အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာရောဂါလူနာများရှိ သွေးအဆိပ်တက်ခြင်း

သွေးအဆိပ်တက်ခြင်းဆိုတာ ဘာပါလဲ။

သွေးအဆိပ်တက်ခြင်းသည် ခန္ဓာကိုယ်တွင် ကူးစက်မှုအတွက် ပြင်းထန်သော တုံ့ပြန်မှုရှိချိန်တွင် ဖြစ်ပေါ်နိုင်သော အရေးကြီးသည့် အခြေအနေဖြစ်ပါသည်။ ကူးစက်မှုသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ မှို၊ သို့မဟုတ် ကပ်ပါးကောင်များကြောင့် ဖြစ်ပွားနိုင်ပါသည်။

သွေးအဆိပ်တက်ခြင်း သည် အမြန်ရောဂါခွဲခြားစစ်ဆေးမှုနှင့် ကုသမှု လိုအပ်သော ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပါသည်။ သွေးအဆိပ်တက်ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း များထံ သွေးစီးဆင်းမှုကို အားနည်း စေနိုင်ပါသည်။ ၎င်း သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများထံ အောက်စီဂျင်နှင့် အာဟာရ ပေးပို့မှုကို လျော့ကျစေနိုင်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများထံမှ စွန့်ပစ်သည့်ပစ္စည်း ဖယ်ရှားမှုကို နှေးကွေးစေနိုင်ပါသည်၊ အားနည်းသော သွေးစီးဆင်းမှုသည် တစ်ရှူးပျက်စီးမှု၊ ကိုယ်အင်္ဂါအစိတ်ပိုင်း ချို့ယွင်းမှု၊ သွေးအဆိပ်တက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို  ဖြစ်စေနိုင်ပါသည်။

ဆေးရုံဝန်ထမ်းများနှင့် မိခင်တို့ ဝန်းရံထားသော ဆေးရုံကုတင်ပေါ်ရှိ မိန်းကလေးငယ်

သွေးအဆိပ်တက်ခြင်းသည် ခန္ဓာကိုယ်တွင် ကူးစက်မှုအတွက် ပြင်းထန်သော တုံ့ပြန်မှုရှိချိန်တွင် ဖြစ်ပေါ်နိုင်သော အရေးကြီးသည့် အခြေအနေဖြစ်ပါသည်။

သွေးအဆိပ်တက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းဆိုတာ ဘာပါလဲ။

သွေးအဆိပ်တက်ခြင်း သည် ပိုဆိုးလာနိုင်ကာ ပြင်းထန်သော သွေးအဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါ သည်။ ကုသခြင်း မရှိ သည့်အခါ၊ ၎င်းသည် သွေးအဆိပ်တက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်းထံ ဦးတည်စေနိုင်ပါသည်။ ၎င်းသည် အန္တရာယ်ရှိသော သွေးပေါင်ချိန် ကျဆင်းမှုနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ သေဆုံးသွားနိုင်စေသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများထံ အားနည်းသော သွေးစီးဆင်းမှုကို ဖြစ်စေနိုင်သည့် ပြင်းထန်သောအခြေအနေ ဖြစ်ပါသည်။

သွေးအဆိပ်တက်ခြင်းက ဘာဖြစ်လို့ အရေးကြီးတဲ့ အခြေအနေ  ဖြစ်ရတာပါလဲ။

နှစ်စဉ် ယူအက်စ်တွင်၊ ကလေးငယ်ပေါင်း 75,000 တွင် သွေးအဆိပ်တက်ခြင်း ဖြစ်ပေါ်လာကာ 7,000 ခန့် သေဆုံးကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရ ကမ္ဘာတစ်ဝှမ်းတွင်၊ တစ်နှစ်လျှင် ကလေးပေါင်း 20 မီလီယံခန့်တွင် သွေးအဆိပ်တက်ခြင်းဖြစ်ပွားကာ အသက် 5 နှစ်အောက်ကလေးများတွင် 2.9 မီလီယံခန့်သည် သေဆုံးကြပါသည်။

အသက်ရှင်ကျန်သူများတွင်ပင် ကာလရှည် မသန်စွမ်းမှု သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း ပြဿနာများ ရှိနိုင်ပါသည်။ ကုသရန်နှောင့်နှေးမှုသည် သေဆုံးမှုနှင့် မသန်စွမ်းမှု အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။ သွေးအဆိပ်တက်ခြင်းကြောင့် သေဆုံးနိုင်သည့်အခွင့်အလမ်းသည် ကုသရန် တစ်နာရီနောက်ကျတိုင်း 8% တိုးလာပါသည်။

သွေးအဆိပ်တက်ခြင်းသည် ပိုဆိုးလာနိုင်ကာ ပြင်းထန်သော သွေးအဆိပ်တက်ခြင်း ဖြစ်သွားနိုင်ပါသည်။ ကုသခြင်းမရှိသည့်အခါ၊ ၎င်းသည် သွေးအဆိပ်တက်ခြင်းကြောင့် ရှော့ဖြစ်ခြင်းထံ ဦးတည်နိုင်ပါသည်။ ၎င်းသည် အန္တရာယ်ရှိသော သွေးပေါင်ကျခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ သေဆုံးသွားနိုင်စေသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများထံ အားနည်းသော သွေးစီးဆင်းမှုကို ဖြစ်စေနိုင်သည့် ပြင်းထန်သောအခြေအနေ ဖြစ်ပါသည်။ 

မော်နီတာများတပ်ထားသည့် ဆေးရုံကုတင်ပေါ်ရှိ ကောင်ကလေး

သွေးအဆိပ်တက်ခြင်းသည် အမြန်ရောဂါခွဲခြားစစ်ဆေးမှုနှင့် ကုသမှု လိုအပ်သော ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပါသည်။

သွေးအဆိပ်တက်ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများက ဘာတွေပါလဲ။

သွေးအဆိပ်တက်ခြင်း၏ လက္ခဏာများနှင့် ရောဂါလက္ခဏာများတွင် ပါဝင်သည်မှာ-

  • အဖျား,  100.4 ◦F (38◦ C) သို့မဟုတ် ၎င်းအထက်
  • ချမ်းတုန်ခြင်း သို့မဟုတ်  ကတုန်ကယင်ဖြစ်ခြင်း
  • အသက်ရှူမြန်ခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • နာကျင်ခြင်း သို့မဟုတ် အဆင်မပြေဖြစ်ခြင်း
  • ဖြူဖျော့သော သို့မဟုတ် ကွက်ကျားဖြစ်သော (ပြာနှမ်းသော) အရေပြား
  • အေးသော၊ စိုထိုင်းသော၊ သို့မဟုတ် နီရဲနေသော အရေပြား
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်း၊ နိုးထရန်ခက်ခြင်း
  • အစာစားချင်စိတ် နည်းပါးခြင်း
  • ကသိကအောက်ဖြစ်ခြင်း၊ ဇီဇာကြောင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် “မတူကွဲပြားခြင်း”

သွေးအဆိပ်တက်ခြင်း သည် မည်သူ့တွင် ဖြစ်နိုင်ချေရှိသနည်း။

အချို့သောလူများသည် သွေးအဆိပ်တက်ခြင်း ဖြစ်နိုင်ချေ မြင့်မားသည်။ ဖြစ်ပွားနိုင်ချေရှိသော အကြောင်းအရင်းခံများတွင် အောက်ဖော်ပြပါတို့ ပါဝင်သည်-

သွေးအဆိပ်တက်ခြင်းကို မည်ကဲ့သို့ စစ်ဆေးတွေ့ရှိနိုင်သနည်း။

ဆေးဘက်ဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ပြီးနောက် သင့်ကလေး သည် သွေးအဆိပ်တက်ခြင်း ရှိ၊ မရှိ ရှာဖွေရန် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ဒီမှာပါဝင်တာတွေကတော့-

  • သွေး၊ ဆီး၊ ကျောရိုးအရည်ကြည် သို့မဟုတ် သင့်ရင်သွေး၏ အူမကြီးလှုပ်ရှားမှု နမူနာများကိုစစ်ဆေးမှုများ 
  • ရင်ခေါင်းပိုင်း ဓာတ်မှန်

သွေးအဆိပ်တက်ခြင်း ကို မည်ကဲ့သို့ ကုသပျောက်ကင်းနိုင်သနည်း။

သွေးအဆိပ်တက်ခြင်းအား ကုသနည်းသည် ဖြစ်ပွားရသည့် အကြောင်းအရင်းပေါ် မူတည်ပါသည်။ ဘက်တီးရီးယားသည် ဖြစ်ပွားစေမှုအမြင့်ဆုံး အကြောင်းအရင်းဖြစ်သော်လည်း ထိုတစ်ခုတည်း မဟုတ်ပါ။ ပဋိဇီဝဆေးဝါးများသည် ဘက်တီးရီးယားကြောင့် ပိုးဝင်ခြင်းများကို ကုသနိုင်သည်။ သွေးအဆိပ်တက်ခြင်းကို ဖြစ်ပွားစေသည့် အကြောင်းအရင်းကို ဖော်ပြသော  စစ်ဆေးမှု ရလဒ်များ ထွက်ရှိသည်အထိ သင့်ကလေးသည် ပဋိဇီဝဆေးဝါးများကို မှီဝဲရမည်ဖြစ်သည်။ ဘက်တီးရီးယား သည် ဖြစ်ပွားရသည့် အကြောင်းအရင်းဖြစ်ပါက ဆရာဝန်သည် သင့်ကလေး မည်မျှကြာကြာ ပဋိဇီဝဆေးဝါးမှီဝဲရမည်ကို ညွှန်ကြားမည်ဖြစ်သည်။ သွေးနှင့် ခန္ဓာကိုယ်အရည်များ တစ်ရှူးနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများဆီသို့ စီးဆင်းစေရန်အတွက် သင့်ကလေးသည် အရည်များကိုလည်း မှီဝဲရမည်ဖြစ်သည်။  

သွေးအဆိပ်တက်ခြင်းအတွက် အခြားသော ကုသနည်းများ တွင် အောက်ဖော်ပြပါတို့ ပါဝင်သည်-

  • အက်ဆီတာမီနိုဖမ်း (တိုင်လီနော) ကဲ့သို့သော အဖျားပျောက်ဆေး
  • နှာခေါင်း ၌ တပ်ဆင်ရသည့် နှာခေါင်းစည်း သို့မဟုတ် ပြွန်ငယ်များဖြင့် အောက်ဆီဂျင်ပေးခြင်း
  • နှလုံးစောင့်ကြည့်စစ်ဆေးစက် တပ်ဆင်ထားရန် လိုအပ်နိုင်သည်

ကင်ဆာလူနာများတွင် သွေးအဆိပ်တက်ခြင်း ကို ကာကွယ် နိုင်ပါသလား။

သွေးအဆိပ်တက်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ပိုးဝင်ခြင်းများကို စောစောစီးစီး စစ်ဆေးဖော်ထုတ်ပြီး ကုသရန် ဖြစ်ပါသည်။ ပိုးဝင်ခြင်းမှ ကာကွယ်ရန်နှင့် သွေးအဆိပ်တက်ခြင်း ဖြစ်နိုင်ချေနည်းစေရန်အတွက်-

သင့်ကလေးတွင် ပိုးဝင်နေသည့် လက္ခဏာများ တွေ့ရှိပါက သင့်ဆရာဝန်ကို ချက်ချင်းခေါ်ပါ။ 

အဓိကအချက်များ

  • သွေးအဆိပ်တက်ခြင်းသည် သင့်ကလေးတွင် ပိုးဝင်နေသည့်အခါ ဖြစ်ပွားနိုင်သော ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပါသည်။ ယင်းသည် အမြန်ရောဂါခွဲခြားစစ်ဆေးမှုနှင့် ကုသမှု လိုအပ်ပါသည်။
  • ပိုးဝင်ခြင်းများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ မှို၊ သို့မဟုတ် ကပ်ပါးကောင်များကြောင့် ဖြစ်ပွားနိုင်ပါသည်။
  • ကင်ဆာနှင့် ဓာတုကုထုံး ကဲ့သို့သော အချို့ကုသနည်းများသည် သင့်ကလေး၏ခန္ဓာကိုယ်ကို ပိုးဝင်ခြင်းအား တိုက်ခိုက်နိုင်စွမ်း နည်းစေပြီး သွေးအဆိပ်တက်ခြင်းဖြစ်နိုင်ချေ ကို များစေပါသည် ။
  • လက်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် သင့်လျော်သော ဒဏ်ရာအနာတရ ဂရုစိုက်ကုသမှု ဖြင့် ပိုးဝင်နိုင်ချေကို လျှော့ချပါ။
  • သင့်ကလေးတွင် ပိုးဝင်နေပါက သို့မဟုတ် သွေးအဆိပ်တက်ခြင်း၏ ရောဂါလက္ခဏာများ ရှိနေပါက ချက်ချင်း ဆေးကုသမှု ခံယူပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- နိုဝင်ဘာလ 2021 ခုနှစ်