အဓိကအကြောင်းအရာ skip

နာကျင်မှုအား ဆေးဝါးများဖြင့် စီမံခြင်း

ကလေးကင်ဆာကုသနေစဉ်တွင် နာကျင်မှု အခြေအနေတော်တော်များများအတွက် ဆရာဝန်များ သို့မဟုတ် သူနာပြုဆရာများက သောက်သုံးရန်ဆေးဝါးများကို ညွှန်ကြားနိုင်သည်။ ဥပမာအားဖြင့် အချို့သော ဆေးကုသမှု လုပ်ငန်းစဉ်များလုပ်နေစဉ် သို့မဟုတ် ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးဖြစ်သည့် နာကျင်မှုအတွက် လူနာများသည် သောက်သုံးရန်ဆေးဝါးများ ရနိုင်သည်။

ကာလကြာရှည်သော (နာတာရှည်) နာကျင်မှုအတွက် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ဤကဲ့သို့ အများဆုံး ညွှန်ကြားဖွယ်ရှိသည်။ နာကျင်မှု စီမံခန့်ခွဲခြင်း အစီအစဉ်တိုင်း၏ နောက်ဆုံးပန်းတိုင်များမှာ သက်သောင့်သက်သာရှိခြင်း၊ လုပ်ဆောင်နိုင်ခြင်းနှင့် ယေဘုယျ ဘဝအရည်အသွေးတို့ဖြစ်သည်။

ကလေးကင်ဆာ ကုသမှုအစီအစဉ်နှင့် ဆက်နွယ်သော နာကျင်မှု

ကလေးကင်ဆာကုသရေး ဆေးရုံများသည် နာကျင်နိုင်ခြေရှိသော လုပ်ငန်းစဉ်များဖြစ်သည့် အပ်စိုက်ခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီစုပ်ယူခြင်း သို့မဟုတ် ခါးဆစ်ကြားဖောက်ခြင်းစသည့် နည်းလမ်းများအတွက် နာကျင်မှု စီမံခန့်ခွဲခြင်း ရွေးစရာနည်းလမ်းများကို ကမ်းလှမ်းလေ့ရှိကြသည်။ ခွဲစိတ်မှုလုပ်နေစဉ်တွင် လူနာများကို အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် မေ့ဆေးများပေးသည်။

နာကျင်မှု စီမံခန့်ခွဲခြင်း ဆေးဝါးများတွင် အောက်ပါတို့ ပါဝင်သည်။

  • ဖြစ်သည့်နေရာကို ထုံစေရန် အရေပြားပေါ်တွင် လိမ်းဆေးများနှင့် အနာကပ်များ သုတ်လိမ်းသည်။
  • စိတ်ကိုတည်ငြိမ်စေခြင်း - သက်သောင့်သက်သာဖြစ်စေသောဆေးဝါး သို့မဟုတ် အချိန်အနည်းငယ် အိပ်စက်အနားယူခြင်း
  • ထုံဆေး - ခန္ဓာကိုယ်၏ သတ်မှတ်သောနေရာတစ်ခုကို ထုံနေစေခြင်း
  • မေ့ဆေးအပြည့်ပေးခြင်း - လူနာသည် အိပ်ပျော်နေပြီး လုပ်ငန်းစဉ်ကို သတိထားပြုမည်မဟုတ်ပါ။

ပြင်းထန်သည့် နာကျင်မှု

ပြင်းထန်သော နာကျင်မှုသည် ခွဲစိတ်မှု လုပ်ငန်းစဉ်ကဲ့သို့သော တိကျသောအကြောင်းအရာတစ်ခုခုကြောင့် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မည်သည့် ဆေးဝါးကို သုံးစွဲမည်ဟု ဆုံးဖြတ်ရသည့်အခါတွင် ဆရာဝန်များသည် နာကျင်မှုဖြစ်စေသောအကြောင်း၊ နာကျင်မှုအဆင့်နှင့် ၎င်းမှ နေ့စဉ်ဘဝကို ဆောင်ရွက်ရန် လူနာ၏စွမ်းရည်အပေါ် မည်မျှအကျိုးသက်ရောက်သလဲ စသည့်အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားသည်။

ယေဘုယျအားဖြင့် နာကျင်မှုကို တစ်ရှူးနှင့်ဆိုင်သော သို့မဟုတ် အာရုံကြောနှင့်ဆိုင်သော နာကျင်မှုဟူ၍ခွဲခြားထားသည်။

  • တစ်ရှူးနှင့်ဆိုင်သော နာကျင်မှု (ကိုယ်ခန္ဓာနာကျင်မှု သို့မဟုတ် ကိုယ်တွင်းအင်္ဂါ နာကျင်မှု ဟုလည်းခေါ်သည်) - တစ်ရှူးများ၊ ကိုယ်တွင်းအင်္ဂါများ သို့မဟုတ် အရိုးများ ပျက်စီးခြင်းက ဤကဲ့သို့သော နာကျင်မှုကို ဖြစ်စေသည်။ ၎င်းနာကျင်ခံစားမှုသည် ကိုက်ခဲခြင်း၊ ဆူးချွန်ဖြင့်ထိုးခံရသကဲ့သို့ခံစားရခြင်း သို့မဟုတ် တဒုတ်ဒုတ်နာကျင်ခြင်း စသည့် ခံစားမှုးများ ခံစားရသည်။ နာကျင်မှုသည် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တတ်ပြီး၊ အမြဲနာကျင်နေခြင်းလည်း ဖြစ်တတ်သည်။
  • အာရုံကြောနှင့်ဆိုင်သော နာကျင်မှု (ပြင်ပအာရုံကြော) - အာရုံကြော ထိခိုက်မှုသည် ဤကဲ့သို့သော နာကျင်မှုကို ဖြစ်စေသည်။ ကီမိုဆေးသွင်းခြင်းကုထုံးဆေးအချို့ဖြစ်သည့် ဗင်ခရစ်စတင်းသည် အာရုံကြောထိခိုက်မှုကိုဖြစ်စေနိုင်သည်။ နာကျင်မှုကို သေနတ်အပစ်ခံထားရသလို သို့မဟုတ် အပူလောင်သလို နာကျင်မှု သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းဟု ဖော်ပြတတ်သည်။ ယင်းနာကျင်မှုသည် အလိုလိုပျောက်သွားတတ်သော်လည်း တစ်ခါတစ်ရံ နာကျင်မှု ရှည်ကြာတတ်သည်။

နာကျင်မှုအတွက်ကုထုံးများ

အပျော့စား နာကျင်မှု

အပျော့စားနာကျင်မှုအတွက် ဆရာဝန်များက acetaminophen သို့မဟုတ် ibuprofen သို့မဟုတ် naproxen ကဲ့သို့သော စတီးရွိုက်မပါသော အရောင်ကျဆေးများ (NSAIDs) ကို ပေးပါမည်။

အခြားပေးနိုင်သည့် NSAIDs ဆေးများတွင် celecoxib၊ choline magnesiumtrisalicylate တို့ကိုနှင့် Ketorolac တို့ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ NSAIDs ဆေးများကို ဆေးပမာဏများသော methotrexateကဲ့သို့သော အချို့သော ကီမိုဆေးသွင်းခြင်းကုထုံးဆေးများနှင့် မည်သည့်အခါမှ တွဲမပေးပါ။ Choline magnesiumtrisalicylate တို့ကိုReye’s ရောဂါလက္ခဏာစုနှင့် ပတ်သတ်နေသောကြောင့် ဗိုင်းရပ်စ်ရောဂါလက္ခဏာစုများဟု သတ်မှတ်လိုက်သည့် သို့မဟုတ် ယူဆလိုက်သည့် ရောဂါဖြစ်စဉ်များတွင် မသုံးသင့်ပါ။

အတော်အသင့် နာကျင်မှု

အတော်အသင့် နာကျင်မှုအတွက် codeine၊ oxycodoneနှင့် hydrocodoneကဲ့သို့သော ဘိန်းပါသော ဆေးများကို ဆရာဝန်များက ဆေးညွှန်းပေးနိုင်သည်။

ပြင်းထန်သော နာကျင်မှု

ပြင်းထန်သော နာကျင်မှုအတွက် ဆရာဝန်များက ဘိန်းပါသောဆေး မော်ဖင်းကို ညွှန်းနိုင်သည်။ နာတာရှည် နာကျင်မှုဖြစ်မည်ဟု မျှော်လင့်ထားပါက လူနာများအနေဖြင့် လူနာကိုယ်တိုင်ချင့်ချိန်သောက်ရသည့် အကိုက်အခဲပျောက်ဆေး (PCA) ကိုရရှိနိုင်သည်။ ဤနည်းလမ်းသည် လူနာများ သို့မဟုတ် အချို့သောဖြစ်စဉ်များတွင် မိဘများကို နာကျင်မှု သက်သာစေသည့်ဆေး ပမာဏကို ချင့်ချိန်သောက်ရန် ခွင့်ပြုပါသည်။

အာရုံကြောနှင့်ဆိုင်သော နာကျင်မှုအတွက် gabapentin၊ အတက်ကျဆေးတစ်မျိုးနှင့် amitriptylineစိတ်ကျဝေဒနာ သက်သာဆေးတစ်မျိုးတို့ကို ဆေးညွှန်းပေးနိုင်သည်။ တစ်ချို့ဖြစ်စဉ်များတွင် ဆရာဝန်များမှ စတီးရွိုက် ဆေးများကို ညွှန်းနိုင်ပါသည်။

ပို့ဆောင်ခြင်းနည်းလမ်းများ

လူနာများသည် နာကျင်မှု သက်သာသော ဆေးများကို ဤကဲ့သို့ ရရှိနိုင်သည်-

  • မျိုချခြင်း
  • သွေးကြောထဲသို့ အပ်မှတစ်ဆင့်ထိုးသွင်းခြင်း
  • အထူးဆီးချူပိုက်ဖြင့် နောက်ကြောထဲသို့ထည့်ခြင်း
  • အရေပြားပေါ်တွင် အနာကပ်တစ်ခုဖြင့်အုပ်ထားခြင်း

အာရုံကြောပိတ်ဆို့ခြင်း

အာရုံကြောပိတ်ဆို့ခြင်းသည် နောက်ထပ်ရွေးစရာ ကုထုံးတစ်ခုဖြစ်သည်။ ၎င်းတွင် နာကျင်မှုကိုဟန့်တားရန် ထုံဆေး သို့မဟုတ် မူးယစ်စေသောဆေးတစ်မျိုးကို အာရုံကြောတစ်ခုအတွင်း သို့မဟုတ် အနားပတ်လည်တွင် ထိုးသွင်းခြင်းပါဝင်သည်။ အာရုံကြောပိတ်ဆို့ခြင်းသည် အခြားနည်းလမ်းများဖြင့် မထိန်းချုပ်နိုင်သည့် နာကျင်မှုကို ကူညီထိန်းချုပ် ပေးသည်။

အန္တရာယ်ကင်းအောင်ဆေးပေးခြင်း

လူနာများသည် ဆေးရုံ သို့မဟုတ် နေအိမ်တွင် နာကျင်မှု သက်သာသော ဆေးဝါးများကို ရရှိနိုင်သည်။

  • လူနာများသည် သင့်တင့်သည့်အချိန်တွင် သင့်လျော်သောဆေးပမာဏရရှိရန် အရေးကြီးသည်။
  • လူနာများသည် ဆရာဝန်မှ အတည်ပြုထောက်ခံထားသော ဆေးကောင်တာမှ ဆေးများသာ ရသင့်သည်။ အချို့သောဆေးများသည် အခြားကုထုံးများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးများဖြစ်သောသွေးယိုခြင်းသို့မဟုတ် ရှိပြီးသားဘေးထွက်ဆိုးကျိုးများကို ပိုဆိုးလာစေခြင်းတို့ ဖြစ်စေသည်။
  • အကယ်၍နာကျင်မှုအတွက်လျော့ပါးသက်သာလာသည့်တိုင် နာကျင်မှု သက်သာသောဆေးများသုံးစွဲနေခြင်းကို အလျင်စလိုမရပ်သင့်ပါ။ နာကျင်မှု သက်သာသောဆေးများကိုတဖြည်းဖြည်းချင်းရပ်ခြင်းကဘေးထွက်ဆိုးကျိုးများကိုရှောင်လွှဲရန် ကူညီပေးသည်။ တဖြည်းဖြည်းချင်းလျော့ကျသွားခြင်းက ခန္ဓာကိုယ်အတွက် ၎င်းဆေးမသောက်ဘဲ ထိန်းညှိရန် အချိန်ရစေသည်။ ယင်းသည်လူနာ ဆေးစွဲနေသည်ဟုဆိုလိုခြင်းမဟုတ်ပါ။

မိသားစုများသည် ဘိန်းပါသောဆေးများကဲ့သို့ နာကျင်မှု သက်သာသော ဆေးဝါးများကို စွဲလန်းမှာ စိတ်ပူတတ်ကြသော်လည်း ကင်ဆာကုထုံး ရယူနေသော ကလေးများတွင် ဆေးစွဲခြင်း သက်သေအထောက်အထားမရှိပါ။ မိသားစုများသည် မည်သည့်စိုးရိမ်ထိတ်လန့်မှုကိုမဆို ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018