အရွယ်ရောက်ပြီး လူကြီးများနှင့် ယှဉ်လျှင် သိုင်းရွိုက်အလုံးများသည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်မများပါ။ သို့ရာတွင် ကလေးသိုင်းရွိုက်အလုံးများသည် အန္တရာယ်ပေးနိုင်ရန် ပို၍အလားအလာများပါသည်။ အချို့အခြေအနေများတွင် ကလေးသိုင်းရွိုက်ကင်ဆာသည် ရောဂါစစ်ဆေးသည့်အချိန်တွင် အနီးအနားရှိ ပြန်ရည်ကျိတ်များ နှင့် ပိုဝေးသော နေရာများ (အဆုတ်) သို့ ပျံ့နှံ့နိုင်ပါသည်။ ၎င်းသည်လည်း ရောဂါကို ပြန်လည်ဖြစ်စေသည့် အလားအလာ ပို၍များစေပါသည်။ လူကြီးများနှင့်ယှဉ်လျှင် ကလေးများတွင် ပျံ့နှံ့မှုအလားအလာ ပိုများနိုင်သော်လည်း ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ သည် ပြန်လည်ကောင်းမွန် အသက်ရှင်နိုင်နှုန်းရလာဒ် ၉၅ ရာခိုင်နှုန်းထက်များသော ရလာဒ်ကာင်းများရှိပါသည်။
ကလေးများတွင် ဖြစ်သည့် သိုင်းရွိုက်ကင်ဆာ အများစုသည် သိုင်းရွိုက်ဂလင်းထဲရှိ ဖော်လီကျူလာဆဲလ်များမှ ဖြစ်လာသော ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ (DTC) ဖြစ်သည်။ ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ နှစ်မျိုးရှိပါသည်- ပါပီလရီနှင့် ဖော်လီကျူလာတို့ ဖြစ်ကြသည်။ ကလေးသိုင်းရွိုက်ကင်ဆာ ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပါပီလရီသိုင်းရွိုက်ကင်ဆာ ဖြစ်သည်။
ပါပီလရီကင်ဆာသည် အဖုလုံး တစ်ခုထက် ပို၍ဖြစ်ပွားစေတတ်ပြီး သိုင်းရွိုက်အလုံးနှစ်ခုလုံးတွင် ဖြစ်တတ်သည်။ (နှစ်ဖက်လုံးတွင် ဖြစ်တတ်သည်) အများစုသော အခြေအနေများတွင် ရောဂါစစ်ဆေးသောအခါ ၎င်းသည် သိုင်းရွိုက်မှ အပြင်ဘက်ဖြစ်သော အနီးအနားရှိ ပြန်ရည်ကျိတ်များ (လည်ပင်းနှင့် ဆိုင်သော နေရာ) သို့ ပြန့်နှံ့တတ်သည်။ ဖော်လီကျူလာသိုင်းရွိုက်ကင်ဆာသည် ပုံမှန်အားဖြင့် လည်ပင်းတွင် တည်ရှိတတ် သော်လည်း အဆုတ်နှင့် အရိုးများသို့ ပျံ့နှံ့ရန် အလားအလာပို၍ ရှိပါသည်။
ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာသည် အိုင်အိုဒင်းကို လက်ခံရယူကြသည်။ ဆိုလိုသည်မှာ ၎င်းကင်ဆာတို့သည် အိုင်အိုဒင်းကို စားသုံးကြပါသည်။ ဤသို့ လုပ်ဆောင်ခြင်းသည် ရေဒီယိုသတ္တိကြွသော အိုင်အိုဒင်းအသုံးပြုသော စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသမှုပြုလုပ်ရာတွင် အရေးပါသည်။
ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာသည် ပို၍ အသက်ကြီးသော ကလေးများနှင့် ဆယ်ကျော်သက်များတွင် အများဆုံး အဖြစ်များတတ်ပါသည်။ ဆယ်ကျော်သက်မြီးကောင်ပေါက်များသည် ပို၍ ငယ်သော ကလေးများနှင့် နှိုင်းယှဉ်လျှင် သိုင်းရွိုက်ကင်ဆာ ဖြစ်ရန် ၁၀ဆ ပို၍ အလားအလာရှိပါသည်။ ဤ ကင်ဆာသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များပါသည်။ မျိုးရိုးဗီဇနှင့် ဆိုင်သော အချို့အချက်များသည် သိုင်းရွိုက်ကင်ဆာကို ဖြစ်ပွားစေရန် အလားအလာများစေပြီး အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါသည့်အပြင် မိသားစုအတွင်း အခြားကင်ဆာများသည်လဲ လက်ဆင့်ကမ်း ဆင်းသက်လာနိုင်ပါသည်။ ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာဖြစ်သော ကလေးများတွင် မကြာခဏ ပြန်လည်စီစဉ်မှုပြုလုပ်သည့် RET မျိုးရိုးဗီဇ ရှိနေတတ်သည်။
မျိုးရိုးဗီဇနှင့်ဆိုင်သော ရောဂါလက္ခဏာစုများ |
မျိုးရိုးဗီဇ |
---|---|
မျိုးရိုးလိုက်သော ဂလင်းအကျိတ် အသားသီးများပွားခြင်း (FAP) |
APC |
PTEN ဟာမားတိုမာ အကျိတ် ရောဂါလက္ခဏာစု |
PTEN |
DICER1 ရောဂါလက္ခဏာစု |
DICER1 |
အရေပြားတွင် အစက်အပျောက်အရောင်များဖြစ်ပေါ်တတ်သော မျိုးရိုးလိုက်သည့် အခြေအနေ |
PRKAR1A |
ဆေးဘက်ဆိုင်ရာ ကုသမှုအဖြစ် ဓာတ်ရောင်ခြည်ဖြင့်ကုသသော လူနာများသည် သိုင်းရွိုက်ကင်ဆာဖြစ်ရန် အလားအလာများပါသည်။ အနုမြုဓာတ်ရောင်ခြည်ဘေးအန္တရာယ်များ မှ ထွက်လာသော ရေဒီယိုသတ္တိကြွမှုကဲ့သို့သောဓာတ်ရောင်ခြည်နှင့် ပတ်ဝန်းကျင် တွင် ထိတွေ့မိခြင်းသည်လည်း ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေသည်။ ဓာတ်ရောင်ခြည် အဆမြင့်မားစွာ အသုံးပြုကုသခြင်းနှင့် ထိုသို့ထိတွေ့စဉ် အသက်ငယ်ရွယ်မှုသည် ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေခြင်းနှင့် ဆက်နွယ်နေပါသည်။
သိုင်းရွိုက်ကင်ဆာ၏ အဓိကလက္ခဏာသည် သိုင်းရွိုက်ဂလင်းအတွင်းရှိ အဖု သို့မဟုတ် အလုံးဖြစ်သည်။ တစ်ခါတစ်ရံ လည်ပင်းရှိ ပြန်ရည်ကျိတ်များသည် ရောင်ရမ်းနေသည့်ပုံဖြင့် ပေါ်လာတတ်သည်။ ရှားပါးသော ဖြစ်စဉ်များတွင် ရောဂါလက္ခဏာများသည် အသက်ရှူခြင်းနှင့် ဆိုင်သည့် ပြဿနာများ၊ မျိုချရန် ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း နှင့် အသံဝင်ခြင်းများလည်း ပါဝင်နိုင်ပါသည်။
သို့ရာတွင် တစ်ခါတစ်ရံ သိုင်းရွိုက်ကင်ဆာသည် လက္ခဏာများ မပြဘဲ ကျန်းမာရေးစစ်ဆေးမှသာ ပေါ်လာတတ်သည်။
ရောဂါ၏ အဆင့် သို့မဟုတ် အတိုင်းအတာသည် ကင်ဆာပျံ့နှံ့သည့်အခြေအနေပေါ်တွင် မူတည်ပါသည်။ သိုင်းရွိုက်ကင်ဆာ၏ အဆင့်သည် သိုင်းရွိုက်အလုံး ၏ ဝိသေသလက္ခဏာများနှင့် ပြန်ရည်ကျိတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများ (အဆုတ်များ) သို့ ရောဂါပျံ့နှံ့မှုအတိုင်းအတာအပေါ်တွင် အခြေခံပါသည်။
လည်ပင်း၏ အပြင်ဘက်သို့ ရောဂါပျံ့နှံ့မှု မရှိသည့် လူနာများကို အဆင့် (၁)ဟု သတ်မှတ်ကြပါသည်။
လည်ပင်းမှ ဝေးကွာသော နေရာသို့ ရောဂါပျံ့နှံ့မှု ရှိသည့် လူနာများကို အဆင့် (၂)ဟု သတ်မှတ်ကြပါသည်။
ခွဲစိတ်မှုပြီးဆုံးပြီးနောက် အဆင့်သတ်မှတ်ခြင်းကို အန္တရာယ်များသော အုပ်စုများရှိ လူနာများအား အဆင့်ခွဲခြားသတ်မှတ်ရန် အသုံးပြုပါသည်။ ကလေးသိုင်းရွိုက် ကင်ဆာလူနာများအတွက် အသက်ဆုံးရှုံးနိုင်ခြေ အန္တရာယ်သည် အလွန်နည်းပါးသည်။ သို့ရာတွင် အချို့လူနာများသည် ခွဲစိတ်မှုပြီးနောက် ရောဂါ ဆက်လက်ရှိနေခြင်း သို့မဟုတ် ရောဂါပျံ့နှံ့မှု (မူလ နေရာမှ ကင်ဆာရောဂါပြန့်ပွားသွားခြင်း) ဖြစ်နိုင်ခြေကို ပို၍မြင့်မားခြင်းကို ကြုံတွေ့ရနိုင်သည်။
ရောဂါဖြစ်နိုင်ခြေ | ရောဂါပျံ့နှံ့မှု |
---|---|
ရောဂါဖြစ်နိုင်ခြေ နည်းပါးမှု | ကင်ဆာသည် သိုင်းရွိုက်ဂလင်းအတွင်း၌သာရှိပြီး ပြန်ရည်ကျိတ်များထံသို့ မဆိုစလောက်သာ ပျံ့နှံ့သည် သို့မဟုတ် လုံးဝပျံ့နှံ့မှုမရှိ။ |
ရောဂါဖြစ်နိုင်ခြေ အလယ်အလတ်ရှိခြင်း | အနီးနားရှိ ပြန်ရည်ကျိတ်များထံသို့ ကင်ဆာပျံ့နှံ့မှုအချို့ရှိသည် |
ရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်း | သိုင်းရွိုက်အပြင်ရှိ တစ်ရှူးများ သို့မဟုတ် ဝေးကွာသည့် နေရာများ (အဆုတ်များသို့) သို့ ကျူးကျော်ပြီး အနီးအနားရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာသိသာစွာပျံ့နှံ့မှုရှိ။ |
သိုင်းရွိုက်ကင်ဆာသည် ကလေးလူနာများတွင် အသက်ရှင်နိုင်နှုန်း ၉၅ ရာခိုင်နှုန်းထက် ပို၍များသည်။ ရောဂါရှာဖွေဖော်ထုတ်မှုတွင် တွေ့ရှိရသည်မှာ အသက်ဆယ်နှစ်အောက် ကလေးများ သို့မဟုတ် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည့် ပြန်ရည်ကျိတ်များရှိသည့် လူနာများသည် ရောဂါပြန်လည်ဖြစ်ပွားရန် ပို၍ အလားအလာများသည်။ သို့ရာတွင် ရောဂါပြန်လည်ဖြစ်ပွားနိုင်သည့် အလားအလာများသော်လည်း အသက်ရှင်နိုင်သည့် အခွင့်အလမ်းသည် အလွန်ကောင်းပါသည်။
ရောဂါအခြေအနေတိုးတက်မှုကို လွှမ်းမိုးသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။
ကလေးသိုင်းရွိုက်ကင်ဆာရောဂါရှိသော လူနာများကို အကဲဖြတ်ခြင်း၊ ကုသခြင်းနှင့် ရေရှည်စောင့်ကြည့်လေ့လာခြင်းများကို ဆောင်ရွက်ရန် နယ်ပယ်ပေါင်းစုံပါဝင်သော ကလေးငယ်နှင့်ဆိုင်သောစောင့်ရှောက်မှုအဖွဲ့မှ စောင့်ရှောက်မှုသည် အရေးပါသည်။ ဆက်လက်ဖြစ်ပေါ်လာမည့် ရောဂါအလားအလာနှင့် ကုသမှု၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပေါ်ပေါက်သော အန္တရာယ်ကို ချိန်ညှိပေးနိုင်ရန် အဓိကထား ဦးစားပေးပြီး စောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြုလုပ်ပါသည်။ ရောဂါပြန်လည်ဖြစ်မှုနှင့် ထည့်သွင်းစဉ်းစားရမည့် အခြားအခြေအနေများကြောင့် ( ဥပမာ ဟော်မုန်းများ၏ လုပ်ဆောင်ချက်၊ မျိုးရိုးဗီဇ၏ ပင်ကိုသဘာဝ) ရေရှည် နောက်ဆက်တွဲ ဂရုစိုက်စောင့်ရှောက်မှုများကို လူနာအားလုံးအတွက် လိုအပ်ပါသည်။
လူနာများသည် သိုင်းရွိုက်ကင်ဆာ ကုသခြင်းပြီးနောက် ဘက်စုံဆေးဝါးကူညီမှုအသင်းမှ တစ်သက်တာ စောင့်ကြည့်လေ့လာခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုကို ခံယူရန် လိုအပ်ပါသည်။ စမ်းသပ်မှုများ၏ အကြိမ်အရေအတွက်နှင့် အမျိုးအစားများအတွက် တိကျသည့် ညွှန်းဆိုချက်များသည် လူနာ၏လိုအပ်ချက်နှင့် သိုင်းရွိုက်ကင်ဆာ၏ အမျိုးအစားနှင့် အဆင့် အပေါ်မူတည်ပြီး ကွဲပြားပါသည်။
ထူးခြား၍ ခွဲခြားနိုင်သာ သိုင်းရွိုက်ကင်ဆာတွင် သိုင်ရိုဂလိုဗျူလင်အဆင့်ပမာဏများသည် အကျိတ်၏ညွှန်မှတ်များအဖြစ် ရောဂါကို စောင့်ကြည့်လေ့လာရာတွင် ကူညီပေးပါသည်။ ထပ်ဆောင်းထည့်သွင်းစဉ်းစားရမည့်အချက်များတွင် သိုင်းရွိုက် ဟော်မုန်း အစားထိုးသည့် ကုသမှုပါဝင်သည့် ဆေးဝါးသုံးစွဲမှုများကို စွဲမြဲစွာလုပ်ဆောင်ရန်နှင့် TSH အား ထိန်းချုပ်ခြင်း ပါဝင်သည်။
ရေရှည်စောင့်ရှောက်မှုတွင် ပါဝင်သော အဓိကအချက်များ
သိုင်းရွိုက်ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်းသည် ကုသမှုပြီးနောက် နှစ်ပေါင်းများစွာ ကြာနောက်တွင် ပြန်လည်ဖြစ်ပေါ်နိုင်သည်။ အမြဲမပြတ်ဆက်တိုက် စောင့်ကြည့်လေ့လာခြင်းသည် နောက်ပိုင်းပြန်လည်ဖြစ်ပွားခြင်းကို စောစီးစွာ စစ်ဆေးသိရှိရရန် ကူညီပေးပါသည်။
လူနာများအပေါ် ကုသမှုအတောအတွင်းနှင့် ပြန်လည် နလန်ထချိန်တွင် စိတ္တလူမှုရေးဆိုင်ရာ အထောက်အပံ့များပံ့ပိုးပေးခြင်းသည် အကျိုးရှိနိုင်ပါသည်။ စိတ်ပညာ၊ ကလေးဘဝရှင်သန်မှု၊ လူမှုကူညီရေးလုပ်ငန်းနှင့် အခြားစည်းမျဉ်းများအတွက် ကိုယ်စားပြုဆောင်ရွက်သော စောင့်ရှောက်မှုအဖွဲ့ဝင်များသည် ဘဝအရည်အသွေးကို သက်ရောက်မှုရှိနိုင်သည့် ကုသမှုများကို ဖြေရှင်းကိုင်တွယ်ရာတွင်လည်းကောင်း စွဲမြဲစွာခံယူစေရန်အတွက်လည်းကောင်း အထောက်အကူဖြစ်စေသည်။ လုပ်ဆောင်နိုင်သည့် အချက်များတွင် နေ့စဉ် ဆေးဝါးသုံးစွဲမှု၊ ခွဲစိတ်မှု အမာရွတ်များကြောင့် ဖြစ်သော ခန္ဓာကိုယ်ပုံရိပ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ချိန်ညှိခြင်းနှင့် ချိန်ညှိခြင်းဆိုင်ရာ အခြားလိုအပ်မှုများ ပါဝင်ပါသည်။
လူနာများသည် လည်ပင်းလှုပ်ရှားနိုင်မှုနှင့် လှုပ်ရှားနိုင်သည့်အဆင့်ကို သိရှိစေရန် ခွဲစိတ်မှုပြီးဆုံးသောအခါ ရုပ်ပိုင်းဆိုင်ရာ ကုထုံး ကို လည်း လိုအပ်နိုင်ပါသည်။
သိုင်းရွိုက်ကင်ဆာအား ရောဂါရှာဖွေခြင်းအား ချိန်ညှိလုပ်ဆောင်ခြင်းသည် မိသားစုများအတွက် စိန်ခေါ်မှုဖြစ်စေနိုင်ပါသည်။ ရောဂါအခြေအနေတိုးတက်မှုသည် ယေဘုယျအားဖြင့် အလွန်ကောင်းမွန်သော်လည်း ရောဂါအား ဆေးပေးစောင့်ရှောက်ခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ပြီး တစ်သက်တာ စီမံခန့်ခွဲမှုလိုအပ်ပါသည်။ လူနာများသည် အမှီအခိုကင်းလွှတ်လာသည်နှင့်အမျှ မြီးကောင်ပေါက်အရွယ်နှင့် လူငယ်ဘဝကဲ့သို့ အသက်ပိုင်းဆိုင်ရာ အကူးအပြောင်းတွင် အထောက်အပံ့လိုအပ်ချက်များ တိုးတက်များပြားနိုင်ပါသည်။ ညှိယူခြင်းအတွက် စိန်ခေါ်မှုများသည် သိုင်းရွိုက်ကင်ဆာအား ဒုတိယကင်ဆာအဖြစ် ခံစားရသည့် လူနာများအတွက် ပိုပြီး ကြီးမားပါသည်။
ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကုထုံးကို ခံယူနေသည့် လူနာများအား အလားအလာရှိသည့် ရေရှည်နှင့် ကုသမှု၏ နောက်ပိုင်းတွင်ဖြစ်လာသော ဘေးထွက်ဆိုးကျိုးများ၏ အလားအလာအတွက် နောက်ပိုင်းဆက်လက်စောင့်ရှောက်မှုကို ခံယူသင့်ပါသည်။ အထူး ထည့်သွင်းစဉ်းစားရမည့်အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်-
အထွေထွေကျန်းမာရေးနှင့် ရောဂါ ကာကွယ်ခြင်းအတွက် ကင်ဆာရောဂါပျောက်ကင်းသူ အားလုံးသည် ကျန်းမာသော နေထိုင်မှုပုံစံနှင့် စားသောက်မှု အလေ့အထများကို မွေးမြူသင့်ပါသည်။ ထို့ပြင် မူလအစကတည်းက ပြသခဲ့သော ဆရာဝန်ထံတွင် ပုံမှန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုများနှင့် မ်းသပ်စစ်ဆေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သင့်ပါသည်။ ကင်ဆာရောဂါပျောက်ကင်းသူများသည် ကင်ဆာကုထုံးအားလုံးအပါအဝင် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာမှတ်တမ်းများကို ၎င်းတို့၏ စောင့်ရှောက်သူများနှင့် ဆွေးနွေးသင့်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018