ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်IV ဆိုသည်မှာ သွေးပြန်ကြောပိုက် (သွေးပြန်ကြော၏အတွင်း) ဖြစ်ပါသည်။
IV သည် အရည်ဝင်ထွက်ပိုက်ဟုခေါ်သည့် ပြွန်အသေးစားတစ်ခုဖြစ်သည်။ ၎င်းကို သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းသည်။ IV ၏ အရွယ်အစားသည် ဖျော်ရည်သောက်ပိုက် အသေးစား သို့မဟုတ် ကော်ဖီမွှေပိုက်လောက်သာ ရှိသည်။
ကင်ဆာဝေဒနာသည် ကလေးများသည် IV ကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နိုင်သည်။ သွေးပြန်ကြောမှတစ်ဆင့် အရည်များ၊ ဆေးများ နှင့်/သို့မဟုတ် အာဟာရဓာတ်များကို ခန္ဓာကိုယ်တွင်းသို့ သွင်းရာတွင် ၎င်းကို အသုံးပြုနိုင်သည်။ ဓာတ်ခွဲစမ်းသပ်မှုများအတွက် လိုအပ်သောသွေးကို ဖောက်ယူရာတွင် IV ကို အသုံးပြုနိုင်သည်။
လူနာတွင် IV ထည့်ထားပါက သူ/သူမသည် သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းကုသမှု လိုအပ်သည့်အခါတိုင်း သို့မဟုတ် သွေနမူနာများ ထုတ်ယူရသည့်အခါတိုင်း အပ်ကိုထိုးသွင်းရန် မလိုအပ်တော့ပေ။ IV များကို 3-4 ရက်ကြာသည်အထိ ထိုးထည့်ထားနိုင်သည်။
ကီမိုဆေးသွင်းကုထုံး သို့မဟုတ် အခြားကုသရေးလုပ်ငန်းစဉ်များအရ အချိန်တော်တော်ကြာသည်အထိ သွေးပြန်ကြောများအား အသုံးပြုရန် လိုအပ်သော လူနာများသည် ဗဟိုအာရုံကြောသို့ ရောက်ရှိနိုင်သည့် စက်ပစ္စည်းများကို အသုံးပြုလေ့ရှိသည်။ ၎င်းတို့ကို ခန္ဓာကိုယ်အတွင်း ရက်အနည်းငယ်ကြာ ထည့်သွင်းထားနိုင်စေရန် ဖန်တီးထားပါသည်။ သို့သော်လည်း ထိုစက်ပစ္စည်းများ တပ်ဆင်ထားသော လူနာများသည်ပင် အချို့အရည်များကို ထိုးသွင်းရန် IV ထိုးထားရန် လိုအပ်နိုင်သည်။ ဥပမာ ဓာတ်မှန်၊ ကွန်ပျူတာသုံး ကိုယ်တွင်းဓာတ်မှန် (CT) စကန်များ သို့မဟုတ် သံလိုက်ဓာတ်သုံး ပုံဖော်နည်း (MRI) တို့ကဲ့သို့ ပုံရိပ်ဖော်၍ ရောဂါရှာဖွေနည်းများကို အသုံးပြုသည့်အခါ ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်မည့် ဆေးကို ထိုးသွင်းရန်အတွက် IV ကို လိုအပ်နိုင်သည်။
လုပ်ထုံးလုပ်နည်းမစမီ လူနာများသည် တစ်ခါတစ်ရံတွင် ဆေးရုံဝတ်ရုံကို ပြောင်းဝတ်ရန် လိုအပ်သည်။
IV ကို အပ်အသေးစားတစ်ခုသုံး၍ ထိုးသွင်းသည်။ IV ပြွန်နေရာတကျဖြစ်သွားပါက အပ်ကို ဖယ်ရှားသည်။
IV ကို ထည့်သွင်းသည့်အခါ အပ်ဖြင့် ထိုးထည့်ရသည့်အတွက် လူနာသည့် နာကျင်မှုအနည်းငယ် ခံစားရပါမည်။ အချို့ကလေးများသည် အပ်များကို ကြောက်သည်။
တစ်ခါတစ်ရံတွင် IV ထည့်ပေးသည့် ဆရာဝန်က IV ထည့်သွင်းမည့်နေရာကို ထုံသွားစေရန် လီဒိုကိန်း ကဲ့သို့ ဆေးဝါးတစ်မျိုးကို သုတ်လိမ်းပေးနိုင်သည်။ လူနာသည် အရေပြားအတွင်းသို့ အပ်ဝင်သွားသည့် ဖိအားကိုမူ ခံစားရပါမည်။ သို့သော် ဆေးကြောင့် နာကျင်မှု မရှိနိုင်ပေ။
ထို့နောက် လူနာသည် IV ထိုးထည့်ရန် လိုအပ်သော လုပ်ငန်းစဉ်များအတွက် အဆင်သင့်ဖြစ်ပြီဖြစ်သည်။ ပြွန်ကို မဖြုတ်မချင်း ၎င်းသည် သွေးပြန်ကြောအတွင်း၌ ဆက်လက်ရှိနေမည်ဖြစ်သည်။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018