အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Cyclosporine (ဆိုင်ကလိုစပိုရင်း)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Gengraf®, Neoral®, Sandimmune®

သည်အခြားအမည်များ:

Cyclosporine A

မကြာခဏအတှကျအသုံးပွု:

ပင်မဆဲလ်အစားထိုးကုသခြင်းပြီးနောက်တွင် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက တိုက်ခိုက်သည့် ရောဂါပင်မဆဲလ်အစားထိုးပြီးနောက်တွင် ဖြစ်တတ်သည့် (GVHD) ၊ ခြင်ဆီခန်း သွေးအားနည်းရောဂါ၊ ရူမယောင် ရိုးဆက်ရောင်ရမ်းနာ၊ ကူးစက်ရောဂါမဟုတ်သော နာတာရှည်အရေပြားရောဂါ

ကလစ်ဘုတ် သင်္ကေတ

Cyclosporine (ဆိုင်ကလိုစပိုရင်း) အကြောင်း

Cyclosporine (ဆိုင်ကလိုစပိုရင်း) ဆိုသည်မှာ ကိုယ်ခံအားစနစ် ကို ဖိနှိမ်သည့် ဆေး (ကိုယ်ခံအားဖိနှိမ်ဆေး) တစ်မျိုးဖြစ်သည်။ ရိုးတွင်းခြင်ဆီ သွေးဖြစ် ပင်မဆဲလ်အစားထိုးကုသမှုတွင် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လက်ခံသူ၏ဆဲလ်များကို တိုက်ခိုက်သည့် ရောဂါ GVHD ကို ကာကွယ်ရာတွင်လည်းကောင်း၊ ကုသရာတွင်လည်းကောင်း အသုံးပြုသည်။

လူနာများသည် သွေးအတွင်းရှိ Cyclosporine (ဆိုင်ကလိုစပိုရင်း)၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ပမာဏများကို စစ်ကြည့်ရန်၊ အသည်းနှင့်ကျောက်ကပ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်စစ်ဆေးရန်အတွက် သွေးကို ပုံမှန်ဖောက်ထုတ်နေရမည်ဖြစ်သည်။ Cyclosporine (ဆိုင်ကလိုစပိုရင်း) ဆေးချိန်သည် သွေးထဲတွင် ရှိနေသည့် ၎င်းပမာဏအပေါ် မူတည်ပြီး ပြောင်းလဲနိုင်သည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးတောင့်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

ဆေးရည်အဖြစ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ကူးစက်ရောဂါဝင်နိုင်ခြေမြင့်တက်လာခြင်း
  • မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးအမှင်ထူထပ်လာခြင်း
  • ခြေ သို့မဟုတ် လက်များထုံကျင်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
  • သွေးထဲတွင် မဂ္ဂနီဆီယမ်ပမာဏကျဆင်းလာခြင်း
  • သွေးထဲတွင် ပိုတက်ဆီယမ်ပမာဏမြင့်တက်ခြင်း
  • ကျောက်ကပ်ပြဿနာများ
  • သွေးတိုးခြင်း
  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • ခံတွင်းပျက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းလျှောခြင်း
  • ဝက်ခြံပေါက်လာခြင်း
  • ခေါင်းမူးဝေခြင်း
  • အရေပြားနီမြန်းခြင်း
  • သွားဖုံးများ သို့မဟုတ် ပါးများဖောင်းလာခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ကြွက်သားတုန်ခြင်းများ (တစ်ကိုယ်လုံးတုန်ခြင်း)
  • ရုတ်တရက်တက်ခြင်းများ
  • သွေးထဲတွင် မဂ္ဂနီဆီယမ်ပမာဏကျဆင်းလာခြင်း
  • သွေးတွင်းသကြားဓာတ် များလာခြင်း (ဆီးချို)
  • အသည်း ပြဿနာများ

ဤဘေးထွက်ဆိုးကျိုးများကို Cyclosporine (ဆိုင်ကလိုစပိုရင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

အချို့သောလူနာများတွင် ကုထုံးပြီးဆုံးပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရေရှည် သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ Cyclosporine (ဆိုင်ကလိုစပိုရင်း) ကြောင့် ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများမှာ−

  • ဆင့်ပွားကင်ဆာများ (ပြန်ရည်ကျိတ်ကင်ဆာ သို့မဟုတ် အရေပြားကင်ဆာ)
မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • သွေးတွင်းရှိ Cyclosporine (ဆိုင်ကလိုစပိုရင်း) ပမာဏစစ်ဆေးရမည့် အချိန်ကို ဝန်ထမ်းများက လူနာများအား အသိပေးပါမည်။ ၎င်းနေ့တွင် လူနာများသည် သွေးနမူနာမထုတ်မပြီးမချင်း ဆေးမသောက်ဘဲ နေသင့်ပါသည်။
  • Cyclosporine (ဆိုင်ကလိုစပိုရင်း) သောက်နေချိန်တွင် ရေများများသောက်ပေးရန် အရေးကြီးပါသည်။ လူနာများအနေဖြင့် ရေကို ထိုက်သင့်သည့် ပမာဏအထိ သောက်သုံးမိစေရန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။
  • ၎င်းဆေးကိုသောက်နေသည့် ကာလတွင် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော်သီး (လိမ္မော်ခါးသီး) ကို မစားသင့်ပါ။ လူနာများအနေဖြင့် ဂရိတ်ဖရုသီး သို့မဟုတ် Seville လိမ္မော်သီး (လိမ္မော်ခါးသီး) ပါဝင်သည့် သစ်သီးဖျော်ရည်များ၊ အဖျော်ယမကာများကိုလည်း မသောက်သင့်ပါ။
  • လိင်မှုကိစ္စလုပ်ဆောင်နေသော လူနာများသည် ကုသမှုကာလနှင့် ကုထုံးပြီးဆုံးပြီး ၆ လအတွင်းတွင် ကိုယ်ဝန်မရအောင် ကာကွယ်ရန် ကြိုတင်ပြင်ဆင်သင့်ပါသည်။ 
  • ဆရာဝန်ညွှန်ကြားခြင်းမရှိပါက ဆေးကို အခြားတံဆိပ်ပြောင်းမသုံးပါနှင့်။
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။
  • Cyclosporine (ဆိုင်ကလိုစပိုရင်း) သောက်နေစဉ် ဆေးအသစ်သုံးစွဲခြင်းသည် သွေးတွင်းရှိ Cyclosporine (ဆိုင်ကလိုစပိုရင်း) ပမာဏကို ပြောင်းလဲသွားစေနိုင်သည့်အပြင် ဘေးထွက်ဆိုးကျိုးများကို မြင့်တက်စေနိုင်သောကြောင့် သို့မဟုတ် ဆေးအစွမ်းကို လျော့ကျစေနိုင်သောကြောင့် ဆေးအသစ်တစ်မျိုးကို စတင်သုံးစွဲမည်ဆိုပါက သင့်ဆရာဝန်ကို အသိပေးပါ။

Cyclosporine (ဆိုင်ကလိုစပိုရင်း) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • Cyclosporine (ဆိုင်ကလိုစပိုရင်း) ကို အစာနှင့်ဖြစ်စေ၊ အစာမပါဘဲဖြစ်စေ သောက်သုံးနိုင်သည်။ ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဤဆေးကို နေ့စဉ်ပုံမှန်သောက်သွားရန် အရေးကြီးပါသည်။ ဆေးကို အချိန်မှန်သောက်ခြင်း၊ မနက်စာ၊ နေ့လယ်စာ၊ ညစာစားချိန်တွင် ပုံမှန်သောက်သွားခြင်းသည် ခန္ဓာကိုယ်ထဲရှိ Cyclosporine (ဆိုင်ကလိုစပိုရင်း) ပမာဏကို ပုံမှန်ဖြစ်အောင် ထောက်ကူပေးနိုင်ပါသည်။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို နှစ်ပိုင်းပိုင်းခြင်း၊ ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • Cyclosporine (ဆိုင်ကလိုစပိုရင်း) ဆေးမသောက်မီ ပုလင်းကို သေသေချာချာလှုပ်ပါ။ ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာကို သုံးပါ။
  • Cyclosporine (ဆိုင်ကလိုစပိုရင်း) ဆေးရည်ကို အရသာကောင်းကောင်းဖြင့် သောက်လိုပါက (အခန်းအပူချိန်တွင်) ဖန်ပုလင်းထဲတွင် လိမ္မော်ရည် သို့မဟုတ် ပန်းသီးဖျော်ရည်ကိုထည့်ပြီး ရောသမမွှေပါ။ ဆေးကို ချက်ချင်းထုတ်ယူပါ။ ပြီးလျှင် သစ်သီးဖျော်ရည်ကို ဖန်ပုလင်းထဲထည့်ပြီး ခလောက်ကာ သောက်ပါ။ အရည်မဟုတ်သည့် ပုံစံများဆိုပါက နို့နှင့်တွဲသောက်နိုင်ပါသည်။ Cyclosporine (ဆိုင်ကလိုစပိုရင်း) ကို ဂရိတ်ဖရုဖျော်ရည်နှင့် ဘယ်သောအခါမှ တွဲသောက်မိပါစေနှင့်။
  • Cyclosporine (ဆိုင်ကလိုစပိုရင်း) သောက်ပြီး မိနစ် ၃၀ အကြာတွင် ဆေးများအန်ထွက်ကုန်ပါက ဆေးတစ်ခွက်စာထပ်တိုက်သင့်ပါသည်။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက (၄ နာရီအတွင်းဖြစ်ပါက) ပထမဆေးတစ်ခွက်စာကို မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။

Cyclosporine (ဆိုင်ကလိုစပိုရင်း) ရင်းမြစ်များ