အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆီးအိတ်ဖြတ်ထုတ် (Cystectomy) ပြီးနောက် ပြုစုစောင့်ရှောက်မှု

"Cystectomy" ဆိုသည်မှာ ဆီးအိတ်ကို ဖြတ်ထုတ်ရန်ပြုလုပ်သည့် ခွဲစိပ်မှုတစ်ခုဖြစ်သည်။

အောက်ဖော်ပြပါ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူများပါဝင်သည့်အုပ်စုနှစ်စုမှာ ကလေးကင်ဆာကုထုံးခံယူနေစဥ်အချိန်အတွင်း ခွဲစိပ်၍ ဆီးအိတ်ဖြတ်ထုတ်ခံရနိုင်သည်-

ဆီးအိတ်ဖြတ်ထုတ်ပြီးနောက် ခန္ဓာကိုယ်မှ ဘယ်လိုဆီးစွန့်ပစ်သလဲ

ဆီးအိတ်ဖြတ်ထုတ်ပြီးနောက် ခွဲစိပ်ဆရာဝန်များသည် ခန္ဓာကိုယ်မှ ဆီးစွန့်ထုတ်ရန်အတွက် လမ်းကြောင်းအသစ်တစ်ခုကို ဖန်တီးပေးပါသည်။ ဤလုပ်ငန်းစဉ်ကို လမ်းကြောင်းလွှဲခြင်းဟုခေါ်သည်။ ယင်းတွင် အဓိကအမျိုးအစား ၃ မျိုးရှိသည်-

  • ဆီးလမ်းကြောင်းအသစ်ဖော်သည့်ခွဲစိပ်မှု – ဤလမ်းကြောင်းကို များသောအားဖြင့် ကျန်အူအစိတ်အပိုင်းအားလုံးတို့မှခွဲထုတ်ထားသော သီးခြားဖြစ်တည်နေသည့် အူသိမ်အခွေတစ်ခုအားဖြတ်၍ ပြုလုပ်သည်။ ၎င်းကို အူသိမ်အားဖြတ်၍ ဆီးလမ်းကြောင်းအသစ်ဖော်ခြင်း သို့မဟုတ် ဆီးစွန့်ရန်အပေါက်ဖောက်ခြင်းဟုခေါ်သည်။ အူသိမ်အားဖြတ်၍ ဖော်ထားသောဆီးလမ်းကြောင်းအသစ်ကို "stoma" ဟုခေါ်သော အပေါက်ဝတစ်ခုပြုလုပ်ခြင်းအားဖြင့် ဝမ်းဗိုက်အပြင်ဘက်သို့ ဖောက်၍ချိတ်ဆက်ထားလိုက်သည်။ ကိုယ်တွင်းပိုင်းတွင် ဆီးထွက်ပြွန်များမှ ဆီးများသည် အူသိမ်ဆီးလမ်းကြောင်းသစ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် "stoma" အပေါက်မှ ခန္ဓာကိုယ်အပြင်ဘက်တွင်တပ်ဆင်ထားသောအိတ်ငယ်အတွင်းသို့ ဆီးများတိုက်ရိုက်စီးထွက်စေရန် ပိုက်လိုင်းတစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးသည်။
  • ဆီးလမ်းကြောင်းလွှဲခြင်း – အူဖြင့်ပြုလုပ်ထားသော ကိုယ်တွင်းအိတ်ငယ် (သိုလှောင်အိတ်) ကို ကျောက်ကပ်များ၏အရှေ့ဘက် ဝမ်းဗိုက်အတွင်းတွင် ထားရှိပေးသည်။ ထို့နောက် ဆီးထွက်ပြွန်များကို အဆိုပါအိတ်နှင့် ချိတ်ဆက်လိုက်သည်။ အရေပြားမျက်နှာပြင်ပေါ်သို့ (အများအားဖြင့်) ချက်တဝိုက်ရှိ ဝမ်းဗိုက်နံရံကိုဖြတ်၍ အိတ်ငယ်မှတစ်ဆင့်ရှည့်ထွက်လာသည့်လမ်းကြောင်းတစ်ခုဖန်တီးရန် အူအတက် သို့မဟုတ် အူသိမ်၏နောက်ထပ်အစိတ်အပိုင်းတိုတစ်ခုကို အသုံးပြုပါသည်။ အဆိုပါအပေါက်ဝကို “stoma” ဟုခေါ်သည်။ ကျောက်ကပ်အတွင်းသို့ ဆီးများပြန်၍စီးဝင်ခြင်း (ပြောင်းပြန်စီးခြင်း) သို့မဟုတ် အရေပြားပေါ်သို့ လျှံထွက်ခြင်းမဖြစ်စေရန်အတွက် ၎င်းကိုဖန်တီးပြုလုပ်ထားသည်။ ဆီးများသည် သိုလှောင်အိတ်ထဲတွင်စုနေပြီး "stoma" အပေါက်ဝအတွင်းသို့ ဆီးချူပိုက် (ပြွန်) ကိုထည့်သွင်းခြင်းဖြင့် တစ်နေ့လျှင် အကြိမ်ရေအများအပြား စွန့်ထုတ်သည်။
  • ကိုယ်တွင်း ဆီးလမ်းကြောင်းလွှဲခြင်း – အဆိုပါလုပ်ငန်းစဥ်အဆင့်ဆင့်မှာ အူမှ ဆီးအိတ်အသစ်တစ်ခု ပြုလုပ်ခြင်းဖြစ်သည်။ “ဆီးအိတ်အတု” ကို ဆီးလမ်းကြောင်းဖြင့် တိုက်ရိုက်ချိတ်ဆက်သည်။ ဆီးအိတ်အတုတပ်ဆင်ထားသည့် အချို့သောသူများသည် သဘာဝအတိုင်းဆီးသွားနိုင်သော်လည်း အချို့မှာမူ ဆီးစွန့်ရာတွင် ဆီးချူပိုက်လိုအပ်နိုင်သည်။

ဆီးအိတ်ဖြတ်ထုတ်ပြီးနောက် ဖြစ်လာနိုင်ခြေရှိသောပြဿနာရပ်များ

  • အူသိမ်အားဖြတ်၍ ဆီးလမ်းကြောင်းအသစ်ဖော်ထားသော သို့မဟုတ် အူသိမ်ဖြင့်ပြုလုပ်ထားသောအိတ်ရှိနေသော ကင်ဆာရောဂါမှလွတ်မြောက်လာသူများတွင် "stoma" အပေါက်ဝတဝိုက်မှ ဆီးစိမ့်ထွက်နိုင်သည်။ ယင်းကြောင့် "stoma" အပေါက်ဝတဝိုက်တွင် အရေပြားနီရဲနေခြင်းနှင့် ရောဂါပိုးဝင်ရောက်ခြင်းတို့ ဖြစ်နိုင်သည်။ ဆီးထွက်ပြွန်များ သို့မဟုတ် အူသိမ်ဆီးလမ်းကြောင်းသစ်ပတ်ပတ်လည်တွင် အမာရွတ်တစ်ရှူးများ (ချုပ်ထားခြင်း) ဖြစ်ပေါ်လာနိုင်ပြီး ကျောက်ကပ်မှ ဆီးစီးထွက်မှုကို ပိတ်ဆို့စေနိုင်သည်။ ကျောက်ကပ်အတွင်းသို့ ဆီးပြောင်းပြန်စီးခြင်း ဖြစ်ပွားနိုင်သည်။ ပြောင်းပြန်စီးခြင်းကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ကျောက်ကပ်တွင်ကျောက်တည်ခြင်းဖြစ်နိုင်ခြေအန္တရာယ် မြင့်မားစေသည်။
  • ဆီးအိတ်အတုထည့်သွင်းပြီးနောက် ဆီးမထိန်းနိုင်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း ဖြစ်ပွားနိုင်သည်။ အဆိုပါပြဿနာရှိသူများသည် ဆီးသွားခြင်းအား ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရန် ကြွက်သားအားပြန်လည်လေ့ကျင့်ခြင်းသည် အကျိုးများနိုင်သည်။ ထပ်တလဲလဲ ဆီးယိုစိမ့်နေပါက ဆီးအိတ်အတုနှင့် ဆီးလမ်းကြောင်းတို့တွင် ဖိအားစစ်ဆေးကြည့်ခြင်းဖြင့် ကုထုံးနှင့်ပတ်သတ်သည့်ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကူအညီဖြစ်စေမည်ဖြစ်သည်။
  • အူသိမ်အပိုင်းများပါဝင်သော ဆီးအိတ်ခွဲစိတ်မှုများကြောင့် တစ်ခါတစ်ရံတွင် သွေးထဲရှိ ဓာတ်ပစ္စည်းများနှင့် အဆီဓာတ်တို့၏ ပါဝင်မှုပမာဏ မူမမှန်ခြင်းကိုဖြစ်စေနိုင်သည်။ အဆိုပါပြဿနာများကြောင့် ဝမ်းလျှောခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့်/သို့မဟုတ် ဗီတာမင် B12 လျော့နည်းခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • ဆီးအိတ်ဖြတ်ထုတ်လိုက်ခြင်းကြောင့် အမျိုးသားများရော အမျိုးသမီးများတွင်ပါ လိင်ဆက်ဆံမှုဆိုင်ရာပြဿနာများ ဖြစ်လာနိုင်ခြေကို များသွားစေနိုင်သည်။ ခွဲစိတ်ကုထုံးနှင့် ဆေးပေးခြင်းများဖြင့် အဆိုပါနောက်ဆက်တွဲအခြေအနေကို ကုသပေးနိုင်သည်။

ဆီးအိတ်ဖြတ်ထုတ်ပြီးနောက် ကျန်းမာရေးစောင့်ရှာက်မှု

  • ဆီးအိတ်ဖြတ်ထုတ်ထားသူများသည် ဆီးစွန့်အင်္ဂါအဖွဲ့အစည်းအထူးကုနှင့် ပုံမှန်ပြသသင့်သည်။ ဆီးနှင့်ဝမ်းလမ်းကြောင်းလွှဲထားသည့်လူနာများအား စီမံခန့်ခွဲရေးအထူးပြု သူနာပြုဆရာမ (ET သူနာပြုဆရာမ) သည် အသားအရေထိန်းသိမ်းခြင်း၊ အသုံးပြုသည့်ပစ္စည်းများကို နေသားတကျဖြစ်စေခြင်းနှင့် အခြားပစ္စည်းဆိုင်ရာတို့တွင် အကြံပေးနိုင်သည်။ အဆိုပါသူနာပြုဆရာမသည် ပြွန်ထည့်သည့်အခါကြုံရသည့် ပြဿနာရပ်များကိုလည်း ကူညီဖြေရှင်းပေးနိုင်သည်။
  • အူသိမ်အပိုင်းများအသုံးပြု၍ ဆီးအိတ်ခွဲစိတ်မှုခံယူထားသည့် ကင်ဆာရောဂါမှလွတ်မြောက်လာသူများတွင် ဆီးအိတ်ခွဲစိပ်မှုခံယူပြီးနောက် ၅ နှစ်ကြာချိန်မှစ၍ ဗီတာမင် B12 ပမာဏသိရှိရန် နှစ်စဥ်သွေးစစ်သင့်သည်။
  • အဖျားတက်ခြင်း၊ ကျောလယ် သို့မဟုတ် ဘေးဘက်တွင် နာကျင်ခြင်း၊ ဆီးထဲတွင်သွေးပါခြင်း သို့မဟုတ် အရေပြားတွင်ဆိုးရွားစွာနီရဲရောင်ရမ်းနေပါက လူနာများအနေဖြင့် ၎င်းတို့အား ဆေးဝါးကုသပေးနေသူကို ခေါ်သင့်သည်။
  • မိမိဘာသာပြွန်ထည့်သည့် လူနာများနှင့် ပြွန်ထည့်ရာတွင် အခက်အခဲရှိသည့်လူနာများသည်လည်း ဆေဝါးကုသပေးသူ၏အကူအညီကို ချက်ချင်းတောင်းခံသင့်သည်။ အဆိုပါနောက်ဆက်တွဲအခြေအနေမှာ အိတ်ကွဲထွက်သွားခြင်း သို့မဟုတ် သိုလှောင်အိတ်ထဲမှဆီးကို ကောင်းမွန်စွာမစွန့်ပစ်နိုင်ပါက အိတ်ကွဲထွက်သွားနိုင်သည့်အခြေအနေဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်နိုင်သည်။ ယင်းကြောင့် ဝမ်းဗိုက် သို့မဟုတ် တင်ပါးဆုံရိုးအတွင်း ဆီးယိုစိမ့်ရာမှ ပြင်းထန်သောကူးစက်ရောဂါအထိ ဖြစ်သွားနိုင်သည်။
  • ဆီးအိတ်ဖြတ်ထုတ်ထားသည့် ကင်ဆာရောဂါမှလွတ်မြောက်လာသူများသည် ပျို့အန်ခြင်း သို့မဟုတ် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်းခံစားရပါက ဆေးဝါးကုသပေးသူတစ်ဦးကို ချက်ချင်းဆက်သွယ်သင့်သည်။ အဆိုပါလက္ခဏာရပ်များသည် အမာရွတ်ကျန်ခဲ့သည့်တစ်ရှုးကြောင့် အူပိတ်ဆို့မှု (ပိတ်ဆို့မှု) ရှိနေကြောင်းကို ပြသခြင်းလည်းဖြစ်နေနိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈