ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မီဒူလာရီ သိုင်းရွိုက်ကင်ဆာ

မီဒူလာရီ သိုင်းရွိုက်ကင်ဆာဆိုသည်မှာ အဘယ်နည်း

မီဒူလာရီ သိုင်းရွိုက်ကင်ဆာ (MTC) သည် ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာများနှင့် မတူသည့် ထူးခြားသော သိုင်းရွိုက်ကင်ဆာ အမျိုးအစား ဖြစ်ပါသည်။ ဤကင်ဆာသည် သိုင်းရွိုက်ဂလင်းများ၏ ပါရာဖော်လီကျူလာ C ဆဲလ်များတွင် စတင်ပါသည်။ ဤဆဲလ်များသည် ကာစီတိုနင်ဟုခေါ်သော ဟော်မုန်းများကို ပြုလုပ်ပါသည်။ ကာစီတိုနင်သည် အခြားသိုင်းရွိုက်ဟော်မုန်းများနှင့် မတူဘဲ အိုင်အိုဒင်းမှ ပြုလုပ်သည် မဟုတ်ပါ။

MTC သည် ကလေးများတွင် အလွန်ရှားပါးသည်။ အများအားဖြင့် ကလေး MTC သည် မျိုးရိုးဆိုင်ရာ ပင်ကိုယ်သဘာဝနှင့် သက်ဆိုင်ပါသည်။ မိသားစု MTC သို့မဟုတ် ဟော်မုန်းထုတ်သည့် ပုံမှန်မဟုတ်သည့် ကင်ဆာ လက္ခဏာများ အများအပြားပေါ်ပေါက်သည့် အမျိုးအစား (၂) (MEN ရောဂါလက္ခဏာစုများ) ဖြစ်ပါသည်။

မြင်တွေ့နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းအင်္ဂါများပါရှိသော အရွယ်ရောက်အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပုံစံနှင့် သိုင်းရွိုက်ဂလင်းများကို အရောင်ခြယ်၍ နာမည်တပ်ထားပါသည်။

သိုင်းရွိုက်ဂလင်းသည် လည်ပင်း၏ အရှေ့ရှိ လည်မျို၏ အောက်ခြေတွင် တည်ရှိသော လိပ်ပြာပုံစံ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် အဖုလုံး နှစ်လုံးပုံစံနှင့် တည်ရှိပါသည်။ တစ်ခုမှာ ဘယ်ဘက်တွင် ရှိပြီး အခြားတစ်ခုမှာ ညာဘက်တွင် ရှိသည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များနှင့် အကြောင်းအရင်းများ

မျိုးရိုးလိုက်သော သို့မဟုတ် မိသားစုမှ ရသော MTC သည် RET မျိုးရိုးဗီဇ၏ ဗီဇလိုင်း သန္ဓေပြောင်းခြင်းကြောင့် ဖြစ်ရပါသည်။ RET မျိုးရိုးဗီဇ၏ ဗီဇပြောင်းလဲမှုသည် များစွာသော ဟော်မုန်းထုတ်သည့်စနစ်တွင် ပုံမှန်မဟုတ်သည့် ကင်ဆာလက္ခဏာ တစ်ရှူးပေါ်ပေါက်လာမှုကို ဖြစ်စေပါသည်။ ဤအခြေအနေများသည် ဟော်မုန်းထုတ် စနစ် ကို သက်ရောက်မှုရှိပြီး ဖီယိုခရိုမိုဆိုက်တိုမာနှင့် ပါရာသိုင်းရွိုက် မလုံလောက်မှုရောဂါကို ဖြစ်စေနိုင်သည်။ တိကျသော ဗီဇပြောင်းလဲမှုအမျိုးအစားသည် MTC ၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်ရာ ကျန်းမာရေး အခြေအနေများကို လွှမ်းမိုးနိုင်သည်။ RET ဗီဇပြောင်းလဲမှုဖြစ်ပွားသော လူနာများ၏ မိသားစုဝင်များသည် မျိုးရိုးနှင့်ဆိုင်သည့် ဆွေးနွေးအတိုင်ပင်ခံခြင်းကို ရယူခြင်း နှင့် စမ်းသပ်စစ်ဆေးခြင်းများကို ပြုလုပ်သင့်သည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာ၏ လက္ခဏာများ

သိုင်းရွိုက်ကင်ဆာ၏ အဓိက လက္ခဏာများမှာ သိုင်းရွိုက်ဂလင်းတွင် ရောင်ရမ်းနေသော အဖု သို့မဟုတ် အလုံး ရှိခြင်းဖြစ်သည်။ တစ်ခါတစ်ရံ လည်ပင်းရှိ ပြန်ရည်ကျိတ်များသည် ရောင်ရမ်းနေသည့်ပုံဖြင့် ပေါ်လာတတ်သည်။ အခြားဖြစ်နိုင်သည့် ရောဂါလက္ခဏာများတွင် အသက်ရှူခြင်းနှင့်ဆိုင်သော ပြဿနာ၊ မျိုချရန် ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်းနှင့် အသံဝင်ခြင်းတို့ ဖြစ်သည်။ သို့ရာတွင် တစ်ခါတစ်ရံ သိုင်းရွိုက်ကင်ဆာသည် လက္ခဏာများကို မထွက်ပေါ်စေဘဲ ကျန်းမာရေးစစ်ဆေးမှသာ ပေါ်လာတတ်သည်။

ကလေးများတွင် မီဒူလာရီ သိုင်းရွိုက်ကင်ဆာသည် မျိုးရိုးလိုက် ရောဂါလက္ခဏာစုတစ်ရပ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တွေ့မြင်ရတတ်သည်။ အချို့အခြေအနေများတွင် သိုင်းရွိုက်ဂလင်းသည် MTC အားကာကွယ်သည့် အနေဖြင့် မည်သည့် လက္ခဏာမှ မပေါ်မီ ဖယ်ရှားပစ်နိုင်ပါသည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာကို ရောဂါရှာဖွေဖော်ထုတ်မှု

ဆရာဝန်များသည် သိုင်းရွိုက်ကင်ဆာကို နည်းလမ်းများစွာဖြင့် စမ်းသပ်ကြပါသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ဆရာဝန်များအား ရောဂါလက္ခဏာများ၊ ယျေဘုယျ ကျန်းမာရေးအခြေအနေ၊ ယခင် ဖျားနာမှုနှင့် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို လေ့လာရန် ကူညီပေးပါသည်။ မိသားစုမှတ်တမ်းသည် မျိုးရိုးဆက်ခံသော ရောဂါအန္တရာယ်ရှိမရှိကို ဖော်ထုတ်ရာတွင် အရေးကြီးပါသည်။ သိုင်းရွိုက်ကင်ဆာ၏ အချို့သောပုံစံများနှင့်အတူ မျိုးရိုးဗီဇစမ်းသပ်ခြင်းနှင့် မျိုးရိုးဗီဇနှင့်ဆိုင်သော ဆွေးနွေးအတိုင်ပင်ခံခြင်းကို ကလေးနှင့် မိသားစုအတွက် ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။ ဆရာဝန်များသည် ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အချို့သော မျိုးရိုးဗီဇပြောင်းလဲမှုများ (RET ဗီဇပြောင်းလဲမှု) ကို စစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။
  • ဓာတ်ခွဲခန်းတွင် ပြုလုပ်သည့် စမ်းသပ်လေ့လာမှုများသည် သိုင်းရွက်နှင့် အကျိတ် အကြောင်း အချက်အလက်ကိုပေးသော သွေးတွင်းရှိ ပစ္စည်းများ (သိုင်းရွိုက်ညွှန်ပြမှုညွှန်မှတ်များ) ကို ကြည့်ပါလိမ့်မည်။
    • သိုင်းရွိုက်ဂလင်းမှာ ထုတ်လုပ်သော ကာစီတိုနင် ဟော်မုန်း ၎င်းသည် အရိုး၏ တည်ဆောက်မှုကို ပုံမှန်လုပ်ဆောင်စေရန် ကူညီပေးသည်။ ကာစီတိုနင်သည် မီဒူလာရီ သိုင်းရွိုက်ကင်ဆာဖြစ်ပွားမှုတွင် ပို၍ မြင့်နိုင်သည်။
    • ပုံမှန်အားဖြင့် သွေးတွင် ပါဝင်မှု အလွန်နည်းသော ပရိုတင်း တစ်မျိုးဖြစ်သည့် ကာစီနိုယွန်ဘရိုင်ယွန်နစ် ပဋိဇာတ် (CEA) CEA မြင့်မားခြင်းသည် မီဒူလာရီ သိုင်းရွိုက်ကင်ဆာတွင် တွေ့ရတတ်ပါသည်။
  • အကျိတ်ကို ကွဲပြားစွာသိရှိရန် အထောက်အကူဖြစ်စေသည့် ပုံရိပ်ဖော်စမ်းသပ်ချက်များ၊ အကျိတ် မည်မျှကြီးနေလဲ ကြည့်ပါ။ ထို့နောက် အခြားနေရာများသို့ ပြန့်နှံ့သလား ဖော်ထုတ်ပါ။ 
    • အာထရာဆောင်း သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများ၏ ပုံရိပ်ကို ဖမ်းရန် အသံလှိုင်းများကို အသုံးပြုပါသည်။ လည်ပင်းကို ရိုက်သော အာထရာဆောင်းသည် သိုင်းရွိုက်ဂလင်းတွင် အကျိတ်ရှိမရှိ စစ်ဆေးရန် ဆရာဝန်များ မကြာခဏ အသုံးပြုသော အဓိက စစ်ဆေးချက် ဖြစ်ပါသည်။ လည်ပင်းနှစ်ဖက်လုံးအား ပုံရိပ်ဖမ်းခြင်းသည် ပုံမှန်မဟုတ်သည့် သွေးဖြူဂလင်းများ၏ ကြီးထွားလာမှုကို စစ်ဆေးရန် အသုံးပြုပါသည်။ အတွေ့အကြုံရှိသည့် အာထရာဆောင်း ဖတ်ကြားသူမှ ဆောင်ရွက်သော အရည်အသွေး အလွန်ကောင်းသည့် အာထရာဆောင်းသည် သိုင်းရွိုက်အကျိတ်များနှင့် သွေးဖြူဂလင်းများကို အကဲဖြတ်ရာတွင် အရေးပါသည်။ ဤအချက်အလက်ကို နောက်ထပ် ရောဂါ စစ်ဆေးခြင်းနှင့် ကုသခြင်းများအတွက် အသုံးပြုပါမည်။ လည်ပင်းနှင့် သိုင်းရွိုက် အာထရာဆောင်းသည် ခွဲစိတ်မှု မပြုလုပ်မီ အများအပြား အသုံးပြုသော အဓိက ပုံရိပ်ဖမ်းယူစစ်ဆေးမှု ဖြစ်ပါသည်။
  • သိုင်းရွိုက်ဂလင်းကို ကျော်ပြီး ပြန့်ပွားနေသော ပြင်းထန်သည့် ရောဂါလက္ခဏာများနှင့် လူနာများအတွက် အချို့အခြေအနေများတွင် ထပ်ဆောင်းပုံရိပ်ဖမ်း စစ်ဆေးမှုတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
    • ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT scan) သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါနှင့် တစ်ရှူးများ၏ ဖြတ်ပိုင်းပုံရိပ်များကို ဖန်တီးရန် ဓာတ်မှန်များကို အသုံးပြုပါသည်။ ထိုစက်သည် အလွန်အသေးစိတ်သည့် ပုံကို ရရှိရန် ပုံရိပ်များစွာကို ရိုက်ယူပါသည်။ ထိုပုံရိပ်များကို ခန္ဓာကိုယ်၏ အပိုင်းများအတွက် အတွဲလိုက်အဖြစ် ရိုက်ယူပြီး ကွန်ပျူတာတွင် သိမ်းထားပါသည်။ ဤအပိုင်းများ သို့မဟုတ် ဖြတ်ပိုင်းပုံများတွင် အလွန်သေးငယ်သည့် အကျိတ်များအား မြင်ရပါသည်။ ပို၍အဆင့်မြင့်သည့် အခြေအနေများတွင် ရောဂါ များတွင် CT စကင်ဖတ်ခြင်းသည် ဆရာဝန်များကို အကျိတ်ကို ပို၍သေချာ သိမြင်နားလည်‌စေရန်နှင့် ကုသမှုကို ကြိုတင်စီစဉ်ရန် ကူညီ‌ပေးပါသည်။ CT စကင်ဖတ်ခြင်းသည် ကင်ဆာရောဂါအား အဆုပ် သို့မဟုတ် အသည်း သို့ ပျံနှံ့မှု အား ရှာဖွေရန် အသုံးပြုနိုင်ပါသည်။
    • သံလိုက်လှိုင်းဖြင့်ပုံရိပ်ဖမ်းခြင်း (MRI) သည် လည်ပင်း‌၏ အသေးစိတ် ပုံများကို ရေဒီယိုလှိုင်းများ နှင့် သံလိုက်များကို အသုံးပြုပြီး ပုံဖမ်းပါသည်။ အဆင့်မြင့်သော ရောဂါများတွင် အသည်းနှင့် အလယ်ကျောရိုး၏ MRI ကို ခြေဖဝါးရိုးများကို ကြည့်ရန် အသုံးပြုနိုင်ပါသည်။
    • အရိုး၏ လုပ်ဆောင်ချက်များကို ပုံရိပ်ဖမ်းမှုဟုလည်း ခေါ်သော အရိုးစကင်ဖတ်ယူမှု တွင် အရိုး၏ ပုံများကို ရိုက်ယူရန် အထူး စကင်ဖတ်စက်အား အသုံးပြုပါသည်။ ဤစမ်းသပ်ချက်တွင် လူနာ၏ ခန္ဓာကိုယ်သို့ သွေးထဲတွင် ဖြတ်သွားသည့် ရေဒီယိုဓာတ်သတ္တိကြွ ပစ္စည်း သို့မဟုတ် ခြေရာခံသည့် ပစ္စည်းအနည်းငယ်ကို  သွင်းပါသည်။ ထိုခြေရာခံပစ္စည်းကို အရိုးများမှ စုပ်ယူပြီးသော အခါ ထိုစကင်ဖတ်စက်သည် ပုံရိပ်များကို ဖန်တီးရန် ဓာတ်ရောင်ခြည်များကို ရှာဖွေ သည်။ ထိုခြေရာခံပစ္စည်းသည် ဆဲလ်များ လျှင်မြန်စွာ ကွဲသော အရိုးထဲရှိနေရာများကို အသားပေးဖော်ပြပြီး ကင်ဆာပျံ့နှံ့သည့် နေရာများကို ပြသပေးပါသည်။
  • ဆဲလ်များအတွင်းရှိ ကင်ဆာလက္ခဏာများကို စစ်ဆေးရန် အကျိတ်မှ တစ်ရှူးအချို့၏ အသားစထုတ်ယူစစ်ဆေးခြင်း နှင့် တစ်ရှူးများ၏ သေးငယ်သည့် တည်ဆောက်ပုံကို ဆက်လက်လေ့လာပါ။ အာထရာဆောင်းရိုက်ယူခြင်းပါဝင်သော သွေးသွယ်သည့်အပ်ဖြင့်စုပ်ယူမှုသည် အရေပြားကို ဖြတ်ပြီး ထိုးထားသော ထိုသေးသွယ်သည့် အပ်ကို အသုံးပြု၍ သိုင်းရွိုက် တစ်ရှူး၏ နမူနာကို ရယူရန် ဆရာဝန်များကို ကူညီပေးပါသည်။ ရောဂါဗေဒပညာရှင် သည် ကင်ဆာဆဲလ်များ ရှိမရှိကို မိုက်ခရိုစကုပ်အသုံးပြုပြီး တစ်ရှူးနမူနာများကို ကြည့်နေသည်။ မိုက်ခရိုစကုပ်အောက်တွင် ဆဲလ်များ မည်သည့် ပုံစံရှိနေသည်ကို ရောဂါရှာဖွေမှု ပြုလုပ်ရန် အရေးကြီးပါသည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာအား အဆင့်သတ်မှတ်ခြင်း

မီဒူလာရီ သိုင်းရွိုက်ကင်ဆာ၏ အဆင့် သို့မဟုတ် ရောဂါ၏ အတိုင်းအတာသည် အကျိတ်၏ အရွယ်အစားနှင့် ကင်ဆာသည် ပြန်ရည်ကျိတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများသို့ ပျံ့နှံ့မှုရှိမရှိ အပေါ်တွင် မူတည်ပါသည်။

အဆင့် ရောဂါ၏ အတိုင်းအတာ
အဆင့် ၁ အကျိတ်သည် ကန့်လန့်ဖြတ် အတိုင်းအတာအားဖြင့် ၂ စင်တီမီတာ သို့မဟုတ် ၎င်းထက်ပို၍ သေးငယ်ကာ သိုင်းရွိုက်သို့ မရောက်ရှိပါ။ ရောဂါ ပျံ့နှံ့မှု မရှိသေးပါ။
အဆင့် 2 အကျိတ်သည် ကန့်လန့်ဖြတ် အတိုင်းအတာအားဖြင့် ၂ စင်တီမီတာထက် ပို၍ကြီးပါသည်။ ၎င်းသည် အစပိုင်းတွင် ပြန်ရည်ကျိတ်များ သို့မဟုတ် အခြားနေရာများသို့ ပျံ့နှံ့ခြင်းမရှိဘဲ သိုင်းရွိုက်သို့ မရောက်ရှိပါ။
အဆင့် 3 အကျိတ်သည် သိုင်းရွိုက်ဂလင်း၏ အပြင်ဘက်အနည်းငယ်ကို ပိုပြီး ကြီးလာနိုင်ပြီး လည်ပင်းတွင်းရှိ အနီးအနားမှ ပြန်ရည်ကျိတ်များသို့ ရောဂါပျံ့နှံ့မှု ရှိပါသည်။
အဆင့် 4 အတော်အသင့် သို့မဟုတ် ပြင်းထန်သော ရောဂါဖြစ်သည့် သက်သေလက္ခဏာများ ပေါ်လာသည်။ ထိုအကျိတ်သည် သိုင်းရွိုက်မှလွန်ပြီး အခြားတစ်ရှူးထဲသို့ ပျံ့နှံ့ပါသည်။ အနီးအနားရှိ ပြန်ရည်ကျိတ်များ သို့မဟုတ်/နှင့် အခြားဝေးသော နေရာများထိ ထိုအကျိတ်သည် ပျံ့နှံ့နိုင်ပါသည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာအတွက် ရောဂါအခြေအနေတိုးတက်မှု

MTC ရှိနိုင်သည့် ပင်ကိုယ်သဘာဝ ရှိသော ကလေးများတွင် MTC သေချာဖြစ်မလာခင် တွင် အဓိက လုပ်ဆောင်ရမည်မှာ ထို MTC မကြီးထွားလာမီ သိုင်းရွိုက်ကို အန္တရာယ်ကင်းစွာ ဖယ်ရှားနိုင်ရန် ဖြစ်သည်။ အထူးသဖြင့် MTC သည် ဝေးကွာသည့် နေရာများသို့ မပျံ့နှံ့မီ ပြုလုပ်ရမည်။ ရောဂါအခြေအနေတိုးတက်မှုအား ခန့်မှန်းခြင်းသည် ရောဂါ၏ အတိုင်းအတာ (အဆင့်) နှင့် ဆက်နွယ်ပါသည်။

ရောဂါအခြေအနေတိုးတက်မှုကို လွှမ်းမိုးသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • ရောဂါရှာဖွေဖော်ထုတ်မှု၌ ရောဂါ၏ အဆင့်
  • ပဏာမ ခွဲစိတ်မှု ခံယူမှု၏ အတိုင်းအတာ
  • ရောဂါသည် အဆုပ်နှင့် အရိုးများကဲ့သို့သော အခြားနေရာများသို့ ပျံ့နှံ့မှု ရှိမရှိ။
  • မျိုးရိုးဗီဇ ဗီဇပြောင်းလဲမှုများ သို့မဟုတ် အခြားကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် မျိုးရိုးလိုက်သော အချက်အလက်များ
  • ခွဲစိတ်မှု ပြီးနောက် ကာစီတိုနင်အဆင့်

မီဒူလာရီ သိုင်းရွိုက်ကင်ဆာအား ကုသမှု

စည်းမျဉ်းများစွာနှင့် တာဝန်များစွာပါဝင်သော အဖွဲ့ကို မီဒူလာရီ သိုင်းရွိုက်ကင်ဆာ၏ ကုသမှုနှင့် ၎င်းအား အကဲဖြတ်ခြင်းအတွက် လိုအပ်ပါသည်။ ဆက်လက်ဖြစ်ပေါ်လာမည့် ရောဂါအလားအလာ နှင့် အလိုမရှိသည့် ကုသမှုဆိုင်ရာဘေးထွက်ဆိုးကျိုးများ၏ ထိခိုက်မှုများကို လျှော့ချရာ၌ လူနာ၏ အသက်ရှင်နိုင်မှုအား အဓိကထားပြီး ဦးစားပေးပြီး စောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြုလုပ်ပါသည်။ ရောဂါပြန်လည်ဖြစ်မှုနှင့် ထည့်သွင်းစဉ်းစားရမည့် အခြားအခြေအနေများကြောင့် ( ဉပမာ ဟော်မုန်းများ၏ လုပ်ဆောင်ချက်၊ ဒုတိယ ဖြစ်လာနိုင်သည့် ကင်ဆာရောဂါများ၊ မျိုးရိုးဗီဇ၏ ပင်ကိုသဘာဝ) ရေရှည် နောက်ဆက်တွဲ ဂရုစိုက်စောင့်ရှောက်မှုများကို လူနာအားလုံးအတွက် လိုအပ်ပါသည်။ MTC အား ကုသရာတွင် သိုင်းရွိုက်ဂလင်းကို ဖယ်ရှားရန်အတွက် သိုင်းရွိုက်အား လုံးဝခွဲစိတ်ဖြတ်တောက်မှုပြုလုပ်ရန် အကြံပြုထားသည်။ ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာများနှင့် မတူဘဲ မီဒူလာရီ သိုင်းရွိုက်ကင်ဆာသည် အိုင်အိုဒင်းကို ရယူလက်ခံခြင်းမရှိပါ။ ထို့ကြောင့် MTC အား ပုံရိပ်ဖမ်းရန်နှင့် ကုသရန်အတွက် ရေဒီယို ဓာတ်သတ္တိကြွသော အိုင်အိုဒင်းအား အသုံးမပြုပါ။ သိုင်းရွိုက်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံး ပြီးသွားသောအခါ လူနာများသည် လီဗိုသွိုင်ရိုဇင်းဟု ခေါ်သော တစ်သက်တာ သိုင်းရွိုက်ဟော်မုန်း အစားထိုးသည့် ဆေးကုသမှုကို လိုအပ်ပါသည်။ TSH ကို ပုံမှန် အတိုင်းအတာ အတွင်းစောင့်ကြည့်လေ့လာပြီးထိန်းသိမ်းထားပါသည်။ TSH အား ထိန်းချုပ်ခြင်းသည် မီဒူလာရီ သိုင်းရွိုက်ကင်ဆာတွင် မလိုအပ်ပါ။

  1. သိုင်းရွက်ဂလင်းကို ဖယ်ရှားရန်ခွဲစိတ်ကုထုံး (သိုင်းရွိုက်ကို လုံးဝ ခွဲစိတ်ဖြတ်တောက်ပစ်ခြင်း) သည် မီဒူလာရီသိုင်းရွိုက်ကင်ဆာအတွက် အဓိကကုသမှု ဖြစ်ပါသည်။ သိုင်းရွိုက်အား လုံးဝခွဲစိတ်ဖြတ်တောက်မှုပြုလုပ်ရန် အကြံပြုထားသည်။ သိုင်းရွိုက်ကို လုံးဝ ဖယ်ရှားပစ်ခြင်းသည် မူလ နေရာမှ ကင်ဆာရောဂါပြန့်ပွားသွားခြင်း သို့မဟုတ် ဆက်လက်ဖြစ်ပေါ်လာမည့် ရောဂါအလားအလာအန္တရာယ်ကို လျှော့ချရန် ကူညီပေးပါသည်။ ရောဂါပြန်လည်ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချရန်အတွက်လည်း ပြန်ရည်ကျိတ်များနှင့် အခြား တစ်ရှူးများကို ဖယ်ရှားရန်အတွက် လည်ပင်း၏ အစိတ်အပိုင်းတစ်ခုအား ဖြတ်တောက်ခြင်းကို လုပ်ဆောင်နိုင်ပါသည်။ သိုင်းရွိုက်ကင်ဆာ ခွဲစိတ်မှုများတွင် အတွေ့အကြုံရှိသော ခွဲစိတ်ဆရာဝန်ပါဝင်သည့် နယ်ပယ်ပေါင်းစုံပါဝင်သောအဖွဲ့မှပေးသော အကဲဖြတ်မှုနှင့် စောင့်ရှောက်မှုသည် အရေးကြီးပါသည်။

    MEN ရောဂါလက္ခဏာစုများအတွက် တားဆီးကာကွယ်ရေးကုထုံး
    MTC ကို ကုသရန် အကောင်းဆုံးအခွင့်အလမ်းမှာ ၎င်း၏ပျံ့နှံ့မှုမှ ကာကွယ်ရန် ဖြစ်သည်။ တားဆီးကာကွယ်မှုပေးသော သိုင်းရွိုက်ခွဲစိတ်ဖြတ်တောက်ခြင်းကို ထင်ရှားသည့် မျိုးရိုးဗီဇ ဗီဇပြောင်းလဲမှုများရှိသော ကလေးများအတွက် အကြံပြုထားသည်။ ဆိုလိုသည်မှာ ကင်ဆာဖြစ်လာနိုင်သည့် အန္တရာယ် မြင့်မားသောကြောင့် ကင်ဆာအား မတွေ့ရှိမီတွင် သိုင်းရွက်ဂလင်းအား ခွဲစိတ် ဖြတ်တောက်ရပါမည်။ MEN2A ဗီဇပြောင်းလဲမှုဖြစ်သော ကလေးများအတွက် တားဆီးကာကွယ်မှုပေးသော သိုင်းရွိုက်ခွဲစိတ်ဖြတ်တောက်ခြင်းကို အသက် ၅နှစ်မတိုင်မီတွင် ပြုလုပ်ရန် အကြံပြုထားသည်။ MEN2B ဗီဇပြောင်းလဲမှုဖြစ်သော ကလေးများသည်သိုင်းရွိုက် ခွဲစိတ်ဖြတ်တောက်ခြင်းကို အသက် ၁နှစ်မတိုင်မီတွင် ပြုလုပ်ရန် အကြံပြုထားသည်။ MEN2B သန္ဓေပြောင်းခြင်း ဖြစ်သော လူနာများတွင် ဖြစ်သော MTC သည် စောစီးစွာ ဝင်ရောက်လေ့ရှိပြီး အလွန်ပြင်းထန်သည်။

    ကလေးလူနာများတွင် ဤလုပ်ဆောင်ချက်များကို ပုံမှန်လုပ်ဆောင်သော အတွေ့အကြုံရှိသည့် ခွဲစိတ်ဆရာဝန်မှ သိုင်းရွိုက်ခွဲစိတ်ဖြတ်တောက်ခြင်းကို လုပ်ဆောင်သင့်ပါသည်။ ရောဂါကုသမှု လမ်းညွှန်များမှ အကြံပြုထားသည်မှာ ထိုခွဲစိတ်မှုအားတစ်နှစ်လျှင် အနည်းဆုံး အလားတူ လုပ်ဆောင်ချက် ၃၀ကို ဆောင်ရွက်ဖူးသည့် အတွေ့အကြုံများပြီး နာမည်ရှိသည့် သိုင်းရွိုက်ခွဲစိတ်ဆရာဝန်မှ ဆောင်ရွက်သင့်ကြောင်းဖြစ်သည်။ ဤသို့ဆောင်ရွက်ခြင်းသည် ခွဲစိတ်ကုသမှု၏ နောက်ဆက်တွဲ အခြေအနေများ၏ အလားအလာအန္တရာယ်ကို လျှော့ချပေးပါသည်။ ခွဲစိတ်ကုသခြင်း၏ အန္တရာယ်များတွင် အာရုံကြောနှင့် ပါရာသိုင်းရွိုက်ဂလင်းများ ကဲ့သို့သော လည်ပင်းတစ်ဝိုက် တည်ဆောက်ပုံအား ပျက်ဆီးစေခြင်းများ ပါဝင်ပါသည်။

    လည်ပင်းတွင်ရှိသော ပြန်ရည်ကျိတ်များကို ဖယ်ရှားသည့် ခွဲစိတ်မှုကို လည်ပင်းအစိတ်အပိုင်းအား ဖြတ်တောက်ခြင်းဟု ခေါ်ပါသည်။ မူရင်းသိုင်းရွိုက်အကျိတ်သည် ၄ စင်တီမီတာထက် ကြီးသော အခါ သို့မဟုတ် အကျိတ်သည် သိုင်းရွိုက်ဂလင်း (သိုင်းရိုက်ကပ်ဆူးလ်) ကို ဖုံးအုပ်သည့် တစ်ရှူးအား လွန်၍ ပျံ့နှံ့သွားသောအခါ လည်ပင်း အတွင်းပိုင်းအစိတ်အပိုင်းဖြတ်တောက်ခြင်းကို ပြုလုပ်လေ့ရှိပါသည်။

    သိုင်းရွိုက်ကင်ဆာသည် လည်ပင်းအတွင်းရှိ ပြန်ရည်ကျိတ်များအထိ ပျံ့နှံ့သွားသောအခါ လည်ပင်းဘေးဘက်မှ အစိတ်အပိုင်းအား ဖြတ်တောက်ခြင်းကို များသောအားဖြင့် ပြုလုပ်လေ့ရှိပါသည်။ လည်ပင်းအစိတ်အပိုင်းဖြတ်တောက်ခြင်း နှစ်မျိုးလုံး၌ သိုင်းရွိုက်ဂလင်းနှင့် ဆက်နွယ်သည့် အလားအလာများစွာရှိသော ပြန်ရည်ကျိတ်များကို ဖယ်ရှားခြင်းပါဝင်ပါသည်။ ထို့ပြင် ထိုသို့ ဖြတ်တောက်ခြင်း၌ ပျံ့နှံ့ပြီးဖြစ်သည့် ကင်ဆာဆဲလ်များလည်း ပါဝင်သွားနိုင်သည့် အလားအလာများရှိသည်။

    လူနာတစ်ဦးချင်းစီတွင် သိုင်းရွိုက်၏နောက်တွင် တည်ရှိသည့် အလွန်သေးငယ်သော ဖွဲ့စည်းမှုများဖြစ်သည့် ပါရာသိုင်းရွိုက်ဂလင်း ၄ ခု ရှိသည်။ ၎င်းတို့သည် ခန္ဓာကိုယ်အတွင်းတွင် ပုံမှန် ကယ်လ်စီယမ်ဓာတ်ပမာဏကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ ခွဲစိတ်မှုတွင် ပြဿနာ တစ်စုံတစ်ရာ မရှိသည့်တိုင် ပါရာသိုင်းရွိုက်ဂလင်းသည် သိုင်းရွက်အား ခွဲစိတ်ဖြတ်တောက်ပြီးနောက်တွင် လှုပ်ရှားမှုကင်းမဲ့ခြင်း ဖြစ်သွားတတ်ပါသည်။ ဤဖြစ်ရပ်သည် လူနာများအား လက်များ၊ ခြေထောက်များ၊ မျက်နှာနှင့် ကြွက်သားများ ကြွက်တက်သည့် နေရာများတွင် ထုံထိုင်းစေပြီး တဆစ်ဆစ်ခံစားရခြင်းများအပါအဝင် ဟိုက်ပိုကာလစီမီးယားဟု ခေါ်သော ကယ်လ်ဆီယံဓာတ်နည်းသည့် လက္ခဏာကို ခံစားရစေပါသည်။ ကုသမှုတွင် ကာလစီထရီအိုးလ်ဟု ခေါ်သော ဗီတာမင် D အပြင်းစား ပုံစံတစ်မျိုးအား သုံးစွဲရန်နှင့် ဤအခြေအနေ(“ခွဲစိတ်မှုပြီးနောက် ပါရာသိုင်းရွိုက်ဟော်မုန်း၏ ပုံမှန်မဟုတ်လျော့ကျသည့်အခြေအနေ”) မှ ပြန်လည်ကောင်းသည်အထိ ကယ်လ်ဆီယမ် ဖြည့်စွက်မှုကို ပြုလုပ်ရန် လိုအပ်မည်။ ပါရာသိုင်းရွိုက်ဂလင်းများအား ဖယ်ရှားပြီးသောအခါ သို့မဟုတ် ၎င်းတို့သည် လုံးဝ ပျက်ဆီးသွားသောအခါ ပါရာသိုင်းရွိုက်ဟော်မုန်း၏ ပုံမှန်မဟုတ်လျော့ကျသည့်အခြေအနေသည် အမြဲတမ်း ဖြစ်သွားပြီး လူနာများသည် ထိုအတွက် တစ်သက်တာ ကုသမှုကို လိုအပ်ပါသည်။

    သိုင်းရွိုက်ခွဲစိတ်ကုသခြင်း၏ အခြားအန္တရာယ်မှာ  အသံအိုး အာရုံကြောထိခိုက်မှုဖြစ်သည်။ ဤအာရုံကြောသည် အသံကြိုးများကို လှုပ်ရှားစေပြီး စကားပြောသည့်လုပ်ငန်းဆောင်ရွက်စေရန် ကူညီပါသည်။ တစ်ခါတစ်ရံတွင် အသံအိုးအာရုံကြော၌ အကျိတ်ရှိလျှင် ၎င်းအသံအိုးအာရုံကြောကို ဖယ်ရှားရမည်။

    နား/နှာခေါင်း/လည်ချောင်း ဆရာဝန်သည် အသံကြိုး၏ လုပ်ဆောင်မှုကို စစ်ဆေးသည့်လုပ်ငန်းစဉ်ကို ခွဲစိတ်ကုသမှု မပြုလုပ်မီ ဆောင်ရွက်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ကွေးညွှတ်နိုင်သော ကင်မရာတစ်ခုအား နှာခေါင်းမှ တစ်ဆင့် အသံကြိုးများကို ပုံဖော်ရန် ထည့်သွင်းပြီး ထိုအသံကြိုးများ ကောင်းစွာ အလုပ် လုပ်မလုပ်ကို စစ်ဆေးခြင်းများ ပါဝင်သည်။ ဤလုပ်ဆောင်ချက်ကို ခွဲစိတ်မှု ပြီးဆုံးသော အခါ အသံကြိုး၏လုပ်ငန်းစဉ်ကို အကဲဖြတ်ရန် နောက်တစ်ကြိမ်ထပ်မံ လုပ်ဆောင်ပါသည်။

    ခွဲစိတ်နေစဉ် အာရုံကြောထိခိုက်မှု အန္တရာယ်ကို လျှော့ချရန် ပြင်ပမှ တပ်ဆင်သော အထူးလေပြွန် (အသက်ရှူပြွန်) ကို အသုံးပြုနိုင်ပါသည်။ အသက်ရှူပြွန်တွင် အတွင်းပိုင်းအား စစ်ဆေးသည့် လျှပ်ခေါင်းပါရှိပြီး ခွဲစိတ်နေစဉ်တွင် အာရုံကြောများကို စောင့်ကြည့်လေ့လာပါသည်။

    ခွဲစိတ်နေစဉ် အသံကြိုး၌ ဒဏ်ရာရခြင်းသည် ယာယီသာ ဖြစ်တတ်သည်။ သို့ရာတွင် ထိုဒဏ်ရာရခြင်းသည် ပြန်ကောင်းရန် တစ်နှစ်ခွဲအထိ ကြာမြင့်တတ်သည်။ လူနာတစ်ဦးသည် အသံပြောင်းလဲလာလျှင် သို့မဟုတ် အသက်ရှူခြင်း သို့မဟုတ် မျိုချခြင်းများ ခက်ခဲလာလျှင် ထိုလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ရန် အသံကြိုးများကို ယာယီ ပစ္စည်းတစ်ခုဖြင့် ထိုးသွင်းနိုင်သည်။ ထိုအာရုံကြောသည် ပြန်ကောင်းမလာသော အခါ အာရုံကြောအား ပြန်လည်အစားထိုး မွမ်းမံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤလုပ်ငန်းစဉ်သည် ထိခိုက်မှုရှိသော အသံကြိုး၏ လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေရန်အတွက် အလုပ်မလုပ်သော မကြာခဏပြန်လည်ပေါ်ပေါက်တတ်သည့် အသံအိုးအာရုံကြောကို အလုပ်လုပ်သော အာရုံကြောနှင့် ဆက်သွယ်ပေးပါသည်။

    သိုင်းရွိုက် ခွဲစိတ်ဖြတ်တောက်ခြင်းကြောင့် နောက်ဆက်တွဲအာရုံကြောပြဿနာသည် ရှားပါးပြီး 1.4% မှ 14% အထိသာ ဖြစ်ပေါ်နိုင်သည်။ ခွဲစိတ်ဆရာဝန်သည် ပို၍အတွေ့အကြုံရှိလေလေ နောက်ဆက်တွဲရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ကို လျှော့ချနိုင်လေလေ ဖြစ်သည်။

  2. ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးများ ကို သိုင်းရွိုက်ကင်ဆာကုသမှုအတွင်း လေ့လာနေပါသည်။ ဤဆေးဝါးများသည် ကင်ဆာဆဲလ်များ ကြီးထွားခြင်းမှ ကာကွယ်ရန် အဓိကထား လုပ်ဆောင်ကြပါသည်။ ကိုင်နေ့စ် ဟန့်တားဆေးများသည် အချို့လူနာများအတွက် အကူအညီဖြစ်စေနိုင်သည်။

    အဆင့်မြင့်သော သို့မဟုတ် မကြာခဏပြန်လည်ပေါ်ပေါက်တတ်သည့် ရောဂါရှိသည့် လူနာများသည် စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းတွင် ဝင်ရောက်စာရင်းသွင်းရန် စဉ်းစားနိုင်ပါသည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာပျောက်ကင်းပြီးနောက် နေ့စဉ်ဘဝ

ပြန်လည်ဖြစ်ပွားခြင်းနှင့် နောက်ဆက်တွဲ ကုသမှုအတွက် စောင့်ကြည့်လေ့လာခြင်း

လူနာများသည် သိုင်းရွိုက်ကင်ဆာ ကုသခြင်းပြီးနောက် ဘက်စုံဆေးဝါးကူညီမှု အသင်းမှ တစ်သက်တာ စောင့်ကြည့်လေ့လာခြင်းနှင့် နောက်ဆက်တွဲ ဂရုစိုက်ခြင်း များကို ခံယူရန် လိုအပ်ပါသည်။ စမ်းသပ်မှုများ၏ အကြိမ်အရေအတွက်နှင့် အမျိုးအစားများအတွက် တိကျသည့် ညွှန်းဆိုချက်များသည် လူနာ၏လိုအပ်ချက်နှင့် သိုင်းရွိုက်ကင်ဆာ၏ အမျိုးအစားနှင့် အဆင့် အပေါ်မူတည်ပြီး ကွဲပြားပါသည်။ ထပ်ဆောင်းထည့်သွင်းစဉ်းစားရမည့်အချက်များတွင် သိုင်းရွိုက် ဟော်မုန်း အစားထိုးသည့် ကုသမှုကို စွဲမြဲစွာလုပ်ဆောင်ရန် အထောက်အပံ့ပြုလုပ်ခြင်း ပါဝင်သည်။

လက်ရှိ စောင့်ကြည့်နေမှုတွင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ကာစီတိုနင်အဆင့်ကို တိုင်းတာခြင်း၊ နှင့် လည်ပင်းကို အာထရာဆောင်းရိုက်ခြင်းတို့ ပါဝင်ပါသည်။ လူနာများအား မျိုးရိုးဗီဇဆိုင်ရာ ဗီဇပြောင်းလဲမှုကို သိရှိစေရန် အခြားကင်ဆာရောဂါများနှင့် ဆိုင်သော လက္ခဏာများ ရှိမရှိကိုလည်း စစ်ဆေးသင့်ပါသည်။

ရေရှည်စောင့်ရှောက်မှုတွင် ပါဝင်သော အဓိကအချက်များ

  • လူနာ၏ကိုယ်ခန္ဓာကို ပုံမှန်စမ်းသပ်စစ်ဆေးခြင်း
  • လည်ပင်းအား အာထရာဆောင်းဖြင့် ပုံဖော်ရိုက်ကူးခြင်း
  • သိုင်းရွိုက်ဟော်မုန်း အစားထိုးခြင်း (လီဗိုသိုင်ရိုဇင်း)
  • TSH အား စောင့်ကြည့်လေ့လာခြင်း- ပုံမှန်အတိုင်းအတာအတိုင်း ထိန်းသိမ်းထားရှိခြင်း
  • ကာစီတိုနင်နှင့် ကာစီနိုယွန်ဘရိုင်ယွန်နစ်ပဋိဇာတ် (CEA) အား တိုင်းတာခြင်း

သိုင်းရွိုက်နှင့် လည်ပင်း ခွဲစိတ်ကုသမှုနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု

လူနာများအပေါ် ကုသမှုအတောအတွင်းနှင့် ပြန်လည် နလန်ထချိန်တွင် စိတ္တလူမှုရေးဆိုင်ရာ အထောက်အပံ့များပံ့ပိုးပေးခြင်းသည် အကျိုးရှိနိုင်ပါသည်။ စိတ်ပညာ၊ ကလေးဘဝရှင်သန်မှု၊ လူမှုကူညီရေးလုပ်ငန်းနှင့် အခြားစည်းမျဉ်းများအတွက် ကိုယ်စားပြုဆောင်ရွက်သော စောင့်ရှောက်မှုအဖွဲ့ဝင်များသည် ဘဝအရည်အသွေးကို သက်ရောက်မှုရှိနိုင်သည့် ကုသမှုများကို ဖြေရှင်းကိုင်တွယ်ရာတွင်လည်းကောင်း စွဲမြဲစွာခံယူစေရန်အတွက်လည်းကောင်း အထောက်အကူဖြစ်စေသည်။ လုပ်ဆောင်နိုင်သည့် အချက်များတွင် နေ့စဉ် ဆေးဝါးသုံးစွဲမှု၊ ခွဲစိတ်မှု အမာရွတ်များကြောင့် ဖြစ်သော ခန္ဓာကိုယ်ပုံရိပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ချိန်ညှိခြင်းနှင့် ချိန်ညှိခြင်းဆိုင်ရာ အခြားလိုအပ်မှုများ ပါဝင်ပါသည်။

လူနာများသည် လည်ပင်းလှုပ်ရှားနိုင်မှုနှင့် လှုပ်ရှားနိုင်သည့်အဆင့်ကို သိရှိစေရန် ခွဲစိတ်မှုပြီးဆုံးသောအခါ ရုပ်ပိုင်းဆိုင်ရာ ကုထုံး ကို လည်း လိုအပ်နိုင်ပါသည်။

ကင်ဆာရောဂါ ကုသပြီးနောက် ကျန်းမာရေး

အထွေထွေကျန်းမာရေးနှင့် ရောဂါ ကာကွယ်ခြင်းအတွက် ကင်ဆာရောဂါပျောက်ကင်းသူ အားလုံးသည် ကျန်းမာသော နေထိုင်မှုပုံစံနှင့် စားသောက်မှု အလေ့အထများကို မွေးမြူသင့်ပါသည်။ ထို့ပြင် မူလအစကတည်းက ပြသခဲ့သော ဆရာဝန်ထံတွင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများနှင့် စမ်းသပ်စစ်ဆေးမှုများကိုလည်း အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဆက်လက်လုပ်ဆောင်သင့်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018