ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ဝမ်းချုပ်ခြင်းသည် ဝမ်း (အီအီး) မာနေသော၊ သွားရန်ခက်ခဲနေသော၊ သို့မဟုတ် အစာခြေလမ်းကြောင်းမှ အလွန်နှေးကွေးစွာ ရွေ့လျားနေသော အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းချုပ်ခြင်းသည် ကင်ဆာများနှင့် သွေးရောဂါများကဲ့သို့ ပြင်းထန်သော ကလေးဘဝဖျားနာခြင်းများအတွက် ကုသမှုအချို့၏ အဖြစ်များသည့် ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။
စားနေကျအစားအစာပြောင်းလဲခြင်းများ၊ အရည်များများသောက်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားခြင်းတို့သည် ဝမ်းချုပ်ခြင်းကို စီမံကိုင်တွယ်ရန် ကူညီပေးနိုင်သည်။ သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့သည်လည်း အကူအညီပေးရန် ဆေးဝါးများကို အကြံပြုပေးနိုင်သည်။
လူတိုင်း၏ ဝမ်းသွားသည့်အလေ့အထမှာ မတူညီကြပါ။ သို့သော် ယေဘုယျအားဖြင့် သင့်ကလေးသည် တစ်ပတ်လျှင် ဝမ်းသွားခြင်း 3 ကြိမ်နှင့်အထက် ရှိသင့်ပါသည်။
ဝမ်းချုပ်ခြင်းရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-
ဝမ်းချုပ်ခြင်းကိုအတည်ပြုနိုင်ရန် သင့်ကလေးသည် ဆေးစစ်မှုတစ်ခု လိုအပ်နိုင်သည်။ ဆေးစစ်မှုတွင် ကျန်းမာရေးမှတ်တမ်း၊ ဝမ်းဗိုက်ခံစားချက်၊ ဓာတ်ခွဲခန်းစစ်ဆေးမှုများ၊ သို့မဟုတ် ပုံရိပ်ဖော်စစ်ဆေးမှုများ ပါဝင်နိုင်သည်။
အပြင်းအထန်ဖျားနာသော ကလေးများတွင် အကြောင်းအချက်များစွာသည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည်။
ဝမ်းချုပ်ခြင်းသည် အသုံးများသော ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။
အသုံးများသော ဆေးတစ်ချို့မှာ codeine (ကိုးဒင်း)၊ fentanyl (ဖန်းတနိုင်းလ်)၊ hydrocodone (ဟိုက်ဒရိုကိုဒုန်း)၊ methadone (မီသာဒုန်း)၊ morphine (မော်ဖင်း)နှင့် oxycodone (အောက်ဆီကိုဒုန်း)တို့ ဖြစ်ကြသည်။
ဘိန်းကဲ့သို့သောဆေးများသည် အောက်ပါတို့ကို ဖြစ်နိုင်သည်-
သင့်ကလေးကို ဘိန်းကဲ့သို့သောဆေးကိုသောက်ရန် ညွှန်ကြားထားလျှင် သင့်ကလေး၏ပြုစုကုသရေးအဖွဲ့သည် ဝမ်းနုတ်ဆေးတစ်မျိုးကို အကြံပြုပေးနိုင်သည်။
ယေဘုယျအားဖြင့် မပြင်းထန်သော ဝမ်းချုပ်ခြင်းကို ရေများများသောက်ခြင်း၊ အမျှင်ဓာတ်များများစားခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှု တိုးမြှင့်ခြင်းတို့ကဲ့သို့ စားနေကျအစားအစာနှင့် ဘဝပုံစံပြောင်းလဲမှုများဖြင့် ဦးစွာကုသပေးသည်။
ကုသမှု၏ နောက်တစ်ဆင့်သည် ဝမ်းသွားခြင်းကိုအားပေးသော ဆေးဝါးဖြစ်နိုင်သည်။
ဝမ်းနုတ်ဆေးများသည် ဝမ်းချုပ်ခြင်းကို သက်သာစေသော ဆေးဝါးများဖြစ်သည်။ သင့်ကလေးသည် ၎င်းဆေးများကို ပါးစပ်ဖြင့် သောက်ရနိုင်သည်။ သို့သော် သင့်ကလေး၏ဆရာဝန်သည် ဝမ်းချူခြင်း သို့မဟုတ် စအိုထဲထည့်ရသော ဆေးတောင့်ကိုလည်း ညွှန်ကြားနိုင်ပါသည်။
ဝမ်းနုတ်ဆေးများစွာကို ဆရာဝန်ညွှန်ကြားစာမလိုဘဲ ဝယ်ယူရရှိနိုင်သည်။ သင့်ကလေးအား မည်သည့်ဆေးဝါးကိုမဆို မသောက်ခိုင်းမီ ပြုစုကုသရေးအဖွဲ့နှင့် တိုင်ပင်ပြောဆိုပါ။
ကင်ဆာကုသနေစဉ်တွင် ပျို့ခြင်း၊ စားသောက်ချင်စိတ်မရှိခြင်း၊ နုံးခွေခြင်းစသည့် လက္ခဏာတို့ကြောင့် ကယ်လိုရီပြည့်ဝရန်နှင့် အမျှင်ဓာတ်များသော အစားအစာတို့ကို လုံလောက်စွာ စားသောက်ရန်မှာ လူနာများအတွက် အခက်အခဲဖြစ်စေသည်။ ဝမ်းချုပ်ခြင်းသက်သာစေရန် စားသောက်ပုံပြောင်းလဲသည့် နည်းလမ်းတစ်ချို့မှာ-
ဘေးထွက်ဆိုးကျိုးများ လျော့ပါးသက်သာစေရန် အာဟာရအကြံပြုချက်များကို ထပ်မံလေ့လာပါ။
—
Together သည် ဤဆောင်းပါးအတွင်း ဖော်ပြထားသော မည်သည့်တံဆိပ်ရှိ ထုတ်ကုန်များကိုမှ ထောက်ခံအတည်ပြုခြင်းမရှိပါ။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ၊ 2022 ခုနှစ်