အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Morphine (မော်ဖင်း)

အကိုက်အခဲသက်သာဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Kadian®, MS Contin®, Oramorph® 

သည်အခြားအမည်များ:

Arymo ER, Oramorph SR, Roxanol

မကြာခဏအတှကျအသုံးပွု:

နာကျင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Morphine (မော်ဖင်း) အကြောင်း

Morphine (မော်ဖင်း) သည် ကိုက်ခဲမှုဝေဒနာကို ထိန်းချုပ်ရန် သုံးသည့် ဘိန်းပါသော ဆေးတစ်မျိုးဖြစ်သည်။

Morphine (မော်ဖင်း) သည် အာနိသင်အပြမြန်သလို အာနိသင်လည်း စွဲမြဲသည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။ မိသားစုများအနေဖြင့် အသုံးပြုထားသည့်ဆေးပမာဏများကို မှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ ဆရာဝန်အနေဖြင့် နာကျဉ်မှုသက်သာစေရန် သင့်တော်သည့်ဆေးပမာဏကို ချိန်ဆပေးနိုင်မည် ဖြစ်သည်။

ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးဝေခြင်း
  • အာခေါင်ခြောက်ခြင်း
  • အသက်ရှူနှုန်း ပုံမှန်ထက် ပိုနှေးကွေးသွားခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းများ
  • စိတ်အပြောင်းအလဲမြန်ခြင်း (ပုံမှန်ထက်ပို၍ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း)
  • သတိလစ်ခြင်း
  • ဆီးသွားရာတွင် ပြဿနာရှိခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Morphine (မော်ဖင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်သေးသည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများသည် အထက်ပါဘေးထွက်ဆိုးကျိုးများအနက် တစ်ခုခုဖြစ်ပေါ်လာစေကာမူ Morphine (မော်ဖင်း) သုံးပြီးနောက်ပိုင်းတွင် သက်သာသွားသည်က များပါသည်။ ဆေးသောက်စဉ်ကာလအတွင်းတွင် ဘေးထွက်ဆိုးကျိုးများ ပိုများလာပါက ဆရာဝန်အား အသိပေးပါ။
  • ဆေးကိုပုံမှန်သောက် နေရသည့် လူနာများသည် ဝမ်းမချုပ်စေရန် အရည်များများသောက်ပြီး အမျှင်ပါသည့် အစားအစာများကို စားပေးသင့်ပါသည်။ လူနာဝမ်းမသွားသည်မှာ ၃ ရက်မှ ၅ ရက်အထိကြာလာပါက စောင့်ရှောက်သူအဖွဲ့ကို အသိပေးပါ။ လူနာများသည် ဝမ်းချုပ်သက်သာစေရန် ဝမ်းပျော့ဆေး သို့မဟုတ် ဝမ်းနှုတ်ဆေးသောက်ရန် လိုနိုင်ပါသည်။
  • ၎င်းဆေးကို ရေရှည်စွဲသောက်နေရသော လူနာများသည် ဆရာဝန်မညွှန်ကြားမချင်း ဆေးကို မရပ်သင့်ပါ။ Morphine (မော်ဖင်း) ဆေးချိန်ကို တဖြည်းဖြည်းလျှော့သွားခြင်းမပြုဘဲ တိခနဲဖြတ်ပါက ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်းများကို ဦးတည်သွားစေနိုင်ပါသည်။ ဤလက္ခဏာများဖြစ်လာပါက ဆရာဝန်ချက်ချင်းပြပါ။ ၎င်းသည် ဆေးချိန်လျှော့ခြင်း မြန်လွန်းသွားသောကြောင့်ဖြစ်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်နေရပါက၊ ကိုယ်ဝန်ရရှိစေရန် ကြိုးစားနေပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန်ကို ကြိုတင်အသိပေးထားသင့်ပါသည်။

Morphine (မော်ဖင်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • ဗိုက်မကောင်းခြင်းများဖြစ်လာပါက Morphine (မော်ဖင်း) ကိုအစာနှင့်တွဲသောက်ပါ။
  • ဆေးတောင့်များကို ဖြတ်ခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။ ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။
  • ဆေးတောင့်ထဲမှ ဆေးများကို ပူတင်း၊ ပန်းသီးဆော့စ် သို့မဟုတ် အခြားပျော့သော အစားအစာပေါ်တွင် ဖြူး၍လည်း သောက်သုံးနိုင်ပါသည်။
  • Morphine (မော်ဖင်း) ဆေးရည်ဖြစ်ပါက ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာကို သုံးပါ။ ဆေးပမာဏကို သေသေချာချာတိုင်းပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ အလင်းနှင့်မထိအောင် ကာကွယ်ရန်အတွက် ဖော်စပ်မှုအချို့လိုအပ်နိုင်သည်။ ဆေးဆိုင်မှ ညွှန်ကြားချက်များကိုလိုက်နာပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ လွတ်သွားသည့် ဆေးချိန်နှင့်စပ်လျဉ်း၍ မေးမြန်းစရာရှိပါက သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား ခေါ်ဆိုပါ။
  • ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ အလွဲသုံးစားပြုခြင်း လက္ခဏာများကို စောင့်ကြည့်ပါ။ 
  • ဤဆေးကို အခြားသူများနှင့် မျှမသုံးပါနှင့် သို့မဟုတ် ညွှန်ကြားချက်များတွင် မပါရှိသော ရောဂါအခြေအနေများအတွက် မပေးပါနှင့်။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။