ကျောရိုးအောက်ပိုင်းနေရာသို့ ထိုးသွင်းရသော ထုံဆေးကို အများအားဖြင့် "ခါးအောက်ပိုင်းထုံဆေး" ဟု ခေါ်ကြသည်။ ယင်းသည် ကျောရိုးအောက်ပိုင်းနေရာသို့ ထိုးသွင်းရသော ထုံဆေးဖြစ်သည်။ ကျောရိုးအောက်ပိုင်းနေရာသည် ကျောရိုးအဆစ်ကြားရှိ နေရာလပ်နံရံနှင့် ကျောရိုးနာ့ဗ်ကြောအကာကြားရှိ နေရာဖြစ်သည်။
မေ့ဆေးဆရာဝန်သည် epidural catheter (ခါးအောက်ပိုင်းထုံဆေးပြွန်) ဟုခေါ်သော ပြွန်ငယ်ကို ထည့်ရန်အတွက် ပါးလွှာသောအပ်ကို အသုံးပြုသည်။ မေ့ဆေးဆရာဝန်သည် နာကျင်မှုကို စီမံလုပ်ဆောင်ပေးသော ဆရာဝန်ဖြစ်သည်။
အပ်ကို ထုတ်လိုက်သောအခါတွင် ပြွန်သည် နေရာ၌ ကျန်ခဲ့သည်။ ယင်းမှာ ငါးမျှားကြိုးအရွယ်အစားမျှသာ ရှိသည်။
ပြွန်၏အခြားဘက်အစွန်းကို ပန့်ပ်နှင့် ချိတ်ဆက်သည်။ ပန့်ပ်သည် အကိုက်အခဲပျောက်ဆေးကို ထုတ်လွှတ်ပေးသည်။ အဆိုပါဆေးသည် နာ့ဗ်ကြောများမှ ဦးနှောက်သို့ ပေးပို့သော နာကျင်မှုမက်ဆေ့ချ်များကို ပိတ်ပေးသည်။
ခါးအောက်ပိုင်းထုံဆေးများသည် သင့်ကလေးကို အလွန်အိပ်မငိုက်စေဘဲ နာကျင်မှုကို ထိန်းချုပ်ပေးနိုင်သည်။ ဆေးလုံးအဖြစ်ပေးသော သို့မဟုတ် အကြော (IV) အတွင်းသို့ ထိုးသွင်းပေးသော အကိုက်အခဲပျောက်ဆေးများသည် သင့်ကလေးအား အိပ်ငိုက်စေနိုင်ပါသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အချို့သောဆေးများသည် ဦးနှောက်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။ နာကျင်မှုကိုသိရှိသော အာရုံကြောများထံ ဆေးများ တိုက်ရိုက်ပို့လွှတ်သောအခါတွင် ဦးနှောက်ဆီသို့ ဆေးသိပ်မရောက်တော့ပေ။
ခါးအောက်ပိုင်းထုံဆေး၏ ရည်ရွယ်ချက်မှာ သင့်ကလေး အသက်ပြင်းပြင်းရှူနိုင်စေရန်၊ အိပ်ရာမှထွက်နိုင်စေရန်နှင့် သက်တောင့်သက်သာအိပ်နိုင်စေရန်အတွက် နာကျင်မှုကို လျှော့ချပေးရန် သို့မဟုတ် နာကျင်မှုမရှိစေရန် ဖြစ်ပါသည်။ လူနာများ သတိပိုရှိလေ ၎င်းတို့ အကိုက်အခဲပျောက်ဆေးများကို ပိုမိုလိုအပ်ခြင်းရှိ၊ မရှိ ချက်ချင်းသိရှိနိုင်လေ ဖြစ်သည်။ ၎င်းသည် ခွဲစိတ်ပြီးနောက် ကိုယ်ကိုလှည့်ရာ၌၊ ချောင်းဆိုးရာ၌၊ ထထိုင်ရာ၌ သို့မဟုတ် လမ်းလျှောက်ရာ၌ အဆင်ပြေစေသည်။ အဆိုပါလှုပ်ရှားမှုများသည် သင့်ကလေးအား ခွဲစိတ်မှုမှ ပြန်ကောင်းလာစေရန် အထောက်အကူပြုသည်။
မနာပါ၊ ကလေးအများစုသည် ပြွန် သို့မဟုတ် ဆေးများဝင်သွားသည်ကို မခံစားရပါ။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ခါးအောက်ပိုင်းထုံဆေးပြွန်မှတစ်ဆင့် ဆေး 2 မျိုးကို ပေးပါသည်။ သင့်ကလေးသည် ဆေးနှစ်မျိုးလုံးကို ထိုးသွင်းခံရနိုင်ပါသည်-
ဘေးကင်းပါသည်။ မေ့ဆေးဆရာဝန်သည် သင့်ကလေး၏အသက်အရွယ်၊ ခန္ဓာကိုယ်အရွယ်အစား၊ ခွဲစိတ်မှုအမျိုးအစား၊ အလုံးစုံ ဆေးကုသမှုအခြေအနေတို့ပေါ် အခြေခံ၍ သင့်ကလေး အကိုက်အခဲပျောက်ဆေးမည်မျှ လိုအပ်မည်ကို ဆုံးဖြတ်ပါသည်။ ဆရာဝန်သည် သင့်ကလေးရရှိမည့် အကိုက်အခဲပျောက်ဆေးပမာဏကို လိုအပ်သလို ချိန်ညှိနိုင်ပါသည်။
နာကျင်မှုသက်သာစေသော ဆေးဝါးများသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ-
အခြားဘေးထွက်ဆိုးကျိုးများသည် ဆေးများထက် ပြွန်နှင့် ဆက်စပ်သည်။ အဆိုပါရှားပါးသော ဘေးထွက်ဆိုးကျိုးများတွင် ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပါဝင်ပါသည်။ ပြုစုကုသရေးအဖွဲ့သည် သင့်ကလေးတွင် အဆိုပါပြဿနာများ၏ အစောပိုင်းလက္ခဏာများရှိ၊ မရှိ စောင့်ကြည့်မည်ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများအတွက် ကုသနည်းများ ရှိပါသည်။
ရှိနေပါမည်။ ယင်းမှာ ထုံဆေးပေးပြီးနောက် ရုတ်တရတ်နာကျင်ခြင်း ဖြစ်ပါသည်။ သင့်ကလေးသည် အတော်အတန်အရွယ်ရောက်ပြီဆိုပါက ပြုစုကုသရေးအဖွဲ့သည် ၎င်းအား နာကျင်မှုအဆင့်ကို ဖော်ပြရန်အတွက် နာကျင်မှုတိုင်းကိရိယာကို အသုံးပြုစေနိုင်ပါသည်။
အကိုက်အခဲပျောက်ဆေးပေးခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ ကလေးများ ၎င်းတို့၏ခြေထောက်များကို လှုပ်နိုင်စေရန် ဖြစ်ပါသည်။ ပြုစုကုသရေးအဖွဲ့က မီးစိမ်းပြပါက သင့်ကလေးသည် အကူအညီယူ၍ အိပ်ရာမှထွက်နိုင်ပါသည်။ သင့်ကလေး အိပ်ရာမှ ပထမဆုံးထွက်သည့်အချိန်တွင် သူနာပြု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်ကို ခေါ်ပါ။
အောက်ပါအခြေအနေတို့တွင် သင့်ကလေး၏သူနာပြုကို ခေါ်သင့်ပါသည်-
သင်၏ပြုစုကုသရေးအဖွဲ့သည် အောက်ဖော်ပြပါတို့ကို စစ်ဆေးမည်ဖြစ်သည်-
တစ်ခါတစ်ရံတွင် ပြုစုကုသရေးအဖွဲ့သည် သင့်ကလေးကို ခြေထောက်များ လှုပ်ခိုင်းမည်ဖြစ်သည်။ ဆေးဝါးများနှင့် ပြွန်သည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ မဖြစ်စေကြောင်း သေချာစေရန်အတွက် ယင်းသည် အရေးကြီးပါသည်။
ခါးအောက်ပိုင်းထုံဆေးပြွန်ကို ကြည်လင်သော ပတ်တီးဖြင့် အုပ်ထားမည်ဖြစ်သည်။ ပတ်တီးကို လဲလှယ်ရန် လိုအပ်မည်မဟုတ်ပါ။ အစွန်းများ ကွာလာပါက သို့မဟုတ် အခြားတိပ်သည် ကွာလာပါက သင့်ကလေး၏သူနာပြုကို ပြောပါ။
အကိုက်အခဲပျောက်ဆေးအမျိုးအစားတိုင်းတွင် အန္တရာယ်ရှိပါသည်။ အဆိုပါအန္တရာယ်များတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-
ခါးအောက်ပိုင်းထိုးဆေးနှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်များ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ရှိပါက သင့်ကလေး၏ဆရာဝန် သို့မဟုတ် မေ့ဆေးဆရာဝန်နှင့် ပြောဆိုဆွေးနွေးပါ။
ခါးအောက်ပိုင်းထုံဆေးပြွန်ကို နေရာချရန် အသုံးပြုသောအပ်သည် ကျောရိုးအောက်ပိုင်းနေရာအစား ကျောရိုးနေရာလပ်သို့ ဝင်သွားနိုင်သည့် အသေးစားအန္တရာယ် ရှိပါသည်။ ထိုကဲ့သို့ဖြစ်ပွားပါက သင့်ကလေးသည် ရက်အနည်းငယ်ကြာ ခေါင်းကိုက်နေနိုင်ပါသည်။ ပြွန်တဝိုက်၌ ပိုးဝင်နိုင်ချေ သို့မဟုတ် သွေးထွက်နိုင်ချေမှာ အလွန်နည်းပါသည်။ သို့သော် အချို့သော ရှားပါးဖြစ်ရပ်များတွင် အာရုံကြောပျက်စီးခြင်း ဖြစ်ပွားနိုင်သည်။
အများအားဖြင့် ခါးအောက်ပိုင်းထုံဆေးပြွန်ကို 2-5 ရက်ကြာ တပ်ထားနိုင်ပါသည်။ ထိုအခါတွင် သင့်ကလေးသည် သောက်သုံးရသော သို့မဟုတ် IV မှ ထိုးသွင်းရသော အခြားအကိုက်အခဲပျောက်ဆေးများကို မှီဝဲနိုင်ပါသည်။
ကျောမှ ပြွန်ထုတ်ခြင်းသည် အမှန်ပင် မနာကျင်ပါ။ သူနာပြုသည် တိပ်ကိုပိုမိုလွယ်ကူစွာ ကွာလာစေရန်အတွက် ကပ်ခွာဖယ်ရှားခြင်းကို အသုံးပြုမည်ဖြစ်သည်။ ပြွန်ကိုဖြုတ်ပြီးနောက် သူနာပြုသည် ကပ်ခွာပတ်တီးကို နေရာတကျ စီးပေးမည်ဖြစ်သည်။ ထိုပတ်တီးကို 1 ရက်ကြာ နေရာတကျပတ်ထားရန် လိုအပ်ပါသည်။
—
ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ၊ 2022 ခုနှစ်