ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်အခြားအမည်များ/အမျိုးအစားအများ- သန္ဓေသားလောင်း ကင်ဆာ၊ ဥနှစ် အိတ်အကျိတ်၊ ဂါမင်နိုမာ (germinoma)၊ တာရယ်တိုမာ (teratoma)၊ မျိုးစေ့ဆဲလ်ရောအကျိတ်၊ endodermal sinus အကျိတ်
မျိုးစေ့ဆဲလ်အကျိတ်တွေဟာ မျိုးပွားစနစ်ရဲ့ဆဲလ်တွေ ဖြစ်ပါတယ်။ အမျိုးသားများမှာ သုတ်ဆဲလ်များ သို့မဟုတ် အမျိုးသမီးများမှာ မျိုးဥဆဲလ်များအဖြစ် ဖွံ့ဖြိုးလာကြတဲ့ ဆဲလ်များဖြစ်ပါတယ်။ ကလေးဟာ မိခင်ထဲမှာ ကြီးထွားလာသည်နှင့် အမျှ မျိုးစေ့ဆဲလ်များသည်လဲ အလွန်စောစီးစွာ ဖွံ့ဖြိုးလာကြပါတယ်။
လူ့ခန္ဓာကိုယ်မှာ အဓိကဆဲလ်နှစ်မျိုးရှိပြီး ကိုယ်ထည်ဆဲလ်နဲ့ မျိုးစေ့ဆဲလ်ဖြစ်ပါတယ်။ ကိုယ်ထည်ဆဲလ်ဆိုတာဟာ ခန္ဓာကိုယ်ထဲက မျိုးပွားဆဲလ်မဟုတ်တဲ့ မည်သည့်ဆဲလ်မဆိုဖြစ်ပါတယ်။ မျိုးစေ့ဆဲလ်ကတော့ မျိုးပွားမှုမှာ ပါဝင်ပတ်သတ်နေတဲ့ဆဲလ်တစ်ခုဖြစ်ပါတယ်။ “Germ” (မျိုးစေ့) ဆိုတာဟာ လက်တင်စကားလုံး “Germen” ကလာခြင်းဖြစ်ပြီး အညွန့်၊အတက် လို့ အဓိပ္ပါယ်ရပါတယ်။
တစ်ခါတစ်ရံမှာ မျိုးစေ့ဆဲလ်တွေဟာ မျိုးစေ့ဆဲလ်အကျိတ် (GCT) လို့ခေါ်တဲ့ အကျိတ်တွေကို ဖွဲ့စည်းပါတယ်။ မျိုးစေ့ဆဲလ်အကျိတ်တွေဟာ အန္တရာယ်မရှိ(ကင်ဆာမဟုတ်) နိုင်သလို အန္တရာယ်ရှိ (ကင်ဆာဟုတ်)တာလည်း ဖြစ်နိုင်ပါတယ်။
မျိုးစေ့ဆဲလ်တွေဟာ သန္ဓေသားဖွံ့ဖြိုးမှုမှာ အလွန်စောစီးစွာ စတင်ကြီးထွားဖွံ့ဖြိုးလာတာကြောင့် ဆဲလ်တွေဟာ တစ်ခါတစ်ရံမှာ ဝှေးစေ့ သို့မဟုတ် ဥအိမ်ထက် တခြားနေရာတွေကို သွားနိုင်ပါတယ်။ မျိုးစေ့အကျိတ်တွေဖြစ်ပွားနိုင်တဲ့ ခန္ဓာကိုယ်အပိုင်းအမျိုးမျိုးကတော့-
ဦးခေါင်းရိုးပြင်ပဆဲလ်အကျိတ်များဟာ ဦးနှောက်ရဲ့အပြင်ဘက်မှာဖြစ်ပေါ်တဲ့တဲ့မျိုးစေ့အကျိတ်များအားလုံးဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဦးခေါင်းရိုးပြင်မျိုးစေ့ဆဲလ်အကျိတ်တွေဟာ မျိုးပွားအင်္ဂါတွေ (ဥအိမ် သို့မဟုတ် ဝှေးစေ့) မှာ ဖွဲ့စည်းတာဖြစ်ပါတယ်။ ဒါတွေကို မျိုးပွားမျိုးစေ့ဆဲလ်အကျိတ်များလို့ ခေါ်ဆိုပါတယ်။
မျိုးစေ့ဆဲလ်တွေဟာ မျိုးပွားစနစ်ရဲ့ အပြင်ဘက်ကို သွားပြီး အကျိတ်များ ဖွဲ့စည်းနိုင်ပါတယ်။ သားအိမ်နဲ့ ဝှေးစေ့အပြင်ဘက်မှာဖြစ်ပွားတဲ့ မျိုးစေ့ဆဲလ်အကျိတ်တွေကို မျိုးပွားပြင်ဘက်မျိုးစေ့ဆဲလ်အကျိတ်များလို့ ခေါ်ဆိုပါတယ်။ ကလေးဘဝက မျိုးစေ့ဆဲလ်တစ်ဝက်ခန့်လောက်ဟာ ဥအိမ်နဲ့ဝှေးစေ့အပြင်ဘက်တို့မှာ ဖြစ်ပွားပါတယ်။ ဒီအကျိတ်တွေဟာ ပုံမှန်အားဖြင့် ခန္ဓာကိုယ်အလယ်မျဉ်း (ဗဟို) တစ်လျှောက်မှာ ကြီးထွားတာပါ။
မျိုးစေ့ဆဲလ်အကျိတ်တွေဟာ မွေးခါစက စပြီး သက်ကြီးပိုင်းထိ ဘယ်အရွယ်မှာမဆို ဖြစ်ပွားပါတယ်။ ကလေးလူနာတွေမှာတော့ ဖြစ်ပွားတတ်ဆုံး အရွယ်တွေက ငယ်ရွယ်တဲ့ကလေးများနဲ့ ၁၅ နှစ်ကနေ ၁၉ နှစ်ရှိ ဆယ်ကျော်သက်တွေမှာပါပဲ။ ဒီအကျိတ်တွေဟာ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဖြစ်ပွားမှုများရဲ့ ၃ ရာခိုင်နှုန်းခန့် ရှိပါတယ်။
မျိုးစေ့ဆဲလ်အကျိတ်နဲ့ ကလေးအချို့ကို ခွဲစိတ်မှု တစ်ခုတည်းနဲ့ ကုသနိုင်ပါတယ်။ မခွဲစိတ်ခင် အကျိတ်ရှုံ့စေဖို့ သို့မဟုတ် ပိုပြင်းထန်တဲ့ရောဂါအတွက် ခွဲစိတ်မှုအပြင်ကင်ဆာဆေးသွင်း ဓာတုကုထုံး ကိုသုံးနိုင်ပါတယ်။ အကျိတ်ကို ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှားနိုင်တယ်ဆိုရင် ကလေးတွေဟာ အပြည့်အဝပြန်ကောင်းလာနိုင်ခြေရှိပါတယ်။
မျိုးစေ့ဆဲလ်အကျိတ် အမျိုးအစားအများကြီးရှိပါတယ်-
အရွယ်ရောက် တာရယ်တိုမာဟာ အန္တရာယ်မရှိသောအကျိတ်များဖြစ်ပါတယ်။ အကျိတ်ရဲ့ဆဲလ်များဟာ သာမန်ဆဲလ်များနဲ့ ပိုတူပါတယ်။ ဦးခေါင်းရိုးပြင်ပမျိုးစေ့ဆဲလ်အကျိတ်ရဲ့ အဖြစ်အများဆုံးအမျိုးအစား ဖြစ်ပါတယ်။ မွေးခါစများရဲ့ မြီးထူးရိုး သို့မဟုတ် မြီးညှောင့်ရိုးမှာ ဖွဲ့စည်းလေ့ရှိပါတယ်။ အပျိုဖော်ဝင်စ ရောက်တာနဲ့ မိန်းကလေးတွေရဲ့ ဥအိမ်မှာ ဖြစ်ပွားတာမျိုးလဲ ရှိတတ်ပါတယ်။
အရွယ်မရောက် တာရယ်တိုမာဟာ အန္တရာယ်ရှိအကျိတ်တွေဖြစ်ပါတယ်။ အကျိတ်ဆဲလ်တွေဟာ သာမန်ဆဲလ်တွေနဲ့ အလွန်ခြားနားပါတယ်။ အပျိုဖော်ဝင်စမိန်းကလေးများရဲ့ဥအိမ်နဲ့ မွေးခါစကလေးများရဲ့ မြီးထူးရိုး သို့မဟုတ် မြီးညှောင့်ရိုးမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။
ဂါမင်နိုမာတွေဟာ ကင်ဆာမျိုးစေ့ဆဲလ်အကျိတ်တွေဖြစ်ပါတယ်။ ဒီအကျိတ်တွေဟာ beta-human chorionic gonadotropin (β-HCG) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အကျိတ်အမှတ်အသားအဖြစ် ဒီဟော်မုန်းကို သုံးနိုင်ပြီး ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုနဲ့ ရောဂါကို စောင့်ကြည့်ထိန်းချုပ်မှုတို့မှာ အထောက်အကူဖြစ်နိုင်ပါတယ်။
ဂါမင်နိုမာအမျိုးအစားတွေမှာ ပါဝင်တာတွေကတော့- dysgerminomas (ဥအိမ်)၊ seminomas (ဝှေးစေ့) နဲ့ မျိုးပွားပြင်ဘက်ဂါမင်နိုမာတို့ ဖြစ်ပါတယ်။ ဒီအမျိုးအစားတွေဟာ ကြီးထွားမှုနှေးလေ့ရှိတဲ့ အကျိတ်တွေဖြစ်ပါတယ်။
ဂါမင်နိုမာမဟုတ်တာတွေဟာ ကင်ဆာမျိုးစေ့ဆဲလ်အကျိတ်တွေဖြစ်ပြီး ကြီးထွားမှု လျင်မြန်လေ့ရှိပါတယ်။ ဂါမင်နိုမာမဟုတ်တဲ့အကျိတ်အမျိုးအစားတွေမှာ ဥနှစ်အိတ်အကျိတ်၊choriocarcinomas၊သန္ဓေသားလောင်းကာစီနိုမာကင်ဆာနဲ့ မျိုးစေ့ဆဲလ်ရောအကျိတ်တွေ ဖြစ်ပါတယ်။ ဝှေးစေ့ထဲမှာတွေ့ရတဲ့ ဂါမင်နိုမာမဟုတ်တဲ့တစ်ခုကို nonseminoma အဖြစ်ခေါ်ဆိုပါတယ်။
မျိုးစေ့ဆဲလ်အကျိတ်တွေဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ ၁၅-၂၀ နှစ်အရွယ် ဆယ်ကျော်သက်တွေမှာ မျိုးစေ့ဆဲလ်အကျိတ်ဖြစ်ပွားမှုဟာ မြင့်တက်လာတာကို တွေ့ရပါတယ်။
မျိုးစေ့ဆဲလ်အကျိတ်ဖြစ်ပွားရတဲ့အကြောင်းအရင်းကို အများအားဖြင့်မသိပါဘူး။ Klinefelter လက္ခဏာ၊ Swyer လက္ခဏာ နဲ့ Turner လက္ခဏာတွေအပါအဝင် အချို့ အမွေခံလက္ခဏာတွေဟာ မျိုးစေ့ဆဲလ်အကျိတ်ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။
ကျောရိုးမကြီးအောက်ဘက်နဲ့မြီးညှောင့်ရိုးနေရာတွေမှာ ဖြစ်ပွားနေတဲ့ မျိုးစေ့ဆဲလ်အကျိတ်ဟာ မွေးခါစ ကလေးငယ်တွေနဲ့ ရင်ခွင်ပိုက်အရွယ်တွေထဲမှာမှ မိန်းကလေးတွေမှာပိုဖြစ်ပွားလေ့ရှိပါတယ်။ မွေးကင်းစကာလနောက်ပိုင်း မိန်းကလေးတွေမှာ ဥအိမ်ဟာ မျိုးစေ့ဆဲလ်အကျိတ်ကြီးထွားလေ့အရှိဆုံးနေရာဖြစ်ပါတယ်။
ကလေးတွေမှာ အောက်ထိမဆင်းတဲ့ဝှေးစေ့ရှိခြင်းဟာ အဆိုပါဝှေးစေ့မှာ မျိုးပွားအင်္ဂါမျိုးစေ့ဆဲလ်အကျိတ်ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
မျိုးစေ့ဆဲလ်အကျိတ်ရဲ့လက္ခဏာများနဲ့ အကြိုလက္ခဏာတွေဟာ အကျိတ်ရဲ့အရွယ်အစားနဲ့ နေရာပေါ်မူတည်ပါတယ်။ ၎င်းလက္ခဏာတို့တွင် ပါဝင်သည်များမှာ-
မျိုးစေ့ဆဲလ်အကျိတ်ကို အကဲဖြတ်မှုတွေပြုလုပ်ဖို့ စစ်ဆေးမှုပုံစံအမျိုးမျိုးကို သုံးပါတယ်။ ဒီမှာပါဝင်တာတွေကတော့-
အဏုကြည့်မှန်ဘီလူး အောက်မှာရှိတဲ့ ဆဲလ်တွေရဲ့ ပုံစံအရ မျိုးစေ့ဆဲလ်အကျိတ်တွေကို ခွဲခြားပါတယ်။ မျိုးကွဲများမှာ ပါဝင်တာကတော့-
မွေးကင်းစနဲ့ ကလေးငယ်တွေရဲ့အကျိတ်ဟာ ခန္ဓာကိုယ်တစ်လျှောက်ဖြစ်ပွားနိုင်ပါတယ်။ ကလေးငယ်တွေမှာ မျိုးပွားအင်္ဂါပြင်ဘက်အကျိတ်တွေဟာ မြီးထူးရိုး သို့မဟုတ် မြီးညှောင့်ရိုးမှာ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။ အချို့အပိုင်းတွေမှာ အကျိတ်ရဲ့အပိုင်းကို အပြင်ပိုင်းကနေ မြင်နိုင်ပါတယ်။ မျိုးစေ့အကျိတ်တွေဟာ မမွေးခင်ရှိလာတဲ့အခါ အကျိတ်ပေါက်ထွက်ပျက်စီးပြီး ကလေးငယ်သွေးဆုံးရှုံးမှုအပါအဝင် မွေးဖွားချိန်တွင်းပြဿနာများနဲ့ မွေးချိန်မတိုင်ခင်မွေးဖွားတဲ့ အန္တရာယ်များရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း သန္ဓေသားကို ပုံမှန်တီဗွီဓါတ်မှန် ရိုက်ကူးတဲ့ပုံရိပ်ကနေ အချို့အကျိတ်များကို မြင်နိုင်ပါတယ်။
ကလေးငယ်များက မျိုးစေ့ဆဲလ်အကျိတ်တွေဟာ အန္တရာယ်မရှိ(ကင်ဆာမဟုတ်တဲ့)တာရယ်တိုမာတွေ ဖြစ်လေ့ရှိပါတယ်။ အန္တရာယ်ရှိအကျိတ်တွေဟာ ကလေးငယ်တွေမှာ ဖြစ်ပွားလေ့မရှိပါဘူး။
အန္တရာယ်ရှိအကျိတ်မျိုးကွဲ | နေရာ |
---|---|
ဥနှစ်အကျိတ် | မျိုးပွားအင်္ဂါပြင်ဘက်၊ ဥအိတ်၊ ဝှေးစေ့ |
Dysgerminoma |
ဥအိမ် |
ဆယ်ကျော်သက်နဲ့ လူငယ်ပိုင်းတွေရဲ့ မျိုးစေ့ဆဲလ်အကျိတ်တွေဟာ မျိုးပွားအင်္ဂါဖြစ်လေ့ရှိပြီး ဥအိမ်နဲ့ ဝှေးစေ့ထဲမှာ ဖြစ်ပွားပါတယ်။ အန္တရာယ်နည်း တာရာယ်တိုမာ သို့မဟုတ် အန္တရာယ်ရှိအစိတ်အပိုင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးကြီးများနဲ့ ဆယ်ကျော်သက်တွေရဲ့ မျိုးပွားအင်္ဂါပြင်ဘက်အကျိတ်တွေဟာ ရင်ဘတ်အလယ်ပိုင်း (ရင်ဘတ်) မှာ ဖြစ်ပွားလေ့ရှိပါတယ်။
အန္တရာယ်ရှိအကျိတ်မျိုးကွဲ |
နေရာ |
---|---|
Seminoma |
ဝှေးစေ့ |
Dysgerminoma |
ဥအိမ် |
Germinoma |
မျိုးပွားအင်္ဂါပြင်ဘက် |
ဥနှစ်အကျိတ် |
မျိုးပွားအင်္ဂါပြင်ဘက်၊ ဥအိတ်၊ ဝှေးစေ့ |
Choriocarcinoma |
မျိုးပွားအင်္ဂါပြင်ဘက်၊ ဥအိတ်၊ ဝှေးစေ့ |
သန္ဓေသားလောင်း ကာစီနိုမာ ကင်ဆာ |
မျိုးပွားအင်္ဂါပြင်ဘက်၊ ဥအိတ်၊ ဝှေးစေ့ |
မျိုးစေ့ဆဲလ်ရောအကျိတ် |
မျိုးပွားအင်္ဂါပြင်ဘက်၊ ဥအိတ်၊ ဝှေးစေ့ |
ကလေးမျိုးစေ့ဆဲလ်အကျိတ်အဆင့်ခွဲခြားမှုဟာ အကျိတ်အမျိုးအစား၊ အကျိတ်တည်နေရာ၊ ရောဂါပျံ့နှံ့မှု နဲ့ ခွဲစိတ်မှုရလဒ်ပေါ်အခြေခံထားတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မျိုးစေ့ဆဲလ်အကျိတ်အဆင့် ၄ မျိုးရှိပါတယ်။
အဆင့် | အကျိတ်ကုသမှု |
---|---|
အဆင့် ၁ | အကျိတ်ကို ခွဲစိတ်မှုနဲ့လုံးဝဖယ်ရှားနိုင်ပါတယ်။ |
အဆင့် ၂ | အကျိတ်ကိုခွဲစိတ်မှုနဲ့ ဖယ်ရှားပေမယ့် ဆဲလ်အသေးအမွှားလေးများကျန်ရှိနေဆဲဖြစ်ပါတယ်။ |
အဆင့် ၃ | ခွဲစိတ်မှုဟာ အကျိတ်ကိုလုံးဝ မဖယ်ရှားနိုင်ခြင်း သို့မဟုတ် အနီးအနားတစ်ရှုးနဲ့ ပြန်ရည်ဖုများဆီ ရောဂါပျံ့နှံ့ခြင်းတို့ ဖြစ်ပါတယ်။ |
<B>အဆင့် ၄</B> | အသည်း သို့မဟုတ် အဆုတ်လိုခန္ဓာကိုယ်ရဲ့ တခြားအပိုင်းတွေဆီ အကျိတ်ဟာ ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။ |
မျိုးစေ့ဆဲလ်အကျိတ်အမျိုးအစားတိုင်းဟာ အဆင့်ကို ဆုံးဖြတ်ရာမှာအသုံးပြုတဲ့ တိကျတဲ့အချက်ရှိပါတယ်။ အဆင့်ခွဲခြားခြင်းဟာ လူနာရဲ့ အသက်အရွယ်ပေါ်လည်း မူတည်နိုင်ပါတယ်။ ဆရာဝန်တွေဟာ ရောဂါအဆင့်ကို ခွဲခြားဖို့ ဆယ်ကျော်သက်အကြီးပိုင်းတွေမှာ လူကြီး စံနှုန်းကို သုံးနိုင်ပါတယ်။
Nonseminoma ဝှေးစေ့GCT |
|
---|---|
အဆင့် ၁ | ဝှေးစေ့မှာပဲ ရှိ၊ ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှား၊ ရောဂါအစအနဘာမှမရှိ |
အဆင့် ၂ | ခွဲစိတ်စဉ်အတွင်း သို့မဟုတ် ခွဲစိတ်မှု မတိုင်ခင် အကျိတ်ပျက်စီးမှုအချို့၊ အနီးအနားတစ်ရှုးသို့ ရောဂါပျံ့နှံ့မှု၊ အကျိတ်အမှတ်အသားများ ပုံမှန်ပြန်မဖြစ်။ |
အဆင့် ၃ | ခွဲစိတ်မှုနဲ့ အကျိတ်ကို မပြည့်စုံတဲ့ဖယ်ရှားမှု၊ ပြန်ရည်ဖုများဆီရောဂါပျံ့နှံ့မှု။ |
<B>အဆင့် ၄</B> |
အသည်း၊ ဦးနှောက်၊ အရိုး သို့မဟုတ်အဆုတ်သို့ ရောဂါအဝေးပျံ့နှံ့မှု။ |
ဥအိမ် GCT |
|
---|---|
အဆင့် ၁ | ဥအိမ်မှာပဲရှိ၊ ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှား၊ ရောဂါအစအနမရှိ။ |
အဆင့် ၂ | ခွဲစိတ်ပြီးနောက် အကန့်အသတ်နဲ့ရောဂါအသေးအမွှားရှိ သို့မဟုတ် ဥအိမ်ရဲ့ အပြင်ဘက်အလွှာကို ရောဂါပျံ့နှံ့ပြီး။ |
အဆင့် ၃ | ခွဲစိတ်မှုနဲ့ အကျိတ်ကို မပြည့်စုံတဲ့ဖယ်ရှားမှု၊ ပြန်ရည်ဖုများဆီရောဂါပျံ့နှံ့မှု။ |
<B>အဆင့် ၄</B> |
အသည်း၊ ဦးနှောက်၊ အရိုး သို့မဟုတ် အဆုတ်ဆီသို့ ရောဂါအဝေးပျံ့နှံ့မှုရှိ |
အောက်ပါအဆင့်တွေဟာ နိုင်ငံတကာသားဖွားနဲ့ မီးယပ်အစည်းအရုံး (FIGO) ဆီမှ ဖြစ်ပါတယ်-
မျိုးပွားစနစ်ပြင်ဘက်မျိုးစေ့ဆဲလ်အကျိတ် (မျိုးပွားအင်္ဂါပြင်ပ) |
|
---|---|
အဆင့် ၁ | တစ်နေရာတည်းတွင်ရှိ၊ ခွဲစိတ်မှုနဲ့ လုံးဝဖယ်ရှားနိုင်၊ ရောဂါအစအနမရှိ၊ ခွဲစိတ်ပြီးနောက်ပုံမှန်အကျိတ်အမှတ်အသားဖြစ်။ |
အဆင့် ၂ | အနီးအနားတစ်ရှုး နဲ့/သို့မဟုတ် ပြန်ရည်ဖုများ အပါအဝင် ခွဲစိတ်မှုပြီးနောက် အကန့်အသတ်ရှိရောဂါအသေးအမွှား၊ အကျိတ်အမှတ်အသားဟာ ပုံမန်ပြန်မဖြစ်။ |
အဆင့် ၃ | ခွဲစိတ်မှုနဲ့ အကျိတ်ကို အပြည့်အစုံတဲ့ဖယ်ရှားနိုင်မှုမရှိ သို့မဟုတ် ပြန်ရည်ဖုဆီ ရောဂါပျံ့နှံ့မှုရှိ။ |
<B>အဆင့် ၄</B> |
အသည်း၊ ဦးနှောက်၊ အရိုး သို့မဟုတ် အဆုတ်ဆီသို့ ရောဂါအဝေးပျံ့နှံ့မှုရှိ |
ကင်ဆာကို အပြည့်အဝဖယ်ရှားနိုင်မှသာ မျိုးစေ့ဆဲလ်အကျိတ်အတွက် အလားအလာခန့်မှန်းချက်ဟာ အလွန်ကောင်းမွန်မှာ ဖြစ်ပါတယ်။ အဆင့် ၁ သို့မဟုတ် ၂ နဲ့ ကလေးတွေဟာ ကုသနိုင်နှုန်း ၉၀% ပိုမြင့်ပါတယ်။ ပိုမိုမြင့်တဲ့ရောဂါ (အဆင့် ၃ သို့မဟုတ် ၄) အတွက် ရှင်သန်နှုန်းဟာ ၈၀-၈၅% ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် လူနာတစ်ယောက်ရဲ့ကုသလို့ရနိုင်ခြေကို အကြောင်းအရင်းများစွာက လွှမ်းမိုးထားတာကြောင့် ဒီနှုန်းတွေဟာ ခန့်မှန်းခြေသာဖြစ်ပါတယ်။
မျိုးစေ့ဆဲလ်အကျိတ်အတွက် ခန့်မှန်းမှုကိုလွှမ်းမိုးထားတဲ့ အကြောင်းအရင်းတွေကတော့-
လူနာ ၂၀ ရာခိုင်နှုန်းဟာ ရောဂါစမ်းသပ်စဉ်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။ ပျံ့ပွားမှုအဖြစ်များဆုံးနေရာဟာ အဆုတ်၊ အသည်းနဲ့ ပြန်ရည်ဖုများ ဖြစ်ပါတယ်။ ဦးနှောက်နဲ့ အရိုးကို မျိုးစေ့ဆဲလ်အကျိတ်ပျံ့နှံ့မှုက ဖြစ်ပွားလေ့မရှိပါဘူး။
မျိုးစေ့ဆဲလ်အကျိတ်ကုသမှုဟာ ကလေးရဲ့အသက်အရွယ်၊ အကျိတ်အမျိုးအစား၊ အကျိတ်တည်နေရာနဲ့ ရောဂါအဆင့်အပါအဝင် အကြောင်းအမျိုးမျိုးပေါ် မူတည်ပါတယ်။ မျိုးစေ့ဆဲလ်အကျိတ်အတွက် အဓိက ကုသမှုမှာ ခွဲစိတ်မှုနဲ့ ကင်ဆာဆေးသွင်းဓာတုကုထုံးဖြစ်ပါတယ်။
ကင်ဆာဆေးသွင်းဓာတုကုထုံး နဲ့/သို့မဟုတ် ခွဲစိတ်မှုက အကျိုးသက်ရောက်မှုရှိတာကြောင့် ဓာတ်ရောင်ခြည်ကုထုံးကို သုံးလေ့မရှိပါဘူး။ ဒါပေမယ့်၊ မျိုးစေ့ဆဲလ်အကျိတ်တွေဟာ ဓာတ်ရောင်ခြည်ကို တုံ့ပြန်တတ်ပြီး ပြန်ဖြစ်တဲ့ရောဂါနဲ့ ပိုတိုးလာတဲ့ရောဂါတွေမှာ သုံးနိုင်ပါတယ်။
အကျိတ်ကိုဖယ်ရှားမဲ့ခွဲစိတ်မှု ဟာ မျိုးစေ့ဆဲလ်အကျိတ်အတွက် အဓိကကုသမှုတစ်ခုဖြစ်ပါတယ်။ ကုသမှုရည်ရွယ်ချက်ဟာ အကျိတ်ကို အတတ်နိုင်ဆုံး လုံးဝဖယ်ရှားခြင်း (ပြန်ပိုင်းခြင်း) ဖြစ်ပါတယ်။ ကနဦးအဆင့်ရောဂါအတွက် အကျိတ်ကို အပြည့်အဝဖယ်ရှားလို့ရနိုင်ရင် တခြားဘယ်ကုသမှုမှ မလိုအပ်ပါဘူး။
ဒီလိုအကျိတ်အမျိုးအစားဟာ ခွဲစိတ်နေစဉ်အတွင်း အထူးဂရုစိုက်မှု လိုအပ်လေ့ရှိပါတယ်။ မျိုးစေ့ဆဲလ်အကျိတ်တွေဟာ အဓိကအင်္ဂါတွေနားမှာ ကြီးထွားနိုင်ပြီး လွယ်လွယ်နဲ့ ပျက်စီးနိုင်ပါတယ်။ အကျိတ်အပိုင်းများ ကွဲကြေသွားရင် (အကျိတ်ယိုဖိတ်ခြင်း) ကင်ဆာကို အမြင့်ဆုံအဆင့်အဖြစ် သတ်မှတ်ပါတယ်။
မျိုးစေ့ဆဲလ်အကျိတ်ကို ကုသဖို့ ကင်ဆာဆေးသွင်းဓာတုကုထုံး တစ်မျိုးတည်း သုံးနိုင်သလို ခွဲစိတ်မှုနဲ့လည်း ပေါင်းစပ်သုံးနိုင်ပါတယ်။ ကင်ဆာဆေးသွင်းဓာတုကုထုံး အမျိုးအစားဟာ ကလေးရဲ့အသက်အရွယ်၊ အကျိတ်အမျိုးအစား၊ အကျိတ်တည်နေရာနဲ့ ကုထုံးကို တုံ့ပြန်မှုအပါအဝင် အကြောင်းအမျိုးမျိုးပေါ် မူတည်ပါတယ်။ မျိုးစေ့ဆဲလ်အကျိတ်တွေဟာ ပလတ်တီနမ်အခြေပြု ကင်ဆာဆေးဓာတုကုထုံးကို ကောင်းကောင်း တုံ့ပြန်လေ့ရှိပါတယ်။ ကလေးမျိုးစေ့ဆဲလ်အကျိတ်အတွက် ကင်ဆာဆေးဓာတုကုထုံးတွေမှာ bleomycin၊ etoposideနဲ့cisplatinတို့ ပါဝင်ပါတယ်။
ဖယ်ရှားရလွယ်ကူစေရေးအတွက် အကျိတ်ကိုကျုံ့စေဖို့ မခွဲစိတ်ခင် ကင်ဆာဆေးဓာတုကုထုံးကို ပေးနိုင်ပါတယ်။ ကျန်ရှိကင်ဆာဆဲလ်တွေကို သတ်ဖို့ ခွဲစိတ်ပြီးနောက်မှာလည်း ကင်ဆာဆေးဓာတုကုထုံးကိုလည်း ပေးနိုင်ပါတယ်။
ဆေးပမာဏမြင့်မားတဲ့ ကင်ဆာဆေးဓာတုကုထုံး နဲ့ ပင်မဆဲလ် ကယ်ဆယ်ခြင်းဟာ ပြန်ဖြစ်တဲ့ရောဂါတွေအတွက် ရွေးချယ်စရာ ကုသမှုတစ်ခုဖြစ်ပါတယ်။
ကုသမှုပြီးနောက် မျိုးစေ့ဆဲလ်အကျိတ်ပြန်ဖြစ်ပွားမှုကို စောင့်ကြည့်ဖို့ အကျိတ်အမှတ်အသားများစောင့်ကြည့်ထိန်းချုပ်ခြင်း နဲ့ ပုံရိပ်ဖော်စစ်ဆေးမှု ခံယူခြင်းကို ပုံမှန်ပြုလုပ်ပါတယ်။
ရေရှည်ပြဿနာတွေဟာ တိကျတဲ့မျိုးစေ့ဆဲလ်အကျိတ်အမျိုးအစားနဲ့ လက်ခံရရှိတဲ့ကုသမှုအမျိုးအစားပေါ်မူတည်ပါတယ်။ မျိုးပွားအင်္ဂါမျိုးစေ့ဆဲလ်အကျိတ်နဲ့ကလေးတွေဟာ သားသမီးဖြစ်ထွန်းမှု (ကလေးရရှိမှု) သို့မဟုတ် ဟော်မုန်းလုပ်ဆောင်ချက်တွေမှာ ပြဿနာရှိနိုင်ပါတယ်။
အထွေထွေကျန်းမာရေးနှင့် ရောဂါ ကာကွယ်ခြင်းရန် ကင်ဆာရောဂါပျောက်ကင်းသူ အားလုံးသည် ကျန်းမာသော နေထိုင်မှုပုံစံနှင့် စားသောက်မှု အလေ့အထများကို မွေးမြူသင့်ပါသည်။ ထို့ပြင် မူလအစကတည်းက ပြသခဲ့သော ဆရာဝန်ထံတွင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများနှင့် မ်းသပ်စစ်ဆေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သင့်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဆေးဓာတုကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသပြီး ရှင်သန်ခဲ့တဲ့ ကလေးကင်ဆာဝေဒနာရှင်တွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနှောင်းပိုင်းသက်ရောက်မှုတွေအတွက် အနည်းဆုံး တစ်နှစ် စောင့်ကြည့်သင့်ပါတယ်။
etoposide နဲ့ကုသထားတဲ့လူနာတွေဟာ အနာဂတ်မှာ သွေးကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။ bleomycin လက်ခံရရှိတဲ့လူနာတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားနိုင်ခြေရှိပါတယ်။
ဝှေးစေ့ကင်ဆာကနေရှင်သန်သူတွေဟာ လူကြီးဘဝမှာ ဒုတိယကင်ဆာဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဒီဖြစ်နိုင်ခြေတွေက ကလေးဘဝဝှေးစေ့ကင်ဆာရှင်သန်သူတွေနဲ့ တူညီနိုင်ခြင်းရှိမရှိဆိုတာကို မသိသေးပါဘူး။
နောက်ပိုင်းသက်ရောက်မှု၊ ရှင်သန်မှုပြဿနာတို့နဲ့ ရင်းနှီးတဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့သူရဲ့ နောက်ဆက်တွဲရေရှည်ဂရုစိုက်မှုကလည်း ကလေးကင်ဆာရှင်သန်သူအားလုံးအတွက် အရေးကြီးပါတယ်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018