အဓိကအကြောင်းအရာ skip

Hydrocodone (ဟိုက်ဒရိုကိုဒုန်း)

အကိုက်အခဲသက်သာဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Lortab®, Vicodin®, Norco®

မကြာခဏအတှကျအသုံးပွု:

နာကျင်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) အကြောင်း

Hydrocodone (Lortab®, Vicodin®, Norco®) ဆိုသည်မှာ ဘိန်းထည့်သွင်းဖော်စပ်ထားသော ဆေးတစ်မျိုးဖြစ်ပြီး၎င်းကိုနာကျင်ကိုက်ခဲမှုကို ထိန်းချုပ်ရန်အတွက် အသုံးပြုသည်။ ၎င်းဆေးဝါးကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် အိမ်၌ပင် ပေးနိုင်သည်။

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) သည် အာနိသင်အပြမြန်သလို အာနိသင်လည်း စွဲမြဲသည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။ မိသားစုများအနေဖြင့် အသုံးပြုထားသည့်ဆေးပမာဏများကို မှတ်တမ်းတင်ထားသင့်သည်။ သို့မှသာ ဆရာဝန်အနေဖြင့် နာကျဉ်မှုသက်သာစေရန် သင့်တော်သည့်ဆေးပမာဏကို ချိန်ဆပေးနိုင်မည် ဖြစ်သည်။ လူနာအား ပေးသင့်သည့် Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ဆေးချိန်ကို လူနာ၏ခန္ဓာကိုယ်တွင်းရှိ အင်ဇိုင်းလုပ်ဆောင်ချက်ကောင်းမကောင်းကို သိရပြီးမှသာ ပေးနိုင်မည်ဖြစ်သည့်အတွက် ၎င်းကိုကြည့်နိုင်ရန် မျိုးဗီဇစစ်ဆေးမှုကို လုပ်ဆောင်ရနိုင်သည်။

အချို့ထုတ်ကုန်များတွင် Hydrocodone (ဟိုက်ဒရိုကိုဒုန်း) နှင့် acetaminophen (အက်စီတာမီနိုဖန်) ကို တွဲ၍ဖော်စပ်ထားခြင်းမျိုးလည်း ရှိနိုင်သည်။

ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်သလိုဖြစ်ခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • အာခေါင်ခြောက်ခြင်း
  • အသက်ရှူနှုန်း ပုံမှန်ထက် ပိုနှေးကွေးသွားခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • ယားယံခြင်းနှင့် အင်ပျဉ်ထခြင်းများ
  • စိတ်အပြောင်းအလဲမြန်ခြင်း (ပုံမှန်ထက်ပို၍ ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း)
  • သတိလစ်ခြင်း
  • ဆီးသွားရာတွင် ပြဿနာရှိခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Hydrocodone (ဟိုက်ဒရိုကိုဒုန်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • လူနာများသည် အထက်ပါဘေးထွက်ဆိုးကျိုးများအနက် တစ်ခုခုဖြစ်ပေါ်လာစေကာမူ Hydrocodone (ဟိုက်ဒရိုကိုဒုန်း) သုံးပြီးနောက်ပိုင်းတွင် သက်သာသွားသည်က များပါသည်။ ဆေးသောက်စဉ်ကာလအတွင်းတွင် ဘေးထွက်ဆိုးကျိုးများ ပိုများလာပါက ဆရာဝန်အား အသိပေးပါ။
  • ဆေးကိုပုံမှန်သောက် နေရသည့် လူနာများသည် ဝမ်းမချုပ်စေရန် အရည်များများသောက်ပြီး အမျှင်ပါသည့် အစားအစာများကို စားပေးသင့်ပါသည်။ လူနာဝမ်းမသွားသည်မှာ ၃ ရက်မှ ၅ ရက်အထိကြာလာပါက စောင့်ရှောက်သူအဖွဲ့ကို အသိပေးပါ။ လူနာများသည် ဝမ်းချုပ်သက်သာစေရန် ဝမ်းပျော့ဆေး သို့မဟုတ် ဝမ်းနှုတ်ဆေးသောက်ရန် လိုနိုင်ပါသည်။
  • ၎င်းဆေးကို ရေရှည်စွဲသောက်နေရသော လူနာများသည် ဆရာဝန်မညွှန်ကြားမချင်း ဆေးကို မရပ်သင့်ပါ။ Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ဆေးချိန်ကို တဖြည်းဖြည်းလျှော့သွားခြင်းမပြုဘဲ တိခနဲဖြတ်ပါက ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ဤလက္ခဏာများဖြစ်လာပါက ဆရာဝန်ချက်ချင်းပြပါ။ ၎င်းသည် ဆေးချိန်လျှော့ခြင်း မြန်လွန်းသွားသောကြောင့်ဖြစ်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်နေရပါက၊ ကိုယ်ဝန်ရရှိစေရန် ကြိုးစားနေပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန်ကို ကြိုတင်အသိပေးထားသင့်ပါသည်။

Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဆေးကို ခဏခဏမသောက်ပါနှင့် သို့မဟုတ် ညွှန်ကြားသည်ထက် ပိုမသောက်ပါနှင့်။
  • ဤဆေးသည် သင့်ကို ခေါင်းမူးဝေခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းများဖြစ်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • ဗိုက်မကောင်းခြင်းများဖြစ်လာပါက Hydrocodone (ဟိုက်ဒရိုကိုဒုန်း) ကိုအစာနှင့်တွဲသောက်ပါ။
  • Hydrocodone (ဟိုက်ဒရိုကိုဒုန်း) နှင့် cetaminophen (အက်စီတာမီနိုဖန်) ကို တွဲ၍သောက်နေသည့် လူနာများသည် acetaminophen (Tylenol®) ကို ဖြည့်စွက်သောက်သုံးခြင်း သို့မဟုတ် acetaminophen ပါဝင်သော ဆေးဝါးများကို သောက်သုံးခြင်းမပြုသင့်ပါ။ acetaminophen (အက်စီတာမီနိုဖန်) ဆေးချိန်လွန်သွားမည့် အန္တရာယ်ရှိနိုင်ပါသည်။
  • ဆေးရည်ဖြစ်ပါက ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာကို သုံးပါ။ ဆေးပမာဏကို သေသေချာချာတိုင်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ အလွဲသုံးစားပြုခြင်း လက္ခဏာများကို စောင့်ကြည့်ပါ။
  • ဤဆေးကို အခြားသူများနှင့် မျှမသုံးပါနှင့် သို့မဟုတ် ညွှန်ကြားချက်များတွင် မပါရှိသော ရောဂါအခြေအနေများ အတွက် မပေးပါနှင့်။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။