အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း)

ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေး

ကုန်အမှတ်တံဆိပ်အမည်များ:

Benadryl®, Nytol®, PediaCare Children’s Allergy®, Unisom®

သည်အခြားအမည်များ:

Diphenhydramine hydrochloride

မကြာခဏအတှကျအသုံးပွု:

ဓာတ်မတည့်မှုများ သို့မဟုတ် မြက်သီးနှာစေးဖျား၊ အအေးမိခြင်းများနှင့် ဓာတ်မတည့်မှုဆိုင်ရာ တုံ့ပြန်မှုများ

ကလစ်ဘုတ် သင်္ကေတ

Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) အကြောင်း

Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) သည် ဓာတ်မတည့်မှုနှင့် အယားပျောက်ဆေး ဖြစ်သည်။ ၎င်းဆေးဝါးအမျိုးအစားသည် ဓာတ်မတည့်မှုဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေသည့် ပစ္စည်းတစ်မျိုးဖြစ်သော ဟစ္စတာမင်း၏လုပ်ဆောင်ချက်ကို ဟန့်တားသည်။

အောက်ပါတို့အပါအဝင် အမျိုးမျိုးသော ရောဂါလက္ခဏာများကို ကုသရန်အတွက် Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) ကို အသုံးပြုနိုင်သည်-

  • ဓာတ်မတည့်မှုနှင့် အအေးမိမှုဆိုင်ရာ လက္ခဏာများတွင် မျက်စိများယားယံခြင်း၊ ကျိန်းစပ်ခြင်း၊ နှာချေခြင်းနှင့် နှာရည်ယိုခြင်းကဲ့သို့သော ရောဂါလက္ခဏာများ
  • ချောင်းဆိုးခြင်း
  • ရွေ့လျားမှုလွန်ခြင်းကြောင့် မူးဝေအော့အန်ခြင်းများနှင့် မအီမသာဖြစ်ခြင်း
  • အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
  • ရွေ့လျားမှုဆိုင်ရာ ပြဿနာများ
  • အဖုအပိမ့်၊ အနီကွက်များထခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းကဲ့သို့သော ဓာတ်မတည့်မှုဆိုင်ရာ တုံ့ပြန်ချက်များ

၎င်းဆေးဝါးကို အကိုက်အခဲပျောက်ဆေးများ၊ အဖျားကျဆေးများနှင့် သွေးစုခြင်းကိုကာကွယ်သော ဆေးများကဲ့သို့သော အခြားဆေးများဖြင့် အခါအားလျော်စွာ တွဲဖက်အသုံးပြုနိုင်ပါသည်။

ဤဆေးကို ဆရာဝန်ဆေးစာနှင့် ဖြစ်စေ ဆေးစာမပါဘဲဖြစ်စေ (OTC) ဝယ်ယူနိုင်သည်။

ထိုးဆေးသင်္ကေတ

ဆေးရည်အဖြစ် ကြွက်သား သို့မဟုတ် သွေးပြန်ကြောမှလည်း သွင်း၍ရသည်

 
ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြား၊ ဆေးတောင့် သို့မဟုတ် ငုံဆေးပြားများအဖြစ်လည်း သုံး၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်း
  • အိပ်ငိုက်ခြင်း သို့မဟုတ် ခေါင်းမူးဝေခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းခြင်း
  • ဂနာမငြိမ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားလွယ်ခြင်း
  • နှာခေါင်းပိတ်ခြင်း သို့မဟုတ် အသည်း၊ အဆုတ်ကဲ့သို့သော အစိတ်အပိုင်းများတွင် သွေးအရောက်များခြင်း

ဤဘေးထွက်ဆိုးကျိုးများကို Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါစေ။

  • Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) ကို လိုအပ်ချက်အပေါ် မူတည်၍ အခါအားလျော်စွာ အသုံးပြုကြပါသည်။
  • မိသားစုများအနေဖြင့် အသက် ၆ နှစ်အောက် ကလေးငယ်များအတွက် ဆရာဝန်ဆေးစာမပါဘဲဝယ်၍ရသော ဆေးများကို အသုံးပြုနေစေကာမူ Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း)ကို စတင်မသောက်သုံးမီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ဆေးပမာဏကို ညွှန်ကြားသည့်အတိုင်း အသုံးပြုပါ။
  • အအေးမိပျောက်ဆေး သို့မဟုတ် ဓာတ်မတည့်ရောဂါပျောက်ဆေးများကို တစ်မျိုးထက်ပို၍ သောက်နေရပါက သတိထားပါ။ ၎င်းထုတ်ကုန်များသည် တူညီသော ပါဝင်ပစ္စည်းများကို အသုံးပြုထားလေရာ တွဲသုံးမိပါက ဆေးချိန်လွန်ကဲခြင်းကို ဖြစ်စေနိုင်ပါသည်။ ဆေးအမည်ကို သေသေချာချာဖတ်ပါ။ မေးစရာရှိပါက ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) ကို အိမ်တွင်သောက်ခြင်းဖြစ်ပါက−

  • ဆေးကို ခဏခဏမသောက်ပါနှင့် သို့မဟုတ် ညွှန်ကြားသည်ထက် ပိုမသောက်ပါနှင့်။
  • ဗိုက်မကောင်းခြင်းများဖြစ်လာပါက အစာနှင့်တွဲသောက်ပါ။
  • ဆေးတောင့်များကို အတောင့်လိုက်မျိုချပါ။ ဆေးတောင့်များကို ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ဝါးစားနိုင်သော ဆေးပြားများကို ကြေညက်အောင် ဝါးပြီးမှ မျိုချပါ။
  • လျှာပေါ်ဝဲ ဆေးပြားများ သို့မဟုတ် ပျော်ဝင်လွယ်သည့် အမြှောင်းပုံစံ ဆေးများကို (ငုံဆေးပြားများကို) လျှာပေါ်တွင်ပျော်ဝင်သည်အထိစောင့်ပြီးမှ အရည်တစ်ငုံနှင့် မျိုချပါ။
  • Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) ဆေးရည်အတွက် ဆေးနှင့်အတူတွဲပါသည့် အရည်တိုင်းကိရိယာဖြင့် ဆေးချိန်ကို သေသေချာချာတိုင်းပါ။
  • ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။
  • Diphenhydramine (ဒီဖန်ဟိုက်ဒရာမင်း) ကို ပုံမှန်သောက်နေရပြီး ဆေးသောက်ချိန် လွဲချော်သွားပါက အမြန်ဆုံး ပြန်လည်သောက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။ 
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • ဘေးကင်းစွာ သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။