အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

‌အရေပြားအောက်တွင် လိုဏ်ခေါင်းပြုလုပ်၍ ထည့်ထားသော သွေးပြန်ကြောပိုက်

ပင်မပြွန်လိုင်းတစ်ခုသည် ( တခါတရံ ပါဝါလိုင်းအဖြစ် ခေါ်ဆိုတတ် ၊ ဟစ်မင်းပြွန် သို့မဟုတ် ကလေးငယ်များတွင်တပ်ဆင်ရသည့်ပြွန် ဘရိုဗစ်ပြွန် အဖြစ်ခေါ်ဆိုတတ်သည် ) အရေပြားအောက်တွင် ထားရသည့် ပင်မသွေးပြန်ကြောပြွန်ဖြစ်သည်။ ညှပ်ရိုးအောက်မှတဆင့် သွေးပြန်ကြောထဲသို့ထည့်သွင်းရပြီး သို့မဟုတ် လည်ပင်းထဲရှိ သွေးပြန်ကြောမှ  တဆင့် နှလုံးအနားရှိ နေရာမှန်သို့ရောက်အောက် လမ်းညွှန်၍ သွေးပြန်ကြောပြွန်ကို ထည့်သွင်းရသည်။ ပြွန်၏ အစွန်းတစ်ဖက်သည် ရင်ဘတ်အပေါ်ဘက်ခြမ်းရှိအပေါက်မှနေ၍ အပြင်သို့ထွက်လာမည်ဖြစ်သည်။ အချို့ရှားပါးဖြစ်စဉ်များအတွက် ပေါင် သို့မဟုတ် အခြားသွေးပြန်ကြောအား အသုံးပြုသည်။

ပြွန်/အိတ် အတွင်းပိုင်းတစ်ခုသာပြသည့် ပုံ၊ ကလေးကင်ဆာအား ကုသရာတွင်အသုံးပြုလေ့ရှိသည့် ပင်မပြွန်လိုင်း။

ပင်မပြွန်လိုင်း သည် ဆေးများ၊ အဟာရများ ၊ သွေးများ နှင့် အရည်များအား ပို၍ကြီးသည့် သွေးပြန်ကြောထဲရောက်အောင် ပြုလုပ်ပေးသည်။ သွေးနမူနာများအားလည်း ထုတ်ယူနိုင်သည်။

ပင်မပြွန်လိုင်းသည် ဆေးဝါးများ၊ အာဟာရ ၊ သွေးများ နှင့်အရည်များအား ပိုကြီးသည့်သွေးပြန်ကြောထဲသို့ထည့်သွင်းနိုင်ရန်အသုံးပြုသည်။ သွေးနမူနာများအားလည်း ထုတ်ယူနိုင်သည်။

၎င်းပြွန်၏ အစွန်းတစ်ဖက်သည် အရေပြားအပြင်သို့ထွက်နေပြီး လူမင်ဟု ခေါ်သည့် ပြွန် တစ်ခု သို့မဟုတ် ၂ ခုရှိတတ်သည်။ လူမင်တစ်ခုစီတိုင်းတွင် အပ်မလိုသည့်အဖုံး တစ်ခုစီအား အစွန်းတွင် တပ်ထားသည်။ ၎င်းအဆက်များသည် လူမင်များအား လေနှင့် ဘက်တီးရီးယားများ စိမ့်ထွက်မှုမဖြစ်ရန်ဆောင်ရွက်ပေးသည်။ ၎င်းအဆက်များသည် ဆေးထိုးအပ်မလိုအပ်စေဘဲ ဆေးနှင့် အရည်များအား ထည့်သွင်းနိုင်စေသည်။

ရောဂါပိုးမဝင်စေရန် ၎င်းနေရာအား ပတ်တီးဖြင့် အုပ်ထားရမည်။ ၎င်းပတ်တီးသည် ပြွန်အား နေရာမရွေ့စေရန် ကူညီပေးသည်။ ပြွန်တွင် ဒါကရွမ် ရှိပြီး ရင်ဘတ်အရေပြားအောက်တွင်ထား ရပြီး နေရာမရွေ့စေရန်နှင့် ကူးစက်ရောဂါမဝင်နိုင်စေရန် အကာအကွယ်အဖြစ်အသုံးပြုသည်။ ၎င်းလက်ပတ်သည် အရေပြားအောက်တွက် အဖုသေးသေးအဖြစ်ခံစားမိစေမည်ဖြစ်သည်။

အရေပြားအောက်သို့ပြွန်အားထည့်သွင်းခြင်းသည် ကူးစက်ရောဂါပိုးဝင်နိုင်ခြေ ပိုမိုနည်းပါးစေသည်။ သို့သော်လည်း အရေပြားအပြင်ဘက်တွင် ပြွန်ဝ ရှိနေခြင်းကြောင့်၊ ဘက်တီးရီးယားပိုးများဝင်နိုင်ခြေ ရှိနေပြန်သည်။ သေချာဂရုစိုက်ပါက ၎င်းပြွန်သည် ၎င်းနေရာတွင် လပေါင်းများစွာမှ နှစ်များစွာတိုင်အောင် ဖယ်ရှားရန်လိုအပ်မည့်အချိန်ထိ နေရာတကျ ရှိနေမည်ဖြစ်သည်။ ကူးစက်ရောဂါပိုး ဝင်ရောက်မှုမရှိရန်နှင့် ပြွန်ကောင်းမွန်စွာအလုပ်လုပ်ရန်အတွက် ညွှန်ကြားချက်များကို လိုက်နာရန်မှာ အရေးကြီးပါသည်။

ပင်မပြွန်လိုင်း၏ အကျိုးကျေးဇူးများ

  • ပင်မပြွန်လိုင်းသည် ဆေးထိုးအပ်မလိုဘဲ ဆေးများ၊ အရည်များ ၊အာဟာရ ၊ သွေးများနှင့် သွေးနမူနာများကို ထည့်သွင်းနိုင်စေသည်။
  • ၎င်းသည် အသုံးပြုရ လွယ်ကူသည်။
  • ၎င်းပင်မပြွန်လိုင်းသည် ၎င်းနေရာတွင် နေရာတကျဖြင့်အချိန်ကြာမြင့်စွာရှိနေနိုင်သည်။
  • အချို့ဆေးဝါးများသည် သွေးကြောများအား ထိခိုက်စေနိုင်သည်။ ၎င်းပင်မပြွန်လိုင်းသည် သွေးစီးဆင်းမှုပိုများသည့် ပိုကြီးသည့် သွေးပြန်ကြောတွင် ရှိခြင်းကြောင့် သွေးကြောထိခိုက်မှုပိုနည်းနိုင်သည်။
  • အချို့ပင်မပြွန်လိုင်းများတွင် ဆေး သို့မဟုတ် အရည်တစ်မျိုးထက်ပို၍ တပြိုင်တည်းထည့်သွင်းနိုင်သည်။
  • ပင်မပြွန်လိုင်းအား ရံဖန်ရံခါ အိမ်တွင်ဆေးသွင်းရန်အတွက် အသုံးပြုနိုင်သဖြင့် လူနာနှင့် မိသားစုများအတွက် ဆေးကုသမှုတွင် ပိုမိုလွယ်ကူစေသည်။
  • ၎င်းပြွန်အား ဆေးခန်းတွင် ပြန်လည်ထုတ်ယူနိုင်သည်။

၎င်းပြွန်တပ်ဆင်ခြင်းသည် ကင်ဆာကုထုံးတွင် ပုံမှန်ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်ပြီး လူနာနှင့် မိသားစုများအတွက် အကျိုးကျေးဇူးကောင်းများ ရစေသည့်အတွက် အရေးပါသည်။ သို့သော်လည်း မေ့ဆေး နှင့် ခွဲစိတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အတူ အန္တရာယ်များ အစဉ်ပါဝင်လေ့ရှိပါသည်။ အဓိကအန္တရာယ်တွင်ပါဝင်သည်မှာ သွေးထွက်လွန်ခြင်း၊ အဆုတ်ပေါက်ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်း၊ သွေးခဲခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အာရုံကြောထိခိုက်ခြင်း နှင့် ကူးစက်ရောဂါဝင်ခြင်းတို့ဖြစ်သည်။ ပြွန်အား တပ်ဆင်ပြီးနောက် သွေးခဲခြင်း၊ ပြွန်နေရာရွေ့ခြင်း ၊ ကူးစက်ရောဂါပိုးဝင်ခြင်းတို့သည် အဖြစ်များဆုံး နောက်ဆက်တွဲ အခြေအနေများဖြစ်သည်။ ဆိုးဝါးသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများမှာ ရှားပါး သော်လည်း ဖြစ်တတ်ပါသည်။ မေးခွန်းများ သေချာမေးပြီး စောင့်ရှောက်ရေးအဖွဲ့မှပေးသော လမ်းညွှန်များအားလုံးကို သေချာလိုက်နာပါ။

ဤပုံသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအတွက်အသုံးပြုသည့် ပင်မပြွန်တပ်ဆင်သည့်ပုံဖြစ်သည်။

အပ်နှင့် ဂိုက်ဝိုင်ယာကိုအသုံးပြုပြီး ဓာတ်မှန်အကူအညီဖြင့် ပြွန်အား အဝင်ဝနေရာမှတစ်ဆင့် သွေးပြန်ကြောအတွင်းသို့ထည့်သွင်းသည်။

ပင်မပြွန်လိုင်းတပ်ဆင်ခြင်း

ပင်မပြွန်တပ်ဆင်ရန် အတွက် ကလေးငယ်အား အထွေထွေသုံး မေ့ဆေး ပေးရန်လိုအပ်သည်။ လုပ်ငန်းစဉ်အဆင့်ဆင့်အတွင်း ကလေးငယ်များသည် နာကျင်မှု သို့မဟုတ် သတိရှိမှု ရှိနေမည်မဟုတ်ပါ။ မိဘများသည် NPO ညွှန်ကြားချက်မျာ အား လိုက်နာ၍ ပြွန်မတပ်ဆင်ခင်တွင် အစားအစာနှင့် ရေများအား အကန့်အသတ်ဖြင့် ကျွေးမွေးရမည်။ ယင်း လမ်းညွှန်များကို လိုက်နာရန် အလွန်အရေးကြီးပါသည်။ လုပ်ထုံးလုပ်နည်းအတွက် စုစုပေါင်းကြာချိန်မှာ မေ့ဆေးနှင့် ပြန်လည်နာလန်ထူခြင်းအပါအဝင် ၁-၂ နာရီခန့် ကြာလေ့ရှိပါသည်။

  • လုပ်ငန်းစဉ်အဆင့်ဆင့် မစတင်မီမီ လူနာများအနေဖြင့် သွေးစစ်ဆေးမှုများ နှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းတစ်ခု ပြုလုပ်ရပါမည်။ စောင့်ရှောက်ရေးအဖွဲ့ဝင်များက စာရွက်စာတမ်းများ ဖြည့်ရန်နှင့် မေးခွန်းများကိုဖြေဆိုရန် မိသားစုနှင့် တွေ့ဆုံပါလိမ့်မည်။
  • လူနာသည် ခန္ဓာကိုယ်အား ဓာတ်မှန်ဖြင့်စစ်ဆေးခြင်း သို့မဟုတ် ခွဲစိတ်ခန်းသို့ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ရန်အတွက်သွားရမည်ဖြစ်သည်။ ဆေးဖက်ဆိုင်ရာစင်တာ၏ မူဝါဒများအပေါ်မူတည်ပြီး ထည့်သွင်းရန် အချိန်ကျသည်အထိ မိဘတစ်ဦးက လူနာနှင့်အတူ လိုက်ပါဝင်ရောက်နိုင်ပါသည်။ 
  • ပင်မပြွန်တပ်ဆင်ရန် အတွက် ကလေးငယ်အား အထွေထွေသုံး မေ့ဆေး ပေးရန်လိုအပ်သည်။ လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်စဥ် နှင့် နာလန်ထူချိန်တလျှောက်လုံးတွင် နှလုံးခုန်နှုန်း နှင့် သွေးဖိအားကို စောင့်ကြည့်ပါလိမ့်မည်။
  • ၎င်းအရေပြားနေရာတဝိုက်သန့်ရှင်းရမည်ဖြစ်ပြီး၊ လူနာ၏ ခန္ဓာကိုယ်နေရာအား ပိတ်စဖြင့်ဖုံးအုပ်ရမည်ဖြစ်ပြီး ၎င်းနေရာတဝိုက်အား သန့်ရှင်းစေခြင်းဖြင့် ကူးစက်ရောဂါ ဝင်ရောက်ခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။
  • သွေးပြန်ကြောတည်နေရာအား အာလ်ထွာဆောင်း ပုံရိပ်ရှာဖွေခြင်း သို့မဟုတ် ခန္ဓာဗေဒ အမှတ်အသားရှာဖွေခြင်းနည်းဖြင့် ရှာဖွေသည်။ လည်ပင်း သို့မဟုတ် ညှပ်ရိုးနားရှိ အရေပြားအား အနည်းငယ်ဖြတ်ရမည်ဖြစ်သည်။ ဤနေရာသည် အဝင်နေရာဖြစ်သည်။
  • ဂိုက်ဝိုင်ယာကိုအသုံးပြုပြီး ဓာတ်မှန်အကူအညီဖြင့် ပြွန်အား သွေးပြန်ကြောအတွင်းသို့ထည့်သွင်းသည်။ ပြွန်၏ ထိပ်ဝသည် နှလုံးအထက်နားတွင်ရပ်တန့်သွားမည်ဖြစ်သည်။ ပုံရိပ်ရှာဖွေခြင်းဖြင့် ပြွန်ဝ၏ အနေအထားကို သိနိုင်မည်ဖြစ်သည်။
  • ပြွန်၏ အစွန်းတစ်ဖက်သည် အရေပြားအောက်တွင်ရှိပြီး ပြွန်ဝသည်ရင်ဘက်အပေါ်ဘက် နေရာအနည်းငယ်တွင် ခန္ဓာကိုယ်အပြင်သို့ထွက်လာမည်ဖြစ်သည်။ ဤနေရာသည် ပြွန်၏ ထွက်ပေါက်နေရာဖြစ်သည်။ ချုပ်ရိုးများဖြင့် ပြွန်အား နေရာမရွေ့စေရန် အထွက်နေရာတွင် ချုပ်ထားခြင်းဖြစ်သည်။
  • ခန္ဓာကိုယ်အပြင်ဘက်တွင် ပြွန်အနည်းငယ်ထွက်နေမည်။ ဆေးသွင်း၍ ရသည့် ပြွန်၏ အဝသည် အဖုံးဖြင့် ဖုံးအုပ်ထားမည်ဖြစ်သည်။
  • ပင်မလိုင်းအား ထည့်ပြီးနောက် ၎င်းနေရာအား လုံခြုံစေရန်နှင့် သန့်ရှင်းစေရန် ဖုံးအုပ်ထားရမည်။
  • ပြွန်တပ်ဆင်မှု ပြုလုပ်နေစဉ်အတွင်း ပြွန် အနေအထား စစ်ဆေးရန် နှင့်(အဆုတ်လေဝင်ခြင်း) အဆုတ်ဒဏ်ရာ ရမရ စစ်ဆေးရန်အတွက် ဓာတ်မှန်အားအသုံးပြုသည်။ ပြွန် အလုပ်လုပ်မှု ရှိမရှိကို စမ်းသပ်ရန် သူနာပြုက သွေးအနည်းငယ် ၎င်းပြွန်မှ စုပ်ယူခြင်းဖြင့် စမ်းသပ်မည်ဖြစ်သည်။
  • ပြွန် လိုင်းတပ်ဆင်ခြင်းမှ သတိပြန်လည်လာစေရန် အတွက် အချိန် တစ်နာရီခန့်ယူရသည်။ ထိုအချိန်တွင်လူနာအား စောင့်ကြပ်လေ့လာနေမည်ဖြစ်သည်။ လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့ဝင် တစ်ယောက်က ဆေးပြွန်အား စစ်ဆေးခြင်းနှင့် ဆေးထည့်မှုကို အသစ်လဲခြင်းများကို ဆေးရုံမှ မဆင်းခင်ပြုလုပ်ပေးမည်ဖြစ်သည်။

ပင်မပြွန်အား ဂရုစိုက်ခြင်း

ပင်မပြွန်အား မည်သို့ဂရုစိုက်ရမည်ကို သူနာပြုမှ သင်ကြားပြသပေးမည်ဖြစ်သည်။ ပြွန်အား သွေးခဲတားဆေးဖြင့် နေ့စဉ်ဆေးကြောရမည်။ သွေးခဲတားဆေးသည် သွေးမခဲစေရန်နှင့် ပြွန်မပိတ်စေရန် အသုံးပြုသည့်ဆေးဖြစ်သည်။ ပြွန်နေရာ မရွေ့စေရန်နှင့် ကူးစက်ရောဂါ မဝင်စေရန် ၎င်းနေရာအား ပတ်တီးဖြင့် ဖုံးအုပ်ထားရမည်။ ပတ်တီးအား တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် စိုလျှင်၊ ညစ်ပတ်လျှင် ၊ ပြေလာလျှင် လဲလှယ်ရမည်။ ရေချိုးနေစဉ် ပတ်တီးမစိုစေရန် သတိပြုရမည်။

ပင်မပြွန်လိုင်းတပ်ဆင်ပြီးနောက် မည်သည့်အရာကို မျှော်လင့်နိုင်သနည်း။

လျင်မြန်စွာ အနာကျက်ခြင်း

၎င်းနေရာတဝိုက်တွင် ရက်အနည်းငယ်ကြာ အနာဖြစ်နေမည်။ ပြွန် ထည့်သည့်အချိန်နှင့် ထုတ်သည့်အချိန်တွင် ချုပ်ရန်လိုအပ်သည်။ ပတ်တီးစပေါ်တွင် အနည်းငယ် သွေးစွန်းခြင်းသို့မဟုတ် တပ်ဆင်သည့်နေရာတဝိုက် သွေးခြည်ဥခြင်းဖြစ်နိုင်သည်။ အရေပြားအပြင်ဘက်သို့ ပြွန်ထွက်နေသည်ဟု ခံစားရနိုင်သည်။ အပြည့်အဝ အနာကျက်ရန် ၂ ပတ်မှ ၄ ပတ်ခန့်အထိကြာမြင့်နိုင်သည်။

ကလေးငယ်အား လက်မောင်းအောက်မှ လျို၍ ချီပါက ၎င်းပြွန်နေရာအား သတိပြုရမည်ဖြစ်သည်။ အနည်းငယ် နာကျင်မှု မသက်မသာဖြစ်မှု ခံစားရနိုင်သည်။

ဆေးဝါးပေးခြင်း

ဆေးအား ဆေးထိုးပြွန် သို့မဟုတ် IV ဆေးအိတ်ဖြင့် ပေးနိုင်သည်။ ဆေးထိုးနေစဉ် နာကျင်ခြင်း သို့မဟုတ် မသက်မသာခံစားရပါက သူနာပြုဆရာမအား အသိပေးပါ။

အထွေထွေ ဂရုစိုက်ခြင်း

ပြွန်ကောင်းမွန်စွာ အလုပ်လုပ်ရန်နှင့် ကူးစက်ရောဂါမှ ကာကွယ်ရန် ညွှန်ကြားချက်များအား သေချာလိုက်နာရန် လိုအပ်သည်။ ပြွန်ကို မကိုင်တွယ်ခင် လက်အား စင်ကြယ်အောင် အရင်ဆေးကြောရမည်။ ပြွန်လိုင်းများအား ဆက်သွယ်ထားသည့် အဆက်များသည် အမြဲသန့်ရှင်းနေစေရန် လိုအပ်သည်။

ပြွန်အား ထိခိုက်စေနိုင်သည့် ကြမ်းတမ်းစွာကစား ခြင်း သို့မဟုတ် ကစားနည်းများကို ရှောင်ကြဉ်ရမည်။ PICC လိုင်း ခေါ် ပြွန်သေးတပ်ဆင်ထားစဉ်အတွင်း ရေမကူးရပါ။ ကူးစက်ရောဂါပိုး ဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။

ပြွန်အား လုံခြုံမှုရှိစေရန် ၊ သန့်ရှင်းမှု ရှိစေရန် နှင့် ၎င်းနေရာတဝိုက် ဖုံးအုပ်ထားသည့် ပတ်တီးမစိုစေရန် အချိန်တိုင်း ဂရုစိုက်ရမည်။ ပြွန် ထိခိုက်မှု လက္ခဏာ ရှိမရှိကို နေ့စဉ် စစ်ဆေးရန်။

အဓိကပိုက်လိုင်းမှ သွေးတွင်းသို့ ကူးစက်ရောဂါ(CLABSI) ဝင်ရောက်ပါက အသက်အန္တရာယ်ရှိနိုင်သည်။ ကူးစက်ရောဂါ ဝင်ရောက်သည့် လက္ခဏာဖြစ်သည့် နာကျင်ခြင်း၊ နီခြင်း၊ ယောင်ရမ်းခြင်း သို့မဟုတ် အဖျားတက်ခြင်း ဖြစ်ပေါ်ပါက ဆရာဝန်အား ခေါ်၍အသိပေးပါ။


ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်- ၂၀၁၈ ခုနှစ် ဇွန်လ