အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Ifosfamide (အိုင်ဖော့စ်ဖမိုက်ဒ်)

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Ifex®

သည်အခြားအမည်များ:

Ifos

ကလစ်ဘုတ် သင်္ကေတ

အိုင်ဖော့စ်ဖမိုက်ဒ်ဆေးအကြောင်း

အိုင်ဖော့စ်ဖမိုက်ဒ်ဆေးသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။

အိုင်ဖော့စ်ဖမိုက်ဒ်ဆေးသည် ကျောက်ကပ်နှင့် ဆီးအိတ်တို့ကို ထိခိုက်စေနိုင်သည်။ အိုင်ဖော့စ်ဖမိုက်ဒ်ဆေးရရှိနေသောလူနာများသည် အရည်ပမာဏများများသောက်သင့်သည်။ ဆီးအိတ်ထိခိုက်နိုင်ခြေကိုလျော့ချပေးနိုင်ရန် လူနာများကို အကြောဆေးသွင်းပေးပြီး မက်စနာ ဟုခေါ်သည့်ဆေးတစ်မျိုးကိုလည်း ပေးထားပါလိမ့်မည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ ဆီးထဲတွင်သွေးပါ/မပါစစ်ဆေးနိုင်ရန် ဆီးစစ်ဆေးမည်ဖြစ်သည်။

iv bag icon

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • သွေးတွင်းရှိ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့ဖရပ်၊ သို့မဟုတ် ဆိုဒီယမ်ဓာတ်များ လျော့ကျသွားနိုင်သည်။
  • ကျောက်ကပ် သို့မဟုတ် ဆီးအိတ်ပြဿနာများ
  • ဆီးထဲသွေးပါခြင်း သို့မဟုတ် ဆီးသွားနေစဉ် ပူလောင်သလိုခံစားနေရခြင်း
  • အိပ်ငိုက်သလိုခံစားနေရခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးနေခြင်း
  • စိတ်အာရုံချောက်ချားခြင်း (အမှန်တစ်ကယ်မရှိသောအရာဝတ္ထုများကို တွေ့မြင်နေခြင်း) သို့မဟုတ် ရုတ်တရက်တက်ခြင်းများ
  • ဆံပင်ကျွတ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ထိုအခါ အလွယ်တကူ ရောဂါပိုးကူးစက်ခံရခြင်း၊ သွေးထွက်ခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်း စသည်တို့ ဖြစ်လာနိုင်သည်။)
  • အနာကျက်နှေးခြင်း
  • အရသာဆိုးရနေခြင်း
  • ဝမ်းလျှောခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း

အိုင်ဖော့စ်ဖမိုက်ဒ်ဆေးသွင်းသူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ အိုင်ဖော့စ်ဖမိုက်ဒ်ဆေးကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

  • အိုင်ဖော့စ်ဖမိုက်ဒ်ဆေးသောက်နေစဉ် အရည်ပမာဏများများသောက်ရန်နှင့် ကျောက်ကပ်နှင့် ဆီးအိတ်တို့ကို ဆေးချသည့်အနေဖြင့် ဆီးမကြာခဏသွားရန် အရေးကြီးသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ဤဆေးကြောင့် ပါးစပ်တွင်အရသာဆိုးဖြစ်စေနိုင်သည်။ ပီကေဝါးခြင်း သို့မဟုတ် ချိုချဉ်စားခြင်းအားဖြင့် အရသာဆိုးကို သက်သာစေနိုင်သည်။
  • ဆေးသွင်းနေစဉ် စပျစ်သီး သို့မဟုတ် ကမ္ဗလာသီး (အခါးဓာတ်ရှိသောလိမ္မော်သီး) တို့ကိုမစားပါနှင့်။ ထိုအသီးတို့ဖြင့်ပြုလုပ်ထားသော သစ်သီးဖျော်ရည်တို့ကိုလည်း မသောက်ပါနှင့်။
  • လိင်မှုကိစ္စတွင် အားသန်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။ 
  • ဆေးပေးပြီး ၄၈ နာရီကြာသည်အထိလူနာ၏ ခန္ဓာကိုယ်မှထွက်သောအရည်များတွင် ဆေးဓာတ်များပါဝင်နေနိုင်သောကြောင့် လူနာပြုစုစောင့်ရှောက်ပေးသူများအနေဖြင့် အဆိုပါအရည်တို့နှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ချက်များအတိုင်း လိုက်နာသင့်သည်။