အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

NGပြွန် နှင့် NJ ပြွန်တို့ကို နေရာချခြင်း

အစာထည့်သည့်ပြွန်တစ်ခုကို နှာခေါင်းမှတဆင့် နေရာချခြင်းသည် ကင်ဆာရောဂါရှိသောကလေးများတွင် လုပ်လေ့ရှိသည့် လုပ်ငန်းစဉ်တစ်ခု  ဖြစ်ပါသည်။ ပိန်ပိန်ပါးပါး၊ ကွေးလွယ်ဆန့်လွယ်သော အခေါင်းပေါက်ပါသည့်ပြွန်ကို နှာခေါင်းမှတဆင့်ဖြတ်၍ အစာမျိုလမ်းကြောင်းတလျှောက်ဆင်းသွားကာ အစာအိမ်တွင်း (NG tube) သို့မဟုတ် အူသိမ်အတွင်း (NJ သို့မဟုတ် ND tube) ထည့်ပါသည်။ ယင်းက အစာထည့်ပြွန်မှတဆင့် အာဟာရအထောက်အပံ့နှင့် ဆေးများထည့်ပေးနိုင်စေသည်။ နှာခေါင်းမှ အစာအိမ်တွင်းထည့်သည့်ပြွန်များကို အစာအိမ်တွင်းရှိ လေ သို့မဟုတ် အခြားအရာများကို ဖယ်ရှားရာတွင်လည်း အသုံးပြုနိုင်ပါသည်။

အကယ်၍ အစာထည့်ပြွန်ကိုမေ့ဆေး အသုံးပြုပြီး နေရာချပါက လူနာများအ​နေဖြင့် လုပ်ထုံးလုပ်နည်းမစတင်မီ သီးခြားအချိန်ပမာဏတစ်ခုအတွက် ဘာကိုမှ မစားမသောက်သင့်ပါ။ ယင်း NPO လမ်းညွှန်များကို လိုက်နာရန် အလွန်အရေးကြီးပါသည်။ လူနာများအနေဖြင့် လုပ်ထုံးလုပ်နည်း လုပ်အပြီးတွင်လည်း NPO လမ်းညွှန်များ ရရှိနိုင်ပါသည်။

နှာခေါင်းမှ အစာထည့်ပြွန်များ၏ နောက်ဆက်တွဲရှုပ်ထွေးမှုများ

ကလေးအတော်များများတွင် NG နှင့် အခြား နှာခေါင်းပြွန်များသည် ကင်ဆာစောင့်ရှောက်မှုအတွက် အရေးကြီးသောအပိုင်းတစ်ခု ဖြစ်ပါသည်။ နေရာချထားစဉ် ဘေးအန္တရာယ်များတွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း၊ မေ့ဆေးနှင့်ပတ်သက်သည့် ပြဿနာများရှိခြင်း နှင့် အစာချေလမ်းကြောင်းတွင်းရှိ အရာများကို ထိခိုက်ဒါဏ်ရာရစေခြင်းတို့ ပါဝင်ပါသည်။ ဆက်လက်လုပ်ဆောင်ရန် ဘေးမကင်းပါက လုပ်ထုံးလုပ်နည်းကို ရပ်လိုက်ရမည့် ဖြစ်နိုင်ချေလည်းရှိပါသည်။ တစ်ခါတစ်ရံ၌ စောင့်ရှောက်ရေးအဖွဲ့က ကလေးအနေဖြင့် အစာသွင်းပိုက်ကို ခွဲစိတ်ပြီးနေရာချရန် လိုအပ်သည်ဟု ဆုံးဖြတ်နိုင်ပါသည်။

လုပ်ထုံးလုပ်နည်း လုပ်အပြီးတွင် ဖြစ်လေ့ရှိသော NG ပြွန် များ၏ နောက်ဆက်တွဲရှုပ်ထွေးမှုမှာ တိပ်ကြောင့် သို့မဟုတ် ပြွန်ကဖိခြင်းကြောင့် နာကျင်ခြင်း နှင့် အရေပြား သို့မဟုတ် နှာခေါင်း ကျိန်းစပ်ယားယံခြင်း တို့ဖြစ်သည်။ အခြားပြဿနာများတွင် ပြွန်က နေရာချထားရာမှ ရွေ့သွားခြင်း၊ ပြွန်ပိတ်ခြင်း၊ အစာ​ချေ ပြဿနာများရှိခြင်း၊ နှင့် ကူးစက်ရောဂါဝင်ခြင်းတို့ ပါဝင်သည်။

ဆိုးဝါးသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများမှာ ရှားပါးပါသော်လည်း ဖြစ်တတ်ပါသည်။ မေးခွန်းများ သေချာမေးပြီး စောင့်ရှောက်ရေးအဖွဲ့မှပေးသော လမ်းညွှန်များအားလုံးကို သေချာလိုက်နာပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်