အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

တမ်မိုဇိုလိုမိုက်ဒ်

Chemotherapy

ကုန်အမှတ်တံဆိပ်အမည်များ:

Temodar®

သည်အခြားအမည်များ:

TMZ

မကြာခဏအတှကျအသုံးပွု:

ဦးနှောက်အကျိတ်များ၊ တွယ်ဆက်တစ်ရှူးကင်ဆာ

ကလစ်ဘုတ် သင်္ကေတ

တမ်မိုဇိုလိုမိုက်ဒ်ဆေးအကြောင်း

တမ်မိုဇိုလိုမိုက်ဒ်ဆေးသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် ဆဲလ်များကြီးထွားနေမှုကို နှေးကွေး သို့ ရပ်တန့် သွားစေသည့် အာနိသင်ရှိသည်။ ကင်ဆာအမျိုးအစား၊ ကလေးအသက်အရွယ်နှင့် ဆေးအပေါ်ကင်ဆာရောဂါ၏တုံ့ပြန်မှု စသည့်အချက်တို့အပေါ်မူတည်၍ ဆေးသောက်ရမည့်အချိန်ဇယားနှင့် ဆေးပမာဏမှာ ပြောင်းလဲသွားနိုင်သည်။

လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။

tablet and capsule icon

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
iv bag icon

သွေးပြန်ကြောထဲသို့အကြောဆေးအနေဖြင့် သွင်းပေးနိုင်သည်။

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • သွေးအတွင်းရှိ သွေးဥဆဲလ် အရေအတွက်လျော့နည်းခြင်း (ကူးစက်ရောဂါဝင်ရောက်နိုင်ခြေမြင့်တက်ခြင်း၊ သွေးယိုစီးခြင်း၊ သွေးအားနည်းခြင်း နှင့်/သို့မဟုတ် နုံးခွေခြင်းများကို ဖြစ်စေနိုင်သည်)
  • ဆံပင်ကျွတ်ခြင်း
  • အရေပြားယားယံခြင်း၊ အနီကွက်ဖြစ်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ပါးစပ်တွင် အပူဖုကဲ့သို့ အနာများပေါက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အားမရှိခြင်း သို့မဟုတ် နုံးခွေခြင်း
  • ခေါင်းမူးဝေခြင်း
  • အသည်း ပြဿနာများ
  • အညိုအမည်းစွဲလွယ်ခြင်း

သွေးပြန်ကြောထဲသို့ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ အက်တိုပိုဆိုက်ဆေးကြောင့်ဖြစ်သော ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်ကြသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • တမ်မိုဇိုလိုမိုက်ဒ်ဆေးကို ၅ ရက်ဆက်တိုက်နေ့စဉ်သောက်ပြီးနောက် အချိန်ခဏတာ ဆေးသောက်ရပ်ထားပါမည်။ ထို့နောက် ၂၁-၂၈ ရက်တိုင်းတွင် နောက်တစ်ကြိမ် ထပ်ကြော့ပါမည်။
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို လျော့ပါးသက်သာစေမည့် ဆေးကို ဆရာဝန်က ညွှန်ကြားပေးနိုင်ပါသည်။
  • လိင်မှုကိစ္စတွင် အားသန်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • ပြုစုသူများသည် ဆေးကိုဘေးကင်းစွာ ကိုင်တွယ်ရန်နှင့် စွန့်ပစ်ရန် ညွှန်ကြားချက်များကို လိုက်နာသင့်သည့်အပြင် လူနာ၏ခန္ဓာကိုယ် မှအရည်များနှင့် ထိတွေ့ ခြင်း ရှောင်ကျဥ်သင့်သည်။ ၎င်းဆေးသည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် ၄၈ နာရီတိုင်အောင် လူနာ၏ခန္ဓာကိုယ်က ထွက်သော အရည်များတွင် ပါဝင်နေနိုင်သည်။

တမ်မိုဇိုလိုမိုက်ဒ်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဤဆေးကို များသောဖြင့်တစ်နေ့တစ်ကြိမ် သောက်ရလေ့ရှိသည်။ ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • ညအိပ်ချိန်တွင် အစာမစားဘဲနှင့် တမ်မိုဇိုလိုမိုက်ဒ်ဆေးကိုသောက်ခြင်းအားဖြင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်းမှကာကွယ်ပေးနိုင်သည်။
  • တမ်မိုဇိုလိုမိုက်ဒ်ဆေးသောက်ပြီးနောက် အကယ်၍သင့်ကလေးအန်ထွက်ပါက ဆရာဝန်တစ်ဦးဦးကို ပြောပြပါ။ တစ်နေ့မှာ ဆေးနှစ်ကြိမ်မသောက်ရ။
  • ဆေးတောင့်များကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးတောင့်များကို အတောင့်လိုက်သောက်ပါ။ မမျိုချမီ အမှုန့်ခြေခြင်း၊ ဝါးစားခြင်း သို့မဟုတ် ချိုးဖဲ့ခြင်း မပြုလုပ်ရ။ ရေဖန်ခွက်တစ်ခွက်အပြည့်ဖြင့် ဆေးသောက်ပါ။
  • အကယ်၍သင့်ကလေးအနေဖြင့် ဆေး‌တောင့်များကို မမျိုချတတ်ပါက၊ ဆေးမှုန့်များကို ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီးအနှစ်တို့ဖြင့်ရောစပ်၍ တိုက်နိုင်ပါသည်။ စောင့်ရှောက်ကုသပေးနေသည့်သူများအနေဖြင့် ဖွင့်ထားသောဆေးတောင့်များကိုကိုင်တွယ်သည့်အခါ လက်အိတ်စွပ်ထားပါ။
  • မှန်ကန်တဲ့ဆေးပမာဏဖြစ်စေရန် ဆေးတောင့်များကို ‌ပေါင်းစပ်ရနိုင်သည်။ ဆေးတောင့် တစ်မျိုးချင်းစီ၏ပုံစံနဲ့ ဆေးဘယ်နှစ်တောင့်သောက်ရမလဲဆိုတာကိုလဲ သေချာသိရှိအောင် လုပ်ထားပါ။
  • ဆေးသောက်ရန်မေ့သွားပါက နောက်တစ်ကြိမ်ဆေးသောက်သည့်အခါတွင် ဆေးပမာဏ ၂ ဆပေါင်း၍ မသောက်ပါနှင့်။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။