ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး
ကုန်အမှတ်တံဆိပ်အမည်များ:
Velcade®
မကြာခဏအတှကျအသုံးပွု:
ရိုးတွင်းခြင်ဆီမြင်းဆိုး၊ ပြန်ရည်ကျိတ်ကင်ဆာ
Bortezomib (ဘော်ရ်တီဇိုမစ်ဘ်) သည် ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံးအမျိုးအစားဝင် ဆေးဝါးတစ်မျိုးဖြစ်သည်။ ဆဲလ်၏အရေးကြီးသော လုပ်ငန်းဆောင်တာများကို ဟန့်တားခြင်းအားဖြင့် ဆဲလ်သေဆုံးမှုကို ဦးတည်သွားစေသည့် ဆေးဖြစ်သည်။
လူနာများသည် သွေးဥအရေအတွက်ကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။
ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်
အရေပြားအောက်သို့ ထိုးသွင်း၍လည်းရသည် (အရေပြားအောက်)
Bortezomib (ဘော်ရ်တီဇိုမစ်ဘ်) သုံးသည့်လူနာတိုင်း ဤဘေးထွက်ဆိုးကျိုးများကို ခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။
အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Bortezomib (ဘော်ရ်တီဇိုမစ်ဘ်) ကြောင့်ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများမှာ−
ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။