အထောက်အကူပြုကုထုံး
ကုန်အမှတ်တံဆိပ်အမည်များ:
Actiq®; Duragesic®; Sublimaze®
မကြာခဏအတှကျအသုံးပွု:
နာကျင်ခြင်း
ဖန်းတနယ်လ်နာကျဉ်မှုသက်သာစေရန်အသုံးပြုသည့် ဘိန်းပါသောဆေး တစ်မျိုးဖြစ်သည်။ ဖန်းတနယ်လ်ဆေးသည် ပုံစံအမျိုးမျိုး၊ ဆေးပြင်းအားအမျိုးမျိုးဖြင့်လာတတ်သည်။ အခြားနာကျင်မှု သက်သာစေသည့်ဆေးများကို သောက်နေသည့်တိုင်အောင် ပြင်းပြင်းထန်ထန် သို့မဟုတ် ဆက်တိုက်နာကျင်နေသေးပါက ၎င်းဆေးကို အသုံးပြုနိုင်သည်။ ဖန်းတနယ်လ်ဆေးကို ခွဲစိပ်နေစဉ်နှင့် ခွဲစိပ်ပြီးနောက် နာကျင်မှုသက်သာစေရန်အတွက်လည်း အသုံးပြုနိုင်သည်။
အချို့သောဖန်းတနယ်လ်ဆေးပုံစံများသည် အာနိသင်ချက်ချင်းပြတတ်သည်။ အလျင်အမြန်အာနိသင်ပြတတ်သောဆေးပုံစံများတွင် လျှာအောက်ငုံဆေး ဆေးပြားများနှင့် ဖြန်းဆေး၊ ငုံဆေးပြားများ၊ ပါးစောင်ထဲထည့်ငုံဆေးပြားများ ပျော်ဝင်နိုင်သောဆေးပြားနှင့် နှာခေါင်းတွင်းဖြန်းဆေးတို့ပါဝင်ကြသည်။ ဘိန်းကဲ့သို့သော အခြားအမျိုးအစားနာကျင်မှုသက်သာစေသည့်ဆေးပေးထားချိန်တွင် ထပ်မံနာကျင်သေးပါက ဤဆေးများကို မကြာခဏအသုံးပြုရလေ့ရှိသည်။ (အလွန်အမင်းနာကျဉ်နေသည့်အခါ)
ဖန်းတနယ်လ်ဆေးကို အရေပြားပေါ်တွင်ကပ်သည့် ဆေးအဖြစ်လည်းပေးနိုင်သည်။ အရေပြားကပ်ဆေးများမှာ ဆေးအာနိသင်ကို အချိန်နှင့်အမျှ တဖြည်းဖြည်းချင်းထုတ်လွှတ်ပေးသည်။ တာရှည် သို့ ဆက်တိုက်နာကျင်မှုမျိုးတွင် အသုံးပြုနိုင်သည်။
ဘေးကင်းစေရန်ရည်ရွယ်၍ ဖန်းတနယ်လ်ဆေးပေးခြင်းကို ဥပဒေအရထိန်းချုပ်ထားသည်။ ဖန်းတနယ်လ်ဆေးကို အချိန်ကာလကြာရှည်အသုံးပြုပါက ဤဆေးကိုအသုံးမပြုဘဲမနေနိုင်သည့် အလေ့အထ ဖြစ်သွားနိုင်သည်။ ဆေးကိုတလွဲအသုံးပြုနေသော သို့မဟုတ် ဆေးစွဲနေသော လက္ခဏာတို့ကိုရှိ/မရှိ စောင့်ရှောက်ကုသပေးသည့်အဖွဲ့မှ စောင့်ကြည့်နေမည်။ မိသားစုများအနေဖြင့် အသုံးပြုထားသည့်ဆေးပမာဏများကို မှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ ဆရာဝန်အနေဖြင့် နာကျဉ်မှုသက်သာစေရန် သင့်တော်သည့်ဆေးပမာဏကို ချိန်ဆပေးနိုင်မည် ဖြစ်သည်။
ဖန်းတနယ်လ်ဆေးအသုံးပြုနေသည့်လူနာများတွင် အသက်ရှူခြင်း၊ နှလုံးခုန်နှုန်းနှင့် အောက်ဆီဂျင်ပါဝင်မှုတို့၏ပြောင်းလဲမှုများကို စောင့်ကြည့်နေနိုင်သည်။
ဖန်းတနယ်လ်ဆေးသည် နာကျဉ်မှုသက်သာစေသည့် ဆေးပြင်းတစ်မျိုးဖြစ်သည်။ ဆေးပမာဏများသွားပါက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည်။ ဆေးပမာဏနှင့် ဆေးကိုင်တွယ်အသုံးပြုခြင်း လမ်းညွှန်ချက်များကို သေသေချာချာလိုက်နာပါ။ ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်တို့ လက်လှမ်းမမီနိုင်သောနေရာတွင် ထားပါ။
ပါးစပ်အတွင်း ပျော်ဝင်နိုင်သောဆေးပြား၊ ဆေးအလွှာပါး သို့မဟုတ် ငုံဆေးအနေဖြင့်ပေးနိုင်သည်
အရေပြားပေါ်တွင် ကပ်နိုင်သည့်အပြား သို့မဟုတ် စက်ကိရိယာ အနေဖြင့်ပေးနိုင်သည်
ပါးစပ် သို့မဟုတ် နှာခေါင်းအတွင်းသို့ ဖြန်းဆေးအနေဖြင့်ပေးနိုင်သည်
ဆေးရည်အနေဖြင့် ထိုးပေးနိုင်သည်
ဖန်းတနယ်လ်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။