဆိုပါဧရိယာများတွင် ပြဿနာတွေ့ရှိပါက သူ သို့မဟုတ် သူမသည် ကင်ဆာရောဂါမှလွတ်မြောက်လာသူကို
ဖိုဟော်မုန်းချို့တဲ့နေကြောင်းကို သံသယရှိပါက ကုသမှုအနေဖြင့် ဖိုဟော်မုန်းအစားထိုးခြင်းကုထုံး ပါဝင်နိုင်သည်။ ဖိုဟော်မုန်းကို အရေပြားကပ်ခွာများ၊ ထိုးဆေးများနှင့် သုတ်လိမ်းနိုင်သည့်ဂျယ်လ်ပုံစံတို့ဖြင့် အသုံးပြုနိုင်သည်။ မည်သည့်ကုထုံးပုံစံသည် အသင့်တော်ဆုံးဖြစ်မည်ကို အတွင်းထုတ်ဂလင်းဗေဒပညာရှင်တစ်ဦးမှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ကလေးမရနိုင်ခြေရှိသောကြောင့် စိုးရိမ်ပူပန်နေသော လိင်ပိုင်းဆိုင်ရာ အရွယ်ရောက်ပြီးသူအမျိုးသားများအနေဖြင့်သုတ်ပိုးစစ်ဆေးခြင်း ပြုလုပ်သင့်သည်။ သုတ်ပိုးအရေအတွက်နည်းနေပါက သို့မဟုတ် သုတ်ပိုးမတွေ့ပါက အမျိုးသားများအနေဖြင့် အဆိုပါစစ်ဆေးမှုကို ထပ်ခါထပ်ခါ လုပ်ဆောင်သင့်သည်။ အချိန်ကြာလာသည်နှင့်အမျှ သုတ်ပိုးအရေအတွက် ပြန်များလာနိုင်သည်။ ထို့အပြင် သုတ်ပိုးအရေအတွက်မှာလည်း တစ်ရက်နှင့်တစ်ရက် မတူညီတတ်ပါ။
အာမခံကုမ္ပဏီတိုင်း အဆိုပါစစ်ဆေးမှုအတွက်ကုန်ကျစားရိတ် ကျခံပေးမည်မဟုတ်ပါ။ မစစ်ဆေးမီ ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှထိုအချက်ကို မေးမြန်းထားသင့်သည်။
အမျိုးသားများတွင် မျိုးမအောင်ခြင်း သို့မဟုတ် သုတ်ပိုးအရေအတွက်နည်းခြင်းအတွက် ရွေးချယ်စရာကုသမှုများရှိသည်။ ကင်ဆာကုသမှုမခံယူမီ သုတ်ပိုးသိမ်းဆည်းထားသော အမျိုးသားများအနေဖြင့် ဖခင်ဖြစ်ရန်အဆင်သင့်ဖြစ်သည့်အခါ မျိုးအောင်ခြင်းဆိုင်ရာအထူးကုတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
သုတ်ပိုးအရေအတွက်အနည်းငယ်ဖြင့်ပင် ကိုယ်ဝန်ရနိုင်သောကြောင့် အမျိုးသားတွင်သုတ်ပိုးအရေအတွက်နည်းပါးနေသောကြောင့် ကိုယ်ဝန်မရနိုင်ဟု တစ်ထစ်ချမမှတ်ယူသင့်ပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈