အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Lorazepam (လော်ရာဇီပန်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Ativan®

သည်အခြားအမည်များ:

Lorazepam Intensol

မကြာခဏအတှကျအသုံးပွု:

ရုတ်တရက်တက်ခြင်းများ၊ ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းနှင့် စိုးရိမ်သောက

ကလစ်ဘုတ် သင်္ကေတ

Lorazepam (လော်ရာဇီပန်) အကြောင်း သိကောင်းစရာ

Lorazepam (လော်ရာဇီပန်) ဆိုသည်မှာ benzodiazepine (စိတ်ငြိမ်ဆေး) တစ်မျိုးဖြစ်သည်။ ၎င်းဆေးအမျိုးအစားသည် ဗဟိုနဗ်ကြောအဖွဲ့အစည်း (CNS) ၏ လုပ်ငန်းဆောင်တာကို နှေးကွေးစေသည်။ Lorazepam (လော်ရာဇီပန်) သည် ကင်ဆာကုထုံးများကို ခံယူနေချိန်တွင်ရုတ်တရက်တက်ခြင်းများကို ထိန်းချုပ်ရန်၊ ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းးများကို လျှော့ချရန်နှင့် ကုသမှုလုပ်ငန်းစဉ်များမစတင်မီ လူနာကို စိတ်အေးသက်သာရှိစေရန်အတွက် ထောက်ကူပေးနိုင်ပါသည်။

ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ ဆေးပမာဏနှင့်ပတ်သတ်သောလမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာပါ။

သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

၎င်းကို သွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
ထိုးဆေးသင်္ကေတ

၎င်းကိုဆေးရည်အဖြစ် ကြွက်သားထဲသို့လည်း ထိုး၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးပုလင်းသင်္ကေတ

၎င်းကိုနှာခေါင်းထဲသို့လည်း ထည့်၍ရသည် (နှာခေါင်းတွင်း)

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • အိပ်ငိုက်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • ခေါင်းခေါင်းမူးဝေခြင်း
  • အသက်ရှူနှုန်း ပုံမှန်ထက် ပိုနှေးကွေးသွားခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ဆီးသွားရာတွင် ပြဿနာရှိခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Lorazepam (လော်ရာဇီပန်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးများကို စာလုံးအမည်းဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး၊ အခြားဘေးထွက်ဆိုးကျိုးများလည်း ရှိနေနိုင်သေးသည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

နောက်ဆက်တွဲဆိုးကျိုးသင်္ကေတ

ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများ

ဤဆေးကို စွဲသုံးသည့် အချို့လူနာများသည် ဆေးမတိုးတော့ခြင်း သို့မဟုတ် ဆေးကိုအမှီပြုနေရခြင်းများကို ကြုံလာနိုင်သည်။

ကလေးသူငယ်များတွင် ကုသမှုလုပ်ငန်းစဉ်များမတိုင်မီ မကြာခဏအသုံးပြုခြင်းသည် ရေရှည်တွင် ဦးနှောက်ပြဿနာများကို ဖြစ်စေနိုင်ပါသည်။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Lorazepam (လော်ရာဇီပန်)ကို စွဲသုံးသော လူနာများသည် အဆိုပါဆေးကို ဖြတ်မည်ဆိုပါက ဆေးဘက်ဆိုင်ရာ အကူအညီမယူဘဲ မရပ်လိုက်သင့်ပေ။ ဆရာဝန်ကလည်း ဆေးရပ်မှုကြောင့် ဖြစ်ရသည့် နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်ရန် ဆေးကိုဖြည်းဖြည်းချင်းလျှော့ချသွားနိုင်ပါသည်။
  • လူနာများသည် ဤဆေးကိုသုံးနေသည့် ကာလတွင် အရက်သောက်ခြင်းကို ရှောင်ကျဉ်သင့်သည်။
  • ကလေးမွေးနိုင်သည့် အသက်အရွယ်ရောက်ပြီး Lorazepam (လော်ရာဇီပန်)ကို လက်ခံအသုံးပြုနေရသော အမျိုးသမီးလူနာများသည် ကိုယ်ဝန်မဆောင်မီ ဆရာဝန်နှင့် တိုင်ပင်ထားသင့်ပါသည်။ 
  • လူနာများသည် ကိုယ်ဝန်ဆောင်ထားခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်းဖြစ်ပါက ဆရာဝန်ကို အသိပေးထားသင့်ပါသည်။

Lorazepam (လော်ရာဇီပန်) ကို အိမ်တွင်သောက်မည်ဆိုပါက−

  • ဆေးကို ခဏခဏမသောက်ပါနှင့် သို့မဟုတ် ညွှန်ကြားသည်ထက် ပိုမသောက်ပါနှင့်။
  • ၎င်းဆေးဝါးသည် သင့်ကို မူးဝေစေနိုင်သည် သို့မဟုတ် အိပ်ငိုက်စေနိုင်သည် သို့မဟုတ် လဲကျစေနိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။ လူနာများသည် ဤဆေး၏အာနိသင်သက်ရောက်မှုကို မသိရမချင်း အန္တရာယ်ဖြစ်စေနိုင်သော အလုပ်လုပ်ခြင်းများကို မလုပ်ဆောင်သင့်ပါ။
  • ဗိုက်မကောင်းခြင်းများဖြစ်လာပါက Lorazepam (လော်ရာဇီပန်) ဆေးပြားများကို အစာနှင့်တွဲသောက်ပါ။
  • ဆေးရည်ကို မသောက်မီ ရေ၊ ဖျော်ရည်၊ ပူတင်း သို့မဟုတ် ပန်းသီးဆော့စ် အနည်းငယ်စွက်၍ သောက်နိုင်ပါသည်။ ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာကို သုံးပါ။
  • လျှာပေါ်ဝဲ ဆေးပြားများ (လျှာအောက်တွင် ငုံရန်) ကို လျှာအောက်တွင် အရည်ပျော်သည်အထိထားသင့်ပါသည်။ ၂ မိနစ် ထားပြီး မျိုချပါ။ မမျိုချမီအရည်ပျော်သည်အထိထားသင့်ပါသည်။
  • ဆေးပြားများကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးရည်ကို ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • ဆေးကို ရေရှည်အသုံးပြုပါက အကျင့်တစ်ခုလိုဖြစ်သွားနိုင်သည်။ အလွဲသုံးစားပြုခြင်း လက္ခဏာများကို စောင့်ကြည့်ပါ။
  • ဤဆေးကို အခြားသူများနှင့် မျှမသုံးပါနှင့် သို့မဟုတ် ညွှန်ကြားချက်များတွင် မပါရှိသော ရောဂါအခြေအနေများအတွက် မပေးပါနှင့်။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။