အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Tacrolimus (တာခရိုလီမက်စ်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Prograf®

သည်အခြားအမည်များ:

FK506

မကြာခဏအတှကျအသုံးပွု:

ပင်မဆဲလ်အစားထိုးကုသခြင်းပြီးနောက်တွင် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လက်ခံသူ၏ဆဲလ်များကိုတိုက်ခိုက်သည့် ရောဂါ(GVHD)၊ ပြင်းထန်သော ရိုးတွင်းခြင်ဆီခမ်း ရောဂါ

ကလစ်ဘုတ် သင်္ကေတ

Tacrolimus (တာခရိုလီမက်စ်) အကြောင်း

Tacrolimus (တာခရိုလီမက်စ်) သည် ကိုယ်ခံအားစနစ်ကို ဖိနှိမ်သည့် ဆေးဝါး (ကိုယ်ခံအားဖိနှိမ်ဆေး) ဖြစ်သည်။ ရိုးတွင်းခြင်ဆီ သွေးဖြစ် ပင်မဆဲလ်အစားထိုးကုသမှုတွင် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လက်ခံသူ၏ဆဲလ်များကို တိုက်ခိုက်သည့် ရောဂါ GVHD ကို ကာကွယ်ရာတွင်လည်းကောင်း၊ ကုသရာတွင်လည်းကောင်း အသုံးပြုသည်။

Tacrolimus (တာခရိုလီမက်စ်) ကို ခန္ဓာကိုယ်အတွင်းရှိ အချို့သောအင်ဇိုင်းများက ချေဖျက်ခြင်းဖြစ်ပါသည်။ လူနာ၏အင်ဇိုင်းလုပ်ဆောင်ချက်ကောင်းမကောင်းကို သိရရန်အတွက် မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်ကြည့်နိုင်ပါသည်။ Tacrolimus (တာခရိုလီမက်စ်) ကို ပုံမှန်ထက်ပိုမြန်စွာ ချေဖျက်နိုင်သော လူနာများသည် ဤဆေးချိန်ပမာဏများများသွင်းရနိုင်ပါသည်။

လူနာများသည် သွေးအတွင်းရှိ Tacrolimus (တာခရိုလီမက်စ်)၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ပမာဏများကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ Tacrolimus (တာခရိုလီမက်စ်) ဆေးချိန်သည် သွေးထဲတွင် ရှိနေသည့် ၎င်းပမာဏအပေါ် မူတည်ပြီး ပြောင်းလဲနိုင်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
လက်ပေါ်အစက်ချနေသည့် သင်္ကေတ

အရေပြားပေါ်လိမ်း၍လည်းရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ကျောက်ကပ်ပြဿနာများ
  • သွေးတိုးခြင်း
  • ကြွက်သားတုန်ခြင်းများ (တစ်ကိုယ်လုံးတုန်ခြင်း)
  • ခြေ သို့မဟုတ် လက်များထုံကျင်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • သွေးထဲတွင် မဂ္ဂနီဆီယမ်ပမာဏကျဆင်းလာခြင်း
  • သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏမြင့်တက်ခြင်း
  • ကူးစက်ရောဂါဝင်နိုင်ခြေမြင့်တက်လာခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အစာအိမ်နာ
  • အသည်း ပြဿနာများ
  • ခေါင်းကိုက်ခြင်း
  • အိပ်ခြင်းဆိုင်ရာ ပြသာနာများ
  • အမြင်အာရုံပြောင်းလဲခြင်းများ
  • ရုတ်တရက်တက်ခြင်းများ
  • သွေးဥဆဲလ်အရေအတွက် လျော့နည်းခြင်း (သွေးအားနည်းခြင်း)
  • သွေးတွင်းသကြားဓာတ် များလာခြင်း (ဆီးချို)

ဤဘေးထွက်ဆိုးကျိုးများကို Tacrolimus (တာခရိုလီမက်စ်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများမှာ−

  • ဆင့်ပွားကင်ဆာများ (ပြန်ရည်ကျိတ်ကင်ဆာ သို့မဟုတ် အရေပြားကင်ဆာ)
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • သွေးတွင်းရှိ Tacrolimus (တာခရိုလီမက်စ်) ပမာဏစစ်ဆေးရမည့် အချိန်ကို ဝန်ထမ်းများက လူနာများအား အသိပေးပါမည်။ ၎င်းနေ့တွင် လူနာများသည် သွေးနမူနာမထုတ်မပြီးမချင်း ဆေးမသောက်ဘဲ နေသင့်ပါသည်။
  • လူနာများသည် ဆရာဝန်က ညွှန်ကြားထားခြင်းမရှိပါက Tacrolimus (တာခရိုလီမက်စ်) မသောက်မီ သို့မဟုတ် သောက်ပြီး ၂ နာရီအတွင်းတွင် ( Ranitidine) ကဲ့သို့သော အစာအိမ်အက်ဆစ်ဖြေဆေးကို မသောက်သင့်ပါ။
  • ၎င်းဆေးကိုသောက်နေသည့် ကာလတွင် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော်သီး (လိမ္မော်ခါးသီး) ကို မစားသင့်ပါ။ လူနာများအနေဖြင့် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော်သီး (လိမ္မော်ခါးသီး) ပါဝင်သည့် သစ်သီးဖျော်ရည်များ၊ အဖျော်ယမကာများကိုလည်း မသောက်သင့်ပါ။
  • ဤဆေးကြောင့် နေရောင်ခြည်ဒဏ်ကို မခံနိုင်တော့ဘဲ နေလောင်နိုင်သည့် အန္တရာယ်မြင့်တက်လာနိုင်ပါသည်။ လူနာများအနေဖြင့် အသားအရေကို နေလောင်ဒဏ်မခံရအောင် အဆင့်ဆင့်ကာကွယ်ထားသင့်ပါသည်။ နေပူခံလိမ်းဆေးကို လိမ်းပြီး နေရောင်မှကာကွယ်ပေးသည့် အဝတ်အစားများကို ဝတ်ဆင်ပါ။ အတတ်နိုင်ဆုံး နေမထိအောင် နေပါ။
  • လိင်မှုကိစ္စတွင် လုပ်ဆောင်သော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Tacrolimus (တာခရိုလီမက်စ်) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • Tacrolimus (တာခရိုလီမက်စ်) ကို အစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဤဆေးကို နေ့စဉ်ပုံမှန်သောက်သွားရန် အရေးကြီးပါသည်။ ဆေးကို အချိန်မှန်သောက်ခြင်း၊ မနက်စာ၊ နေ့လယ်စာ၊ ညစာစားချိန်တွင် ပုံမှန်သောက်သွားခြင်းသည် ခန္ဓာကိုယ်ထဲရှိ Tacrolimus (တာခရိုလီမက်စ်) ပမာဏကို ပုံမှန်ဖြစ်အောင် ထောက်ကူပေးနိုင်ပါသည်။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို နှစ်ပိုင်းပိုင်းခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • Tacrolimus (တာခရိုလီမက်စ်) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • Tacrolimus (တာခရိုလီမက်စ်) သောက်ပြီး မိနစ် ၃၀ အကြာတွင် ပျို့အန်ပြီး ဆေးများထွက်ကုန်ပါက ဆေးတစ်ခွက်စာထပ်တိုက်သင့်ပါသည်။
  • Tacrolimus (တာခရိုလီမက်စ်) ဆေးရည်ကိုမသောက်မီ ဆေးရည်ပုလင်းကို သေသေချာချာလှုပ်ပါ။ Tacrolimus (တာခရိုလီမက်စ်) ဆေးရည်ကို အရသာကောင်းကောင်းဖြင့် သောက်လိုပါက (အခန်းအပူချိန်တွင်) ဖန်ပုလင်းထဲတွင် လိမ္မော်ရည် သို့မဟုတ် ပန်းသီးဖျော်ရည်ကိုထည့်ပြီး ရောသမမွှေပါ။ ဆေးကို ချက်ချင်းထုတ်ယူပါ။ ပြီးလျှင် သစ်သီးဖျော်ရည်ကို ဖန်ပုလင်းထဲထည့်ပြီး ခလောက်ကာ သောက်ပါ။ Tacrolimus (တာခရိုလီမက်စ်) ကို ဂရိတ်ဖရုဖျော်ရည်နှင့် ဘယ်သောအခါမှ တွဲသောက်မိပါစေနှင့်။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက (၄ နာရီအတွင်းဖြစ်ပါက) ပထမဆေးတစ်ခွက်စာကို မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။