ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ဘိန်းပါသောဆေးများသည် ကလေးများတွင်ဖြစ်သည့် ကင်ဆာနှင့် ဆက်နွယ်၍ဖြစ်လာသည့် နာကျင်မှုများအား ကုစားရန်အတွက် အရေးပါသည့်နေရာတွင်ရှိနေသည်။
နာကျင်မှုသည် ကင်ဆာရောဂါကုသနေစဉ်နှင့် ကုသမှုအပြီးတွင် ပုံမှန်အားဖြင့် ခံစားရတတ်သည်။ နာကျင်မှုအား စီမံခန့်ခွဲခြင်းသည် လူနာအား ပြုစုစောင့်ရှောက်သည့်အပိုင်း၏ အစိတ်ပိုင်းတစ်ခုဖြစ်သည်။ သို့သော် ကလေးကင်ဆာဝေဒနာရှင်များ၏ မိဘများသည် ၎င်းတို့၏ ကလေးငယ်များအား ဘိန်းပါသောဆေးများ အသုံးပြုကုသခြင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်တတ်ကြသည်။ ၎င်းဆေးများအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းနှင့် လွဲမှားစွာအသုံးပြုခြင်းတို့သည် နိုင်ငံအနှံ့ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပဋိပက္ခတစ်ခုသို့ ဦးတည်သွားခဲ့ဖူးသည်။
သို့သော်လည်း ဘိန်းပါသောဆေးများသည် ကင်ဆာနှင့် အချို့သောကင်ဆာကုထုံးများနှင့်ဆက်နွယ်၍ ခံစားရသည့်နာကျင်မှုများအတွက် ထိရောက်သော ကုသမှုတစ်ခု ဖြစ်နိုင်သည်။
ဘိန်းပါသောဆေးများသည့် နာကျင်မှုအား သက်သာပျောက်ကင်းစေနိုင်သည့် ဆေးဝါးအမျိုးအစားဖြစ်ပြီး ထောက်ခံချက်ဖြင့် တရားဝင်အသုံးပြုနိုင်သည်။ ၎င်းဆေးများတွင်hydrocodone၊ oxycodone၊ morphine၊ fentanyl နှင့် methadoneတို့ပါဝင်သည်။
ဆေးညွှန်းစာဖြင့်သုံးနိုင်သည့် ဘိန်းပါသောဆေးများကို ပြင်းထန်သော သို့မဟုတ် နာတာရှည်ဖြစ်သော အသင့်အတင်နာကျင်မှုကို ရိုးရိုးပြင်းထန်သည့်နာကျင်မှုအဖြစ် လျှော့ချရာတွင် အသုံးပြုသည်။ ကိုယ်တွင်းအင်္ဂါထဲတွင်ဖြစ်သော နာကျင်မှုအတွက် ၎င်းတို့ကို ဆေးညွန်းပေးနိုင်သည်။ ၎င်းနာကျင်မှုမျိုးသည် ခွဲစိတ်မှုလုပ်ခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါတစ်ခုကို ဖိမိနေသည့် အကျိတ်စသည့် ရုပ်ပိုင်းဆိုရာ လှုံ့ဆော်မှုတစ်ခုကို တုံ့ပြန်ခြင်းကြောင့် ဖြစ်တတ်သည်။ ဘဝနေဝင်ခြင်း ပြုစုစောင့်ရှောက်မှု လုပ်စဉ်အတွင်း နာကျင်မှုကိုထိန်းချုပ်ရန်လည်း ဘိန်းပါသော ဆေးများကို အသုံးပြုနိုင်သည်။
နာကျင်မှုအမျိုးအစားများနှင့် နာကျင်မှုအားစီမံခန့်ခွဲခြင်းအကြောင်းဆက်လက်ဖတ်ရှုပါန်။
ကင်ဆာနှင့် ဆက်နွယ်သည့် နာကျင်မှုအား ကုသရာတွင် အရေးပါသည့်ကုသနည်းများရှိပြီး ဘိန်းပါသောဆေးများသည် တစ်ခုတည်းသော ရွေးစရာနည်းလမ်းမဟုတ်ပါ။ ဘက်ပေါင်းစုံပါဝင်ခြင်း ဖြင့်ကုသသည့်နည်းလမ်းသည် အကောင်းဆုံးဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။ ၎င်းတွင် အခြားဆေးဝါးများ နှင့် ဆေးဝါးမပါဝင်သည့် အခြား ကုထုံးအမျိုးအစားများ ပါဝင်နိုင်သည်။
ဘိန်းပါသောဆေးသည် စွဲလန်းရန် အလွန်လွယ်ကူသည့်ဆေးဝါးမျိုးဖြစ်သည်။ သို့သော်လည်း ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ဆေးစွဲခြင်းကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ လုပ်ဆောင်လိမ့်မည်။ ဥပမာအားဖြင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ဘိန်းပါသောဆေးများအား ကာလတိုအတွက်အသုံးပြုရန်သာ ညွှန်ကြားပြီး ၎င်းသည် လူနာ၏ ဆေးစွဲလန်းနိုင်မှုအား လျော့ကျစေနိုင်သည်။
ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် စွဲလန်းနိုင်သည့်အချက်များအား စိစစ်အကဲဖြတ်နိုင်ပြီး လူနာသည် ဆေးစွဲနိုင်ခြေနည်းသလား၊ ဆေးစွဲနိုင်ခြေရှိသလား၊ သို့မဟုတ် ဆေးစွဲနိုင်ခြေများသလား စသဖြင့် ဆုံးဖြတ်နိုင်သည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ၎င်းသတင်းအချက်အလက်အားအသုံးပြု၍ နာကျင်မှုကိုကုသသည့် အစီအစဉ်တစ်ခုကို တီထွင်ဖော်ထုတ်နိုင်သည်။
ဘိန်းပါသောဆေးအသုံးပြုရန်အတွက် ညွှန်ကြားခံရပါက ကလေးကင်ဆာကုသသည့်စင်တာများသည် လူနာများနှင့် လူနာ၏ မိဘများအား ဆေးပစ္စည်းတစ်ခုအသုံးပြုခြင်းနှင့်ပတ်သက်၍ စာချုပ် သို့မဟုတ် သဘောတူညီချက် အား ဘိန်းပါသောဆေးများ စတင်အသုံးမပြုခင် လက်မှတ်ရေးထိုးခိုင်းကြသည်။ ၎င်းစာရွက်စာတမ်းတွင် လူနာနှင့် မိသားစုဝင်များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ ဘိန်းပါသောဆေးနှင့် ကုသမှုကို ရပ်ဆိုင်းနိုင်သည့် အခြေအနေသတ်မှတ်ချက်များနှင့် ပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများ၏ တာဝန်များအကြောင်းကို ဖော်ပြထားသည်။
သဘောတူညီချက်စာချုပ်များသည် ပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများနှင့် လူနာမိသားစုများအား ဘိန်းပါသောဆေးပေးကုသခြင်းအကြောင်း ရှင်းလင်းပြောပြရာတွင်နှင့် မေးခွန်းများနှင့် စိုးရိမ်မှုများကို ဖြေရှင်းရာတို့တွင် အထောက်အကူ ဖြစ်စေနိုင်သည်။
ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် လူနာအား ဘိန်းပါသောဆေးများ မှန်မှန်ကန်ကန်အသုံးပြုမှု ရှိမရှိကို နည်းလမ်းများစွာအသုံးပြု၍ ကြီးကြပ်နိုင်သည်။
ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် လူနာအား ဘိန်းပါသောဆေး လွဲမှားစွာအသုံးပြုသည့် လက္ခဏာပြမပြ အနီးကပ်စောင့်ကြည့်မည် ဖြစ်သည်။ မိဘများအနေဖြင့် ဤကဲ့သို့လက္ခဏာများ လေ့လာတွေ့ရှိရပါက ပြုစုစောင့်ရှောက်ရေးအဖွဲ့အား ပြောကြားသင့်သည်-
အကယ်၍ ဆေးဝါးအလွဲသုံးပြုမှုဖြစ်ပေါ်လာပါက မိဘများနှင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့တို့လက်တွဲ၍ ဖြေရှင်းရမည့်နည်းလမ်းများကို အတူတကွရှာဖွေနိုင်သည်။
ဘိန်းပါသောဆေးသုံးစွဲမှုနှင့်ပတ်သက်၍ စိုးရိမ်မကင်းစိတ်ဖြစ်လာပါက ပြုစုစောင့်ရှောက်ရေးအဖွဲ့ မှ အဖွဲ့ဝင်များအား ပွင့်လင်းစွာ ပြောဆို တိုင်ပင်ပါ။
---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ