အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အောက်ဆီကိုဒုန်း

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Oxaydo®, OxyContin®, Roxicodone®, Xtampza® ER

သည်အခြားအမည်များ:

Oxecta, Oxycodone HCl, Oxycodone Hydrochloride, RoxyBond

မကြာခဏအတှကျအသုံးပွု:

နာကျင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

အောက်ဆီကိုဒုန်းဆေးအကြောင်း

အောက်ဆီကိုဒုန်းဆေးသည် ဘိန်းကဲ့သို့သောဆေးတစ်မျိုးဖြစ်ပြီးနာကျင်မှုသက်သာစေရန် အသုံးပြုသည်။

အောက်ဆီကိုဒုန်းဆေးတွင် အချိန်တိုတိုနှင့် အချိန်ကြာကြာအာနိသင်ပေးနိုင်သောပုံစံများရှိသည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။ မိသားစုများအနေဖြင့် အသုံးပြုထားသည့်ဆေးပမာဏများကို မှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ ဆရာဝန်အနေဖြင့် နာကျင်မှုသက်သာစေရန် သင့်တော်သည့်ဆေးပမာဏကို ချိန်ဆပေးနိုင်မည် ဖြစ်သည်။

တစ်ချို့ဆေးများတွင် အောက်ဆီကိုဒုန်းနှင့် အက်စီတာမင်နိုဖန် (Percocet®, Endocet®) ဆေးနှစ်မျိုးပေါင်းပါဝင်နိုင်သည်။

ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။

အောက်ဆီကိုဒုန်းဆေးပမာဏဘယ်လောက်များများပေးရမလဲဆုံးဖြတ်ပေးရန် သင်ခန္ဓာကိုယ်ရှိအင်ဇိုင်းများ၏ အလုပ်လုပ်ပုံကိုသိစေရန် မျိုးရိုးဗီဇစစ်ဆေးမှုတစ်ခုကို ပြုလုပ်နိုင်သည်။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
tablet and capsule icon

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
liquid dropper icon

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးဝေခြင်း
  • အာခြောက်ခြင်း
  • အသက်ရှူနှုန်း ပုံမှန်ထက် ပိုနှေးကွေးသွားခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းများ
  • စိတ်ပြောင်းလဲလွယ်ခြင်း (ပုံမှန်ထက် ပိုဝမ်းနည်း သို့မဟုတ် ပိုဝမ်းသာသလိုခံစားနေခြင်း)
  • သတိလစ်ခြင်း
  • ဆီးသွားရာတွင် ပြဿနာဖြစ်ခြင်း

အောက်ဆီကိုဒုန်းဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အကယ်၍လူနာများအနေဖြင့် အထက်တွင်ဖော်ပြခဲ့သော ဘေးထွက်ဆိုးကျိုးများထဲမှ တစ်ခုခုကိုခံစားနေရပါက အောက်ဆီကိုဒုန်းအသုံးပြုပြီး ရက်ပေါင်းအနည်းငယ်အကြာတွင် သက်သာသွားနိုင်သည်။ ဤဆေးသောက်နေစဉ် အကယ်၍ဘေးထွက်ဆိုးကျိုးများပိုဆိုးလာပါက ဆရာဝန်ကိုအသိပေးပါ။
  • အကယ်၍ ဤဆေးကိုပုံမှန်အသုံးပြုနေပါက ဝမ်းချုပ်ခြင်းသက်သာစေရန် လူနာများအနေဖြင့် အရည်နှင့် အမျှင်ဓာတ်များများသောက်ပေး/စားပေးသင့်သည်။ လူနာဝမ်းမသွားသည်မှာ ၃ ရက်မှ ၅ ရက်အထိကြာလာပါက စောင့်ရှောက်သူအဖွဲ့ကို အသိပေးပါ။ ဝမ်းချုပ်ခြင်းသက်သာစေရန် လူနာများအနေဖြင့် ဝမ်းပျော့ဆေး သို့ ဝမ်းနှုတ်ဆေးသောက်ရန် လိုအပ်နိုင်သည်။
  • အကယ်၍လူနာများအနေဖြင့် ဤဆေးကို ပုံမှန် သို့ အချိန်ကြာမြင့်စွာအသုံးပြုနေပါက၊ ဆရာဝန်၏ ညွှန်ကြားမှုမရဘဲ ဆေးအသုံးပြုခြင်းကို ရပ်မပစ်သင့်ပါ။ အောက်ဆီကိုဒုန်းဆေးကို ဖြည်းညင်းစွာမရပ်တန့်မိပါက ရုတ်တရတ်ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ ကောင်းကောင်းအိပ်မပျော်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း သို့ ဂနာမငြိမ်ဖြစ်ခြင်း စသည့်လက္ခဏာများဖြစ်သွားစေတတ်သည်။ အဆိုပါရောဂါလက္ခဏာများပေါ်လာပါက ဆရာဝန်အားချက်ချင်းအသိပေးပါ။ ဖြစ်နိုင်သည့်အကြောင်းတစ်ခုမှာ ဆေးပမာဏကို လျင်လျင်မြန်မြန်လျော့ချမိလိုက်သောကြောင့် ဖြစ်နိုင်သည်။
  • လူနာများကိုယ်ဝန်ရှိနေပါက၊ ကလေးယူရန်ကြိုပမ်းနေပါက သို့မဟုတ် နို့တိုက်နေပါက ဆရာဝန်အား ပြောပြထားသင့်သည်။

အောက်ဆီကိုဒုန်းဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • အညွှန်းပါပမာဏထက် ကျော်လွန်၍သောက်ခြင်း သို့မဟုတ် မကြာခဏသောက်ခြင်းတို့ မပြုလုပ်ရ။
  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • အကယ်၍ အစာအိမ်ပြဿနာရှိလာပါက အောက်ဆီကိုဒုန်းဆေးကို အစားစားပြီးမှသောက်ပါ။
  • ရေရှည်ဆေးအာနိသင်ထုတ်ပေးနိုင်သောဆေးပြားများကို ဖြတ်ခြင်း၊ ဝါးစားခြင်း သို့ အမှုန့်ခြေခြင်းမပြုလုပ်ရ။ ဆေးကိုအလုံးလိုက်သောက်ပါ။
  • ဆေးတောင့်ပါအမှုန့်များကို ပူတင်း၊ ပန်းသီးဆော့ သို့မဟုတ် အခြား အစာပျော့ပျော့မစားမီလေးတွင် ဖြူးပေးပြီးစားနိုင်သည်။
  • အောက်ဆီကိုဒုန်းဆေးရည်ဖြစ်ပါက ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။ ဆေးပမာဏကို ‌သေသေချာချာတိုင်းတာပါ။
  • အောက်ဆီကိုဒုန်းနှင့် အက်စီတာမင်နိုဖန်တွဲလျက်သောက်နေပါက အက်စီတာမင်နိုဖန်ဆေးအပို (Tylenol®) သို့ အက်စီတာမင်နိုဖန်ပါဝင်သောဆေးများထပ်မသောက်ပါနှင့်။ ထိုသို့ထပ်သောက်ပါက အက်စီတာမင်နိုဖန်ဆေးပမာဏမှာ အလွန်များသွားနိုင်သည်။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ အချို့သောဆေးဖော်မြူလာများကို အလင်းရောင်မထိမိစေရန် ကာကွယ်ပေးထားရန် လိုအပ်နိုင်သည်။ ဆေးဆိုင်မှပေးလိုက်သောညွှန်ကြားချက်များကို လိုက်နာပါ။
  • ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ ဆေးကိုတလွဲအသုံးပြုနေသော လက္ခဏာတို့ကို စောင့်ကြည့်နေပါ။
  • ဤဆေးကို အခြားသူများကိုမျှဝေပေးခြင်းမပြုရ။ သို့မဟုတ် ဆရာဝန်ညွှန်ပေးသည့်မှအပ အခြားအကြောင်းပြချက်များအတွက် မပေးရ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်းလမ်းညွှန်ချက်များကိုလိုက်နာပါ။

အောက်ဆီကိုဒုန်းဆေးအကြောင်းရေးသားထားသော ရင်းမြစ်များ