အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Granisetron (ဂရန်နစ်ဆက်ထရွန်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Granisol®,  Sancuso®

သည်အခြားအမည်များ:

Granisetron Hydrochloride

မကြာခဏအတှကျအသုံးပွု:

ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း

ကလစ်ဘုတ် သင်္ကေတ

Granisetron (ဂရန်နစ်ဆက်ထရွန်) အကြောင်း

Granisetron (ဂရန်နစ်ဆက်ထရွန်) သည် ကီမိုဆေးသွင်းခြင်းကုထုံး၊ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ခွဲစိတ်ကုထုံးတို့ကြောင့်ဖြစ်ရသည့် ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို ကာကွယ်ရန် သို့မဟုတ် ကုသရန်သုံးသော ဆေးဝါးတစ်မျိုးဖြစ်သည်။

၎င်းကို ဗိုက်မကောင်းဖြစ်စေသည်ဟု နာမည်ကြီးသည့် ကီမိုဆေးကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးမလုပ်ဆောင်မီ တိုက်ကျွေးသည်။ ၎င်းဆေးဝါးကို ကီမိုဆေးကုထုံးမတိုင်မီ ပေးလေ့ရှိသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြားအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်။

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

၎င်းကိုသွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
အရေပြားကပ်ခွာသင်္ကေတ

၎င်းကိုအရေပြားကပ်ခွာအဖြစ်လည်း ပေးလေ့ရှိသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ခေါင်းကိုက်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ရင်ပူနာ
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
  • ခေါင်းမူးဝေခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • နှလုံး ပြဿနာများ
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Granisetron (ဂရန်နစ်ဆက်ထရွန်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • အရေပြားကပ်ခွာကို ၇ ရက်အထိကပ်ထား၍ရသည်။ ထိုနေရာကို နေရောင်ခြည်၊ အရေပြားအရောင်သွင်း အိပ်ရာများ သို့မဟုတ် အပူ ပေးသည့် အပြားများနှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။ လူနာများသည် ကပ်ခွာသုံးနေစဉ်တွင် ရေပတ်သုတ်နိုင်၊ ရေချိုးနိုင်သော်လည်း ရေမကူးရပါ။

Granisetron (ဂရန်နစ်ဆက်ထရွန်) ကို အိမ်တွင် သုံးမည်ဆိုပါက−

  • Granisetron (ဂရန်နစ်ဆက်ထရွန်) ကပ်ခွာကို သန့်ရှင်းခြောက်သွေ့သည့် လက်မောင်းအပေါ်ပိုင်း နေရာတွင် ကပ်ပါ။ အရေပြားစပ်ဖျဉ်းဖျဉ်းဖြစ်နေပါက မသုံးပါနှင့်။ အသားနှင့် မမိပါက ကပ်ခွာအစွန်းနေရာများတွင် ဆေးပလာစတာ ထပ်ကပ်ပါ။ အသုံးမပြုမီ ကပ်ခွာကို မဖြတ်ပါနှင့်။
  • Granisetron (ဂရန်နစ်ဆက်ထရွန်) ဆေးရည်ဖြစ်ပါက ဆေးနှင့်အတူပါသည့် ဆေးရည်တိုင်းကိရိယာကို သုံးပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • Granisetron (ဂရန်နစ်ဆက်ထရွန်) (သောက်ဆေးနှင့် ကပ်ခွာများ) ကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ Granisetron (ဂရန်နစ်ဆက်ထရွန်) သည် ထိုးဆေးပုံစံဖြစ်ပါက ရေခဲသေတ္တာထဲတွင် သိမ်းဆည်းသင့်ပါသည်။ အလင်းရောင်မထိအောင် ကာကွယ်ထားပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။