အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သင်၏ အာမခံကတ်ကို ဖတ်နည်း

အာမခံကတ်ဖတ်နည်း လေ့လာခြင်းသည် သင်ထက်ထားသည်ထက် ပိုလွယ်ပါသည်။ ၎င်းသည် အရေးလည်းကြီးပါသည်။ သင်၏ အာမခံကတ်သည် သင့်ကျန်းမာရေးအာမခံ အလုပ်လုပ်ပုံအကြောင်း ရှင်းပြနိုင်သည်။ စောင့်ရှောက်မှု ရှာဖွေရယူရမည့်နေရာနှင့် စောင့်ရှောက်မှုအတွက် သင် ပေးချေရမည့်ပမာဏကို နားလည်နိုင်စေရန် ၎င်းက သင့်အား ကူညီပေးနိုင်သည်။

တစ်ဦးချင်း HMO အစီအစဉ် အာမခံကတ်

အများအားဖြင့် အာမခံကတ်တွင် မူဝါဒထိန်းချုပ်သူ၏ အမည်ကို ဖော်ပြထားသည်။ ၎င်းသည် သင်၏အမည် ဖြစ်နိုင်သည်။ သင်က ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်ပြီးသူလူငယ်ဖြစ်လျှင် ၎င်းသည် သင့်မိဘ၏အမည် ဖြစ်နိုင်သည်။

သင်၏အချက်အလက်များကို ရှာဖွေပါ

အများအားဖြင့် အာမခံကတ်တွင် မူဝါဒထိန်းချုပ်သူ၏ အမည်ကို ဖော်ပြထားသည်။ ၎င်းသည် သင်၏အမည် ဖြစ်နိုင်သည်။ သင်က ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်ပြီးသူလူငယ်ဖြစ်လျှင် ၎င်းသည် သင့်မိဘ၏အမည် ဖြစ်နိုင်သည်။ 

မူဝါဒနံပါတ်

ကျန်းမာရေးအာမခံကတ်များတွင် မူဝါဒနံပါတ်တစ်ခု ရှိသည်။ အများအားဖြင့် ၎င်းကို သင့်ကတ်တွင် “Policy ID” သို့မဟုတ် “Policy #” ဟု ခေါ်သည်။ သင်၏ အာမခံကုမ္ပဏီသည် သင်၏ဆေးကုသမှုကုန်ကျစရိတ်များကို ခြေရာခံလိုက်ကြည့်ရန် ဤနံပါတ်အား အသုံးပြုသည်။ သင်က ထောက်ပံ့ပေးသူနှင့် ချိန်းဆိုတွေ့ဆုံမှုကို စီစဉ်သောအခါ ၎င်းနံပါတ်ကို သင့်အား မေးမြန်းနိုင်သည်။

အုပ်စုအစီအစဉ်နံပါတ်

သင့်တွင် အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံ ရှိလျှင် သင်၏ အာမခံကတ်တွင် အုပ်စုအစီအစဉ်နံပါတ် ရှိနိုင်သည်။ အာမခံကုမ္ပဏီသည် သင့်အလုပ်ရှင်၏ ကျန်းမာရေးအာမခံမူဝါဒကို သတ်မှတ်ဖော်ထုတ်ရန် ဤနံပါတ်အား အသုံးပြုသည်။  အာမခံကတ်တိုင်းတွင် အုပ်စုအစီအစဉ်နံပါတ် မရှိကြပါ။

အာမခံကုမ္ပဏီ ဆက်သွယ်ရန်အချက်အလက်များ

အာမခံကတ်ကို လှန်ပြီး နောက်ဘက်သို့ ကြည့်လိုက်လျှင် အာမခံကုမ္ပဏီထံ ဆက်သွယ်ရန်အချက်အလက်များကို တွေ့ရှိရနိုင်သည်။ ၎င်းတွင် ပါဝင်နိုင်သည့်အရာများ-

  • ဖုန်းနံပါတ်
  • လိပ်စာ
  • ဝဘ်ဆိုက်

အာမခံကုမ္ပဏီထံ ဆက်သွယ်ရန်လိုအပ်ပါက ၎င်းအချက်အလက်များသည် အကူအညီဖြစ်နိုင်သည်။ ၎င်းတို့သည် အောက်ပါတို့အတွက်လည်း သင့်အား ကူညီပေးနိုင်သည်-

  • သင်၏ အကျိုးကျေးဇူးများကို စစ်ဆေးရန်အတွက် (အာမခံကုမ္ပဏီက ငွေပေးချေမည့်အရာများ)
  • သင့်အစီအစဉ်အတွက် သင့်ဆရာဝန်သည် ကွန်ရက်တွင်းမှ ဟုတ်၊ မဟုတ် ရှာဖွေသိရှိရန်အတွက် (လျှော့ချပေးသည့် ကုန်ကျစရိတ်အတွက် သင့်အစီအစဉ်ဖြင့် အကျုံးဝင်သော)
  • သင်၏အာမခံ အလုပ်လုပ်ပုံနှင့်ပတ်သက်သော မေးခွန်းများကို ဖြေကြားပေးရန်အတွက်

အကျုံးဝင်မှုပမာဏများ၊ ကွန်ရက်များနှင့် ပူးတွဲပေးချေမှုများ

ဤအချက်အလက်များသည် စောင့်ရှောက်မှုအမျိုးအစားအချို့အတွက် သင် ပေးချေရနိုင်သော ပမာဏကို နားလည်သိရှိနိုင်ရန် သင့်အား ကူညီပေးသည်။

အကျုံးဝင်မှုပမာဏများ

"အကျုံးဝင်မှုပမာဏ" သည် သင့်ကုသမှုကုန်ကျစရိတ်များအတွက် အာမခံကုမ္ပဏီက ပေးချေမည့် ပမာဏကို ဖော်ပြသည်။ ဤအချက်အလက်များသည် သင့်အာမခံကတ်၏ ရှေ့ဘက်တွင် ရှိနိုင်ပြီး ၎င်းတို့ကို ရာခိုင်နှုန်းဖြင့် စာရင်းပြုထားသည်။

အတူတကွစာရင်းပြုထားသော ရာခိုင်နှုန်းပမာဏများစွာကို သင် မြင်တွေ့ရနိုင်သည်။ ဥပမာ မတူညီသော ရာခိုင်နှုန်းပမာဏ 4 မျိုးကို တွေ့ရလျှင် ၎င်းတို့သည် အောက်ပါတို့အတွက် ဖြစ်သည်-

  • ဆေးခန်းပြသမှုများ
  • အထူးစောင့်ရှောက်မှု
  • အရေးပေါ်စောင့်ရှောက်မှု
  • အရေးပေါ်အခန်း စောင့်ရှောက်မှု

ရာခိုင်နှုန်းများ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ သင် မသေချာလျှင် သို့မဟုတ် မေးမြန်းစရာများရှိလျှင် သင့်အစီအစဉ်ဆောင်းပါးများကို စစ်ဆေးကြည့်ရှုပါ သို့မဟုတ် သင့်အာမခံကုမ္ပဏီထံ ဖုန်းခေါ်ဆိုပါ။

ကွန်ရက်များ

သင်သည် မတူညီသော ရာခိုင်နှုန်းပမာဏ 2 ခုပါသည့် အခြားစာရင်းတစ်ခုကို တွေ့မြင်ရနိုင်သည်။

ပထမတစ်ခုသည် သင့်အစီအစဉ်အတွက် အာမခံကုမ္ပဏီက ကွန်ရက်တွင်း ထောက်ပံ့ပေးသူများထံ ပေးချေသောပမာဏ ဖြစ်သည်။ သင့်အာခံကုမ္ပဏီသည် ၎င်းထောက်ပံ့ပေးသူများနှင့် သဘောတူညီချက် ရှိထားသည်။

ဒုတိယရာခိုင်နှုန်းပမာဏသည် အာမခံကုမ္ပဏီက ကွန်ရက်ပြင်ပ ထောက်ပံ့ပေးသူများထံ ပေးချေသောပမာဏ ဖြစ်သည်။ သင့်အာခံကုမ္ပဏီသည် ၎င်းထောက်ပံ့ပေးသူများနှင့် သဘောတူညီချက် ရှိမထားပါ။

သို့သော် သင်သည် ကွန်ရက်ပြင်ပ ထောက်ပံ့ပေးသူများထံမှ ကုသမှုကို ရရှိနိုင်ပါသည်။ သို့ရာတွင် သင်သည် သင့်စောင့်ရှောက်မှုအတွက် သူတို့ကို ပိုမို၍ ငွေပေးချေရမည်ဖြစ်သည်။

သင်သည် အာမခံကုမ္ပဏီတွင် အကျုံးမဝင်သော ပမာဏကို ပေးချေရမည်ဖြစ်သည်။ သင်၏ ထောက်ပံ့ပေးသူက ကွန်ရက်တွင်းမှ ဖြစ်၊ မဖြစ် မသေချာလျှင် သင့်အာမခံကုမ္ပဏီထံ ဖုန်းခေါ်ဆိုပါ။

ပူးတွဲပေးချေမှုများ

သင်သည် သင့်ကတ်ပေါ်တွင် ဒေါ်လာပမာဏများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ အများအားဖြင့် ၎င်းသည် သင်၏ ပူးတွဲငွေပေးချေမှု သို့မဟုတ် "ပူးတွဲပေးချေမှု" ပမာဏ ဖြစ်သည်။ ပူးတွဲပေးချေမှုသည် စောင့်ရှောက်မှု သို့မဟုတ် ဆေးဝါးအမျိုးအစားအချို့အတွက် သင် ပေးချေရသော သတ်မှတ်ပမာဏ ဖြစ်သည်။

ဒေါ်လာပမာဏများစွာကို မြင်တွေ့ရလျှင် ၎င်းတို့သည် စောင့်ရှောက်မှုအမျိုးအစားအမျိုးမျိုးအတွက် ဖြစ်နိုင်သည်-

  • ဆေးခန်းပြသမှုများ
  • အထူးစောင့်ရှောက်မှု
  • အရေးပေါ်စောင့်ရှောက်မှု
  • အရေးပေါ်အခန်း စောင့်ရှောက်မှု

ဤအချက်အလက်များသည် သင့်အာမခံကတ်တွင် မပါဝင်လျှင် သင့်အာမခံကုမ္ပဏီထံ ဖုန်းခေါ်ဆိုပါ။ သူတို့သည် သင့်အစီအစဉ်အကြောင်း အသေးစိတ်ကို သင့်အား ပေးသိနိုင်သည်။

သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသောဆေး အကျုံးဝင်မှု

သင်၏ ကျန်းမာရေးအာမခံကုမ္ပဏီသည် သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသောဆေးဝါးများ၏ ကုန်ကျစရိတ်အချို့ သို့မဟုတ် ကုန်ကျစရိတ်အားလုံးအတွက် ငွေပေးချေနိုင်သည်။

သင့်အာမခံကတ်ပေါ်ရှိ Rx သင်္ကေတကို ရှာဖွေပါ။ သင်၏ ကျန်းမာရေးအာမခံက သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသောဆေးများအတွက် ငွေပေးချေလျှင်ပင် ၎င်းသင်္ကေတသည် ကတ်တိုင်းတွင် မပါဝင်ကြောင်း သိရှိထားပါ။ တစ်ခါတစ်ရံ Rx သင်္ကေတ၏ ဘေးတွင် ဒေါ်လာ သို့မဟုတ် ရာခိုင်နှုန်းပမာဏ ရှိတတ်သည်။ သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသောဆေးများအတွက် သင် သို့မဟုတ် သင့်အာမခံကုမ္ပဏီက ပေးချေရမည့်ပမာဏကို ၎င်းတို့က ပြသပေးသည်။

သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသောဆေးများအတွက် သင်၏ ကျန်းမာရေးအာမခံက ပေးချေမှု ရှိ၊ မရှိနှင့် မည်မျှအထိ ပေးချေသည့်အကြောင်း မသေချာလျှင် သင့်အာမခံကုမ္ပဏီထံ ဖုန်းခေါ်ဆိုပါ။

မေးခွန်းများရှိပါသလား။ သင့်အာမခံကုမ္ပဏီထံ ဖုန်းခေါ်ဆိုပါ။

သင်၏ ကျန်းမာရေးအာမခံကတ်တွင် သင် နားမလည်သော သင်္ကေတ သို့မဟုတ် အချက်အလက်များ ပါရှိလျှင် သူတို့ထံ ဖုန်းခေါ်ဆိုပါ။ သူတို့သည် သင့်တွင်ရှိသော မည်သည့်မေးခွန်းကိုမဆို ဖြေဆိုပေးနိုင်သည်။

အဓိကအချက်များ

  • သင့်အာမခံကတ်တွင် သင့်အကျုံးဝင်မှုအလုပ်လုပ်ပုံနှင့်ပတ်သက်၍ တန်ဖိုးရှိသော အချက်အလက်များ ပါရှိသည်။
  • အများအားဖြင့် သင်သည် သင့်ကွန်ရက်နှင့် ပူးတွဲပေးချေများနှင့်ပတ်သက်သော အချက်အလက်များကို သင့်ကတ်တွင် ရှာတွေ့နိုင်သည်။
  • သင့်အကျုံးဝင်မှုအလုပ်လုပ်ပုံနှင့်ပတ်သက်၍ မေးခွန်းများရှိလျှင် သင့်အာမခံကုမ္ပဏီထံ ဖုန်းခေါ်ဆိုပါ။

— 
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ၊ 2022