အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆေးဝါးအကူအညီမပါဘဲ နာကျင်မှု သက်သာအောင် စီမံခြင်း

နာကျင်မှု စီမံရန်အတွက် နည်းလမ်းများ

ကလေးကင်ဆာဌာနများသည်နာကျင်မှုအတွက်ဆေးဝါးမပါဝင်သော ကုထုံးများကို ပေးပါသည်။ ဤနည်းလမ်းများသည် ကလေးများနှင့် ဆယ်ကျော်သက်များကို ၎င်းတို့ ခန္ဓာကိုယ်နှင့် စိတ်တို့၏ နာကျင်မှုအပေါ်တုံ့ပြန်ပုံကို ထိန်းချုပ်နိုင်ရန်အတွက် အဓိကထား ကူညီပေးပါသည်။  

နာကျင်မှုသည် ဖြေရှင်းရန် ခက်ခဲသော အခြေအနေတွင်ရှိပြီး အကျိုးသက်ရောက်သောနည်းလမ်းတစ်ခုကို မတွေ့ခင် အမျိုးမျိုးသော ချဉ်းကပ်နည်းလမ်းများ သို့မဟုတ် ပေါင်းစပ်ထားသော ချဉ်းကပ်နည်းလမ်းများနှင့် ကြိုးပမ်းကြသည်၊ လူနာများကို နာကျင်မှု စီမံခန့်ခွဲခြင်း နည်းလမ်းများ သင်ယူစေရန် ကလေးဆိုင်ရာကိုယ်ခန္ဓာပြန်လည်သန်စွမ်းစေသည့်ကုသမှု ဆိုင်ရာအလုပ်ပေးကုထုံး ဆိုင်ရာစိတ်ပိုင်းဆိုင်ရာ သို့မဟုတ် သူနာပြုအတတ်ပညာဆိုင်ရာ အထူးကျွမ်းကျင်သူများထံသို့ သင့်လျော်သလို လွှဲပေးနိုင်သည်။ ခရစ်ယာန်ဘုန်းကြီးများ သို့မဟုတ် လူမှုဝန်ထမ်းများ ကို စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် မိသားစုထောက်ပံ့မှုလိုအပ်ချက်များအတွက် ဆွေးနွေးတိုင်ပင်နိုင်သည်။

အချို့သော နာကျင်မှု စီမံခန့်ခွဲခြင်း နည်းလမ်းများသည် ကလေးကင်ဆာဌာနအပြင် အခြားနေရာများတွင်လည်း ရနိုင်သည်။ မည်သို့ပင်ဖြစ်စေ လူနာမိသားစုများသည် အခြားကူညီပံ့ပိုးပေးသူများကို အသုံးပြုခြင်း သို့မဟုတ် မိမိတို့၏ကိုယ်ပိုင်နည်းလမ်းများကို အသုံးချရန် ရည်ရွယ်ခြင်းများ မပြုလုပ်မီ မိမိတို့၏ ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

အသုံးများသော နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်သည်-  

  • အာရုံပြောင်းစေခြင်း- ဤနည်းလမ်းသည် လူနာများကို ၎င်းတို့၏စိတ်ကို မသက်မသာဖြစ်သည့်အာရုံမှ ခွာထုတ်၍ အခြားတစ်နေရာရာသို့ အာရုံစိုက်ရန် အားပေးခြင်း။ 
    • တစ်ခါတစ်ရံတွင် ကိန်းဂဏန်းများရေတွက်နေစေခြင်း၊ သီချင်းဆိုနေစေခြင်း သို့မဟုတ် ဆေးထိုးအပ်ထိုးသည့်အချိန်ကဲ့သို့ ခဏတာလုပ်ငန်းစဉ်တစ်ခု လုပ်နေချိန်အတွင်း အရုပ်ဖြင့်ဆော့နေစေခြင်း။ 
    • သို့မဟုတ် လူနာသည် အချိန်အကြာကြီး နာကျင်ရတော့မည်ဆိုလျှင် ရုပ်ရှင်ကြည့်နေစေခြင်း၊ မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် စကားပြောနေစေခြင်း သို့မဟုတ် ဗီဒီယိုဂိမ်း၊ ဘုတ်ပြားဂိမ်းများ ကစားနေစေခြင်း စသည့် ဝါသနာပါရာ လှုပ်ရှားမှုတစ်ခုခုကို လုပ်စေခြင်းတို့ ပါဝင်နိုင်သည်။
  • အပန်းဖြေခြင်း- ဤနည်းလမ်းတွင် အသက်ကို ပြင်းပြင်းရှူခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် စိတ်ချမ်းမြေ့စေသော သီချင်း သို့မဟုတ် အသံများ ပါဝင်နိုင်သည်။ ယင်းသည် စိုးရိမ်မှုကို လျော့ပါးသက်သာစေပြီး ကြွက်သားများ တောင့်တင်းနေမှုကို လျော့ကျစေသည်။
  • ပုံစံငယ်များပြုလုပ်ခြင်း- နာကျင်မှုကို ဖြေဖျောက်ရန် အကူအညီဖြစ်စေမည့် နည်းလမ်းများကို အချို့လူများက ပုံစံငယ်ပြုလုပ်ပြသည် သို့မဟုတ် သရုပ်ပြတင်ဆက်သည်။ ဤနည်းလမ်းတွင် လူနာသည် အခြားလူနာ သို့မဟုတ် ပြုစုစောင့်ရှောက်သူကို လေ့လာအကဲခတ်ခြင်းများ ပါဝင်နိုင်သည်။ "ပုံစံငယ်လုပ်ပြသူ" မှ လုပ်ငန်းစဉ်တစ်ခု၏ အခက်အခဲအချို့ကို ပြသပြီးနောက် ၎င်းအခက်အခဲများကို ဘယ်လို ဖြေရှင်းခဲ့ရသည်ကို သရုပ်ပြချိန် သို့မဟုတ် ရှင်းပြချိန်တွင် ဤနည်းလမ်းသည် အကောင်းဆုံးအလုပ်ဖြစ်သည်။ ဤစိတ်ကူးမှာ လူနာမှ တုံ့ပြန်မှုကိုမြင်လာပြီးနောက် ဤနည်းလမ်းကို အထောက်အကူအဖြစ် အသုံးပြုလာနိုင်ရေးအတွက်ဖြစ်သည်။
  • အအေး/အပူ-
    • အအေးသည် ရောင်ရမ်းခြင်း၊ ဖူးရောင်ခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် လုပ်ငန်းစဉ် တစ်စုံတစ်ရာကြောင့် နာကျင်ခြင်းများမှ သက်သာရန်ကူညီသည်။ ရေခဲထုပ် သို့မဟုတ် တဘက်ထဲထည့်ထုပ်ထားသောရေခဲအကြေများကို နာကျင်သောနေရာတွင် အုပ်ပေးခြင်းသည် အသုံးများသောနည်းလမ်းဖြစ်သည်။
    • အပူသည် သွေးလည်ပတ်မှုကို မြန်စေသောကြောင့် နာကျင်မှုကို လျော့ပါးသက်သာစေသည်။ ရေနွေးဖြင့်ရေချိုးခြင်း သို့မဟုတ် တဘက်နွေးနွေးလေးဖြင့် အုပ်ထားပေးခြင်းက ထိရောက်စေသည်။ အပူပေးပြား အသုံးမပြုခင် ဆရာဝန်နှင့် ဆွေးနွေးပါ။
  • လေ့ကျင့်ခန်းလုပ်ခြင်း- လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ယောဂကျင့်ခြင်းများကဲ့သို့သော လေ့ကျင့်ခန်းများလုပ်ခြင်းက ကြွက်သားများ သန်မာလာစေခြင်း၊ တောင့်တင်းနေသော အဆစ်များကို လျော့ကျစေခြင်းနှင့် သွေးလည်ပတ်မှုအားကောင်းစေခြင်းတို့ကို အကျိုးပြုနိုင်သည်။
    • သွားလာလှုပ်ရှားမှု လုပ်ဆောင်ခြင်း- အနားယူခြင်းနှင့် လှုပ်ရှားမှုများအကြား ကောင်းမွန်မျှတမှုရှိစေရန် အရေးကြီးသည်။ လမ်းလျှောက်ခြင်း အစီအစဉ်တစ်ခုသည် ကြိုတင်ချမှတ်ထားသော ရည်မှန်းချက်များအပေါ်တွင် အခြေခံပြီး လှုပ်ရှားမှု အဆင့်များကို ချမှတ်ရန် ကူညီပေးသည်။ သို့မှသာ လှုပ်ရှားမှုအဆင့်များကို ဖြည်းဖြည်းမှန်မှန်နှင့် အန္တရာယ်ကင်းကင်း တိုးမြှင့်လုပ်ဆောင်နိုင်မှာဖြစ်သည်။
  • စိတ်ကူးပုံဖော်ခြင်း/အထောက်အကူဖြင့်ပုံဖော်ခြင်း- ဤနည်းလမ်းသည် လူနားများကို သာယာဖွယ်မြင်ကွင်းများ၊ အသံများ၊ အရသာများ၊ အနံ့များ သို့မဟုတ် အခြားအာရုံများကို အာရုံစိုက်ထားရန် သို့မဟုတ် စိတ်ကူးကြံဆရန် သင်ကြားပေးပါသည်၊ လူနာများ အာရုံငါးပါးကို အသုံးချနိုင်လျှင် ပိုမိုထိရောက်သည်။
  • နှိပ်နှယ်ပေးခြင်း- ခန္ဓာကိုယ် အပန်းဖြေရန်၊ တစ်ရှူးများ ဆွဲဆန့်ရန်နှင့် သွေးလည်ပတ်အားကောင်းရန် ညင်သာစွာနှိပ်နယ်ပေးခြင်းကို အသုံးပြုသည်။
  • ဆေးစစ်ခြင်း- နာကျင်မှုကဲ့သို့သော စိတ်ဖိစီးမှုကို ခန္ဓာကိုယ်မှ တုံ့ပြန်သည့် နည်းလမ်းကို ထိန်းချုပ်နိုင်ရန် စိတ်ကို လေ့ကျင့်ရာတွင် ဒီနည်းလမ်းကို အသုံးပြုသည်။
    • ဆေးစစ်ရာတွင် နှလုံးခုန်နှုန်းကဲ့သို့သော အရာများကို ခြေရာကောက်ဖော်ပြစက်များကို အရေပြားပေါ်တွင်တပ်ဆင်ခြင်းအားဖြင့် လူနာ၏ စိတ်ဖိစီးမှုကို တိုင်းတာနိုင်သည်။ အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် စိတ်ကူးပုံဖော်ကြည့်ခြင်းကဲ့သို့ နည်းလမ်းများကို လူနာများ အသုံးပြုမည်ဆိုလျှင်ကွန်ပြူတာဖန်သားပြင်ကို ကြည့်ပြီးဤနည်းက နှလုံးခုန်နှုန်းကို လျော့ကျသွားစေသလားဆိုတာ ၎င်းတို့ သိနိုင်မည်ဖြစ်သည်။ ခန္ဓာကိုယ်မှ နာကျင်မှုကို တုံ့ပြန်ရန် ဘယ်နည်းလမ်းက ပိုမိုအကျိုးသက်ရောက်ပြီး ထိန်းချုပ်ရန် အသုံးပြုဖို့ သင်ယူနိုင်မည်ဆိုတာကို လူနာများ နားလည်နိုင်သည်။ 
  • ဆေးပညာဆိုင်ရာ အိပ်မွေ့ချခြင်း- အိပ်မွေ့ချခြင်းဆိုသည်မှာ အာရုံစူးစိုက်မှုကို တိုးတက်စေခြင်း၊ စိတ်ပျံ့လွင့်ခြင်းများကို လျှော့ချခြင်းနှင့် နာကျင်မှုနှင့်ပတ်သက်သော အတွေးများ၊ ခံစားချက်များနှင့်အမူအကျင့်များကို လွှမ်းမိုးရန် အသိပညာတိုးမြှင့်ခြင်းများအတွက် တီထွင်ထားသော နည်းလမ်းများဖြစ်သည်။
  • သိမြင်ခြင်း-အမူအကျင့်ဆိုင်ရာ ကုထုံး (CBT)- CBT တွင် အတွေးများကို နယ်ပယ်ပြန်သတ်မှတ်ခြင်း သို့မဟုတ် အတွေးများကို ပြန်လည်အစီအစဉ်ချခြင်းများစသည့် နည်းလမ်းများ ပါဝင်နိုင်သည်။ ဤနည်းလမ်းများသည် အပြုသဘောမဆောင်သော သို့မဟုတ် ယုတ္တိကင်းလွတ်သော အတွေးများနှင့် သဘောထားများကို စောင့်ကြည့် အကဲဖြတ်စေရန်နှင့် ၎င်းတို့ကို အပြုသဘောဆောင်သောအရာများနှင့် အစားထိုးစေရန် လူနာများကို သင်ကြားပေးသည်။

နာကျင်မှု စီမံခန့်ခွဲခြင်းအဖွဲ့သည် နာကျင်မှုကို စီမံဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းများကို ကူညီဆုံးဖြတ်နိုင်ရန်အတွက် နာကျင်မှု နေ့စဉ်မှတ်တမ်းတစ်ခု ထားရှိရန်လည်း အကြံပေးနိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018