အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Ondansetron (အွန်ဒန်ဆဲလ်ထရွန်)

အထောက်အကူပြုကုထုံး

ကုန်အမှတ်တံဆိပ်အမည်များ:

Zofran®

သည်အခြားအမည်များ:

Ondansetron Hydrochloride

မကြာခဏအတှကျအသုံးပွု:

ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းကို ကုသခြင်း

ကလစ်ဘုတ် သင်္ကေတ

Ondansetron (အွန်ဒန်ဆဲလ်ထရွန်) အကြောင်း

Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ဆိုသည်မှာ ကီမိုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးနှင့် ခွဲစိတ်ကုထုံးများကြောင့် ဖြစ်ရသော ပျို့အန်ချင်လာခြင်းနှင့် ပျို့အန်ခြင်းများကို ဟန့်တားရန် သို့မဟုတ် ကာကွယ်ရန် အသုံးပြုသော ဆေးဖြစ်သည်။

လူနာများသည် P450 2D6 (CYP2D6) ခေါ် အင်ဇိုင်း တစ်မျိုး၏ လုပ်ဆောင်ချက်အရ Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ဆေးကို ၎င်းတို့၏ခန္ဓာကိုယ်က မြန်မြန်ချေဖျက်နိုင်သည် သို့မဟုတ် နှေးနှေးချေဖျက်နိုင်သည်ဟူသည့် အချက်ပေါ် မူတည်၍ လူနာတစ်ယောက်နှင့် တစ်ယောက်ကွဲပြားမှုရှိပါသည်။ လူနာ၏အင်ဇိုင်းလုပ်ဆောင်ချက်ကောင်းမကောင်းကို သိရရန်အတွက် မျိုးရိုးဗီဇစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်ကြည့်နိုင်ပါသည်။ Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ကို ပုံမှန်ထက် မြန်မြန်ချေဖျက်နိုင်သည့် လူနာများတွင် ဤဆေးမတိုးနိုင်လောက်ပါ။

ဤဆေးကို ကီမိုဆေးစမသွင်းမှီ မိနစ် ၃၀ ကြိုတင်၍ပေးထားလေ့ရှိပါသည်။

ဆေးပြားနှင့် ဆေးတောင့်သင်္ကေတ

ဆေးပြား သို့မဟုတ် ပျော်ဝင်လွယ်သောဆေးပြားလွှာအဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
ဆေးရည်အစက်ချဘူးသင်္ကေတ

ဆေးရည်အဖြစ် ပါးစပ်မှလည်း သောက်၍ရသည်

 
သွေးပြန်ကြောမှသွင်းလျှင် သုံးသည့် အိတ်သင်္ကေတ

၎င်းကိုသွေးပြန်ကြောမှလည်း သွင်း၍ရသည် သို့မဟုတ် ထိုးဆေးအဖြစ်လည်း ထိုး၍ရသည်

 
စက်ဝိုင်းသင်္ကေတထဲမှ အာမေဋိတ်အမှတ်အသား

ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ

  • ခေါင်းကိုက်ခြင်း
  • ဝမ်းဗိုက်နာကျင်မှု
  • ခေါင်းခေါင်းမူးဝေခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • အနီကွက်ဖြစ်ခြင်း
  • နုံးခွေခြင်း သို့မဟုတ် အားနည်းခြင်း
  • အမြင်အာရုံဝေဝါးခြင်း
  • စိုးရိမ်သောက
  • နှလုံး ပြဿနာများ
  • အသည်း ပြဿနာများ

ဤဘေးထွက်ဆိုးကျိုးများကို Ondansetron (အွန်ဒန်ဆဲလ်ထရွန်) သုံးနေသော လူနာတိုင်းခံစားရသည် မဟုတ်ပါ။ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများကို စာလုံးမည်းနှင့်ပြထားသည်။ သို့သော် အခြားသောဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သည်။ မသင်္ကာစရာ ဘေးထွက်ဆိုးကျိုးအားလုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူအား အသိပေးပါ။

မိသားစုသင်္ကေတ

မိသားစုများအတွက် အကြံပြုချက်များ

ဤအချက်များနှင့် အခြားထောက်ခံချက်များကို သင့်ဆရာဝန် သို့မဟုတ် ဆေးစပ်သူနှင့် တိုင်ပင်ဆွေးနွေး ဖြစ်ပါစေ။

Ondansetron (အွန်ဒန်ဆဲလ်ထရွန်) အိမ်တွင်သောက်မည်ဆိုပါက−

  • မပျော်ဝင်နိုင်သော ဆေးပြားများကို မဝါးဘဲမျိုချရပါမည်။ ဆေးတောင့်များကို ကြိတ်ခြေခြင်း သို့မဟုတ် ဝါးခြင်းများ မပြုလုပ်ပါနှင့်။
  • ပျော်ဝင်လွယ်သော ဆေးပြားများ သို့မဟုတ် ပျော်ဝင်လွယ်သောဆေးပြားလွှာ ကို လျှာပေါ်တင်ပြီး ပျော်ဝင်သည်အထိ ထားသင့်ပါသည်။ ရေ သို့မဟုတ် အခြားအရည်တစ်မျိုးမျိုးဖြင့် ဝါးခြင်း သို့မဟုတ် မျိုချခြင်းမပြုပါနှင့်။ ဆေးကိုကိုင်တွယ်ရာတွင် လက်အခြောက်နှင့်သာ ကိုင်တွယ်ပါ။ 
  • Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ဆေးရည်ဖြစ်ပါက ဆေးနှင့်အတူပါသည့် ဆေးရည်တိုင်းကိရိယာကို သုံးပါ။
  • ဆေးသောက်ရန် မေ့သွားပါက သတိရရချင်း တိုက်ပါ။ နောက်တစ်ကြိမ် ဆေးသောက်ချိန်နှင့် ကပ်သွားပါက မသောက်ဘဲထားပါ။ ဆေး ၂ ခွက်စာကို တစ်ချိန်တည်းမသောက်ရပါ။
  • Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ဆေးကို အခန်းအပူချိန်တွင် သိုလှောင်သိမ်းဆည်းပါ။ Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ဆေးရည်(အကြောဆေးအဖြစ်သုံးရန်) ကို ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါ။
  • သက်တမ်းလွန်ဆေးဝါးများကို အသုံးမပြုပါနှင့်။
  • စွန့်ပစ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာပါ။

Ondansetron (အွန်ဒန်ဆဲလ်ထရွန်) ရင်းမြစ်များ