အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အဆုတ်နှင့် အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူအများစုသည် ကုထုံး၏ ရလဒ်အနေဖြင့် အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများကို ခံစားရလေ့မရှိပါ။

သို့သော် အချို့ကုထုံးများသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူများကို အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်သည်။ ၄င်းတို့သည် အဆုတ်အတွင်းရှိ လေအိတ်များနှင့် သွေးကြောများကို ထိခိုက်စေသည်။ ကုထုံးများ၏ လှုံ့ဆော်မှုနှင့် ပိုးဝင်ခြင်းတို့ကြောင့် လေလမ်းကြောင်းရောင်ရမ်းခြင်းများနှင့် ချွဲ ပိုမိုထုတ်လုပ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

နှာခေါင်း၊ နှာခေါင်းတွင်းရှိ အခေါင်းများ၊ လျှာ၊ အာခေါင်၊ လေပြွန်ကြီး၊ အဆုတ်များ၊ အဆုတ်တွင်းလေပြွန်နှင့် လေပြွန်ငယ်များကို ပြထားသော အသက်ရှူလမ်းကြောင်းစနစ်၏ ပုံတစ်ပုံ လေအိတ်ကလေးများနှင့် လေပြွန်ငယ်များကို အနီးကပ် အကြီးချဲ့ပြထားပြီး အညွှန်းတပ်ထားသော ပုံတစ်ပုံ

အဆုတ်နှင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများဖြစ်စေသော ကုထုံးများ

အဆုတ်ကို ထိခိုက်ပျက်စီးစေသော ကုထုံးများတွင် ပါဝင်သည်များမှာ အချို့ ကီမိုဆေးသွင်းကုထုံး ဆေးဝါးများ၊ ဓါတ်ရောင်ခြည်ကုထုံး, ခွဲစိတ်ကုသခြင်း, နှင့် သွေးထုတ်လုပ်သော ဆဲလ်အစားထိုးခြင်း (ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း သို့ ပင်မဆဲလ် အစားထိုး ကုသခြင်း ဟုလည်း သိကြသည်) တို့ ဖြစ်ကြပါသည်။

ကီမိုဆေးသွင်းကုထုံး

ဓာတ်ရောင်ခြည်ကုထုံး

  • ရင်ဘတ် ဓါတ်ရောင်ခြည်ကုထုံး
  • တစ်ကိုယ်လုံး ဓါတ်ရောင်ခြည်ကုထုံး

ခွဲစိတ်ကုထုံး

ရင်ဘတ်ကိုခွဲစိတ်ကုသမှု လုပ်ငန်းစဉ် အဆင့်ဆင့် ။ ဤလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပင်မသွေးပြန်ကြောပိုက်တပ်ဆင်မှု မပါဝင်ပါ။

အစားထိုး ကုသခြင်း

အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် ရောဂါသည် အစားထိုးကုသမှုခံယူထားသည့် လူနာများတွင် ဖြစ်ပွားနိုင်ခြေများသည်။

အန်သာရာဆိုက်ကလင်းကဲ့သို့သော နှလုံးကို ပြဿနာများဖြစ်စေနိုင်သည့် ဆေးများသည် အဆုတ်အပေါ်တွင်လည်း သက်ရောက်မှု ရှိနိုင်သည်။ သုံးစွဲသူလူနာများသည် ဤဆေးဝါးများကို အဆုတ်ထိခိုက်မှုဖြစ်နိုင်ခြေမြင့်မားသည့် ကုသမှုများနှင့်အတူ သုံးစွဲလျှင် နှောင်းပိုင်းသက်ရောက်မှုများ ပိုမိုမြင့်တက်လာမည်။  

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အခြားအကြောင်းအချက်များ

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များတွင် ပါဝင်သည်များမှာ-

  • ကုသမှုခံယူချိန်တွင် အသက်ငယ်နေခြင်း
  • အဆုတ်အခြေအနေ နောက်ကြောင်းမှတ်တမ်း
  • ဆေးလိပ်သောက်ခြင်း
  • တဆင့်ခံဆေးလိပ်ငွေ့နှင့် ထိတွေ့ခံရခြင်း
  • ဆေးခြောက်ရှူခြင်းကဲ့သို့ ရှူသွင်းရသော ဆေးများသုံးစွဲခြင်း

ကုသမှု၏ရလဒ်အဖြစ် အဆုတ်၏ ပြဿနာများ

ပြဿနာများတွင် ပါဝင်နိုင်သည်များမှာ-

  • အဆုတ် အနာရွတ်ဖြစ်ခြင်း (အဆုတ်ခဲခြင်း)
  • အဆုတ်ပိုး ခဏခဏ ဝင်ခြင်း (နာတာရှည် အဆုတ်လေပြွန်ရောင်ရမ်းခြင်း, အဆုတ်ပြွန်များ ဖောင်းပွရောင်ရမ်းခြင်း, သို့ ပြန်ပြန်ဖြစ်သည့် အဆုတ်ရောင်ရောဂါ)
  • အဆုတ်တစ်ရှူးနှင့် လေပြွန်လမ်းကြောင်းများ ရောင်ရမ်းခြင်း (ဘရွန်ခီအိုလိုက်တစ် အိုဘလီထရန်)
  • အဆုတ်တွင်းရှိ လေအိတ်ငယ်များ ပေါက်ကွဲခြင်း သို့မဟုတ် လေလမ်းကြောင်းများ ထူလာပြီး ပိတ်ဆို့ခြင်း (တားဆီးခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း အဆုတ်ရောဂါ)

လက္ခဏာများနှင့် ရောဂါလက္ခဏာများ

  • မောနေခြင်း
  • အကြိမ်ကြိမ်ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း
  • ရင်ဘတ်နာခြင်း
  • အကြိမ်ကြိမ် အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်ရောင်ခြင်း

ပေါ့ပါးသည့်လေ့ကျင့်ခန်းလုပ်လျှင်ပင် အလွယ်တကူပင်ပန်းတတ်ခြင်း သို့မဟုတ် မောခြင်းသည်လည်း ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပါသည်။

အဆုတ်အလုပ်လုပ်ဆောင်မှုကို စစ်ဆေးလျှင် ပုံမှန်စစ်ဆေးသည့်အခါတွင် မတွေ့ရသော အဆုတ်၏ ပြဿနာများကို တွေ့ရှိနိုင်ပါသည်။

အဆုတ်အလုပ်လုပ်ဆောင်မှုကို စစ်ဆေးလျှင် ပုံမှန်စစ်ဆေးသည့်အခါတွင် မတွေ့ရသော အဆုတ်၏ ပြဿနာများကို တွေ့ရှိနိုင်ပါသည်။

သင့် ပင်မ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို သင့်ရောဂါဖြစ်နိုင်ခြေ အခြေအနေများ ပြောပြပါ။ ကုသမှုအကျဉ်းချုပ်ဖော်ပြချက်ပါဝင်သည့် သင်၏ရှင်သန်သူဂရုစိုက်မှုအစီအစဉ် ကို ပေးဝေပါ။

သင့် ပင်မ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို သင့်ရောဂါဖြစ်နိုင်ခြေ အခြေအနေများ ပြောပြပါ။ ကုသမှုအကျဉ်းချုပ်ဖော်ပြချက်ပါဝင်သည့် သင်၏ရှင်သန်သူဂရုစိုက်မှုအစီအစဉ် ကို ပေးဝေပါ။

သင့်တွင် နှောင်းပိုင်းသက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ခြေကို သင်၏ကင်ဆာအထူးကုဆရာဝန်ထံတွင် မေးမြန်းပါ။

သင့်တွင် နှောင်းပိုင်းသက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ခြေကို သင်၏ကင်ဆာအထူးကုဆရာဝန်ထံတွင် မေးမြန်းပါ။

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

သင့်ရောဂါဖြစ်နိုင်ခြေများကို သိရှိပြီး သင့်ကျန်းမာရေးကို စောင့်ကြည့်ပါ

  • သင့်တွင် နှောင်းပိုင်းသက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ခြေကို သင်၏ကင်ဆာအထူးကုဆရာဝန်ထံတွင် မေးမြန်းပါ။
  • သင့် ပင်မ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို သင့်ရောဂါဖြစ်နိုင်ခြေ အခြေအနေများ ပြောပြပါ။ ကုသမှုအကျဉ်းချုပ် ပါဝင်သည့် သင်၏ ရှင်သန်သူဂရုစိုက်မှုအစီအစဉ် မိတ္တူတစ်စောင် ပေးထားပါ။
  • နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။ ၎င်းတွင် သွေးပေါင်ချိန်စစ်ဆေးခြင်းနှင့် ဆီးစစ်ဆေးခြင်းတို့ ပါဝင်သင့်သည်။
  • ကျန်းမာရေးစစ်ဆေးမှု နှစ်စဉ် ခံယူပါ။
  • အဆုတ် လုပ်ဆောင်ချက် စစ်ဆေးမှု (DLCO နှင့် စပိုင်မက်ထရီ) သည် ပုံမှန် စစ်ဆေးမှုတွင် မတွေ့ရသော အဆုတ်ပြဿနာများကို ဖော်ပြနိုင်သည်။

ကြိုတင်ကာကွယ်ခြင်း

  • နမိုကိုကယ်ကာကွယ်ဆေး ထိုးထားပါ။
  • နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။
  • အဆုတ်အထူးကုမှ ပြီးပြည့်စုံစွာ စစ်ဆေးခြင်း ပြုလုပ်ပြီး အတည်ပြုချက်မပေးမီ အထိ ရေငုပ်ခြင်းကို ရှောင်ကြဉ်ပါ။
  • စီးကရက် မသောက်ရပါ။
  • လက်ရှိဆေးလိပ်သောက်နေသူဖြစ်ပါက ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။
  • ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။
  • ဆေးခြောက်ရှူခြင်းနှင့် ဆေးရှူခြင်းများ မလုပ်ရပါ။
  • ဓါတုပစ္စည်းအနံ့များကို မရှူပါနှင့်။
  • လုပ်ငန်းခွင်တွင်း လုံခြုံရေးစည်းမျဉ်းအားလုံးကို လိုက်နာပါ။ လိုအပ်ပါက ကာကွယ်ရေးအသက်ရှူကိရိယာများသုံးပါ။


တည်းဖြတ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ