ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ဆေးပညာအရ စိတ်ဓါတ်ကျခြင်း၊ အလွန်အကျူး စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်းဟု သိရှိသော စိတ်ကျရောဂါသည် အဖြစ်အများဆုံး စိတ်ကျန်းမာရေး ဖောက်ပြန်ခြင်းတစ်ခုဖြစ်သည်။ စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သည်။ ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ကျရောဂါသည် အပျို/လူပျိုဖော် ဝင်ပြီးနောက် ဖြစ်နိုင်ခြေများသည်။ စိတ်ကျရောဂါ၏ လက္ခဏာများတွင် ဝမ်းနည်းခြင်း၊ ကျရှုံးခြင်း သို့မဟုတ် မျှော်လင့်ချက်မဲ့ခြင်းနှင့်၊ ဝါသနာ သို့မဟုတ် လုပ်ဆောင်ချက်များတွင် စိတ်မဝင်စားတော့ခြင်းတို့ ပါဝင်သည်။
ကလေးကင်ဆာကဲ့သို့ ပြင်းထန်သော ရောဂါဝေဒနာကို ခံစားနေရသူများအတွက် စိတ်ကျရောဂါ လက္ခဏာများ ရံဖန်ရံခါဖြစ်ပေါ်ခြင်းသည် ပုံမှန်ဖြစ်သည်။ သို့သော် စိတ်ဓာတ်ကျ၍ စိတ်မငြိမ်သက်ခြင်း၏ ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်ခြင်း၊ အချိန်ပိုမိုကြာခြင်းနှင့် နေ့စဉ်လုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိခြင်းတို့ ဖြစ်ပေါ်သည်။ ဆေးပညာအရ စိတ်ကျခြင်းသည် စစ်မှန်သည့် နာမကျန်းမှုဖြစ်ပြီး လူနာများသည် စိတ်ရောဂါကုထုံး သို့မဟုတ် စိတ်ကျဝေဒနာကု ဆေးဝါးကဲ့သို့ အထူးကုသမှုလိုအပ်သည်။
ကလေးကင်ဆာကြောင့် ဖြစ်ပွားသည့် စိတ်ဖိစီးမှုမှလွဲ၍ လူနာအများစုသည် ဆေးပညာအရ စိတ်ကျခြင်း ဖြစ်ပွားလေ့မရှိပါ။ သို့သော် စိတ်ကျန်းမာရေးအတွက် ထောက်ပံ့မှုသည် လူနာနှင့် မိသားစုများအားလုံးကို အဆိုးမြင်သည့်အတွေးများနှင့် စိတ်ခံစားမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးနိုင်သည်။ စိတ်ကျန်းမာရေး ပညာရှင်သည် စိတ်ကျရောဂါ၏ လက္ခဏာများကို မိသားစုများ နားလည်စေရန်၊ ပိုမိုပြင်းထန်သည့် ဖောက်ပြန်မှုကို လက္ခဏာများက ဖော်ပြသည့်အချိန်အား သိရှိရန်နှင့် လူနာနှင့် မိသားစုက လိုအပ်သည်များနှင့် ကိုက်ညီသည့် အရင်းအမြစ်များကို ရှာတွေ့စေရန် ကူညီနိုင်သည်။
ကင်ဆာဝေဒနာကို ခံစားနေရစဉ် (ကင်ဆာခရီးစဉ်) အတွင်း ဝမ်းနည်းခြင်း သို့မဟုတ် စိတ်မပါခြင်း အတွေးများ သို့မဟုတ် ခံစားမှုများ ရံဖန်ရံခါဖြစ်ပေါ်ခြင်းသည် ပုံမှန်ဖြစ်သည်။ သို့သော် အချို့လူနာများတွင် ၎င်းတို့၏ ခံစားပုံ၊ စဉ်းစားပုံနှင့် ပြုမူပုံတို့အပေါ် သက်ရောက်မှုရှိသည့် ပိုမိုပြင်းထန်၍ အချိန်ပိုကြာသော စိတ်ကျရောဂါ၏ လက္ခဏာများ ရှိနိုင်သည်။ ရောဂါလက္ခဏာများသည် အထူးသဖြင့် ကလေးနှင့် ဆယ်ကျော်သက်များတွင် ကွဲပြားမှုရှိနိုင်သည်။ စိတ်ဓာတ်ကျခြင်းတွင် ရောဂါလ္ခဏာများသည် အချိန်ကြာမြင့်စွာ ရှိပြီး ပူပင်သောက သို့မဟုတ် နေ့စဉ်လုပ်ဆောင်ချက်တွင် ပြဿနာများ ဖြစ်စေသည်။
ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါ အမှတ်အသားနှင့် လက္ခဏာများမှာ-
ကလေးနှင့် အရွယ်ရောက်စများတွင် စိတ်ကျရောဂါသည် အရွယ်ရောက်ပြီးသူများနှင့် နှိုင်းယှဉ်ပါက ကွဲပြားမှုရှိနိုင်သည်။ ဥပမာ ကလေးနှင့် အရွယ်ရောက်စများသည် ပိုမို၍ စိတ်အနှောင့်အယှက်ဖြစ်လွယ်ခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် အာခံခြင်းတို့ ဖြစ်နိုင်သည်။ ၎င်းတို့သည် မကျေနပ်ကြောင်း အမူအကျင့်များကို ပိုမိုပြသနိုင်သည် သို့မဟုတ် အန္တရာယ်များသော အပြုအမူများကို လုပ်ဆောင်နိုင်သည်။
စိတ်ကျရောဂါ လက္ခဏာများသည် ကင်ဆာရောဂါခံစားနေရချိန်အတွင်းတွင် မည်သည့်အခြေအနေတွင်မဆို ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် စိတ်ကျရောဂါကို ကင်ဆာရောဂါကုသမှုများ သို့မဟုတ် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် ခန္ဓာကိုယ် ဖျားနာမှုကြောင့်ဖြစ်သော ရောဂါလက္ခဏာများနှင့် မှားယွင်းနိုင်သည်။ အကောင်းဆုံးဖြစ်သည့် ကုသမှုနည်းလမ်းကို ဆုံးဖြတ်ရန် တိကျသော ရောဂါရှာဖွေခြင်းသည် အရေးကြီးသည်။ လူနာသည် စိတ်ကျရောဂါ လက္ခဏာများကို ပြသပါက နောက်ထပ် အကဲဖြတ်မှုအတွက် မိသားစုသည် စိတ်ကျန်းမာရေး ပညာရှင်ဆီသို့ ညွှန်းပို့သင့်သည်။ စိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေး ဆရာဝန်များ၊ လူမှုအလုပ်သမားများ၊ တိုင်ပင်ဆွေးနွေးသည့် ပညာရှင်များနှင့် အခြား စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူများသည် စိတ်အခြေအနေ ဖောက်ပြန်မှုများနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာများကို ကုသရန်နှင့် ရောဂါရှာဖွေရန် အထူးသင်တန်း ဆင်းထားသည်။
ကင်ဆာကဲ့သို့ ပြင်းထန်သော နာမကျန်းဖြစ်မှုသည် စိတ်ကျရောဂါ ဖြစ်နိုင်သည့် အချက်တစ်ချက်ဖြစ်သည်။ ဆိုလိုသည်မှာ ကလေးကင်ဆာဝေဒနာသည် ကလေးများသည် ကျန်းမာသည့် အသက်အရွယ်တူ ကလေးများနှင့် နှိုင်းယှဉ်ပါက စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။ ဖြစ်နိုင်ခြေရှိသည့် အချက်များ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိခြင်းသည် စိတ်ကျရောဂါ ဖြစ်လိမ့်မည်ဟု မဆိုလိုပါ။ မည်သို့ပင်ဖြစ်စေ ဖြစ်နိုင်ခြေရှိသည့် အချက်များကို သိရှိပါက ပိုမိုစောင့်ကြည့်ရန်နှင့် စိတ်ကျန်းမာရေးကို ပံ့ပိုးသည့် အဆင့်များကို လုပ်ဆောင်ရန် မိသားစုများအား ကူညီနိုင်သည်။
ကလေးများနှင့် ဆယ်ကျော်သက်များတွင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အချက်များမှာ-
ကင်ဆာဝေဒနာကို ခံစားနေရစဉ်အတွင်း အခြားအချက်မျိုးစုံသည် စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိသည်။ ကုသမှုနှင့် လုပ်ငန်းစဉ်များ၊ နာကျင်မှု၊ ဘေးထွက်ဆိုးကျိုးများ၊ဆေးဝါးများ၊ ဟော်မုန်းပြောင်းလဲမှုများ၊ အာဟာရ အားနည်းခြင်း၊ အိပ်မပျော်ခြင်းနှင့် ရှင်သန်ရာဘဝတွင် အနှောင့်အယှက်ဖြစ်ခြင်းများကြောင့် ၄င်းကိုကိုင်တွယ်ဖြေရှင်းရန် ခက်ခဲစေသည်။ လူနာများသည် ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ၊ ခန္ဓာကိုယ်ပုံစံ၊ အထောက်အထား၊ ကျောင်း သို့မဟုတ် အလုပ်တွင် လုပ်ဆောင်နိုင်စွမ်း၊ မျိုးပွားနိုင်စွမ်း၊ ပတ်သက်ဆက်နွယ်မှုများ၊ လွတ်လပ်မှုနှင့် ရှင်သန်မှုတို့ကဲ့သို့ ရေရှည်ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် "ပုံမှန်အသစ်" ကို လက်ခံရန် ရုန်းကန်ရနိုင်သည်။ အချို့လူနာများတွင် ထိုအချက်များသည် စိတ်ကျရောဂါ ဖြစ်ပွားမှုကို အားပေးသည်။
စိတ်ကျန်းမာရေး ပညာရှင်သည် စိတ်ကျန်းမာရေး ပြဿနာများကို စိစစ်ရန်နှင့် ရောဂါရှာဖွေရန် သတ်မှတ်ထားသော လမ်းညွှန်ချက်အချို့ကို အသုံးပြုသည်။ ကင်ဆာဝေဒနာကို ခံစားနေရစဉ်အတွင်း နာမကျန်းဖြစ်မှု၏ သက်ရောက်မှုများနှင့် ကုသမှုများကြောင့် ရောဂါရှာဖွေမှုသည် ပိုမိုရှုပ်ထွေးနိုင်သည်။ ကလေးအရွယ် စိတ်ကျရောဂါနှင့် သက်ဆိုင်သည့် ဖြစ်လေ့ရှိသော ဖောက်ပြန်မှုများမှာ-
လူနာတွင် ရောဂါရှာဖွေ၍ တွေ့ရှိနိုင်သည့် စိတ်ရောဂါ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ကျရောဂါ၏ လက္ခဏာများကို စီမံခန့်ခွဲခြင်းမှာ အရေးကြီးသည်။ စိတ်ကျရောဂါ၏ လက္ခဏာများသည်-
စိတ်ဓာတ်ကျခြင်းရောဂါသည် စိုးရိမ်စိတ်လွန်ကဲခြင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲမှု လွန်ကဲခြင်းများနှင့် အာရုံစူးစိုက်မှု အားနည်း၍ တက်ကြွလွန်ရောဂါ (ADHD) ကဲ့သို့ အဖြစ်များသော အခြားစိတ်ကျန်းမာရေး ပြဿနာများနှင့်လည်း အတူတကွ ဖြစ်ပေါ်နိုင်သည်။
စိတ်ရောဂါကုထုံး သို့မဟုတ် စိတ်ကျဝေဒနာကု ဆေးဝါးများသည် စိတ်ဓာတ်ကျရောဂါအတွက် ကနဦး ကုသမှုများဖြစ်သည်။ စိတ်ကျဝေဒနာကု ဆေးဝါးကုထုံးအား တုံ့ပြန်ပုံသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပါ၊ ထို့ပြင် စိတ်ကျရောဂါ သက်သာစေရန်အတွက် အချိန်တစ်ခု ကြာနိုင်သည်။
ကင်ဆာရောဂါကို ခံစားနေရစဉ်အတွင်း လူနာနှင့် မိသားစုများ ရင်ဆိုင်နေရသည့် ဖိအားနှင့် စိန်ခေါ်မှုများကြားတွင် စိတ်ကျန်းမာရေး စောင့်ရှောက်မှု သည် ပိုမိုရှုပ်ထွေးနိုင်သည်။ လူနာများသည် ကင်ဆာကုသမှုနှင့် အခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ ခံယူနေစဉ်တွင် စိတ်ကျရောဂါအတွက် သင့်လျော်သည့် ကုသမှု ရရှိကြောင်း သေချာစေရန် စွယ်စုံရ ပြုစုစောင့်ရှောက်ရေး အဖွဲ့က အတည်ပြုရန် အရေးကြီးသည်။
စိတ်ကျရောဂါအတွက် စိတ်ကျန်းမာရေး ဝန်ဆောင်မှု ပံ့ပိုးသူများမှာ-
စိတ်ရောဂါကုထုံး သို့မဟုတ် "ပြောဆိုခြင်းကုထုံး" သည် စိတ်ကျရောဂါအတွက် အဓိကကုသမှုဖြစ်သည်။ စိတ်ကျရောဂါအတွက် အထိရောက်ဆုံး စိတ်ကုထုံးတစ်ခုသည် ပြုမူကျင့်ကြံပုံများကို သိစေမှု ကုထုံး (CBT) ဖြစ်သည်။ CBT သည် လူနာများအား မကောင်းသည့် အတွေးနှင့် အပြုအမူများကို ရှာဖွေဖော်ထုတ်ရန်နှင့် အခြေအနေများကို ပိုမိုကောင်းမွန်သည့် လမ်းနည်းဖြင့် တုံ့ပြန်ရန် ကူညီပေးသည်။ စိတ်ကုထုံးသည် ပြဿနာများဖြေရှင်းရန်၊ ပတ်သက်ဆက်နွယ်မှုများကို ပိုမိုတိုးတက်စေရန် သို့မဟုတ် စိတ်ဖိစီးမှုကို စီမံရန် စွမ်းရည်များ တိုးတက်စေရန်လုပ်ခြင်းအပေါ်တွင်လည်း အာရုံစိုက်နိုင်သည်။ စိတ်လျှော့ခြင်းနှင့် သတိပဋ္ဌာန်နည်းများ၊ အနုပညာကုထုံး၊ ဂီတကုထုံးနှင့် ကစားခြင်းကုထုံးတို့ကဲ့သို့ အချို့ကိုင်တွယ်ဖြေရှင်းနည်းများသည် စိတ်ကျရောဂါရှိသည့် ကလေးနှင့် ဆယ်ကျော်သက်များအတွက် အကူအညီဖြစ်နိုင်သည်။ စိတ်ကုထုံးသည် တစ်ဦးချင်း၊ အဖွဲ့လိုက် သို့မဟုတ် မိသားစုကုထုံးအပါအဝင် အခြေအနေအမျိုးမျိုးတွင် လုပ်ဆောင်နိုင်သည်။
ဆရာဝန်သည် စိတ်ကျရောဂါအတွက် ဆေးညွှန်းပေးနိုင်သည်။ စိတ်ကျဝေဒနာကု ဆေးဝါးသည် စိတ်ဓာတ်ကျရောဂါကို ကုသသည့်အခါ အချိန်အတော်ကြာ သက်ရောက်မှုရှိသည်။ ထိုဆေးများသည် စိတ်ဓာတ်ကျခြင်း၌ ပါဝင်သည်ဟု ယူဆသည့် အာရုံကြောလှုံ့ဆော်သည့် ပစ္စည်းများတွင် သက်ရောက်မှုရှိသည်။ အချို့လူနာများသည် အကျိုးကျေးဇူး အပြည့်အဝ ရရှိစေရန် ပေါင်းစပ်ဆေးဝါးများ လိုအပ်နိုင်သည်။
ကလေးနှင့် ဆယ်ကျော်သက်များရှိ စိတ်ကျရောဂါကို ကုသရာတွင် အသုံးပြုသည့် ဆေးများမှာ-
စိတ်ကျဝေဒနာကု ဆေးဝါးသောက်နေရသော လူနာများသည် ဆေးများ ပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်ရန် ဆရာဝန်ထံသို့ ပုံမှန်ပြသင့်သည်။ ရှားပါးသည့် အခြေအနေများတွင် အချို့ဆေးများသည် ရန်လိုသည့်အပြုအမူ ဖြစ်စေနိုင်သည် သို့မဟုတ် မိမိကိုယ်ကို သတ်သေနိုင်ခြေကို တိုးစေနိုင်သည်။
ဆေးဝါးသုံးစွဲမှုဆိုင်ရာ ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးသည်။ လူနာများသည် ဆေးစာတွင် ပြောထားသည်ထက်ပို၍ မသောက်သင့်ပါ၊ ထို့ပြင် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ဆေးသောက်ခြင်းကို မရပ်သင့်ပါ။ စိတ်ကျရောဂါသည် တိုးတက်ကောင်းမွန်လာခြင်းမရှိပါက ဆရာဝန်ကို အသိပေးပါ။
သင့်အား စိတ်ကျဝေဒနာကုဆေး ဆေးညွှန်းရေးပေးသည့်အခါ သင့်ဆရာဝန်ကို မေးရမည့် မေးခွန်းများမှာ-
အချို့ကင်ဆာအမျိုးအစားနှင့် ကုသမှုများသည် ဆေးကုသခြင်းအား ခန္ဓာကိုယ်က တုံ့ပြန်ပုံကို ပြောင်းလဲနိုင်သည်။ အချို့ စိတ်ကျဝေဒနာကု ဆေးဝါးကိုသာသုံးရန် သို့မဟုတ် စိတ်ကျရောဂါအတွက် ဆေးညွှန်းလေ့မရှိသည့် ဆေးဝါးများကိုသုံးရန် လိုအပ်နိုင်သည်။ သင့်ကုသမှု အစီအစဉ် သို့မဟုတ် ဆေးဝါးများတွင် ပြောင်းလဲမှု တစ်စုံတစ်ခု ဖြစ်ပေါ်ပါက သင်၏ အပြည့်အဝ ပြုစုစောင့်ရှောက်ရေးအဖွဲ့ထံ ချက်ချင်း သတင်းပို့ပါ။ ထို့ပြင် သင့်တွင် မေးခွန်းများ သို့မဟုတ် ပြဿနာများရှိပါက သတ်မှတ်ဆေးဝါးကို ရွေးချယ်ရသည့် အကြောင်းအရင်းအား ပွင့်လင်းစွာမေးပါ။
စိတ်ကျရောဂါအား ကုသရာတွင် အသုံးပြုသော ဆေးဝါးများကို အညွှန်းတွင် ဖော်ပြထားသည့် ပမာဏထက် သို့မဟုတ် အကြိမ်ရေထက် ပိုသောက်ပါက သို့မဟုတ် ခဏသာသောက်ပြီး ဆက်လက်မသောက်တော့ပါက အန္တရာယ်ရှိနိုင်သည်။ ဆေးပြောင်းလဲသောက်ခြင်းများ မလုပ်မီ သင့်ဆရာဝန်အား မေးမြန်းပါ။ ဆေးများကို လုံခြုံစွာသိမ်းဆည်းပြီး ကလေးများ မရောက်နိုင်သည့်နေရာတွင် ထားပါ။
စိတ်ကျရောဂါရှိသည် ကလေးများနှင့် ဆယ်ကျော်သက်များအား မိမိကိုယ်ကို သတ်သေနိုင်ခြေနှင့် ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်းအတွက် စောင့်ကြည့်သင့်သည်။ စိတ်ကျရောဂါ ပြန်လည်ဆိုးရွားလာခြင်းမှ ကာကွယ်ရန် လူနာများသည် ကုထုံးကို အဆက်မပြတ်လုပ်ဆောင်ရန် လိုအပ်သည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်သူများရှိ စိတ်ကျရောဂါ ဖြစ်ပွားနှုန်းသည် သာမန် လူများထက် နှစ်ဆပိုများသည်။ တိုးလာသည့် နှုန်း၏ အကြောင်းအရင်းများကို အပြည့်အဝ မသိရှိသေးပါ။ သို့သော် အသက်ရှင်သူ အများအပြားသည် အောက်ပါကဲ့သို့ တသက်တာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်-
အလုံးစုံ ကုသအောင်မြင်သူ ပြုစုစောင့်ရှောက်ရေး အစီအစဉ်တွင် ကင်ဆာပြီးနောက် ရေရှည် ကျန်းမာရေးနှင့် ဘဝအရည်အသွေးအတွက် အရေးကြီးသည့် ဆက်လက်လုပ်ဆောင်ရမည့် စိတ်ကျန်းမာရေးနှင့် အထောက်အပံ့တို့ ပါဝင်သည်။
စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်သူများက လုပ်ဆောင်နိုင်သည့် အဆင့်များ-
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဧပြီလ၊ ၂၀၁၉ ခုနှစ်