အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဂါဘာပန်တင်

အကိုက်အခဲပျောက်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Neurontin®, Gralise®

မကြာခဏအတှကျအသုံးပွု:

ရုတ်တရက်တက်ခြင်းများ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းများနှင့် နာဗ်ကြောနာကျဉ်ခြင်း

ကလစ်ဘုတ် သင်္ကေတ

ဂါဘာပန်တင်အကြောင်း

ဂါဘာပန်တင်ဆေးသည် အတက်ပျောက်ဆေးတစ်မျိုးဖြစ်ပြီး ရုတ်တရက်တက်ခြင်းများတို့ကို သက်သာစေသည်။ ဤဆေးသည် နာဗ်ကြောပျက်စီးခြင်းကြောင့်ဖြစ်သော ခြေ/လက်ထုံကျဉ်ခြင်း သို့ အခြားနာဗ်ကြောနာကျဉ်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။

ဂါဘာပန်တင်ဆေးပမာဏကို လိုချင်သည့်ဆေးပမာဏရောက်သည်အထိ တဖြည်းဖြည်းချင်း တိုးမြှင့်လာပါလိမ့်မည်။ ဂါဘာပန်တင်ဆေး အာနိသင်ပြရန် ရက်ပေါင်းများစွာ ကြာမြင့်နိုင်သည်။

ဆေးကိုသွေးအတွင်းသို့ ပုံမှန်ထုတ်လွှတ်သည့်ပုံစံနှင့် အချိန်ကြာမြင့်စွာထုတ်လွှတ်ပေးသည့်ပုံစံနှစ်မျိုးစလုံး ရနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။

ဆေးပြားနှင့် ဆေးတောင့် သင်္ကေတ

ဆေးပြား သို့ ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
အရည်စက်ကျနိုင်သည့် သင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်သလိုခံစားနေရခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခေါင်းမူးခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • အနီကွက်ဖြစ်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • မျက်စိအကြောဆွဲခြင်း

ဂါဘာပန်တင်ဆေးသောက်သူတိုင်း အဆိုပါဘေးထွက်ဆိုးကျိုးများကို တွေ့ကြုံရမည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • ဤဆေးသည် အိပ်ငိုက်ခြင်း သို့ ခေါင်းမူးခြင်းတို့ကို ဖြစ်စေနိုင်ပြီး၊ လဲကျနိုင်ခြေကိုလည်း တိုးလာစေတတ်သည်။
  • ဆေးပညာရှင်၏ ကြီးကြပ်မှုမပါဘဲ လူနာအနေဖြင့်ဂါဘာပန်တင်ဆေးသောက်ခြင်းကိုရပ်တန့်မပစ်သင့်ပါ။
  • ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိသည့် အမျိုးအသမီးများအနေဖြင့် ဂါဘာပန်တင်ဆေးသောက်နေပါက ကလေးမယူမီ ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

ဂါဘာပန်တင်ဆေးကို အိမ်တွင်အသုံးပြုခြင်း-

  • ဆေးကို နေ့တိုင်းသတ်မှတ်အချိန်တစ်ခုတွင် သောက်ပါ။
  • ဆေးပြားနှင့် ဆေးတောင့်များကို အလုံးလိုက် ရေများများဖြင့်သောက်ပါ။ ဆေးတောင့်များကို ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ဆေးတောင့်တွင်ပါလာသောအမှုန့်များကို ဆေးမသောက်မီ အစားအနည်းငယ်တွင်ဖြစ်စေ၊ ဖျော်ရည် သို့ အရသာထည့်ထားသောအရည်တို့တွင်ဖြစ်စေ ရောစပ်နိုင်သည်။
  • ဆေးပြားနှင့် ဆေးတောင့်များကို ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဂါဘာပန်တင်ဆေးရည်ဖြစ်ပါက ဆေးနှင့်အတူပါလာသော တိုင်းတာသည့်ပစ္စည်းကို အသုံးပြုပါ။
  • ဂါဘာပန်တင်ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ အကယ်၍ နောက်တစ်ကြိမ်ဆေးသောက်ရမည့်အချိန်မှ ၄ နာရီအတွင်းဖြစ်နေပါက မသောက်ဘဲကျော်လိုက်နိုင်သည်။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဆေးအား ဘေးကင်းစွာသိမ်းဆည်းခြင်းနှင့် ဆေးစွန့်ပစ်ခြင်း လမ်းညွှန်ချက်များကို လိုက်နာပါ။