ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်မယ်လန်နိုမာဆိုသည်မှာ လူကြီးတွင် အတွေ့ရများဆုံးသော အရေပြားကင်ဆာတစ်မျိုးဖြစ်ပါသည်။ ရှားပါးသော်လည်း အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်နှစ်တိုင်း ကလေးနှင့်ဆယ်ကျော်သက်ပေါင်း ၃၀၀-၄၀၀ ခန့်ကို မယ်လန်နိုမာ သက်ရောက်လျက်ရှိပါသည်။ မယ်လန်နိုမာသည် အရေပြား၏ မည်သည့်အပိုင်းတွင်ဖြစ်စေ ကြီးထွားနိုင်ပါသည်။ . မျက်လုံးထဲတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ မကုသဘဲ ထားပါက မယ်လန်နိုမာသည် ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ ပျံ့နှံ့သွားနိုင်ပါသည်။
မယ်လန်နိုမာတွင် မယ်လန်နိုဆိုက်လို့ခေါ်သည့် အရေပြားဆဲလ်တွင် ကင်ဆာ ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ မယ်လန်နိုဆိုက်သည် အရေပြားကို အရောင် (ရောင်ခြယ်) ထောက်ပံ့ပေးသည့် မယ်လန်နင်များကို ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
မယ်လန်နင်သည် မယ်လန်နိုဆိုက်ဟုခေါ်သည့် အချို့အရေပြားဆဲလ်များမှ ထုတ်လုပ်လိုက်သည့် ရောင်ခြယ်တစ်မျိုးဖြစ်ပါသည်။ မယ်လန်နင်သည် နေရောင်ခြည်မှလာသည့် ခရမ်းလွန်(ယူဗီ) ဓာတ်ရောင်ခြည် မှ အရေပြားကို ကာကွယ်ရာတွင် အထောက်အကူဖြစ်ပါသည်။ နက်မှောင်သည့် အသားအရေရှိသော လူများသည့် မယ်လန်နင်ပိုရှိပြီး မယ်လန်နိုမာဖြစ်ပွားလာနိုင်ခြေမရှိပါ။
လူကြီးရောဂါတစ်ခုအနေနှင့် စဉ်းစားလေ့ရှိသော်လည်း အသက် ၁၅ နှစ်အောက်ကလေးများတွင် ဖြစ်ပွားသည့် ကင်ဆာများ၏ ၁ ရာခိုင်နှုန်းသည် မယ်လန်နိုမာ ဖြစ်ပါသည်။ သက်ကြီးရွယ်ကြီးအုပ်စုများတွင် ပိုဖြစ်ပွားလေ့ရှိသော်လည်း ဆယ်ကျော်သက်အရွယ် ၁၅-၁၉ နှစ်တွင်ဖြစ်သည့် ကင်ဆာများ၏ ၇% ရှိပါသည်။
မယ်လန်နိုမာ၏ လက္ခဏာများမှာ ယားယံခြင်း၊ သွေးထွက်ခြင်း၊ အရောင်ပြောင်းခြင်း၊ အရွယ်အစားကြီးလာသည့်မှဲ့ကဲ့သို့သော ပုံမှန်မဟုတ်သည့် အရေပြားပြောင်းလဲမှုများ ပါဝင်ပါသည်။ မယ်လန်နိုမာသည် အရောင်ဖြော့ သို့ အနီရောင်ဖု တစ်လုံးအဖြစ်လည်း ပေါ်လာနိုင်ပါသည်။
မယ်လန်နိုမာအတွက်ကုသမှုသည် ရောဂါအဆင့်ပေါ် မူတည်ပါသည်။ ကင်ဆာဖယ်ရှားရန် မယ်လန်နိုမာလူနာများကို ခွဲစိတ်မှု နှင့် ကုသပါသည်။ ပိုမိုဆိုးရွားသည့် ရောဂါအတွက် ပုံမှန်ထက်ပိုသည့် ကုသမှုများ လုပ်ဆောင်ရန်လိုပါသည်။ ၎င်းကုသမှုများတွင် ပါဝင်သည်များမှာ ပစ်မှတ်ထားကုသနည်း၊ကီမိုဆေးသွင်းခြင်း ကုထုံး နှင့်/(သို့မဟုတ်) ခုခံအားကုထုံးများ အပါအဝင် ထပ်ဆောင်းကုသမှုများ လိုအပ်ပါသည်။
စောစောသိရှိပါက မယ်လန်နိုမာအတွက် ရှင်သန်နှုန်းသည် အလွန်ကောင်းပါသည်။ သို့ရာတွင် မယ်လန်နိုမာသည် ပြန်ရည်ဖုများနှင့်ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ ပျံ့နှံ့နိုင်ပြီး ၎င်းသည် ကုသရန် ပို၍ခက်ခဲနိုင်ပါသည်။ ဤအကြောင်းရင်းကြောင့် မယ်လန်နိုမာကို စောစီးစွာ ဖော်ထုတ်သိရှိမှုက အလွန်အရေးကြီးပါသည်။
အချို့အကြောင်းအရင်းများသည် မယ်လန်နိုမာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ လောင်လွယ်သည့်အသားဖြူမှု၊ အချို့အရေပြားအခြေအနေများ၊ မျိုးရိုးထဲတွင် မယ်လန်နိုမာရှိခြင်း နှင့်/(သို့မဟုတ်) ပုံမှန်မဟုတ်သည့်မှဲ့ နှင့် နေထိတွေ့မှုမှတ်တမ်း (သို့) နေလောင်ကျွမ်းမှုတို့ ပါဝင်ပါသည်။ မယ်လန်နိုမာသည် ဆယ်ကျော်သက်များတွင် ပိုဖြစ်လေ့ရှိပါသည်။
မယ်လန်နိုမာလက္ခဏာများတွင် အရေပြားပြောင်းလဲခြင်းအပါအဝင် ပါဝင်သည့်အရာများမှာ-
မယ်လန်နိုမာလက္ခဏာများကို စဉ်းစားရန် အကူအညီဖြစ်သည့်နည်းလမ်းတစ်ခုမှာ အေဘီစီဒီအီးကို မှတ်ထားခြင်း ဖြစ်ပါသည်-
အေ: ပုံပန်းမကျခြင်း
ဘီ: အရေပြားမှဲ့နှင့်အဖုများ ပုံမှန်မဟုတ်ခြင်း
စီ: အရောင်ပြောင်းလဲမှု
ဒီ: အချင်း (>၅မီလီမီတာ)
အီ: အပြောင်းအလဲ၏ အထောက်အထား (သို့) ဆင့်ကဲပြောင်းလဲမှု
မယ်လန်နိုမာကို စမ်းသပ်စစ်ဆေးရန် လုပ်ထုံးလုပ်နည်းများနှင့် စစ်ဆေးမှုအမျိုးမျိုးများကို သုံးပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
မယ်လန်နိုမာပျံ့နှံ့နိုင်သည်ဟု ဆရာဝန်များက စိုးရိမ်ပါက ထပ်ဆောင်းစစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
မယ်လန်နိုမာ အဆင့် ၁ (သို့) ၂ (အရေပြားတွင်သာရှိသည့်မယ်လန်နိုမာ)၊ အဆင့် ၃ (ပြန်ရည်ဖုများသို့ပျံ့နှံ့သွားသော မယ်လန်နိုမာ) နှင့် အဆင့် ၄ (ပျံ့ပွား မယ်လန်နိုမာ) ဟူ၍ မယ်လန်နိုမာကို အဆင့်ခွဲခြားနိုင်ပါသည်။
မယ်လန်နိုမာအဆင့်ကို ဆုံးဖြတ်သောအကြောင်းအရင်းများတွင် ပါဝင်များသည်မှာ-
မယ်လန်နိုမာမှ ပြန်ကောင်းလာနိုင်ခြေသည် ဤသို့သောအကြောင်းအရင်းအမျိုးမျိုးပေါ်တွင် မူတည်ပါသည်-
ခြုံပြောရရင် ရောဂါ၏အဆင့်သည် ရောဂါကြိုတင်ခန့်မှန်းချက်အတွက် အရေးပါဆုံးသော အကြောင်းအရင်းဖြစ်ပါသည်။ ပျံ့နှံ့ခြင်းမရှိသည့် တစ်နေရာတည်းရှိ မယ်လန်နိုမာလူနာများသည်ရှင်သန်ကျန်ရစ်နှုန်း ၉၀% အထက်ရှိ၍ ရောဂါကြိုတင်ခန့်မှန်းမှုအကောင်းဆုံးဖြစ်ပါသည်။ သို့ရာတွင် ရောဂါအဝေးပျံ့နှံ့နေသည့်လူနာများတွင် ကုသရန်ပို၍ခက်ခဲပါသည်။
မယ်လန်နိုမာကုသမှုသည် မယ်လန်နိုမာ၏တည်နေရာ၊ အကျိတ်၏လက္ခဏာများ (မျိုးဗီဇပြောင်းလဲမှုများနှင့် တစ်ရှူးဗေဒ)နှင့်ရောဂါအဆင့်ပေါ်တွင် မူတည်ပါသည်။
စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းအပိုင်းအနေဖြင့် မယ်လန်နိုမာအတွက် ကလေးများကို ကုသပေးနိုင်ပါသည်။
စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းများအကြောင်း ပိုမိုလေ့လာရန်
မယ်လန်နိုမာအသက်ရှင်ကျန်ရစ်သူများသည် ပြန်ဖြစ်လာနိုင်ခြေမြင့်ပါသည်။ မယ်လန်နိုမာအသက်ရှင်ကျန်ရစ်သူများသည် အရေပြားအထူးကုတစ်ယောက်၏ ပုံမှန်စစ်ဆေးမှုကို အနည်းဆုံး ၆ လတစ်ခါ ယူသင့်ပါသည်။ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏အရေပြားကို ပုံမှန်စစ်ဆေးသင့်ပြီး ပြောင်းလဲမှုလက္ခဏာတစ်ခုခုရှိပါက ဆရာဝန်နှင့် တွေ့သင့်ပါသည်။ အောက်ပါတို့သည် မယ်လန်နိုမာကို ကာကွယ်ရာတွင် အထောက်အကူဖြစ်မည့် ရိုးရှင်းသောနည်းလမ်းများဖြစ်ပါသည်-
မယ်လန်နိုမာသုတေသနဖောင်ဒေးရှင်း(အမ်အာအက်ဖ်)မှ ကလေးများအတွက် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးခြင်းလမ်းညွှန် ကို ကြည့်ပါ။
စလစ် စလော့ စလပ် ကစားနည်းကို သင်သိပါသလား။ နေရောင်ခြည်ဒဏ်လုံခြုံမှုနှင့်ပက်သက်၍ ဆက်လက် ရှာဖွေပါ။
ယေဘုယျကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးအတွက် ကင်ဆာဖြစ်ပြီးအသက်ရှင်ကျန်ရစ်သူအားလုံးသည် ကျန်းမာသောဘဝနေထိုင်မှုပုံစံနှင့် စားသုံးခြင်းအလေ့အကျင့်များကို ကျင့်သုံးသင့်ပါသည်။ ထို့အပြင် ပုံမှန်ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနှင့် ရောဂါစစ်ဆေးမှုများကို မူလဆရာဝန်တစ်ယောက်ဆီမှ အနည်းဆုံးနှစ်စဉ် ဆက်လက်ပြုလုပ်သင့်ပါသည်။
ကုထုံး၏ ရုတ်တရက်နှင့်နောက်ပိုင်းသက်ရောက်မှုများအတွက့်် ကီမိုဆေးသွင်းခြင်းကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်နှင့် ကုသသော ကလေးဘဝ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်ကျန်ရစ်သူများကို စောင့်ကြည့်ထိန်းသိမ်းသင့်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018