ကင်ဆာကုသမှု ခံယူနေစဉ်တွင် ကလေးများသည် အထောက်အကူပြု စောင့်ရှောက်မှု၏ အစိတ်အပိုင်းအနေဖြင့် အစာရေမျိုလမ်းကြောင်းကို အသုံးပြုပြီး အစာထည့်ခြင်း (ပြွန်မှတစ်ဆင့် အစာထည့်ခြင်း)ကို လိုအပ်နိုင်သည်။ အစာသွင်းသောပိုက်များကို နှာခေါင်း (NG ပြွန်၊ NJ ပြွန်) မှတစ်ဆင့်လည်းထည့်နိုင်ပြီး ဝမ်းဗိုက်နံရံကို ဖောက်၍လည်း (G ပြွန်၊ GJ ပြွန်၊ J ပြွန်) ထည့်သွင်းနိုင်သည်။ အစာပြွန်နှင့် အရေပြားကို သေချာစွာ ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ပါက မသက်သာမှုများကို လျော့နည်းစေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေကို လျော့ကျစေပြီး အခြားပြဿနာများကို ဖြစ်နိုင်ခြေနည်းပါးစေသည်။
နှာခေါင်းမှတဆင့်ထည့်ထားသော ပြွန်များသည် နှာခေါင်းအတွင်းသားနှင့် ပြွန်ကို တိပ်ကပ်ထားသော အရေပြားကို ကျိန်းစပ်စေနိုင်သည်။ သေချာစွာ ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ပါက လူနာမသက်မသာဖြစ်ခြင်းနှင့် အရေပြားပြဿနာများကို ကာကွယ်တားဆီးနိုင်သည်။
အစာအိမ်ထဲသို့ အစာတိုက်ရိုက်ထည့်သော (G) ပြွန်များ ၊ အစာအိမ်နှင့် အူသိမ်ကို အပေါက်ဖောက်ပြီး အစာထည့်သော (GJ) ပြွန်များနှင့် အူသိမ်ကို အပေါက်ဖောက်ပြီး အစာထည့်သော (J) ပြွန်များသည် ဝမ်းဗိုက်နံရံအတွင်း ပွင့်နေသည့် (ကိုယ်တွင်းပေါက်) အဝမှတစ်ဆင့် ထည့်သွင်းတပ်ဆင်သော အစာထည့်ပြွန်များဖြစ်သည်။ ယင်းပြွန်များသည် ပြွန်အရှည်များ(သို့မဟုတ်) ပြွန်အတိုများ ဖြစ်နိုင်သည်။ လမ်းကြောင်း အနာကျက်သောအခါ(အများအားဖြင့် ခွဲစိတ်ပြီး ၆ပတ်တွင်) ပြွန်အရှည်များကို ပြွန်အတိုနှင့် အစားထိုးနိုင်သည်။
အနာကျက်သွားသည်နှင့်တပြိုင်နက် ပြွန်တစ်ဝိုက်ရှိ အရေပြားသည် နာကျင်မှုရှိနိုင်တော့မည်မဟုတ်ပါ။ ပြွန်ထည့်သောဝမ်းဗိုက်အပေါက်၏ အရွယ်အစားနှင့် ပုံစံသည် အစာပြွန်၏အရွယ်အစားနှင့် သင့်တော်ကိုက်ညီရမည်။
ကျန်းမာသော G ပြွန်တပ်ဆင်ထားသည့် နေရာအား စောင့်ရှောက်မှုပြုလုပ်ရန် မလိုပါ။ များသောအားဖြင့် အစာပြွန်တပ်ဆင်သည့်နေရာကို သန့်ရှင်းစေရန် နေ့စဉ်ဆပ်ပြာဖြင့် ဆေးကြောရန်နှင့် ရေချိုးပေးရန်သာ လိုအပ်သည်။ အစာထည့်သောပြွန်တပ်ဆင်ထားသော နေရာများရှိ အရေပြားကို စောင့်ရှောက်မှုပြုလုပ်ရန်အတွက် အကြံပြုချက်များမှာ အောက်ပါတို့ဖြစ်သည်-
မည်သို့သော ပြသနာများဖြစ်ပေါ်လာနိုင်သည်၊ မည်သည်ကြောင့် ဖြစ်ပေါ်လာသည်နှင့် ဖြစ်ပေါ်လာပါက မည်သို့ ဖြေရှင်းရမည်ကို သိရှိရန် အရေးကြီးသည်။
ပြွန်တစ်ဝိုက်တွင် ယိုစိမ့်မှုဖြစ်ပေါ်နိုင်သည်။ အကယ်၍ ပြွန်မှ ယိုစိမ့်နေပါက ပြွန်အတွင်းရှိ ပြွန်နေရာမရွေ့ရန် ထားသော ပူဖောင်းပြသနာကြောင့် ဖြစ်နိုင်သည်။ ယိုစိမ့်ခြင်းသည် နျူထရိုဖီးလ်နည်းခြင်းနှင့်လည်း ဆက်စပ်နိုင်သည်။
အစိုဓာတ်နှင့် အက်ဆစ်ဓာတ်ပေါက်နေသော အစာအိမ်ရှိ အရည်များသည် အရေပြားကို နီပြီး ရောင်ရမ်းစေနိုင်သည်။ ယင်းကဲ့သို့ ဖြစ်ပါက အရေပြားကို ရေဖြင့် တစ်နေ့လျှင် အကြိမ်များများဆေးပါ။ ဝမ်းဗိုက်ထဲမှ ထွက်သော အရည်ပမာဏ ပိုမိုများပြားပါက ယင်းနေရာကို အကြိမ်ရေပို၍ သန့်ရှင်းပေးရမည်။ သန့်ရှင်းမှုပြုလုပ်ပြီးပါက အရေပြားကို ညင်သာစွာ ခြောက်သွေ့စေရမည်။ ပေါင်ဒါ သို့မဟုတ် လိမ်းဆေးအဆီများကို လိုအပ်ကောင်း လိုအပ်နိုင်သည်။ အရေပြား၏ အခြေအနေ မတိုးတက်လာခြင်း သို့မဟုတ် အရည်များ ဆက်လက်စိမ့်ထွက်နေခြင်း သို့မဟုတ် အရည်စိမ့်ထွက်သည့် ပမာဏများခြင်းတို့ဖြစ်ပါက သင်၏ လူနာစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။
အရည်စိမ့်ထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ-
အစာအိမ်ထဲရှိ အစာချေသည့် အက်စစ်များကို ထိန်းချုပ်သည့် ဆေးဝါးများ သို့မဟုတ် အစာအိမ်ထဲမှ အစာများကို မြန်မြန်ကုန်စေသော ဆေးဝါးများသည် ယိုစိမ့်မူကြောင့်ဖြစ်သော ပျက်စီးမှုများကို လျော့နည်းစေနိုင်သည်။ ဤရွေးချယ်မှုများအကြောင်းကို ကလေး၏ စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။
တစ်ရှူးအသားနုသည် ပြွန်ထည့်ထားသော အပေါက်တွင် ကြီးထွားနိုင်သော အသားပို အရေပြားတစ်ရှူးဖြစ်သည်။ တစ်ရှူးအသားနုဖြစ်ပေါ်ခြင်းကို အတွေ့ရများပါသည်။ ၎င်းသည် အနီရောင်သဏ္ဍန်ရှိပြီး စိုစွတ်သည့် ပုံစံရှိ၍ ပါးစပ်ထဲရှိ အရေပြားနှင့် ဆင်တူသည်။ ယင်းတစ်ရှူးသည် နှုးညံပြီး သွေးယိုစိမ့်မှုအနည်းငယ်ဖြစ်ပေါ်ခြင်း သို့မဟုတ် စိမ့်ထွက်မှုများလည်းရှိနိုင်သည်။ တစ်ရှူးအသားနုဖြစ်ပေါ်ခြင်းသည် အရေပြားနှင့် ပြွန်ပွတ်တိုက်ရာမှ ဖြစ်ပေါ်သော ပွတ်တိုက်မှု သို့မဟုတ် ပွန်းရှမှု၏ အကျိုးဆက်ဖြစ်သည်။ တစ်ရှူးအသားနုဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် နည်းလမ်းများမှာ ပြွန်ထည့်ထားသော နေရာကို ခြောက်သွေ့အောင် ထားရှိခြင်း၊ ပြွန်အား လှုပ်ရှားမှုမဖြစ်ပေါ်စေရန် ထိန်းသိမ်းခြင်းနှင့် ပြွန်နှင့် အပေါက်တို့ကို သေချာစွာ ကိုက်ညီအောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။ တစ်ရှူးအသားနုကို ရေဓာတ်ပါသော ဒဏ်ရာ ဆေးထည့်သော ပတ်တီး (သို့မဟုတ်) silver nitrate ကို လိမ်းကာ ကုသနိုင်သည်။ တချို့သော လူနာများတွင် တစ်ရှူးအသားနုကို ခွဲစိတ်ပြီး ဖယ်ရှားရသည်။
ကျန်းမာသော ကလေးတွင် ပြွန်တပ်ဆင်ထားသော နေရာနှင့် ယင်းနေရာအနီးရှိ အရေပြားကို ရောဂါပိုးကူးစက်ဝင်ရောက်နိုင်ခြေ နည်းပါးသည်။ သို့သော် ကိုယ်ခံအားနည်းသော ကလေးများတွင်မှု ပြွန်ထည့်ထားသော နေရာကို ပိုးဝင်နိုင်ခြေ များပြားသည်။ ရောဂါပိုးဝင်ရောက်သည့် လက္ခဏာများမှာ-
အရေပြားနီခြင်းနှင့် အရည်ထွက်ခြင်းသည် ရောဂါပိုးဝင်ရောက်ခြင်း၏ လက္ခဏာများဖြစ်သော်လည်း အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ တခါတရံ အစာအိမ်ထဲရှိ အစာများနှင့် အရေပြားပေါ်ရှိ ဘက်တီးရီးယားများ ရောသွားသောအခါ အနံ့ဆိုးများ ထွက်လာသည်။ ယိုစိမ့်မှုကြောင့် ဖြစ်ပေါ်သော အရေပြားနီခြင်းကို အရေပြားအား မကြာခဏ သန့်ရှင်းပေးခြင်းဖြင့် ကုသနိုင်သည်။ ရောဂါပိုးဝင်ရောက်သော လက္ခဏာများတွေ့ပါက သို့မဟုတ် လက္ခဏာများ မတိုးတက်လာပါက လူနာကို စောင့်ရှောက်မှုအဖွဲ့ကို ဆက်သွယ်ပါ။
ပြွန်ထည့်ထားသော ကိုယ်တွင်းပေါက်ပတ်ပတ်လည်၌ သွေးထွက်ခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ပြွန်လဲလှယ်သည့်အခါတွင်လည်း ပြွန်ထည့်ထားသော ကိုယ်တွင်းပေါက်တွင် သွေးထွက်နိုင်သည်။ နူးညံသော တစ်ရှူးအသားနုကြောင့်လည်း သွေးထွက်နိုင်သည်။ သွေးနည်းနည်းထွက်ခြင်းသည် စိုးရိမ်စရာမရှိပါ။ အကယ်၍ သွေးသည် မိနစ်အနည်းငယ်ကြာသည်အထိ မတိတ်လျှင် သို့မဟုတ် ပိုဆိုးလာလျှင် ယင်းနေရာကို ဖိထားပြီး လူနာ၏ စောင့်ရှောက်မှုအဖွဲ့ကို ချက်ချင်းခေါ်ပါ။
နျူထရိုဖီးလ်နီးယား သည် အရေအတွက် လျော့နည်းခြင်းသည် နျူထရိုဖီးလ် အရေအတွက် (ANC) ၅၀၀အောက် နည်းသွားပါက ဖြစ်ပေါ်သည်။ နျူထရိုဖီးလ်နီးယားသည် ပြွန်ထည့်သော ကိုယ်တွင်းပေါက်ကို ပို၍ကျယ်စေသည်။ ကိုယ်ခံအားလျော့နည်းသောကြောင့် ခန္ဓာကိုယ်သည် အပေါက်ကို ပိတ်ရန်နှင့် ပိုးဝင်ခြင်းကို တိုက်ထုတ်ရန် မကြိုးစားတော့ပါ။ ထို့ကြောင့် ပြွန်ထည့်သောအပေါက်သည် စိုစွတ်ပြီး ရေစိမ့်ကာ နာကျင်လာသည်။ ပိုးမွှားများလည်း ပေါက်ဖွားနိုင်ပြီး ကူးစက်ရောဂါဝင်နိုင်သည်။ သွေးဖြူဥ အရေအတွက် တဖန် ပြန်များလာသည်အထိ ယင်းအပေါက်သည် အခြေအနေ ပိုကောင်းလာမည် မဟုတ်ပါ။ တခါတရံ ယင်းနေရာသည် အခြေအနေ စတင်မကောင်းမွန်မီ အခြေအနေ ပိုဆိုးနေသည့်ပုံရှိမည်ဖြစ်သည်။ ပြွန်ထည့်ထားသော နေရာကို စောင့်ရှောက်မှုအဖွဲ့မှ ညွှန်ကြားသည့် အတိုင်း ကုသသင့်သည်။
—
ပြန်လည်သုံးသပ်ပြီး- ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ