အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အူလမ်းကြောင်းတွင်း အစာထည့်ရန်အတွက် အစာသွင်းပိုက် နေရာချခြင်း

အစာသွင်းပိုက်တစ်ခုကို အစာအိမ်တွင်း သို့မဟုတ် အူသိမ်အတွင်း နေရာချြခင်းသည် ကင်ဆာရောဂါရှိသော ကလေးများတွင် သုံးလေ့ရှိသော လုပ်ငန်းစဉ်အဆင့်ဆင့်တစ်ခုဖြစ်သည်။ ပြွန်အမျိုးအစားက ပြွန်ကို မည်သို့ထည့်ပုံ (နှာခေါင်းမှ သို့မဟုတ် ဝမ်းဗိုက်မှ) နှင့် ပြွန်က အစာချေလမ်းကြောင်းအတွင်း မည်သည့်နေရာ (အစာအိမ် သို့မဟုတ် အူသေး) တွင်း အဆုံးသတ်သည် ဆိုသည့်အပေါ် မူတည်ပါသည်။ အစာသွင်းပိုက်တစ်ခုက အစားအစာတွင်းမှ ၄င်းတို့လိုအပ်သော အာဟာရများအားလုံးကို ရရှိနိုင်စွမ်းမရှိသော ကလေးများတွင် အစာအိမ် အူလမ်းကြောင်းမှ အာဟာရထောက်ပံ့ပေးရန် ခွင့်ပြုပါသည်။

အစာအိမ် အူလမ်းကြောင်းမှ အာဟာရဖြည့်တင်းခြင်း (Enteral Nutrition) အကြောင်း ပိုမိုလေ့လာပါ

အစာသွင်းပိုက်များကို မည်သို့ နေရာချပါသနည်း။

အစာအိမ် အူလမ်းကြောင်းမှ အစာထည့်ရန်အတွက် အစာသွင်းပိုက်ကို နေရာချသည့် အဓိကနည်းလမ်း ၂ ခုရှိပါသည် -

  1. နှာခေါင်းမှတဆင့် (ခွဲစိတ်မှု မပါ) — နှာခေါင်းပိုက်များတွင် နှာခေါင်းမှ အစာအိမ် (nasogastric) တွင်း ထည့်သည့်ပြွန်များ (NG tubes)၊ နှာခေါင်းမှ အူသိမ်ရင်း(nasoduodenal) တွင်း ထည့်သည့်ပြွန်များ (ND tubes)၊ သို့မဟုတ် နှာခေါင်းမှ အူသိမ်လယ်(nasojejunal) တွင်း ထည့်သည့်ပြွန်များ (NJ tubes) ပါဝင်ပါသည်။
  2. ဝမ်းဗိုက်နံရံတွင်းဖေါက်ထားသော အပေါက်သေးတစ်ပေါက်မှတဆင့် (ostomy surgery) — ခွဲစိတ်ပြီး အစာထည့်ပြွန် နေရာချခြင်းတွင် အစာအိမ်ဖောက်ထည့်သည့် (gastrostomy) အစာအိမ်ပြွန်များ (G tubes)၊ အစာအိမ်မှ အူသိမ်လယ် သို့ဖောက်ထည့်သည့် (gastro-jejunostomy) အစာအိမ် အူသိမ်လယ် ပြွန်များ (GJ tubes)၊ နှင့် အူသိမ်လယ်ပိုင်း ဖောက်ထည့်သည့်(jejunostomy) အူသိမ်လယ် ပြွန်များ (J tubes) ပါဝင်ပါသည်။
NG ပြွန် တစ်ခု က နှာခေါင်း ညာဖက်အပေါက်မှဝင်ပြီး မျက်နှာပေါ်တွင် တိပ်ဖြင့်ကပ်ကာ နေရာချထားသော လူနာငယ်တစ်ဦး

NG ပြွန် ကို အစာအိမ်တွင်း သို့မဟုတ် အူသိမ်အတွင်းသို့ နှာခေါင်းမှတဆင့် ထည့်ကာ လည်ချောင်းတလျှောက်ထည့်သွင်းပါသည်။

လူနာတစ်ဦးစီအတွက် မည်သည့် အစာသွင်းပိုက်အမျိုးအစားက အကောင်းဆုံးဖြစ်သည် ဆိုသည်ကို အချက်ပေါင်းမြောက်များစွာက ဆုံးဖြတ်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • အစာချေလမ်းကြောင်း၏ ကျန်းမာရေးအခြေအေန
  • အာဟာရထောက်ပံ့ရန် ကြာမြင့်ချိန်
  • အသုံးပြုသည့် အကြိမ်အရေအတွက်
  • ကလေး၏အသက်၊ အရွယ်အစားနှင့် ကျန်းမာရေးအခြေအေန
  • ကလေး၏ လှုပ်ရှားနိုင်မှုအဆင့်
  • အစာသွင်းပိုက်ကို ထိန်းသိမ်းရန်လိုအပ်သော စောင့်ရှောက်မှုပမာဏ
  • ကူးစက်ရောဂါ ဝင်နိုင်သော ဘေးအန္တရာယ် နှင့် အခြားပြဿနာများ

အစာသွင်းပိုက်တစ်ခုကို အာဟာရဖြည့်တင်းမှု လိုအပ်သလောက် လ ရှည်ကြာမှသည် နှစ်ရှည်ကြာအထိ နေသားတကျ ထားနိုင်ပါသည်။ အစာသွင်းပိုက်နေသားတကျ ရှိနေလျက်နှင့်ပင် ကလေးအများစုမှာ ပါးစပ်မှ အစာစားနိုင်စွမ်းရှိပါသည်။ အကယ်၍ ကူးစက်ရောဂါ သို့မဟုတ် အခြားပြဿနာများ ဖြစ်ပွားပါက ပြွန်ကို ထုတ်လိုက်မည်ဖြစ်ပြီး လိုအပ်သလို အစားထိုးပါမည်။

လုပ်ထုံးလုပ်နည်းအမျိုးအစားတစ်ခုစီက ကွဲပြားပါသည်။ အစာသွင်းပိုက်တစ်ခု၏ ဘေးအန္တရာယ်များ နှင့် အကျိုးကျေးဇူးများကို စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးမှ အသေးစိတ်ရှင်းပြကာ ဆွေးနွေးပါလိမ့်မည်။ ကလေးဘဝ အထူးကျွမ်းကျင်သူတစ်ဦးကလည်း ကလေးအား အသင့်ပြင်ဆင်ပေးရာတွင် နှင့် ဘာကို မျှော်မှန်းထားရမည်ကို သိရှိရန် ကူညီနိုင်ပါသည်။ ကလေးအတော်များများက အစာသွင်းပိုက်တစ်ခုတပ်လျက် အိမ်သို့ ပြန်ကြပါသည်။ သူနာပြု သို့မဟုတ် လူနာပညာပေးသူတစ်ဦးက အစာသွင်းပိုက် စောင့်ရှောက်ပုံအကြောင်း နှင့် လမ်းညွှန်များကို အစအဆုံးပြောပြပါလိမ့်မည်။ မေးရန်မေးခွန်းများ စာရင်းတစ်ခု သေချာပြုစုပြီး အလွယ်တကူ သတိရမှတ်မိအောင်လုပ်ရန် အချက်အလက်များကို ချရေးထားပါ။

NG Tube (နှာခေါင်းမှ အစာအိမ်တွင်းထည့်သည့်ပြွန်)၊ NJ Tube (နှာခေါင်းမှ အူသိမ်လယ်တွင်း ထည့်သည့်ပြွန်)၊ နှင့် ND Tube (နှာခေါင်းမှ အူသိမ်ရင်းတွင်း ထည့်သည့်ပြွန်)

NG၊ NJ၊ နှင့် ND ပြွန်များသည် ခပ်ရှည်ရှည် ကွေးလွယ်ဆန့်လွယ်ပြီး အခေါင်းပါသည့် ပြွန်များဖြစ်ကြသည်။ အရှည်က ကလေး၏အရွယ်အစားပေါ်တွင် မူတည်ပါသည်။ ကိုယ်ခန္ဓာပြင်ပတွင်ရှိနေသော အဆုံးပိုင်းတွင် အစာသွင်းပိုက်တပ်ဆင်ရန် အပေါက်တစ်ခု သို့မဟုတ် နေရာ တစ်ခု ရှိပါသည်။

G Tube (အစာအိမ်ဖောက်ထည့်ခြင်း)၊ J Tube (အူသိမ်လယ် ဖောက်ထည့်ခြင်း) နှင့် GJ Tube (အစာအိမ်-အူသိမ်လယ် ဖောက်ထည့်ခြင်း)

ဝမ်းဗိုက်မှတဆင့်နေရာချသည့် အစာထည့်သည့်ပြွန်များသည် အဓိကအုပ်စု ၂ မျိုးတွင်း ကျရောက်ပါသည် - ပြွန်ရှည်များ နှင့် မသိသာသည့် သို့မဟုတ် ကြယ်သီးပမာ ပြွန်များ လူနာများအနေဖြင့် မကြာမကြာဆိုသလို ပြွန်ရှည်တစ်ခု အရင်ဆုံးရရှိပြီး ၆-၈ ပတ်အကြာ ထည့်သွင်းသည့်လမ်းကြောင်း အနာကျက်သွားပြီးနောက်တွင် မသိသာသည့်ပြွန်ဖြင့် အစားထိုးပါသည်။

ပြွန်ရှည်များ (Long Tubes)

ပြွန်ရှည်များသည် ဝမ်းဗိုက်နံရံတလျှောက် ထည့်သွင်းသည့် ပြွန်များဖြစ်ကြသည်။ အစာအိမ်တွင်း သို့မဟုတ် အူသိမ်တွင်း ရှိသည့် ပြွန်အဆုံးပိုင်းက ပြွန်ကို နေသားတကျထားရန် မှိုပုံသဏ္ဍာန်အဆုံးသတ်တစ်ခု သို့မဟုတ် အတွင်းပိုင်းပူဖောင်း ပါရှိပါသည်။ အပြင်ပိုင်း အထစ် သို့မဟုတ် အပြားက ပြွန်ကိုအရေပြားအပြင်ဖက်တွင် နေသားတကျ ထားပေးသည်။

ပြွန်၏ အပိုင်းတစ်ပိုင်းက ကိုယ်ခန္ဓာပြင်ပတွင် ရှိနေပါသည်။ ပြွန်၏ ရှည်သောအပိုင်းတွင်း ပို့တ် များဟုခေါ်သည့် အပေါက် တစ်ခု သို့မဟုတ် ပို၍ပါရှိပါသည်။ ပို့တ်များကို အစာထည့်ရန်၊ ဆေးပေးရန် သို့မဟုတ် အစာအိမ်တွင်းမှ ေလ သို့မဟုတ် အရည်ကိုထုတ်ရန် အသုံးပြုပါသည်။

မသိသာသည့် သို့မဟုတ် ကြယ်သီးပုံ ပြွန်များ

မသိသာသည့် သို့မဟုတ် ကြယ်သီးပုံ ပြွန်များသည် အရေပြားနှင့် ကပ်လျက်ရှိနေသည့် အစာထည့်ပြွန် အတိုစားများဖြစ်ကြသည်။ ပူဖောင်းအသေးတစ်လုံးက ပြွန်၏အဆုံးပိုင်းကို အစာအိမ် သို့မဟုတ် အူသိမ်အတွင်း နေသားတကျ ဆဲွထားပေးပါသည်။ အရေပြားအပြင်ဖက်ရှိ ပို့တ် တစ်ခုက အစာများထည့်ရန်အတွက် ဖြုတ်တပ်နိုင်သော အဆက်တစ်ခုနှင့် တွယ်ဆက်ထားပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်