အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မက်သာဒုန်း

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Dolophine®, Methadose™

သည်အခြားအမည်များ:

Methadone hydrochloride

မကြာခဏအတှကျအသုံးပွု:

နာကျင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

မက်သာဒုန်းဆေးအကြောင်း

မက်သာဒုန်းဆေးသည် နာကျဉ်မှုသက်သာစေရန် အသုံးပြုသည့် အချိန်ကြာကြာအာနိသင်ပေးနိုင်သော ဘိန်းဆေး တစ်မျိုး ဖြစ်သည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။

ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။ မိသားစုများအနေဖြင့် အသုံးပြုထားသည့်ဆေးပမာဏများကို မှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ ဆရာဝန်အနေဖြင့် နာကျင်မှုသက်သာစေရန် သင့်တော်သည့်ဆေးပမာဏကို ချိန်ဆပေးနိုင်မည် ဖြစ်သည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
IV အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးဝေခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အသက်ရှူနှုန်း ပုံမှန်ထက် ပိုနှေးကွေးသွားခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းများ
  • စိတ်ပြောင်းလဲလွယ်ခြင်း (ပုံမှန်အခြေအနေထက် ပို၍ ဝမ်းနည်း သို့ ဝမ်းသာနေတတ်ခြင်း)
  • အာခြောက်ခြင်း
  • သတိလစ်ခြင်း
  • ဆီးသွားသည့်အခါတွင် ပြဿနာဖြစ်ခြင်း

မက်သာဒုန်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အထက်တွင်ဖော်ပြခဲ့သောဘေးထွက်ဆိုးကျိုးတစ်ခုခုကို လူနာများခံစားနေရပါက မက်သာဒုန်းဆေးသောက်ပြီး ရက်အနည်းငယ်ကြာပြီးနောက် ထိုလက္ခဏာများသက်သာသွားသင့်သည်။ ဤဆေးသောက်နေစဉ် ဘေးထွက်ဆိုးကျိုးများမှာပိုဆိုးလာပါက ဆရာဝန်ကိုပြောပြပေးပါ။
  • ဤဆေးကိုပုံမှန်သောက်နေပါက ဝမ်းချုပ်ခြင်းကိုကာကွယ်ရန် လူနာများအနေဖြင့် အရည်များများသောက်ပေးနှင့် အမျှင်ဓာတ်များများစားပေးသင့်သည်။ လူနာဝမ်းမသွားသည်မှာ ၃ ရက်မှ ၅ ရက်အထိကြာလာပါက စောင့်ရှောက်သူအဖွဲ့ကို အသိပေးပါ။ ဝမ်းချုပ်ခြင်းသက်သာစေရန် လူနာများအနေဖြင့် ဝမ်းပျော့ဆေး သို့ ဝမ်းနှုတ်ဆေးသောက်ရန် လိုအပ်နိုင်သည်။
  • အကယ်၍လူနာများအနေဖြင့် ဤဆေးကို ပုံမှန် သို့ အချိန်ကြာမြင့်စွာအသုံးပြုနေပါက၊ ဆရာဝန်၏ ညွှန်ကြားမှုမရဘဲ ဆေးအသုံးပြုခြင်းကို ရပ်မပစ်သင့်ပါ။ ထိုကဲ့သို့သောအချိန်တွင် ရုတ်တရတ်ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း သို့ ဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများကို စောင့်ကြည့်ထားပါ။ အဆိုပါ‌ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်ကိုချက်ချင်းအကြောင်းကြားပေးပါ။ ဖြစ်နိုင်သည့်အကြောင်းတစ်ခုမှာ ဆေးပမာဏကို လျင်လျင်မြန်မြန်လျော့ချမိလိုက်သောကြောင့် ဖြစ်နိုင်သည်။
  • လူနာများကိုယ်ဝန်ရှိနေပါက၊ ကလေးယူရန်အစီအစဉ်ရှိပါက သို့ နို့တိုက်နေပါက ဆရာဝန်အား ပြောပြထားသင့်သည်။

မက်သာဒုန်းဆေးကိုအိမ်တွင်အသုံးပြုခြင်း-

  • လမ်းညွှန်ပေးထားသည့် ဆေးပမာဏထက်ကျော်လွန်၍သောက်ခြင်း သို့ အကြိမ်‌ရေပိုသောက်ခြင်း မပြုရ။
  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • အကယ်၍ အစာအိမ်ပြဿနာရှိလာပါက မက်သာဒုန်းဆေးကို အစားစားပြီးမှသောက်ပါ။
  • မက်သာဒုန်းဆေးရည်ဖြစ်ပါက ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။ ဆေးပမာဏရရှိစေရန် သေချာစွာတိုင်းတာပါ။
  • ရေတွင်ပျော်ဝင်နိုင်သောဆေးပြားများကိုရေနှင့် ဖျော်ရည်ထဲထည့်လိုက်ပါ။ ဆေးပျော်ဝင်သွားပြီးမှ သောက်ပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ တစ်ချို့သောဆေးဖော်မြူလာများတွင် အလင်းရောင်မထိမိစေရန် ကာကွယ်ထားရန်လိုအပ်နိုင်သည်။ ဆေးဆိုင်မှပေးလိုက်သည့် လမ်းညွှန်ချက်များအတိုင်းလိုက်နာပါ။
  • ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ ဆေးကိုတလွဲအသုံးပြုနေသော လက္ခဏာတို့ကို စောင့်ကြည့်နေပါ။
  • ဤဆေးကို အခြားသူများကိုမျှဝေပေးခြင်းမပြုရ။ သို့မဟုတ် ဆရာဝန်ညွှန်ပေးသည့်မှအပ အခြားအကြောင်းပြချက်များအတွက် မပေးရ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကို လိုက်နာပါ။